Thursday, November 20, 2008

၂၉နှစ်ပြည့်လား ပိုစ့်၂၀၀မြောက်လား

အပေါ်ကိုမော့ကြည့်လိုက်တော့ ဆောင်းဦးပေါက် လတစ်စင်း ကောင်းကင်မှာ စီးဆင်းနေတယ်။ မဟုတ်သေးဘူး။ အနောက်ကိုလှည့်ကြည့်လိုက်တယ်။ မည်းညစ်ညစ် သမိုင်းကြောင်း အလှည့်အပြောင်းများစွာနဲ့လေ။ ဒါဏ်ရာဆိုတာ ပျောက်ဖို့လွယ်ပေမယ့် အမာရွတ်တွေကတော့ အခုအချိန်ထိ ရှိတုန်း။ တာရာမင်းဝေစကားနဲ့ ပြောရရင်တော့ လောကမာယာဆိုတာ အတီးခံရတဲ့ ဗုံတွေပါပဲ။ အသံမထွက်တာက လွဲလို့ပေါ့။ ရပ်ကွက်ထဲက လူတွေပြောတာတော့ “လူတွေဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပဲ”တဲ့။ အင်း . . . ကိုယ့်သမိုင်းကိုယ်ရေးရင်း ရာဇ၀င်တွေ ရိုင်းအောင် လုပ်နေတဲ့သူတွေကိုတော့ မုန်းမိတာအမှန်ပဲ။ ထားပါ . . .။ ကံတရားဆိုတာ ပန်ကန်ပြားလို ၀ိုင်းဝိုင်းလေးပါ။ တချိန်သူ့ကံသူ့ဟာသူ အကျိုးပေးလိမ့်မပေါ့။ ပြောရင်းနဲ့ အရှေ့ကို လှမ်းကြည့်မိတယ်။ ၀ိုးတ၀ါး၊ တကယ့်ကို ၀ိုးတ၀ါး။ အင်း မြူနှင်းတွေနဲ့ အုံ့မှိုင်း အရိုးပြိုင်းပြိုင်း ညနေအိုတို့ ဖယ်ကြ။ သွားကြ။ ငါ့လမ်းကို ငါဖောက် ငါ့ဘာသာ ငါ ဆက်လျှောက်မယ်။ မသေချာမှုတွေများတဲ့ ဒီလောကကြီးမှာ သေချာတာတစ်ခုကတော့ မင်းကိုကိုယ်သိပ်ချစ်တယ်လို့ ၁၀တန်းကျောင်းသားဘ၀တုန်းက ပြောခဲ့ဖူးတယ်။ အင်း . . ရယ်တော့ ရယ်ရသား။ အဲဒီသေချာမှုတွေက တော်တော်များခဲ့တာကိုး။ အဖေကတော့ မှာဖူးတယ်။ အသက် သုံးဆယ်မကျော်စေနဲ့တဲ့။ ဖေဖေရေ . . နောက်နှစ်ဆို သုံးဆယ်ပြည့်တော့မယ်။ အဲဒီတော့ သုံးဆယ်လား။ သုံးဆယ့်တစ်လား။ အင်း. . . ဒါမှမဟုတ် မနက်ဖြန်လား၊ သန်ဖက်ခါလား။ သေချာတယ် . . အခုထိတော့ လွတ်လပ်ခြင်းတို့ကို ခုံမင်နေတုန်းပဲလေ။ နောက်ဆုံး အောက်ကို ငုံ့ကြည့်လိုက်တယ်။ ငါ့ခြေထောက်တစ်စုံ . . . ညအိပ်ရာဝင်တိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ သင်ဒီနေ့ ဘာလုပ်ခဲ့သလဲ။ ဘာရခဲ့သလဲ။ ပညာ၊ ပိုက်ဆံ၊ ဒါမှမဟုတ် ကုသိုလ်တစ်ခုခုရခဲ့သလား။ မရခဲ့ရင် မနက်ဖြန် ဘာရအောင် လုပ်မလဲ။ အင်း . . . ငါလိုချင်တာအဲဒီအတွေးတွေ မဟုတ်ဘူး။ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိလိုက်တာနဲ့ တုံးကနဲ အိပ်ပျော်သွားခြင်းတစ်ခုပဲ ဖြစ်ပေတယ်။ အောက်ကိုထပ်ငုံ့ကြည့်မိတယ်။ ငါ့ ခြေထောက်တစ်စုံက ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ . . . ။ ငါရပ်တည်ခြင်း ၂၉နှစ်ပြည့်အတွက်ပေါ့။

ဘလော့ခ်Readerဘ၀ကနေ ဘလော့ခ်လောကကို ရောက်တဲ့အချိန် ဘန်းစကားတွေ လန်းနေခဲ့တယ်။ ဒါမှမဟုတ် ဘာကြောင့် ဘလော့ခ်ရေးဖြစ်လဲ စဉ်းစားတုန်းဘလော့ခ်တွေခေတ်ကို ရောက်ခဲ့တယ်။ နှလုံသားတစ်ခုအလုပ်ပြုတ်သွားတဲ့ အချိန်မှာ သတိုးသီရိ သုဓမ္မရာဇာ အဂ္ဂမဟာသရေစည်သူ အလင်္ကာကျော်စွာ ၀ဏ္ဏကျော်ထင် ဇင်ကိုလတ်ကို သမ္မတအဖြစ်ရွေးကြလိမ့်မယ်။ ကျွန်တော်စားချင်သော အစားအစာများမှာ ပုဇွန်ထုပ်၊ ငါးခူဆီပြန်နဲ့ အသုပ်စုံလား၊ ၂၀မိနစ် ကာလသားချက်လား၊ မြောင်းမြက ဒယ်လေးခေါက်ဆွဲလားဆိုတာကိုမသိခင် စားနေကျဖြစ်တဲ့ ဘလော့ခ်ဂါရဲ့ ညနေစာကိုပဲ စားသုံးခဲ့တယ်။ စုံတွဲလေးသွားကြည့်သင့်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စုံတွဲသွားမကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ဖြစ် လူသတ်သမချောချောလေးတွေကတော့ မိုက်တာသေချာတယ်။ အခုရေးနေတဲ့ စာဟာ မော်ဒန်ဆိုတဲ့အနုပညာလား။ မဟုတ်သေးဘူး။ ပြောရမှာတော့ ရှက်ပါတယ်။ ဒါပေမယ့် အခုထိ တာဝန်မကျေသေးဘူးမဟူရာညရဲ့ စက်နှိုးသံကို နားထောင်ရင်းနောက်ဆုံးတော့ မိုးရာသီမှာ ရူးသွားပြီလေ။နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံးဟာ အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်မဟုတ်ပေမယ့် မှောင်နေတဲ့အလင်းရောင်ဖြစ်ပေတယ်။ သြော် . . . ကြိုးပြတ်နေတဲ့ဂစ်တာတစ်လက်ကတော့ အခန်းထောင့်တစ်နေရာမှာ ငြိမ်ကုပ် တိမ်တစ်အုပ်လို လွှင့်မျောရမယ့်နေ့တွေကို စောင့်နေလေရဲ့ . . .။

19 comments:

Anonymous said...

အသက်၂၉ပြည့်ပြီလား.။ မုန့်ကျွေးဖို့ မမေ့နဲ့နော်။ ကောင်းသောမွေးနေ့ဖြစ်ပါစေ..

နိုင်းနိုင်းစနေ said...

ဟေးးးးးးးးးးးးးးးးးးးး

၂ဝ၊ ၁၁ ၊ ၂ဝဝ၈

ဟက်ပီဘတ်ဒေး သူသူး)

ဒီည အလုပ်မဆင်းရပါစေနဲ့း)

Thant Ko said...

Wish you have a very happy birthday, Bro.

kay said...

May you be Happy and Meaningful 29 Milestones. :)

Anonymous said...

Happy Birthday to You!!!

ငါတို့ တွေ အလုပ်ရှုပ်နေတာနဲ့  မတွေ့ တာကြာပြီ.. ငါတို့  နောက်ဆုံးတွေ့ တာ မမီနဲ့  တူတူသွားတုန်းက မဟုတ်လား.. နေကောင်းရဲ့လား.. အရင်လို လှတုန်းခန့်  တုန်းပဲလား..
ဒါနဲ့  နင့်မှာ နေစရာ.. သွားစရာ.. စားစရာ.. အစစအရာရာ ပြည့်စုံနေပြီပဲ.. အသက် ၃၀ မကျော်စေနဲ့ ဆိုတဲ့ နင့် အဖေ စကားနားထောင်ပြီး. သားလိမ္မာတစ်ယောက်ဖြစ်အောင် အမြန်ဆုံး ကြိုးစားလိုက်စမ်းပါ.. လက်ဖွဲ့ ဖို့  ကြိုစုထားရတော့မလား ပြော...

pandora said...

မွေးနေ့မှသည် အနာမဲ့ခြင်း အသက်ရှည်ခြင်း အဆင်းလှခြင်း ဥာဏ်ပညာကြီးမားခြင်းတို့နဲ့ ပြည့်စုံကာ စာမေးပွဲကြီးများလည်း အောင်လို့ လူချွန်လူမွန်ကလေး ဖြစ်ပါစေကွယ်။

(ကဲ..ကဲ. ဦးချ.)

Anonymous said...

Happy Birthday, Sithu! May this birthday be just the beginning of a year filled with happy memories, wonderful moments and shining dreams.

ညီညီ(သံလွင်) said...

ဟုတ်တယ်.. ၃၀ မကျော်စေနဲ့။ နောက်ကားတွေ ကျော်ကုန်ပြီ။ :) စလုံးမှာပေမယ့် အမေရိကန် အချိန်နဲ့ဆို ၂၀ ရက်ပဲ ရှိသေးတော့ မွေးနေ့ ဆုတောင်းလို့ အချိန်မီသေးတယ်။ Happy birthday! Wish u could able to meet with your prefect match aka your other half.

Nyi Nyi & Poe

Anonymous said...

生日快樂。。संस्कृत 。。Joyeux Anniversaire à vous mon cher ami

Anonymous said...

Happy Birthday Sithu.
May all your wishes come true.

ယောနသံစင်ရော် said...

မွေးနေ့ ဆုတောင်းပေးတာနောက်တောင်ကျနေပြီ... ဘယ်လိုပဲ ဖြစ်ဖြစ် .. စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ ဆန္ဒတွေလည်းပြည့်ပါစေလို့.. (နောက်ပြီး မိန်းမလည်းချောချောလေးရပါစေ)

Anonymous said...

မွေးနေ့ ဆုတောင်းက နောက်တော့ကျနေပီ
ဒါပေမဲ့  ဆုတောင်းလိုက်ပါတယ်

မောင်လေး စည်သူ မိန်းမချောချောလေး မြန်မြန်ရပါစေ..

Moe Hlaing Nya said...

အစ်ကိုမွေးနေ့ဆုတောင်းက နောက်တောင်ကျနေပြီ
ဒါပေမယ့် အစ်ကို ၂၉ နှစ်မြောက်ကနေနောက်နှစ်ပေါင်းများစွာ
ကျန်းမာပျော်ရွှင်စွာနဲ့ စာပေတွေဆက်လက်ရေးဖွဲ့နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်
ခင်မင်လေးစားစွာဖြင့်

Anonymous said...

After 29, no more post? busy with someone? :)

Unknown said...

အခုလိုမွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေ အားလုံးကို ကျေးဇူးအထူး(အထူး)တင်ရှိပါတယ်။ :)

Anonymous said...
This comment has been removed by a blog administrator.
Thelay said...

Sorry for ver very late birthday wish.

Wish you the best !! All your wishes come true!!!

Unknown said...

the north face jackets
coach outlet store online clearances
true religion uk
oakley sunglasses
kate spade outlet
adidas shoes
moncler jackets
louboutin shoes
ralph lauren outlet
louis vuitton
201610.25wengdongdong

mcsayne said...

g6b30g3w55 r1e06i8b77 g5f65r3y60 r4u24q8g74 z4t65v3b77 r9p33t8i07