Monday, October 28, 2013

ကျွန်မ မာလာလာပါ

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၈ မှ ဆရာဖိုးဇော်၏ ဆောင်းပါး ...

ကျွန်မ မာလာလာပါ

       ရှပ်အကျီ အရောင်ဖျော့တော့တော့ကို ၀တ်ဆင်ထားတဲ့ မုတ်ဆိတ်ရှည်နဲ့ လူရွယ် တစ်ယောက်ဟာ လမ်းပေါ် တက်လာပြီး ကျောင်းသူလေးတွေ တင်ဆောင်လာတဲ့ ဒိုင်နာ အမျိုးအစား ကျောင်းကားကို လက်ပြတားပြီး ရပ်ခိုင်း လိုက်တယ်။ ကားဘေးမှာ ရေးကပ်ထားတဲ့ စာကို မတွေ့သယောင် ဒါခူးရှားကျောင်းကားလားလို့ ကားမောင်း သူကို မေးတယ်။ ပြီးတော့ ကလေးတွေရဲ့ အချက်အလက် အချို့ လိုချင်လို့လို့ ဆက်ပြောတယ်။ ကားမောင်းသူ အူစမန်က ဒါဆို ခင်ဗျား ကျောင်းရုံးခန်းကို သွားသင့်တယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီလို သူက အရှေ့မှာ မေးမြန်းနေစဉ် နောက် အမျိုးသား တစ်ယောက်က ဒိုင်နာကားရဲ့ နောက်ဘက်ကို ရောက်လာတယ်။
“မာလာလာ ဘယ်သူလဲ”

        မိုနီဘာက ကျွန်မကို ဟေ့ နင့်ကို အင်တာဗျူးဖို့ သတင်းထောက်နဲ့ တူတယ်လို့ လှမ်းပြောတယ်။ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျွန်မ စပြီး စည်းရုံး လှုပ်ရှားမှုတွေ ပြုလုပ်ကတည်းက သတင်းထောက် အတော်များများ ကျွန်မဆီ လာပါတယ်။ ဒါပေမဲ့ အခုလို လမ်းပေါ်မှာ ကားရပ်ခိုင်းတာတော့ မကြုံဖူးသေးပါဘူး။အဲဒီလူဟာ ဖျားနာနေတဲ့ လူတစ်ယောက်လို သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပ၀ါနဲ့ ဖုံးအုပ်ထားတယ်။ကျွန်မတို့ ဒိုင်နာကားနောက်ထဲ သူ့ရဲ့ ကိုယ်ကိုတိုးဝင်လာပြီး မာလာလာ ဘယ်သူလဲလို့ မေးတယ်။

       ဘယ်သူမှတော့ ပြန်မဖြေပေမယ့် အကုန်လုံးက ကျွန်မဆီကို လှမ်းကြည့်နေတယ်။ သူဟာ အနက်ရောင် ပစ္စတိုကို ထုတ်လိုက်တဲ့အချိန်မှာ ကျောင်းသူတွေ အကုန်လုံး ကြောက်လန့်တကြား အော်ဟစ်ကြတယ်။ မိုနီဘာရဲ့ လက်ကို ကျွန်မ ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတယ်။သူငယ်ချင်းတွေက အဲဒီလူ သေနတ်နဲ့ သုံးချက်ပစ်တယ်လို့ ပြောတယ်။ ပထမဆုံး ကျည်ဆန်ဟာ ကျွန်မရဲ့ ဘယ်ဘက် မျက်လုံးခွံကနေဖြတ်ပြီး ကျွန်မ ဘယ်ဘက်ပခုံးအောက် ကနေ ပေါက်ထွက်သွားတယ်။ ကျွန်မ မိုနီဘာရဲ့ အပေါ် ခေါင်းနဲ့ ထိုးကျသွားတယ်။ နောက်ကျည်ဆန်နှစ်ခုက ကျွန်မဘေးနားက ကျောင်းသူလေးတွေကိုလည်း ထိမှန် သွားတယ်။ သူငယ်ချင်းတွေဆီက နောက်မှ သိရတာက အဲဒီလူ ကျွန်မတို့ကို သေနတ်နဲ့ ပစ်တဲ့ လက်ဟာ တဆတ်ဆတ် တုန်လို့နေတယ်တဲ့။ ဆေးရုံကိုရောက်တော့ ကျွန်မရဲ့ ဆံပင်အရှည်နဲ့ မိုနီဘာရဲ့ ပေါင်ဟာ သွေးတွေနဲ့ နီရဲထွေးလို့တဲ့။

       ကျွန်မရဲ့ နာမည် မာလာလာဟာ အာဖဂန်နစ္စတန်ရဲ့ ကြီးမြတ်တဲ့ သူရဲကောင်းအမျိုးသမီး မာလာလိုင်ရဲ့ နာမည်ကို ယူပြီး မှည့်ထားတာ ဖြစ်တယ်။ မာလာလိုင်ဟာ အင်္ဂလိပ် နယ်ချဲ့တွေနဲ့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ အာဖဂန်စစ်သားတွေကို ဆေးပေးရေတိုက် စောင့်ရှောက်ပေးနေရင်းက အလံကိုင် စစ်သားကျသွားတဲ့အခါ သူမရဲ့ ပ၀ါအဖြူကို ကိုင်ဆောင် လွှင့်ယမ်းပြီး အာဖဂန်စစ်သားတွေ ရှေ့ကနေ တိုက်ပွဲကို ဦးဆောင် လှုံ့ဆော်ခဲ့တဲ့ ဇာနည်သူရဲကောင်းမ ဖြစ်တယ်။ ကျွန်မ အဖေဟာ သူမအကြောင်းကို အိမ်မှာ အမြဲတမ်း ပြောပြလေ့ရှိတယ်။ ကျွန်မ မွေးဖွားကြီးပြင်းတဲ့ အရပ်ဟာ ကမ္ဘာပေါ်မှာ အလှဆုံးဒေသတစ်ခု ဖြစ်တယ်။ ဆွက်တ် ဒေသဟာ အလှဆုံး အကြီးမြတ်ဆုံး တောင်ကုန်းတွေ အကြားမှာ ရှိတယ်။ တသွင်သွင် စီးကျ ပန်းထွက်နေတဲ့ ရေတံခွန်တွေ၊ ကြည်လင်အေးမြတဲ့ ရေကန်တွေ ရှိတဲ့ တောင်ကြားဒေသရဲ့ အ၀င်ဝမှာ သုခဘုံသို့ ကြိုဆိုပါ၏လို့ ရေးထားတယ်။ ရှေးတုန်းက ဆွက်တ်ကို ပန်းဥယျာဉ်လို့ အဓိပ်္ပာယ်သက်ရောက်တဲ့ ဥဒရာနလို့ ခေါ်ဆိုကြတယ်။ ပါကစ်္စတန်ရဲ့ ပထမဦးဆုံး နှင်းလျှောစီး အပန်းဖြေစခန်း ရှိလို့ အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်လို့လည်း တင်စားကြတယ်။

ကျောင်းသူလေးတွေ ငြိမ်းချမ်းစွာ စာသင်ပါစေ

       ကျွန်မတို့ရဲ့ သည်တောင်ကြားဒေသလေးမှာ အိမ်အတော် များများ တီဗီ မရှိတာရယ်၊ လူအတော်များများ စာမဖတ်တတ်တာတို့ကြောင့် သတင်း အဆက်အသွယ် မပြတ်ဖို့ ရေဒီယိုကိုပဲ အားကိုးရတယ်။ ရေဒီယို အစီအစဉ်တစ်ခုဟာ လူတွေအကြားမှာ ရေပန်းစားလာတယ်။ အဲဒီ အစီအစဉ်ကတော့ ဖာဇ်လူလာ ထုတ်လွှင့်တဲ့ ရေဒီယိုမူလာလို့ ခေါ်တဲ့ အစီအစဉ်ဖြစ်တယ်။ ညတိုင်း ၈ နာရီကနေ ၁၀ နာရီကြားနဲ့ နံနက် ၇ နာရီမှ ၉ နာရီကြား လာတယ်။ ဖာဇ်လူလာက သူ့ကိုယ်သူ အစ္စလာမ် ပြုပြင်ပြောင်းလဲရေးသမား၊ ကိုရန် ကျမ်းစာရဲ့ အဓိပ်္ပာယ် အနှစ်သာရတွေကို ဖွင့်ဆိုရှင်းပြနိုင်သူ တစ်ယောက်အနေနဲ့ လူထုကို မိတ်ဆက်တယ်။ လူတွေ ကောင်းမွန်တဲ့ အကျင့်တွေကို ဘယ်လို မွေးမြူရမယ်၊ ဆိုးတဲ့ အကျင့်တွေကို ဘယ်လို ပစ်ပယ်ရမယ်၊ ဘုရား ၀တ်မပြုခင် ခန်္ဓာကိုယ်ကို ဘယ်လို သန့်စင်ဆေးကြောရမယ် စတာတွေကို နားထောင်ချင်စဖွယ် ဖြစ်အောင် ညင်သာ မျှတတဲ့ အသံနဲ့ ပြောကြားတယ်။ ဒါပေမဲ့ တစ်ခါတလေ မိုးကြိုးပစ်လျှပ်စီးလက်သလို ထစ်ချုန်းတဲ့ အသံနဲ့ လူတွေကို ခေတ်ပေါ် ဂီတ နားထောင်တာတွေ ရုပ်ရှင်ကြည့်တာတွေမြူးထူးကခုန်တာတွေ မလုပ်ကြဖို့နဲ့ အဲဒီလို အပြစ်ရှိတဲ့ အလုပ်တွေဟာ မြေငလျင်လှုပ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ သတိပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေက သူ့ကို အရူးတစ်ယောက်လို လျှောက်ပြောနေတယ်လို့ ဝေဖန် သလိုပဲ။ ကိုရန်ကျမ်းစာရဲ့ မူရင်းအာရပ်ဘာသာကို လူတွေ နားမလည်တာကို အခွင့်ကောင်းယူပြီး အဲဒီလို တားမြစ် ပိတ်ပင်တဲ့ အဓိပ်္ပာယ် အမှားတွေကိုလည်း သင်ကြား ထုတ်လွှင့်တယ်။ ခြောက်လအတွင်းမှာ တာလီဘန်တွေဟာ အိမ်တွေက တီဗီတွေ စီဒီတွေ ဒီဗီဒီတွေကို လိုက်လံ ကောက်ခံ သိမ်းယူပြီး လမ်းတွေပေါ်မှာ စုပုံ မီးရှို့တယ်။

      တစ်နေ့မှာ ထောင်ထဲ အချုပ်ခံနေရတဲ့ စစ်သွေးကြွ ခေါင်းဆောင် ဆူဖီမိုဟာမက်က ပညာရေးဟာ မိန်းကလေး တွေအတွက် မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီးတဲ့နောက် ရေဒီယို မူလာရဲ့ အစီအစဉ်တွေဟာ ကျောင်းတွေဘက် လှည့်လာတယ်။ မိန်းကလေးတွေ ရှိတဲ့ ကျောင်းစီမံအုပ်ချုပ် သူတွေကို ပြစ်တင်ဝေဖန်ပြီး ကျောင်းက နုတ်ထွက်သွားတဲ့ ကျောင်းသူတွေကို ချီးမွမ်း ပြောကြားတယ်။ ဘာကြောင့် မိန်းကလေးတွေကို ကျောင်း မသွားစေချင်တာလဲလို့ အဖေ့ကို မေးကြည့်တော့ တာလီဘန်တွေဟာ လက်နက်ထက် စာရေးဘောပင်တွေကို ပိုကြောက်လို့ပေါ့ သမီးရယ်လို့ ဖြေတယ်။ ကျွန်မတို့ ကျောင်းက တချို့ ကျောင်းဆရာတွေက ကျောင်းသူတွေကို သင်ဖို့ ငြင်းဆိုလာတယ်။ အစ်ပြီးလို့ ကျောင်းပြန်ဖွင့်တဲ့နေ့မှာ အဖေ့ရဲ့ ကျောင်းဂိတ်ဝမှာ စာတစ်စောင်ကပ်ထားတာကို တွေ့ရတယ်။ အဲဒီစာမှာ ခင်ဗျားရဲ့ ကျောင်းဟာ အနောက်တိုင်းဆန်ပြီး ဘာသာရေးကို ဆန့်ကျင်နေတယ်။ မိန်းကလေးတွေကို စာသင်ကြားပေးပြီး ဘာသာရေးနဲ့ မသင့်လျော်တဲ့ ယူနီဖောင်းတွေ ၀တ်ဆင်နေကြတယ်။ ဒီအတိုင်း ဆက်လုပ်နေရင် ခင်ဗျား ဒုက္ခတွေ့လိမ့်မယ်။ အဲဒီကျရင် ခင်ဗျားရဲ့ ကျောင်းသူလေးတွေ ခင်ဗျားအတွက် ငိုကြလိမ့်မယ်။ အစ်္စလာမ်ဘာသာရေး စွန့်လွှတ်အနစ်နာခံသူများလို့ ခြိမ်းခြောက် ရေးသားထား တယ်။ အဖေ့ရဲ့ သူငယ်ချင်းက အဖေ့ကို နောက်မဆုတ်ဘဲရဲရဲရင့်ရင့် ကိုယ့်ယုံကြည်ချက်အတိုင်း ရင်ဆိုင်ဖို့ အားပေးတယ်။ ဒီကိစ်္စနဲ့ ပတ်သက်လို့ အဖေက ဒေသ သတင်းစာ တစ်စောင်ဖြစ်တဲ့ အဇာဒိနေ့စဉ်ကို စာရေးတယ်။ “အစ်္စလာမ် ဘာသာရေး စွန့်လွှတ် အနစ်နာခံသူများသို့ ခင်ဗျားတို့ လုပ်တဲ့ အလုပ်တွေဟာ အစ်္စလာမ်ဘာသာရဲ့ နည်းမှန် လမ်းမှန်တွေ မဟုတ်ပါ။ ကျွန်တော့်ရဲ့ ကလေးတွေကို ဘေးဒုက်္ခတွေမပေးပါနဲ့။ ခင်ဗျားတို့ ယုံကြည်ကိုးကွယ်တဲ့ ဘုရားသခင်ဟာ သူတို့လေးတွေ နေ့တိုင်း ရှိခိုးတဲ့ ဘုရားသခင်ပါပဲ။ လိုအပ်ရင် ကျွန်တော့်ရဲ့ အသက်ကို ယူနိုင်ပါတယ်။ ကျွန်တော့် ကျောင်းသူကျောင်းသားတွေကို ငြိမ်းငြိမ်းချမ်းချမ်း စာသင်ခွင့်ပေးပါ”

အပြောင်းအလဲ လိုချင်တဲ့ မိန်းကလေး

       ၂၀၀၇ အကုန်ပိုင်းလောက်မှာ အစိုးရစစ်တပ်တွေ ဆွက်တ် တောင်ကြားကို ရောက်ရှိလာတယ်။ တာလီဘန်တွေနဲ့ အစိုးရစစ်တပ်တွေကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဖာဇလူလာရဲ့ ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီး သူနဲ့ သူ့အဖွဲ့ဟာ အနီးအနားက တောတွေ တောင်တွေ ကြားထဲ တိမ်းရှောင် ဆုတ်ခွာသွားရတယ်။ ဒါပေမဲ့ အဖေက တာလီဘန်တွေရဲ့ ဆုတ်ခွာမှုဟာ ယာယီသာ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၀၇ အကုန်မှာ အစိုးရစစ်တပ်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းလိုက်ပေမယ့် တာလီဘန်တွေကို ဒီဒေသကနေ အပြီးတိုင် မဖယ်ရှားနိုင်ခဲ့ပါ။ ဖာဇလူလာရဲ့ ရေဒီယို အစီအစဉ်ဟာ ဆက်လက် ထုတ်လွှင့်နေတုန်းပဲ ဖြစ်တယ်။ဖာဇလူလာက မိန်းကလေးတွေ ကျောင်းမသွားဘဲ အိမ်မှာ နေသင့်တယ်လို့ လွှင့်ဆိုပြီး သူ့ရဲ့ လူတွေဟာ ညဘက် ကာဖျူးထုတ်ထားတဲ့ အချိန်တွေမှာ ကျောင်းတွေကို ဖောက်ခွဲမှုတွေ စတင် လုပ်ဆောင်လာတယ်။ ရှဝါဇန်ဂေလို့ ခေါ်တဲ့ အစိုးရ မိန်းကလေးမူလတန်းကျောင်း ပထမဦးဆုံး ဖောက်ခွဲခံရတယ်။ အသေခံဗုံးခွဲပြီး အသတ်ခံရတဲ့ ရဲအရာရှိ ဂျာဗစ်ရဲ့ အသုဘမှာ တာလီဘန်တွေ ဗုံးဖောက်ခွဲလို့ သူ့ရဲ့ သားငယ် အပါအ၀င် အသုဘလိုက်ပို့သူ လူပေါင်း ၅၅ ယောက် သေဆုံးခဲ့ရတယ်။ အခုလို အကြမ်းဖက် ခံနေရတာတွေကို မကြောက်ဖူးလားလို့ အဖေ့ကို မေးတော့ “ညမိုးချုပ်တဲ့အခါ ကြောက်ရွံ့မှုတွေ ဖြစ်လာပေမယ့် နံနက်လင်းတဲ့အခါ သတ်္တိတွေကို ပြန်လည် ရှာတွေ့လိမ့်မယ် သမီး၊ ငါတို့တွေ ကြောက်လန့်မိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ အကြောက်တရားဟာ ငါတို့ရဲ့ သတ်္တိထက် မကြီးမားစေရဘူး”လို့ ကျွန်မကို ပြန်ဖြေတယ်။ အဲဒီ နောက်ပိုင်းမှာ အဖေနဲ့ သူ့မိတ်ဆွေတွေဟာ ဘီဘီစီ ဗွီအိုအေ စတဲ့ ရေဒီယိုဌာနတွေရဲ့ အင်တာဗျူးတွေကို လက်ခံ ဖြေကြားတယ်။

       ဆွက်တ်က အဖြစ်အပျက်တွေဟာ အစ်္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးလို့ ရှင်းပြကြတယ်။ ဆွက်တ်မှာ တာလီဘန်တွေ ဆက်ရှိနေတာဟာ အစိုးရစစ်တပ်အရာရှိတချို့ရဲ့ ပါဝင်မှု မရှိဘဲ မဖြစ်နိုင်ဘူး။ အစိုးရဟာ အစိုးရ မဟုတ်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရန်ကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ယုံကြည်အားထားလို့ မရဘူးလို့ ကျွန်မတို့ဒေသရဲ့ အခြေအနေတွေကို ရှင်းပြကြတယ်။

       လူထုရဲ့ အသံတိတ်ဆိတ်နေရင် အပြောင်းအလဲတွေ လည်း မဖြစ်ပေါ်လာနိုင်ပါ။ အဖေဟာ ကိုယ် ယုံကြည်ရာကို ရဲရဲရင့်ရင့် ပြောဆိုဖို့ အမြဲ အားပေးတယ်။ ကျွန်မတို့ ကျောင်းသူတချို့ဟာ ATV Khyber ခေါ်တဲ့ ပါရှ်တို တီဗီသတင်းဌာနကနေ မိန်းကလေးတွေ ကျောင်းတွေကနေ နုတ်ထွက်နေရတာတွေဟာ ဘာသာရေး အမည်ခံ စစ်သွေးကြွတွေရဲ့ ဖိအားပေးမှုကြောင့် ဆိုတာကို အင်တာဗျူး အစီအစဉ်ကနေ ရှင်းပြ ပြောဆိုကြတယ်။ ပါကစ်္စတန်ရဲ့ အကြီးဆုံး သတင်းဌာနဖြစ်တွဲ့နသ မှာလည်း ကျွန်မရဲ့ အင်တာဗျူးတွေ ပါလာတယ်။ မိဘတွေက ခွင့်မပြုတဲ့အတွက် မိန်းကလေးတွေ အတော်များများ မီဒီယာတွေနဲ့ အင်တာဗျူး မဖြေရဲကြပါဘူး။ ကျွန်မကတော့ အားပေးထောက်ခံတဲ့ အဖေရှိတဲ့အတွက် ဒီအလုပ်တွေကို လုပ်နိုင်ခဲ့တယ်။ လူငယ်တွေမှာ သူတို့နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မေးမြန်း ပြောဆိုရဲရမယ်လို့ အဖေက ဆိုတယ်။ အင်တာဗျူးတွေ များများ ဖြေလေ ကျွန်မရဲ့ စိတ်ဓာတ်တွေ ပိုမို ခိုင်မာလာတယ်လို့ ခံစားရလေဖြစ်ပြီး ထောက်ခံမှုတွေလည်း ပိုရလာတယ်။ ကိုရန်ကျမ်းစာထဲက အဆိုတစ်ခုမှာ အမှားဆိုတာ ထွက်ခွာသွားရမှာဖြစ်ပြီး အမှန်တရားသာ ကျန်ရှိခဲ့ လိမ့်မယ်တဲ့။ ဖာဇလူလာ ဆိုတဲ့ လူတစ်ယောက်က အကုန်လုံးကို ဖျက်ဆီးနိုင်စွမ်းရှိရင် မိန်းကလေးတစ်ယောက် ကလည်း အပြောင်းအလဲကို ဘာကြောင့် မဖန်တီးနိုင်ရမှာလဲ။

တိုင်းပြည်ရဲ့ အနာဂတ်ကို တိုက်ခိုက်ခြင်း

       ၂၀၀၈ အောက်တိုဘာ ၇ ရက်နေ့ ညမှာ ဆန်ဂိုတာ မိန်းကလေးကျောင်းနဲ့ အိက်စယ်လ်ဆီယာ ကောလိပ် ကျောင်းတို့ ဗုံးခွဲ ဖျက်ဆီးခံရတယ်။ ၂၀၀၈ အကုန်ပိုင်းထိ ကျောင်းပေါင်း ၄၀၀ လောက် တာလီဘန်တွေ ဖျက်ဆီးခဲ့ တယ်။ ဖာဇလူလာရဲ့ လက်ထောက် မောင်လာနာရှားက ဇန်န၀ါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိန်းကလေးကျောင်း တွေ အကုန် ပိတ်ရမယ်လို့ ရေဒီယိုကနေ ရာဇသံပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေ လူတွေကို ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ဆွက်တ်ဒေသက လူထုနဲ့ ဆရာတွေဟာ သူတို့ရဲ့ ကလေးတွေကို နောက်ဆုံး စာသင်ခန်းတစ်ခန်း အထိ၊ နောက်ဆုံး ဆရာတစ်ယောက်အထိ၊ နောက်ဆုံး ကျောင်းသားတစ်ယောက် အထိ ပညာသင်ကြားပေး သွားမယ်ဆိုတဲ့ စကားပါ။ တာလီဘန်တွေ လာရောက် ပိတ်ပင်မှ ပညာရေးရဲ့ အရေးပါမှုကို ကျွန်မတို့ ပိုမို နားလည် လာတယ်။ ကျောင်းသွားတယ်၊ စာဖတ်တယ်၊ အိမ်စာ လုပ်တယ်ဆိုတာ လူငယ်ဘ၀ရဲ့ အလေ့အထ တစ်ခုထက် လူငယ်တွေရဲ့ အနာဂတ်ဖြစ်တယ် ဆိုတာကို နားလည် လာတယ်။ ကျောင်းတွေ ပြန်ဖွင့်လာနိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ တာလီဘန်တွေ ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို သိမ်းသွားနိုင်ပေမယ့် ကျွန်မ တို့ရဲ့ အတွေးအခေါ်တွေကိုတော့ တားဆီးနိုင်လိမ့်မယ်လို့ မထင်ပါ။

သူရဲကောင်းမလေး ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီ

       တစ်နေ့ အဖေ့ဆီ သူ့ရဲ့ မိတ်ဆွေ ဘီဘီစီ ရေဒီယို သတင်းထောက် အက်ဘဒူဟိုင်ကကာက ဖုန်းဆက်လာပြီး ဆရာမတစ်ယောက် သို့မဟုတ် ကျောင်းသူတစ်ယောက် တာလီဘန်လက်အောက်က ဘ၀အကြောင်းကို ဒိုင်ယာရီ ရေးပေးဖို့ ရှာနေတယ်၊ လုပ်ပေးနိုင်တဲ့သူ ရှိလားလို့ မေးမြန်းလာတယ်။ အဲဒီအကြောင်း အဖေ ပြောနေတာ ကြားတော့ ကျွန်မလုပ်လို့ မရဘူးလားလို့ အဖေ့ကို ခွင့်တောင်းကြည့်မိတယ်။ အဖေက ကျွန်မ လုပ်ချင်တယ် ဆိုရင် ခွင့်ပြုပေမယ့် တကယ် နဖူးတွေ့ ဒူးတွေ့ စာရေးမယ် ဆိုတော့ ဘယ်လို စရမှန်း မသိလောက်အောင် ကျွန်မ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဟိုင်ကကာက ကျွန်မဆီ ဖုန်းဆက်ပြီး ကျွန်မရဲ့ တစ်နေ့တာ အလုပ်တွေ၊ အသေးအမွှားလေးကအစ နိစ်္စဓူဝ ကြုံရတဲ့ အခက်အခဲတွေ၊ ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေကို မေးမြန်းပြီး ကျွန်မရဲ့ စကားတွေကို သူက ပြန်ရေးပေးတယ်။ ကျွန်မရဲ့ ဒိုင်ယာရီဟာ ဘီဘီစီ့ မိက ဘာသာ အင်တာနက် စာမျက်နှာမှာ အပတ်တိုင်း ပါလာတယ်။ ဟိုင်ကကာက ကျွန်မကို အန်းဖရန့်လို့ ခေါ်တဲ့ ၁၃ နှစ် သမီး ဂျူးမိန်းကလေး အကြောင်းကို ပြောပြတယ်။ သူမဟာ နာဇီတွေ ရန်က ပုန်းအောင်း တိမ်းရှောင်ရင်း ဒိုင်ယာရီ ရေးခဲ့တယ်။ သူမ မိသားစု အဖမ်းခံရပြီး နာဇီငရဲခန်းတွေမှာ သေဆုံးခဲ့ရတဲ့ သူမရဲ့ ဒိုင်ယာရီဟာ ကြီးမားအဖိုးတန်တဲ့ သမိုင်းမှတ်တမ်း တစ်ခု ဖြစ်လာတယ် ဆိုတာကို ပြောပြတယ်။ ကျွန်မကို ကာကွယ်တဲ့အနေနဲ့ ကျွန်မရဲ့ ဒိုင်ယာရီကို ကိုရန်ကျမ်းစာ အထောက်အထားနဲ့ စစ်ရဲ့ ဆိုးကျိုး၊ လူသားတွေရဲ့ မေတ်္တာ အကြောင်းကို ပြောကြားခဲ့တဲ့ ပါရှ်တွန် ရိုးရာပုံပြင်ထဲက ဂူလ်မကိုင်ဆိုတဲ့ သူရဲကောင်းမလေးရဲ့ နာမည်ကို သုံးစေခဲ့ တယ်။

       ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီဟာ လူတွေရဲ့ စိတ်ဝင်စားမှု ရရှိလာပြီး တချို့ သတင်းစာတွေက ဒိုင်ယာရီထဲက စာပိုဒ်အချို့ကို ပုံနှိပ် ဖော်ပြလာကြတယ်။ ဘီဘီစီက ဒိုင်ယာရီကို မိန်းကလေးတစ်ဦးရဲ့ အသံနဲ့ ဖတ်ခိုင်းပြီး ရေဒီယို အစီအစဉ် တစ်ခုအနေနဲ့ ထုတ်လွှင့်ခဲ့တယ်။ ကလောင်သွားဟာ စက်သေနတ်တွေထက် အင်အား ပိုရှိတာကို ကျွန်မ နားလည်လာခဲ့တယ်။ နယူးရော့ခ်တိုင်းမ်က သတင်းမှတ်တမ်းရိုက်ကူးဖို့ အမေရိကန် ဗီဒီယို သတင်း ထောက် အဒမ်အယ်လစ်ရဲ့ ဆက်သွယ်လာမှုကိုလည်း လက်ခံခဲ့တယ်။ အစတော့ သူက အဖေ့ကို ကျောင်းနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ဖြစ်ပေမယ့် ကျွန်မနဲ့ တွေ့ဆုံ ပြောဆိုပြီးနောက် ကျောင်းသူလေးတွေရဲ့ အကြောင်းကိုပါ ကျွန်မကို ကိုယ်စားပြုပြီး ထည့်သွင်း ရိုက်ကူးခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ကျွန်မဟာ ရေဒီယိုတွေ တီဗီ သတင်းဌာနတွေ အတော်များများရဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်။ ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် အများ သိအောင် ပြောဆို ရေးသား တိုက်ပွဲဝင်ရင်းက ကျွန်မတို့ရဲ့ အင်အားတွေကိုလည်း သိရှိလာခဲ့ရတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ အင်တာဗျူးပြောတဲ့အခါ ကျွန်မရဲ့ မျက်နှာကို ကာထားဖို့ ပြောတယ်။ ဒါပေမဲ့ လူတွေက မာလာလာဟာ ကလေးပဲ ဖြစ်တဲ့အတွက် တာလီဘန်တွေ အန္တရာယ် ပြုချင်ရင်တောင် အဖေ့ကိုပဲ ရန်ရှာလိမ့်မယ်လို့ အမေ့ကို နှစ်သိမ့် ပြောဆိုကြတယ်။

ခေါင်းလောင်းလေးတွေ မြည်လာပြီ

       အစိုးရနဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး အစီအစဉ် ပျက်ပြားပြီးနောက် ၂၀၀၉ ခုနှစ် မေ အစပိုင်းမှာ ကျွန်မတို့ ဒေသတစ်ဝိုက်မှာ ရဟတ်ယာဉ် အသံတွေ သေနတ်သံတွေ ပြန်လည် ဆူညံလာတယ်။မကြာမီမှာ ကျွန်မတို့ မိသားစုလည်း စစ်ပြေးဒုက်္ခသည်တွေ အဖြစ်နဲ့ ကျွန်မတို့ ချစ်တဲ့ မြေကို ခေတ္တ ခွဲခွာခဲ့ရတယ်။ဇူလိုင်လမှာတော့ ၀န်ကြီးချုပ်က တာလီဘန်တွေကို ဆွက်တ်ကနေ အပြီးတိုင် ဖယ်ရှားလိုက်နိုင်ပြီလို့ ကြေညာ တယ်။ ဂက်စ်တွေ ပြန်လည် ရရှိနေပြီး ဘဏ်တွေလည်း ပြန်ဖွင့်နေပြီလို့ ကြေညာတယ်။ အစပိုင်းမှာတော့ လူအတော်များများက အစိုးရရဲ့ ကြေညာချက်တွေကို ယုံကြည်မှု သိပ်မရှိဘဲ ပြန်ဖို့ တွန့်ဆုတ်နေကြဆဲဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့တော့ စစ်ပြေးရှောင်သူတွေ ပြန်လည် ရောက်ရှိလာကြတယ်။ ဆွက်တ်လို လှပတဲ့ ဒေသကို ဘယ်သူတွေက အကြာကြီး ခွဲပြီး နေနိုင်ကြမှာလဲ။ သြဂုတ် တစ်ရက်နေ့မှာ ကျွန်မတို့ရဲ့ ကျောင်းခေါင်းလောင်းသံလေး တွေ ပြန်မြည်လာတယ်။ ကျောင်းအဆောက်အအုံတွေကို တာလီဘန်တွေ ဖျက်ဆီးသွားလို့ ရွက်ဖျင်တဲတွေ ထိုးပြီး ယာယီ စာသင်ခန်းတွေ ပြုလုပ်ကြရတယ်။ ဘီဘီစီက ဒိုင်ယာရီကို ကျွန်မ ရေးတယ်ဆိုတာ အတော်များများ သိနေပုံရတယ်။ တချို့ဆီကတော့ သူ့အဖေ ရေးပေးတာ ထင်တယ်ဆိုတဲ့ သဘောမျိုး ကြားရတယ်။ ကျွန်မတို့ ကျောင်းအုပ် မာရမ်က ကျောင်းသူကျောင်းသားတွေကို မာလာလာကတော့ စကားပြောကောင်းရုံတင်မကဘူး၊ စာရေးဆရာကောင်းတစ်ယောက်ပါ ဖြစ်နေပြီလို့ ပြောပြ တာကိုတော့ ကျွန်မစိတ်ထဲ ကျေနပ်နေမိတယ်။

သမီးရဲ့ မျက်တောင်နဲ့ ကမ္ဘာကြီးကို မလဲနိုင်ပါ

       ၂၀၁၁ အောက်တိုဘာမှာ ကျွန်မကို အမ်စတာဒမ် အခြေစိုက်အဖွဲ့က ပေးတဲ့ ကလေးများ အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်း ခံရတယ်လို့ အဖေ့ဆီကို အီးမေးလ် ရောက်လာတယ်။ကျွန်မကို အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကိုယ်တိုင် လျာထားခဲ့တာလို့ သိရတယ်။ ကျွန်မ ဆုမရခဲ့ တော့ စိတ်ပျက်နေတဲ့ အဖေ့ကို ကျွန်မ လုပ်တာက စကားပြောတာ စာရေးတာပဲ ရှိသေးတယ်။ ဆုရသွားတဲ့ သူတွေလို တကယ့်အလုပ် ဘာမှ မလုပ်ရသေးဘူးလို့ ကျွန်မက နှစ်သိမ့်ရတယ်။ တစ်နေ့ ကျောင်းမှာ သူငယ်ချင်း တွေက မာလာလာရေ နင့်ကို ထိပ်တန်းဆုနဲ့ ဆုငွေတွေ အများကြီး ချီးမြှင့်လိုက်တယ်လို့ ၀မ်းပန်းတသာ လာပြော ကြတယ်။ ကျွန်မကို ပါကစ်္စတန်ရဲ့ ပထမဦးဆုံး အမျိုးသား ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြတယ် ဆိုတာကို ကိုယ့် ကိုယ်ကိုယ်တောင် မယုံနိုင်အောင် ဖြစ်ရတယ်။ ဆုပေးအပ် ပွဲကို ၀န်ကြီးချုပ်အိမ်ရာမှာ ကျင်းပတာဖြစ်ပြီး ၀န်ကြီးချုပ်က ကျွန်မကို ဆုပေးအပ်တော့ ကျွန်မကလည်း သူ့ကို ကျွန်မတို့ရဲ့ လိုလားချက်တွေကို ပြန်လည် ပေးအပ်လိုက်တယ်။ ကျွန်မတို့ ကျောင်းတွေ ပြန်လည် ထူထောင် ဆောက်လုပ်ပေးဖို့ရယ်၊ ဆွက်တ်မှာ အမျိုးသမီးတက်္ကသိုလ် ဖွင့်ပေးဖို့ရယ်တို့ကို လိုလားချက်တွေထဲမှာ အဓိက တောင်းဆိုထားတယ်။ကျွန်မရဲ့ တောင်းဆိုချက်တွေကို သူ အလေးထားပြီး မလုပ်ပေးလည်း ကိစ်္စ မရှိပါဘူး။ တစ်နေ့မှာ ကျွန်မ နိုင်ငံရေးသမားလုပ်ပြီး ကိုယ် လိုချင် ဖြစ်ချင်တာတွေကို ကိုယ်တိုင် လုပ်ဆောင်မယ်လို့ ရည်မှန်း ဆုံးဖြတ်ထားပြီးပါပြီ။ ဒီငြိမ်းချမ်းရေးဆုကို နှစ်စဉ် ၁၈ နှစ်အောက် ကလေးတွေကို မာလာလာဆုဆိုပြီး ပေးမယ်လို့ သိရတယ်။ အဖေကတော့ အသက်ထင်ရှား ရှိသေးသူရဲ့ နာမည်နဲ့ ဆုပေးတာကို သိပ်သဘောမကျဘူး။ အမေကတော့ ကျွန်မ ကျော်ကြား လာတာတွေ ဆုရတာတွေဟာ ကျွန်မအတွက် အ်္တရာယ် ဖြစ်လာမှာ အင်မတန် စိုးရိမ်နေရှာတယ်။ အမေဟာ ကျွန်မလုပ်တဲ့ အလုပ်တွေအတွက် ဘယ်တော့မှ နောင်တ မရခဲ့ပါဘူး။ ဒါပေမဲ့ ဆုတွေ ချီးမြှင့်ခံရတဲ့အခါမှာ ကျွန်မ သမီးလေးအတွက် ဆုတွေ မလိုချင်ပါဘူး။ ကျွန်မ သမီးကိုပဲ ကျွန်မ လိုချင်တယ်။ ကျွန်မသမီးလေးရဲ့ မျက်တောင်တစ်ခု ကိုတောင် ကမ္ဘာကြီးနဲ့ မလဲနိုင်ပါဘူးလို့ ၀မ်းပန်းတနည်း ပြောရှာတယ်။

       အမေ့ရဲ့ စိုးရိမ်မှုတွေကို ပိုတယ်လို့တော့ ပြောလို့ မရပါဘူး။ အင်တာနက်ပေါ်မှာ တာလီဘန်တွေက ကျွန်မကို ရန်ပြုဖို့ ခြိမ်းခြောက် ကြေညာထားတယ်လို့ ကြားရတယ်။ ကျွန်မကတော့ သိပ်မပူပါဘူး။ လူတိုင်း တစ်နေ့တော့ သေရမှာပဲ။ ကင်ဆာရောဂါကြောင့်ပဲဖြစ်ဖြစ် တာလီဘန် ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ ဒါကြောင့် ကျွန်မလုပ်စရာရှိတာတွေကို ဆက်လုပ်ရမှာပဲ။ အဖေကတော့ ခဏ လှုပ်ရှားမှုတွေ မလုပ်ဘဲ ငြိမ်နေမလားလို့ အကြံပေး တိုင်ပင်တယ်။ အဲဒါတော့ မဖြစ်နိုင်ဘူး။ အဖေကိုယ်တိုင်ပဲ ကိုယ့်ရဲ့ ယုံကြည်ချက် မှန်ကန်ရင် ကိုယ့်အသက်ထက်တောင် တန်ဖိုးရှိတယ်လို့ ပြောခဲ့တာ။ အခုအချိန်မှာတော့ ကျွန်မရဲ့ လှုပ်ရှားမှုကို မစွန့်ပစ်ခဲ့နိုင်ဘူး။ အမေဟာ စိုးရိမ်လွန်းလို့ ကျွန်မကို ဘယ်ကိုမှ လမ်းလျှောက်မသွားစေတော့ဘူး။ငါးမိနစ်ခရီးကိုတောင် လန်ချားဖြစ်ဖြစ် ဘတ်စကားဖြစ်ဖြစ် စီးခိုင်းတယ်။ အမေ့ရဲ့ စိုးရိမ်မှုတွေ တကယ် ဖြစ်လာတဲ့ အဲဒီနေ့က အမျိုးသားနှစ်ယောက် လမ်းပေါ် တက်လာပြီး ကျွန်မတို့ကို ကျောင်းကြိုပို့တဲ့ ဒိုင်နာကားကို ရုတ်တရက် ရပ်စေခဲ့တယ်။ သူတို့ မာလာလာ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မ ဖြေခွင့် မရခဲ့ပါဘူး။ ကျွန်မကိုသာ သူတို့ စကားပြောခွင့်ပေးခဲ့ရင် သူတို့ရဲ့ သမီးတွေ ညီမတွေ အပါအ၀င် ကျွန်မတို့ မိန်းကလေးတွေ ဘာကြောင့် ကျောင်းသွားသင့်တယ် ဆိုတာကို သူတို့နှစ်ယောက်ကိုကျွန်မပာဆိုရှင်းပြချင်တယ်။ ကျောင်းကားပေါ်မှာ နောက်တစ်နေ့ အပြီးလုပ်ရမယ့်
 လေ့ကျင့်ခန်းအကြောင်းကို တွေးနေမိတာကိုပဲ ကျွန်မ နောက်ဆုံး သတိရမိတော့တယ်။

ဒုတိယ ဘဝ

       ကျွန်မ တာလီဘန်တွေရဲ့ သေနတ်နဲ့ လုပ်ကြံမှုကိုခံရပြီး တစ်ပတ်အကြာ အောက်တိုဘာ ၁၆ ရက်မှာ ကျွန်မ နိုးလာတယ်။ ကျွန်မအိမ်နဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ ဘာမင်ဟန် အက်လီဇဘက်ဘုရင်မဆေးရုံမှာ ရောက်နေပြီး ကျွန်မကို အသက်ရှူဖို့ အကူအညီပေးအောင် လည်ပင်းထဲမှာ ပြွန်ချောင်းတွေ တပ်ဆင်ထားတယ်။ ကျွန်မ စကား ပြောလို့လည်း မရပါ။ ပထမဦးဆုံး တွေးမိတာကတော့ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ကျွန်မ အသက်ရှင်နေသေး တယ် ဆိုတာကိုပဲ။

       ပြီးတော့ ကျွန်မ ဘယ်ကို ရောက်နေတာလဲ။ ဘယ်သူက ကျွန်မကို ဒီကို ခေါ်လာတာလဲ။ ကျွန်မ မိဘတွေ ဘယ်မှာလဲ။ အဖေရော အသက်ရှိသေးရဲ့လား ဆိုတဲ့ မေးခွန်းတွေ ကျွန်မခေါင်းထဲကို တရစပ် ၀င်လာတယ်။ ကျွန်မ စာရေးဖို့ စာအုပ်နဲ့ ဘောပင်ရတော့ ကျွန်မ အဖေ ဘယ်မှာလဲနဲ့ ကျွန်မ အဖေမှာ ဒီဆေးကုသမှုတွေကို ပေးဖို့ ပိုက်ဆံမရှိဘူးဆိုတာကို ရေးလိုက်တယ်။ ဒေါက်တာဖီရိုနာက ကျွန်မအဖေ ဘာမှ မဖြစ်ကြောင်းနဲ့ ဆေးကုသမှု ကုန်ကျ စရိတ်အတွက် ပူစရာမလိုကြောင်း ပြောတယ်။ ကျွန်မ အသံပြန်ထွက်လာတဲ့ နေ့မှာပဲ ဒေါက်တာဂျေးဗစ်ဖုန်းကနေ ကျွန်မရဲ့ မိဘတွေကို စကားပြောခွင့်ရခဲ့တယ်။ ကျွန်မရဲ့ အသံက တစ်မျိုးကြီး ဖြစ်နေတယ်။ ခေါင်းလည်း ကိုက်နေတယ်လို့ အဖေ့ကို ပြောပြတယ်။ အဖေက အသံ ကတော့ တဖြည်းဖြည်း ကောင်းလာမှာပါ။ ခေါင်းကိုက်တာ တဖြည်းဖြည်း များလာသလား၊ လျော့သွားသလားလို့ စိုးရိမ်တကြီး မေးတယ်။ ကျွန်မ သူတို့ကို အရမ်း မစိုးရိမ်စေချင်တာနဲ့ ကျွန်မ အခြေအနေ ကောင်းပါတယ်။ ဘယ်တော့ လာကြမှာလဲလို့ မေးလိုက်တယ်။ သူတို့လည်း လာဖို့ကို တာဝန်ရှိသူတွေ လုပ်နေတာ စောင့်ဆိုင်းနေတယ် လို့ ဆိုတယ်။ နောက်နေ့တွေမှာ ကျွန်မ မိသားစု လိုက်လာ တော့မယ်လို့ ကြားရတော့ ကျွန်မရဲ့ ကျောင်းလွယ်အိတ် ယူလာပေးဖို့နဲ့ အိမ်ကို မသွားနိုင်တော့ရင် မတ်လမှာ ဖြေဖို့ စာမေးပွဲအတွက် ဖတ်စာအုပ်တွေ ၀ယ်လာပေးခဲ့ဖို့ မှာလိုက်တယ်။ ကျွန်မ အမြဲတမ်း အတန်းထဲမှာ ပထမပဲ လိုချင်ခဲ့တာဆိုတော့ နေမကောင်းပေမယ့် ရသလောက် စာဖတ်ရမယ်လို့ စိတ်တင်းကြည့်မိတယ်။

တာလီဘန်ကြောင့် ကမ္ဘာကျော်ရပြီ

      မကြာခင်မှာပဲ ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေ၊ အစိုးရဌာန၀န်ကြီးတွေ၊ သံတမန်တွေ၊ နိုင်ငံရေးသမားတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ တမန်တော်တွေတောင် ကျွန်မ တက်တဲ့ ဆေးရုံကိုလာပြီး ပန်းခြင်းတွေ ဆုတောင်းကတ်တွေ ချစ်စရာ အမွေးပွရုပ်ကလေးတွေ ချောကလက်ဘူးတွေ ပေးကြတယ်။ ကျွန်မ နေကောင်းဖို့ ဆုတောင်းပေးတဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ကတ်ပေါင်း ရှစ်ထောင်လောက်အထိ ရခဲ့တယ်။ အဲဒီလို များပြားတဲ့ လက်ဆောင်တွေထဲက ကျွန်မ တန်ဖိုး အထားဆုံးကတော့ ဘင်နီဇာဘူတိုရဲ့ ကလေးတွေက ပေးတဲ့ သူမရဲ့ ပ၀ါနှစ်ခုပဲ ဖြစ်တယ်။ ကျွန်မ အဲဒီပ၀ါတွေကို ရရချင်း ကျွန်မရဲ့ မျက်နှာကို နှစ်မြှုပ် ထားလိုက်ပြီး ရဲရင့်ကြီးမြတ်တဲ့ သူမရဲ့ ကိုယ်နံ့ကို ရှူရှိုက်ဖို့ ကြိုးစားမိတယ်။ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းက ကျွန်မ မာလာလာဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၅ မှာ ပညာသင်ခွင့်မရတဲ့ ကလေး မရှိစေရဆိုတဲ့ တောင်းဆိုချက်နဲ့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်တယ်။ ပေါ့ပ် အဆိုကျော် ဘီယောင်စေးက ကျွန်မအတွက် ဆုတောင်းကတ် ပို့ပေးပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ကျွန်မပုံကို တင်ထားတယ်။ မက်ဒေါနားက ကျွန်မအတွက် ရည်စူးပြီး သီချင်းတစ်ပုဒ် စပ်ဆိုတယ်။ ကျွန်မ အကြိုက်ဆုံးမင်းသမီး အန်ဂျယ်လီနာ ဂျိုလီက ကျွန်မဆီကို ဆုတောင်းစကား ပေးပို့တယ်။တာလီဘန်တွေ ကျွန်မကို ပစ်သတ်ဖို့ ကြိုးစားခဲ့တာဟာ ကျွန်မရဲ့ လှုပ်ရှားမှုကို ကမ္ဘာသိအောင် သူတို့ လုပ်ပေးခဲ့တာ ပဲလားလို့ ကျွန်မ တွေးမိတယ်။

 ကျောင်းသားတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်း

       ကျွန်မ ဆေးရုံက ဆင်းလို့ နေပြန်ကောင်းလာပြီးနောက် ကျွန်မရဲ့ ဘ၀နဲ့ ကျွန်မရဲ့ ကမ္ဘာကြီးဟာ လုံးဝ ပြောင်းလဲ သွားတယ်။ ကျွန်မတို့ ငှားနေထိုင်တဲ့ တိုက်ခန်းက စင်တွေပေါ်မှာ အမေရိက၊ အိန်္ဒိယ၊ ပြင်သစ်၊ စပိန်၊ အီတလီနဲ့ နိုင်ငံပေါင်းများစွာက ဆုတံဆိပ်တွေနဲ့ ပြည့်လို့နေတယ်။ကျွန်မကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်ပါ လျာထားခြင်း ခံခဲ့ရတယ်။ သမိုင်းမှာ အသက် အငယ်ဆုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆု အလောင်းအလျာ ဖြစ်ခဲ့ရတယ်။ ကျွန်မ အရင်တုန်းက ကျောင်းမှာ ရခဲ့တဲ့ ဆုတံဆိပ်တွေကတော့ ကျွန်မ ကြိုးစားအားထုတ်လို့ ရရှိခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ ရပေမယ့် အခု ရတဲ့ဆုတွေအတွက်တော့ ကျွန်မ ပေးအပ်တဲ့ သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ဒီဆုတွေ ဟာ ကလေးငယ်တွေ အားလုံး ပညာရေးရရှိဖို့ အလုပ်တွေ အများကြီး ဆက်လုပ်ရဦးမယ်ဆိုတာကို သတိပေးနေတယ်။ တာလီဘန်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ မိန်းကလေး တစ်ယောက် ဆိုတာထက် ပညာရေးအတွက် တိုက်ပွဲ ၀င်နေတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကျွန်မကို မြင်စေ့ချင်တယ်။ ကျွန်မ အသက်ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့မှာ နယူးရော့ခ်က ကမ္ဘာ့ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ အခွင့်အရေးထူးကို ရခဲ့တယ်။ အဲဒီနေ့က ကုလသမဂ္ဂ အခမ်းအနားမှာ ကျွန်မ ကြိုက်နှစ်သက်တဲ့ ပန်းရောင်ဝတ်စုံပေါ်မှာ ဘင်နီဇာဘူတိုရဲ့ ပ၀ါဖြူလေးကို သိုင်းခြုံ ထားလိုက်တယ်။ “ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို ကောက်ယူကြပါစို့၊ စာအုပ်တွေ ဘောပင်တွေဟာ ကျွန်မတို့ အတွက် အင်အားအကြီးဆုံး လက်နက်တွေပဲ။ ကလေး တစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်” လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်မ ပြောကြား ခဲ့တယ်။ကလေးငယ်တွေ အားလုံး အခမဲ့ အခြေခံ ပညာရေးကို ရယူနိုင်ရေးအတွက် ကြိုးစားပေးကြပါလို့ တိုက်တွန်းခဲ့တယ်။ ကျွန်မရဲ့ မိန့်ခွန်းအပြီးမှာ လက်ခုပ်သံတွေနဲ့ အတူ အမေ ကတော့ မျက်ရည်လည်ရွဲ ဖြစ်နေတယ်။ အဖေကတော့ သမီးဟာ လူသား အားလုံးရဲ့ သမီးလေးဖြစ်သွားပြီလို့ ဂုဏ်ယူစွာနဲ့ ပြောလေတယ်။

ကျွန်မ မာလာလာပါ

       တချို့တွေက ကျွန်မကို ကျော်ကြားမှုနောက်လိုက်တဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အနေနဲ့ မြင်ကြတယ်။ နိုင်ငံခြားမှာ ပြည့်စုံ ချမ်းသာသွားရင် တိုင်းပြည်နဲ့ ပညာရေးအကြောင်းကို မေ့သွားလိမ့်မယ်လို့ ပြောကြတယ်။ ဘယ်တော့မှ ကတိမတည်တဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်က သူတွေ ကျွန်မအပေါ် ဒီလို မြင်တာကို အပြစ်မမြင်ဘဲ ကျွန်မ နားလည်နိုင်ပါတယ်။ ကျွန်မ သူတို့ကို သိစေချင်တာက ကျွန်မအတွက် ထောက်ခံမှု တွေကို ကျွန်မလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပညာရေးနဲ့ ငြိမ်းချမ်းရေးအတွက် အသုံးပြုချင်တာပါ။ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးပါ။ အနောက်တိုင်း မှာသာ မဟုတ် ကျွန်မတို့ရဲ့ အစ်္စလာမ်ဘာသာရေးမှာလည်း လူတိုင်း အသိပညာကို ရှာဖွေရမယ်လို့ သင်ကြားထားပါ တယ်။ ယနေ့ ကမ္ဘာတစ်ဝန်းမှာ ကလေး ၅၇ သန်းဟာ မူလတန်းကျောင်းကို မသွားနိုင်ပါ။ ကျွန်မတို့ နိုင်ငံမှာ စာမတတ်သူ သန်းငါးဆယ်ရှိပြီး အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်။ ကျွန်မ အခုလို မြင့်မားတဲ့ အခြေအနေကို ရောက်လာဖို့ ဘုရားသခင်က ကူညီခဲ့သလို ကြီးမားတဲ့ တာဝန်တွေလည်း ကျွန်မကို ပေးအပ်ထားတယ်။ အိမ်တိုင်း၊ လမ်းတိုင်း၊ ရွာတိုင်းမှာ ငြိမ်းချမ်းနေစေချင်တာ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ပါ။ လူတိုင်း အပြုံးကိုယ်စီနဲ့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်တာ ကျွန်မရဲ့ ဆန်္ဒပါ။ ကျွန်မရဲ့ ကမ္ဘာကတော့ ပြောင်းလဲသွားပေမယ့် ကျွန်မဟာ မာလာလာပါ ဆိုတာကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါ။

       မာလာလာရေ...မင်းလို အဖိနှိပ်ခံရသူတွေကိုယ်စား လွတ်မြောက်ရေးအတွက် ကြိုးစားသူတွေ နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရတော့ ငါတို့တွေ ၀မ်းသာဂုဏ်ယူစွာနဲ့ စောင့်မျှော် ဆုတောင်းပေးနေခဲ့ရတယ်။အဲဒီနေ့ ၂၀၁၃ အောက်တိုဘာ ၁၁ ရက်နေ့က မင်ဂိုရာ ဆွက်တ်တောင်ကြားဒေသက မင့်အတွက် ဆုတောင်း ပေးနေကြတဲ့ ကျောင်းသူတွေရဲ့ ရင်ခုန်သံကို (လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကိုယ်တိုင် ကြုံခဲ့ရဖူးလို့)တစ်ထပ်တည်း ငါတို့ နားလည်နိုင်တယ်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မင်း မရခဲ့ပါဘူး။ တာလီဘန်တွေကတော့ ပျော်ရွှင်ကြောင်း ကြေညာချက်တွေ ဘာတွေ ထုတ်လို့။ အဖိနှိပ်ခံရသူတွေ ဒီဆုကို မရရင် ဖိနှိပ်သူ အာဏာရူးတွေ ပျော်ရွှင်ကြတာ ရိုးရာဓမ်္မတာပါ။ မင်းအတွက်ကတော့ ဆုရတာ မရတာက အရေးကြီးမှာ မဟုတ်ပါဘူး။ မင်း ယုံကြည်ချက်အတွက် အလုပ်တွေ မင်း ဆက်လုပ်နေဦးမှာပဲ။ မာလာလာ ဘယ်သူလဲလို့ မေးလာတဲ့ မေးခွန်းတွေကို ရဲရဲရင့်ရင့် မဆုတ်တမ်း မင်း ဖြေနေဦးမှာပဲ။ ကျွန်မဟာ အဖိနှိပ်ခံရမှုကို ကြိုးစားတွန်းလှန်နေတဲ့ လွတ်မြောက်သူ မာလာလာ၊ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ လူ့အခွင့်အရေးလို့ ယုံကြည်တဲ့ မာလာလာ၊ ကျောင်းသားတစ်ယောက် ဆရာ တစ်ယောက် စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်လို့ဆိုတဲ့ မာလာလာ၊ ဘင်နီဇာဘူတိုရဲ့ မဆုံးသေးတဲ့ ခရီးကို ဆက်လျှောက်မယ့် မာလာလာ၊ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး မီးအိမ် ထွန်းလင်း စေချင်တဲ့ မာလာလာ၊ ယုံကြည်မှုကို အသက်ထက် ပိုတန်ဖိုးထားတဲ့ မာလာလာ၊ ကျွန်မ မာလာလာပါ...။

From the book, I Am Malala by Malala Yousafzai with Christina Lamb

ဖိုးဇော်

Thursday, October 10, 2013

မြန်မာတိုင်းရင်းသား ၁၃၅မျိုး

မြန်မာတိုင်းရင်းသား ၁၃၅မျိုး ရဲ့ စာရင်း http://yawaitun.blogspot.sg/2012/04/blog-post_2864.html ဒီနေရာကနေ ကူးယူခဲ့ပါတယ်။

ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guari
(၆) ခခူ Hkahku
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(9) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu

ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw

ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)

ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu

ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon

မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။
(၉၅) မွန် Mon

ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး‎ Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet

ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅) ၀ Wa

Friday, September 20, 2013

ဗုဒ္ဓဘာသာဝင်တိုင်းသိကောင်းစရာ

၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး (ဒုက္ကရစရိယာ ကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက = ပဉ္စဝဂ္ဂီငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် = မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ = မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စီသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့

Credit to http://348dhamma.blogspot.com/

Saturday, July 13, 2013

ပေးဆပ်မှုအတွက် ၊ ပြန်ရရှိလိမ့်မယ်

တနေ့မှာ စကော့တလန်လူမျိုး ဆင်းရဲသား ဖလဲမင်း ဟာ သူ့ရဲ့ ကျောက်စရစ်ယာခင်းမှာ ထွန်ယက်နေတုန်း အနီးနား ရွံ.ညွန်တောဆီက ငိုယိုအော်ဟစ် အကူအညီ တောင်းသံကိုကြားလိုက်ရတယ် ။ ရွှံ.ညွန်ထဲမှာ လည်ပင်းထိ နစ်နေပြီး ထိတ်လန့်၍ အော်ဟစ်နေရင်း လွတ်မြောက်ဖို့အတွက် ရုန်းကန်နေသော လူငယ်လေးတယောက် သူတွေ.လိုက်ရတယ် ။ လယ်သမားဖလဲမင်း လည်း ရွံ.ညွန်ထဲက လူငယ်လေးဆီကို ခက်ခက်ခဲခဲ ရောက်အောင်သွားပြီး ဒုက္ခရောက်နေတဲ့ လူငယ်လေးကို ကယ်တင်လိုက်နိုင်တယ် ။ ဖလဲမင်းဟာ သေခြင်းတရားဆီကို ရောက်လုနီးလူငယ်လေး တယောက်ကို ကယ်တင်နိုင်ခဲ့တယ် ။ လူငယ်လေးက ဖလဲမင်းကို အသက်ပြင်းပြင်းရှူလျှက် ကျေးဇူးတင်ကြောင်းပြောပြီး သူ့ရဲ့အိမ်ပြန်လမ်းဆီး ပြေးထွက်သွားတယ် ။

နောက်တနေ့မှာ တလှတန်ဆာ ဆင်ယင်ထားတဲ့ မြင်းလှည်းတစီး ဖလဲမင်းရဲ့ တိုက်အိမ်လေးရှေ.ကိုရောက်လာတယ် ။ မြင်းလှည်းထဲက ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ လူကြီး တဦးထွက်လာပြီး သူဟာ မနေ့က ဖလဲမင်း ကူညီလိုက်တဲ့ သူငယ်လေးရဲ့ ဖခင်ပါလို့ မိတ်ဆက်တယ် ။
"ကျွန်တော် ခင်ဗျားကို ကျေးဇူးဆပ်ချင်လိုပါ" ဟုထိုလူကြီးကပြောလိုက်တယ် ။ ပြီးတော့
"ခင်ဗျား ကျွန်တော့သား အသက်ကိုကယ်တင်ခဲ့တယ်"
"ကြင်နာတတ်တဲ့ ဘယ်သူမဆို ကျွန်တော့လိုပဲ ကူညီကြမှာပါ " လို့ လယ်သမား ဖလဲမင်းက ပြန်ပြောတယ် ။ "အဲ့ဒီအတွက် ဘာတုန့်ပြန်မှုကိုမှ ကျွန်တော်မလိုချင်ပါဘူး" ထိုအချိန်မှာပဲ လယ်သမား ဖလဲမင်းရဲ့သားဟာ အိမ်တံခါးဝကို ထွက်လာတယ် ။
"သူကခင်ဗျားရဲ့သားလား" ဧည့်သည် လူကြီးက မေးလိုက်တယ် ။
လယ်သမား ဖလဲမင်းလည်း ဟုတ်ပါတယ်လို့ ဂုဏ်ယူစွာ ပြန်ဖြေခဲ့တယ် ။
ဧည့်သည်လူကြီးက ခင်ဗျားနဲ့ ကျွန်တော် အပေးအယူ တခုလုပ်ချင်တယ် ။
"သူ့ကို ကျွန်တော့သားနဲ့ တန်းတူပညာသင်နိုင်ရေးအတွက် ကျွန်တော်ကူညီ ထောက်ပံ့ချင်ပါတယ် ။ ဒီကလေးသာ သူ့အဖေနဲ့တူတဲ့ ကလေးဆိုရင် သူဟာ ခင်ဗျားနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဂုဏ်ယူရမဲ့ ကလေးအဖြစ် ကြီးပြင်းလာပါလိမ့်မယ် ။

ဒီလိုနဲ့ဆင်းရဲတဲ့ လယ်သမား ဖလဲမင်းရဲ့ သားငယ်လေးဟာ အကောင်းတကာ့ အကောင်းဆုံး ကျောင်းကို တက်ခွင့်ရခဲ့တယ် ။ လန်ဒန်မြို. စိန့်မေရီ ဆေးကျောင်းက ဘွဲ.ရခဲ့တယ် ။ သူဟာ ပနယ်ဆလင်ကို ရှာဖွေတွေ.ရှိခဲ့ပြီး ဆာအလက်ဇန်းဒါး ဖလဲမင်း လို့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့တယ် ။
ပနယ်ဆလင်ကို ရှာဖွေတွေ.ရှိပြီး နှစ်အနည်းငယ် အကြာမှာတော့ ရွံ.ညွန်ထဲနစ်နေရာက အသက်မသေဘဲ လွတ်မြောက်လာခဲ့ဘူးတဲ့ သူငယ်လေးဟာ အဆုပ်အအေးမိ ရောဂါ ဖြစ်လာတယ် ။
ဒီအချိန်မှာတော့ အဆုပ်အအေးမိရောဂါကြောင့် သေမဲ့ဘေးနဲ့ ရင်ဆိုင်နေရတဲ့
သူငယ်လေးကို မည်သည့် အရာက ကယ်တင်ခဲ့ပါသလည်း ။ ပနယ်ဆလင်က သူ့ရဲ့အသက်ကို ဒုတိယ အကြိမ်မြောက် ကယ်တင်လိုက်နိုင်ပါတယ် ။
ဒါဆိုရင် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဖလဲမင်း သားအဖကို ကူညီခဲ့တဲ့ လူကြီးကဘယ်သူပါလဲ ။ အင်္ဂလန်ရဲ့ သူကောင်း တဦး ဖြစ်တဲ့ လော့ဒ် ရဲန်ဒို့လ်ဖ် ချာချီ ဖြစ်ပြီး သူ့ရဲ့သားနာမည်က အင်္ဂလန် နိုင်ငံကို ဒုတိယ ကမ္ဘာစစ်ကြီးမှာ အောင်ပွဲရအောင် ကာကွယ်လိုက်နိုင်တဲ့ အင်္ဂလန် ဝန်ကြီးချုပ် ဝန်စတန် ချာချီပဲဖြစ်ပါတယ် ။ ရှေးလူကြီးတွေ ပြောသလိုပဲ သင်ပေးသလောက် သင်ပြန်ရပါလိမ့်မယ် ။

(ဒီဖြစ်ရပ်မှန် ဇတ်လမ်းမှာ အခြားမူကွဲတွေလည်း ရှိပါတယ်)

(ဘာသာပြန်ဆိုသူ)
ရဲသူရိန်မင်း
13.07.2013

မြန်မာပြည်ပြန် စီးပွားရေးလုပ်ဖို့ အချက် (၁၀)ချက်

 မေလဆန်းမှာ စင်္ကာပူရောက်မြန်မာတွေ ပေါင်းလုပ်တဲ့ Panel Discussion ရဲ့ Q & A Section မှာ မြန်မာတွေ အဓိက မေးသွားတာတော့ ပြန်လာပြီး အလုပ်လုပ်မယ့်သူတွေအတွက် ဘယ်လိုမျိုး ကူညီမှုတွေ အဆင်ပြေမှုတွေ ဖြစ်အောင် ဖန်တီးပေးမလဲ ဆိုတာပါပဲ။ အဲဒီပွဲနေ့အပြီး နောက်တစ်ရက် ရန်ကုန်မှာ စီးပွားရေး ပြန်လုပ်ဖို့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်ရအောင် တစ်ပတ်ပြန်ဖြစ်ခဲ့တယ်။ တစ်ပတ်ဆိုတာ ခဏလေးပါ။ ဒါပေမယ့် စုံစမ်းတွေ့ကြုံရသမျှကိုတော့ မျှဝေပေးချင်လို့ စင်္ကာပူအပြန်လေယာဉ်ပေါ်မှာ စပြီးရေးလာခဲ့တာ အခုမှ အဆုံးသတ်နိုင်ပါတယ်။

    နိုင်ငံရေးအခြေအနေအရ မြန်မာတွေ နိုင်ငံရပ်ခြားကို ရောက်နေကြပေမယ့် တော်တော်များများက ကိုယ့်မြေပေါ်မှာပဲ ကိုယ်နေချင်ကြတာပါ။ အခုလို သတင်းတွေ ဂျာနယ်တွေ ပွင့်လင်းလာတဲ့အချိန်မှာ ဘယ်နိုင်ငံကတော့ ဘယ်လိုဝင်တော့မယ် ဘယ်နိုင်ငံကတော့ ဘယ်လောက်ရင်းနှီးမြှုပ်နှံလိုက်ပြီဆိုတာတွေ ဖတ်ရတော့ တခြားနိုင်ငံခြားသားတွေတောင် စီးပွားရေးလုပ်သေးတာ ဒီမြေမှာ မွေး ဒီရေသောက်ပြီး အရွယ်ရောက် နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေဟာ ကိုယ့်မြေကို ပြန်ပြီး အခြေချချင်ကြပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးမှာ တဖက်တလမ်းက ပါဝင်ချင်တယ်ပြောပြော၊ ကိုယ့်နိုင်ငံစီးပွားရေး တိုးတက်ဖို့ ကူညီချင်ပါတယ် ဆိုဆို၊ ၀င်ငွေရဖို့ အာမခံနိုင်မယ့်အလုပ်တစ်ခုခုတော့ ရှိဖို့ နည်းလမ်းတချို့တော့ လိုအပ်ပါလိမ့်မယ်။ ပထမနည်းလမ်းက နိုင်ငံခြားမှာ စုမိဆောင်းမိရှိသလောက်လေးနဲ့ ပြည်တွင်း၊ ပြည်ပမှာ အိမ်ဝယ်ထားတာ ရှိရင် အဲဒီအိမ်ငှားခလေးနဲ့ စားလောက်ချင် လောက်နိုင်ပါတယ်။ အခုဆို ရန်ကုန်မြို့ပေါ်က အိမ်ခြံနဲ့ ကွန်ဒိုငှားခတွေဟာ နေရာကောင်းရင် ကောင်းသလို တစ်လကို သုံးသိန်းကနေ သိန်းသုံးဆယ်လောက်အထိရနိုင်ပါတယ်။ နောက်တစ်နည်းကတော့ မြန်မာပြည်ကို စ၀င်နေပြီဖြစ်တဲ့ ၀င်ဖို့ ကြိုးစားနေတဲ့ MNC (Multinational Coporation) တွေမှာ အလုပ်ဝင်လုပ်လို့ ရနိုင်ပါတယ်။ ဒါမှမဟုတ် INGO တချို့နဲ့ ပြည်တွင်း နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ ရွှေသံလွင် ကုမ္ပဏီစတာတွေဟာလည်း လစာကောင်းတတ်ကြတယ် ပြောပါတယ်။ နောက်ဆုံးတစ်နည်းကတော့ ကိုယ်တိုင် စီးပွားရေးပြန်လုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီလို အလတ်စား၊ အသေးစား (SME) ကိုယ်ပိုင်စီးပွားရေး ပြန်လုပ်ဖို့ စဉ်းစားရမယ့် အခြေခံ အချက် ၁၀ ချက်ကို တွေးလို့ ရသလောက် ဖော်ပြပေးလိုက်ပါတယ်။

စီးပွားရေးလုပ်ဖို့ သိထားသင့်တဲ့အချက် (၁၀)ချက်

တကယ်ပြောင်းလဲပြီလား
    နိုင်ငံခြားရောက်မြန်မာတွေ အနေနဲ့ မြန်မာပြည်အကြောင်းကို အင်တာနက်၊ လူမှုစာမျက်နှာတွေနဲ့ မီဒီယာတွေကတဆင့်ပဲ သိကြရတာများပါတယ်။ များသောအားဖြင့်တော့ ဘယ်နိုင်ငံက ဘယ်လောက်ရင်းနှီးမြှုပ်နှံတော့မယ်၊ ဘယ်ကုမ္ပဏီကြီးတွေတော့ စ၀င်နေပြီဆိုတာတွေကိုလည်း အားကျဖွယ် ဖတ်ရှုနေရတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ထင်သလောက် ခရီးမပေါက်သေးပါဘူး။ အစိုးရနဲ့ ပတ်သက်တဲ့ အလုပ်တော်တော်များများဟာ အရင်အတိုင်းပဲ ပေးရ ကမ်းရတာတွေ ရှိနေဆဲပါ။ အစိုးရရဲ့ လုပ်ငန်းဆောင်တာတို့ဟာဆိုရင်လည်း ထုံးစံအတိုင်း မလိုအပ်တဲ့ အလုပ်အပိုတွေနဲ့ Process တွေဟာ နှေးကွေးဆဲပါ။ အချို့အချို့သော အစိုးရရဲ့ Project တွေကတော့ တော်တော်ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါခေါ်ဆိုမှု၊ ရွေးချယ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

အိမ်ခြံမြေ
    နိုင်ငံခြားက ပြန်လာပြီး အလုပ်လုပ်ချင်တဲ့ မြန်မာတွေအတွက် တင်မဟုတ်၊ MNC တွေအတွက်ပါ အဟန့်အတားဖြစ်နေတာတော့ အားလုံးသိတဲ့အတိုင်း အိမ်ခြံမြေဈေးကွက်ပါ။ ရန်ကုန်မြို့မြေညီထပ်တချို့ရဲ့ ငှားရမ်းခဟာ နေရာမကောင်းဘူးဆို တစ်လကို ၂သိန်းကနေ ၁၀သိန်းလောက်ပေါက်ပါတယ်။ လှည်းတန်းတို့လို နေရာမျိုးဆို သိန်း ၃၀ ၀န်းကျင်ကနေ သိန်း ၅၀ လောက်ထိ ရှိတယ်။ ပြီးတော့ အဓိက နိုင်ငံခြားနဲ့ မတူတာက ၆လစာ ဒါမှမဟုတ် ၁နှစ်စာ စာချုပ်ချုပ်ပြီး ငွေပါ ချေရတာပါ။ တချို့ကျတော့လည်း ၁နှစ်ထပ်ပိုချုပ်ချင်တယ်ဆိုတာတောင် ပေးမချုပ်ပါ။ ဥပမာ ကိုယ်က စားသောက်ဆိုင်လေး ဖွင့်ချင်လို့ ဆိုင်အပြင်အဆင်ကို သိန်းရာနဲ့ ချီပြီး အကုန်ခံ၊ အိမ်ရှင်က တစ်နှစ်ပဲ ငှားပြီး ဆက်မငှားတော့ရင် ပြင်ဆင်ခဲ့ရတာတွေ အလကားဖြစ်ပါမယ်။ ၀ယ်ငှား ဈေးနှုန်းတွေ အတိအကျသိချင်ရင်တော့ http://www.zaygwet.com/estate_list.php မှာ သွားကြည့်နိုင်ပါတယ်။

လူ့အရင်းအမြစ်ပြဿနာ
    မြန်မာပြည်မှာ လုပ်ငန်းရှင်တော်တော်များများ ခေါင်းကိုက်နေရတာ ၀န်ထမ်းအရည်အသွေး ပြဿနာပါ။ ဆယ်စုနှစ်ပေါင်း များစွာ ပိတ်လှောင်ခံထားရတဲ့ အသိပညာတွေနဲ့ ချွတ်ချုံကျခဲ့တဲ့ ပညာရေးစနစ်ရဲ့ အတတ်ပညာတွေဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် အရမ်းကို နောက်ကျနေခဲ့ပါပြီ။ အဲဒါကြောင့် ၀န်ထမ်းကောင်းတစ်ယောက်ရဖို့ဆိုရင် တော်တော်လေး Training တွေ ပေးပြီး လုပ်ငန်းသဘောသဘာဝတွေကို သင်ကြားပေးရပါတယ်။ အဲဒါပြီးလို့ အဆင်ပြေလောက်ပြီလည်း ထင်ရော အလုပ်ထွက်သွားတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ မတူတဲ့နောက်တစ်ချက်က နိုင်ငံခြားမှာ ကလေးတွေ အသက်နည်းနည်းရတာနဲ့ Part Time တချို့ ၀င်လုပ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Part Time အလုပ်ဟာ လစာလည်း လောက်လောက်လားလား မရှိသလို အလုပ်လည်း သိပ်မပေါလှပါဘူး။ ဒါ့ကြောင့် လုပ်ငန်းအတွေ့အကြုံတော်တော်နည်းကြပါတယ်။ ဒါပေမယ့် မြန်မာအများစုဟာ သင်လွယ် မြင်လွယ် တတ်လွယ် တယ်လို့တော့ ထင်မိတယ်။

ဝန်ထမ်းလစာ
    နိုင်ငံခြားမှာ သူများပေးသလောက် လစာမှ လိုက်မပေးနိုင်ရင် သူများရသလို ၀န်းထမ်းကောင်းမရမှာစိုးတဲ့အတွက် ပျမ်းမျှလစာတွေကို ပေးကြတာ များတယ်။ ပြီးတော့ အလုပ်သမားဝန်ကြီးဌာနလို နေရာမျိုးတွေက တစ်နှစ်စာ လစာတွေကို ထုတ်ပြန်ပေးတတ်ကြပါတယ်။ မြန်မာပြည်မှာတော့ အဲလို သက်မှတ်ချက်မျိုး မရှိသလို ၀န်ကြီးဌာနက ထုတ်ပြန်တယ်လည်း မကြားမိပါဘူး။ စုံစမ်းသိရှိရသလောက် စားသောက်ဆိုင်စားပွဲထိုးတွေဟာ နေစရိတ် စားစရိတ်အပြီးအစီး တစ်လကို ၂သောင်းခွဲမှ ၇သောင်း၊ လုံခြုံရေးဝန်ထမ်းများဟာ ၆သောင်း၊ ပိတ်ရက်မရှိ လုပ်ကြရတယ်။ ရုံးစာရေး၊ ရုံးအကူ၊ Marketing staff တွေက ၆သောင်းက ၁သိန်းကြား၊ ကွန်ပျူတာဘွဲ့ရ၊ အင်ဂျင်နီယာဘွဲ့ရတွေကတော့ ၁သိန်း ၀န်းကျင်လောက်ကနေ စပြီး အတွေ့အကြုံပေါ်မူတည်လို့ ၅သိန်းလောက်ထိ ရကြတယ်ပြောပါတယ်။ AGD ဘဏ်မှာ လုပ်နေတဲ့ စီနီယာမန်နေဂျာသူငယ်ချင်းတစ်ယောက်ကတော့ သုံးသိန်းခွဲနဲ့ ကားသုံးခွင့် ရတယ်သိရတယ်။ အကြမ်းဖျဉ်း ထည့်သွင်းစဉ်းစားရမယ့် ၀န်ထမ်းလစာပါ။ လုပ်ငန်းအတွေ့အကြုံနဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လစာကွာခြားမှုရှိနိုင်ပါတယ်။

ဝန်ထမ်းအခွင့်အရေး
    မြန်မာနိုင်ငံက အလုပ်တွေကို လိုက်ကြည့်ပြီး နိုင်ငံခြားတွေနဲ့ ယှဉ်ရင် တော်တော်များများ က ၀န်ထမ်းအခွင့်အရေး ဆုံးရှုံးနေတာ တွေ့ရပါတယ်။ ဥပမာ နိုင်ငံခြား ကုမ္ပဏီတွေဟာ ၀န်ထမ်းတစ်ယောက်ကို တစ်နှစ်စာ ခွင့် ၁၂ရက်၊ ဆေးခွင့် ၁၂ရက်၊ တစ်နှစ်စာ ဆေးခန်းပြခ ဘယ်လောက်စသဖြင့် ပေးတတ်ကြပေမယ့် မြန်မာပြည်မှာတော့ သိပ်မတွေ့ရပါ။ ခွင့်လိုချင်ရင် လစာမဲ့ခွင့်ပဲ ယူရတာများပြီး ဘယ်နှရက်ဘာညာလည်း သက်သက်မှတ်မှတ်မရှိပါ။ အဲဒါကြောင့် ကိုယ်ဝန်ထမ်းငှားရင် ဘယ်လိုနည်းလမ်းကို သုံးမလဲ ထည့်ပြီး စဉ်းစားရပါမယ်။ မြန်မာ့နည်းဆိုရင်တော့ မသေချာ မရေရာမှုတွေနဲ့ သေသေချာချာကြီးကို အသားကျနေတာပါပဲ။

ကုမ္ပဏီထောင်ဖို့
    မြန်မာပြည်မှာ စီးပွားရေးလုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်နဲ့ လုပ်မလား၊ ကုမ္ပဏီထောင်မလား၊ ဘာမှ မပြပဲ အဆင်ပြေသလို ကြည့်လုပ်မလားဆိုပြီး အခြေခံအချက်သုံးချက်တွေ့ရမှာပါ။ လုပ်ငန်းလိုင်စင်ဆိုတာ များသောအားဖြင့် မြို့နယ် စည်ပင်ကို ပေးရတာလို့ သိရပါတယ်။ ဘယ်လောက်ပေးရသလဲ ဘယ်လိုပေးရသလဲ ဆိုတော့ ကြုံရင်ကြုံသလို ပေးရပါတယ်။ တောင်းရင် တောင်းသလောက်ပေးရပါတယ်။ ဒါမှမဟုတ်ရင် ဒီလုပ်ငန်း ဒီမြို့နယ်မှာ လုပ်ခွင့်မရှိဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ရစ်တယ်ကြားပါတယ်။ ကုမ္ပဏီထောင်မယ်ဆိုရင်တော့ အစိုးရကို ၁၀သိန်း Deposit ပေးရပြီး စာရွက်စာတမ်းကြေး ဘာညာနဲ့ ပေါင်းရင် ၁၅သိန်းကနေ သိန်း ၂၀ ကြားလောက် ပေးရပါတယ်။ ဒါဆိုရင်တော့ လုပ်ငန်းလိုင်စင်ဘာညာ မလိုတော့ဘူးပေါ့။ ဘာမှမပြပဲ အဆင်ပြေသလို ကြည့်လုပ်မယ်ဆိုရင်လည်း ဖြစ်နေသေးတာကို တွေ့ရမှာပါ။

ဘဏ်လုပ်ငန်း
    ဘဏ်လုပ်ငန်းတွေကို ကြည့်ရင်လည်း အနည်းငယ်ရှုပ်ထွေးစရာတွေ နိုင်ငံခြားနဲ့ မတူတဲ့ အချက်တွေကို တွေ့ရပါတယ်။ သမ၀ါယမ၊ ကမ္ဘောဇ၊ AGD စတဲ့ ပုဂ္ဂလိက ဘဏ်တော်တော်များများရဲ့ ၀န်ဆောင်မှုတွေက အစိုးရဘဏ်နဲ့ ယှဉ်ရင် ကောင်းတယ် မြန်တယ်လို့ ပြောကြပေမယ့် နိုင်ငံခြားဘဏ်တွေရဲ့ ၀န်ဆောင်မှုကိုတော့ မှီမယ်မထင်သေးပါ။ ဥပမာတစ်ခုအနေနဲ့ မြန်မာဘဏ်တွေရဲ့ အထူးခြားဆုံးအချက်ကတော့ ATM card နဲ့ Bank account မတူတာပါပဲ။ Bank account ဆိုတာဟာ ပိုက်ဆံစုလို့ ရပြီး အတိုးရပါတယ်။ ATM card ကတော့ ATM တွေမှာ ထုတ်လို့ ရအောင် အဲဒီကဒ်ထဲကို ပိုက်ဆံ သက်သက်သွားထည့်ထားရပါတယ်။ အတိုးမပေးပါဘူး။ အဲဒီတော့ ATM Card မှာ ပိုက်ဆံမရှိတော့ရင် ဘဏ်သွား Saving Account ကနေပြီး ထုတ် ATM card ထဲကို ထည့်ရပါတယ်။ ATM ဆိုတာ ဘဏ်မသွားချင်လို့ ဘဏ်မှာ တန်းမစီချင်လို့ ၂၄နာရီ လိုအပ်တဲ့ အချိန်ထုတ်ဖို့ လုပ်ထားကာမှ အဲဒီအထဲကို ပြောင်းထည့်ဖို့ ဘဏ်သွား တန်းစီ ဘဏ်ဖွင့်ချိန်ကို စောင့်ကြရတဲ့အဖြစ်ပါ။

အခြေခံအဆောက်အအုံ
    Infrastructure တွေအနေနဲ့ အရေးအကြီးဆုံးဟာ ဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ လမ်းတံတား ပါပဲ။ အခုလာမယ့် ဇွန်လ ၂၇ရက်နေ့မှာ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုကို ကြေငြာတော့မှာဖြစ်ပြီး ပြည်တွင်းကုမ္ပဏီနှစ်ခု နဲ့ ယှဉ်ပြိုင်တော့မှာဖြစ်လို့ ဆက်သွယ်ရေးပိုင်းဟာ အခြေအနေကောင်းလာဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် သတင်းတစ်ခုမှာ ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီများက ဖုန်းအလုံး ၄သန်းစီရောင်းချခွင့်ရပြီး ပြည်ပကုမ္ပဏီများက ၁သန်းစီပဲ ရောင်းချခွင့် ရှိမယ်လို့ ဖတ်လိုက်ရတယ်။ အဲဒီလိုပဲ အင်တာနက်လိုင်းတွေကိုလည်း ထိန်းချုပ်မှုတွေ ရှိနေမယ်ဆိုရင်တော့ တိုးတက်သင့်သလောက် တိုးတက်ဖို့ ခက်ခဲနိုင်ပါမယ်။ လျှပ်စစ်မီးအနေနဲ့လည်း နိုင်ငံခြားကုမ္ပဏီကြီးတွေက စိတ်ဝင်စားကြတယ်ဆိုပေမယ့် အခုအချိန်ထိတော့ မီးစက်သံတချုန်းချုန်း ခုတ်မောင်းနေရဆဲပါ။ လမ်းတံတားအနေနဲ့ အစိုးရဘတ်ဂျက်ဟာ အလုံအလောက်မရှိဘူးဆိုတာ သိရတဲ့အတွက်ကြောင့် အချိန်တော်တော်ယူရဦးမယ် ထင်ပါတယ်။

နိုင်ငံရေး
    နိုင်ငံရေးအခြေအနေဟာ စီးပွားရေးလုပ်ငန်းတွေအပေါ်ကို ကောင်းကျိုးဆိုးကျိုး အများကြီး သက်ရောက်စေပါတယ်။ အခုအချိန်မှာတော့ ရခိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာရေးပြဿနာတွေ၊ တရာဥပဒေစိုးမိုးမှု စတဲ့အချက်တွေဟာ စီးပွားရေး လုပ်ငန်းတွေကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝှက်အကျိုးသက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ နိုင်ငံရေးအခြေအနေကတော့ အင်တာနက် ကနေ တဆင့် အနည်းနဲ့အများ သိနေနိုင်ကြလို့ အကျယ်ချဲ့ပြီး မရေးလိုတော့ပါ။

မြန်မာကတော့ မြန်မာပဲ
    အထက်ပါ ထည့်စဉ်းစားရမယ့်အချက်တွေကြောင့် ခက်ခဲနိုင်မယ်လို့ ထင်ရပေမယ့် တကယ်တမ်း မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆိုရင်တော့လည်း အဆင်ပြေနိုင်တာတွေ ရှိနေတာ တွေ့ရပါတယ်။ အဲဒီမြန်မာ့နည်းမြန်မာ့ဟန်ကို နိုင်ငံခြား အတွေ့အကြုံအချို့ပေါင်းစပ်ပြီး လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။ နိုင်ငံခြားမှ အသိမိတ်ဆွေများ မြန်မာပြည်ပြန်သွားကြပြီး တချို့လည်း အဆင်ပြေလို့ မြန်မာနိုင်ငံမှာ ပိုက်ဆံရှာရတာ လွယ်တယ် ဆိုကြသလို ပြန်သွားပြီး အဆင်မပြေလို့ နိုင်ငံခြား ပြန်ထွက်လာသူတွေလည်း ရှိပါတယ်။ သိသလောက် ကြားသလောက် စုံစမ်းလို့ ရသလောက် ရေးထားတာဖြစ်လို့ ပြည့်စုံလုံလောက်မှုတော့ မရှိနိုင်ပါ။ တကယ်တမ်း နိုင်ငံခြားကနေ ပြန်ပြီး အလုပ်လုပ်နေကြတဲ့ သူတွေဆိုရင်တော့ ဒီထက်ကို ပိုပြီး ပြည့်ပြည့်စုံစုံ ပြောပြနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှုတို့ရဲ့ ခေတ်ဦးမှာ လက်ဦးမှု ရယူထားနိုင်တယ်ဆိုရင်တော့လည်း နောက်ပိုင်း အဆင်ပြေသွားနိုင်မယ်လို့ မျှော်လင့်ရင်း . . .။

စည်သူ(သံလွင်)

Tuesday, June 18, 2013

၁၅၀၀ နဲ့ ၅၂၈

ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။

ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။

အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
(၁) လောဘ – လိုချင်တာ
(၂) ဒေါသ – ကြမ်းတမ်းတာ၊ စိတ်ထိခိုက်တာ
(၃) မောဟ – မသိတာ
(၄) မာန – ထောင်လွှားတာ
(၅) ဒိဋ္ဌိ – အယူမှားတာ
(၆) ဝိစိကိစ္ဆာ – သံသယဖြစ်တာ
(၇) ထိန – မလန်းဆန်းတာ
(၈) ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်တာ
(၉) အဟိရိက – မကောင်းတာလုပ်ဖို့ မရှက်တာ
(၁ဝ) အနောတ္တပ္ပ – မကောင်းတာလုပ်ဖို့ မကြောက်တာ တွေပါ။

အဲဒီ ကိလေသာတွေက-
စိတ် (၁)ခု၊
စေတသိက် (၅၂) ခု၊
နိပ္ဖန္နရုပ် (၁၈)ခု၊
လက္ခဏရုပ် (၄)ခု ဆိုတဲ့ (၇၅) ခုသော ရုပ်၊ နာမ်တရားတွေကို အာရုံပြုပါတယ်။ အဲဒီတရားတွေဟာ ကိုယ့်သန္တာန်၊ သူများသန္တာန် ၂ မျိုးလုံးမှာရှိလို့ (၇၅x၂) = ၁၅ဝ ဖြစ်သွားပါတယ်။ ကိလေသာ ၁-ပါးမှာ အာရုံ (၁၅ဝ)ရှိတော့ ကိလေသာ (၁ဝ)ပါးဆိုတော့ ၁၅ဝဝ – ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီ့ ၁၅ဝဝ လုံးဟာ တပြိုင်နက် မဖြစ်နိုင်ပါဘူး။

အခု လူအများစု သိထားကြတဲ့ ၁၅၀၀ အချစ်ဆိုတာ ကာမရာဂလို့ခေါ်တဲ့ တဏှာ=လောဘကို အခြေခံပြီး တောင်းနေကြ ပေးနေကြတာပါ။ ၁၅ဝဝ ပေးလိုက်တယ်ဆိုပြီး ကိုယ့်ဆီက ဘယ်ကိလေသာမှ လျှော့သွားမှာ မဟုတ်သလို ယူလိုက်ရလို့လည်း အရေအတွက် တိုးလာမှာ မဟုတ်ပါဘူး။ လောဘထု စတာတွေသာလျှင် တိုးလာမှာပါ။

ချစ်သူရည်းစားလို၊ ဇနီးခင်ပွန်းလို ချစ်မှ ၁၅ဝဝ မဟုတ်ပါဘူး။ လိုချင်မှု လောဘသာပါမယ်ဆိုရင် ဘယ်လိုချစ်ခြင်းပဲဖြစ်ဖြစ် ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ ချစ်တာမှ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင်လည်း ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ မုန်းခြင်းဆိုတာ ဒေါသကိလေသာပါ။ တခြား မာနပြိုင်နေကြသူတွေ စတာတွေဟာလည်း ၁၅ဝဝ ပိုင်ရှင်တွေပဲဆိုတာ ကိလေသာ ဆယ်ပါးကို ဖတ်ကြည့်လိုက်ရင် သတိပြုမိမှာပါ။

၅၂၈- ဆိုတာကတော့-
၁။ သဗ္ဗေ သတ္တာ = ခန္ဓာကို တွယ်တာတတ်တဲ့ သတ္တဝါ အားလုံး
(က) အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
(ခ) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
(ဂ) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ။
၂။ သဗ္ဗေ ပါဏာ = ထွက်သက်၊ ဝင်သက်ရှိသော သတ္တဝါ အားလုံး
၃။ သဗ္ဗေ ဘူတာ = ကံ၊ ကိလေသာကြောင့် ဖြစ်သော သတ္တဝါ အားလုံး
၎။ သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် အားလုံး
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ = ခန္ဓာ၊ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါ အားလုံး
(ဒီ ၅-ပါးက ဘယ်သူဘယ်ဝါလို့ မရည်ညွှန်းဘဲ သတ္တဝါအားလုံးကို ဆိုလိုတဲ့အတွက် အနောဓိသ လို့ခေါ်ပါတယ်။)

၆။ သဗ္ဗာ ဣတ္ထိယော = မိန်းမ အားလုံး
၇။ သဗ္ဗေ ပုရိသာ = ယောက်ျား အားလုံး
၈။ သဗ္ဗေ အရိယာ = အရိယာ အားလုံး
၉။ သဗ္ဗေ အနရိယာ = အရိယာ မဟုတ်သူ (ပုထုဇဉ်) အားလုံး
၁ဝ။ သဗ္ဗေ ဒေဝါ = နတ်၊ ဗြဟ္မာ အားလုံး
၁၁။ သဗ္ဗေ မနုဿာ = လူ အားလုံး
၁၂။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်သတ္တဝါ အားလုံး
(နောက် ၇-ပါးကတော့ မိန်းမ၊ ယောက်ျား ရည်ညွှန်းပိုင်းခြားထားလို့ သြဓိသ လို့ခေါ်ပါတယ်။)

အဲဒီ မေတ္တာခံ (၁၂) ပါးကို အဝေရာ ဟောန္တု စသော ပွားနည်း (၄) ပါးနဲ့ မြှောက်လိုက်ရင် ၄၈- ပါး ရပါတယ်။
အဲဒီ ၄၈-ပါးကို အရပ် (၁ဝ) မျက်နှာ တစ်ခုစီပို့တော့ (၄၈x၁ဝ)= ၄၈ဝ ရပါတယ်။
အဲဒီ ၄၈ဝ ကို အရပ်မပိုင်းခြားရသေးတဲ့ မူလ ၄၈-နဲ့ ပေါင်းတော့ = ၅၂၈ ရပါတယ်။
ဒီတော့ သတ္တဝါတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာခြင်း စတဲ့ အကျိုးစီးပွားကို လိုလားခြင်းသာလျှင် အေးချမ်းတဲ့ မေတ္တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေများ သာမက ချစ်သူ ရည်းစား ခင်ပွန်းဇနီးများပါ (ကိုယ့်အတွက် လောဘမပါဘဲ) သူ့အကျိုးစီးပွား သက်သက်ကို လိုလားမယ်ဆိုရင် ၅၂၈ ထဲမှာ ပါဝင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ကတော့ ချစ်သူ၊ မုန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ၊ မိဘ မောင်နှစ်မ ပုဂ္ဂိုလ်မရွေး … ကိလေသာ (၁ဝ) ပါးကို အခြေခံရင် ၁၅ဝဝ ထဲမှာ ပါနေပြီး၊ အကျိုးလိုလားမှုကို အခြေခံရင် ဘယ်သူပဲဖြစ်ဖြစ် ၅၂၈ ထဲမှာပါတယ်ဆိုတဲ့အကြောင်း မေတ္တာလောင်းပြီး သုတပေါင်းပေးကြည့်တာပါ…။

http://dhammayanantmm.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။


ရေးသားတင်ပြသူ မူကြိုဆရာ

Monday, June 3, 2013

အွန်လိုင်းမှာသင်/ဖြေပြီး ဒီပလိုမာတွေရယူနိုင်တဲ့နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

ထုံးစံအတိုင်း FB မှာ တွေ့လို့ မှတ်ထားပါတယ်။

 original စုစည်း တင်ပြသူကို credit ပေးပါတယ်။ တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။ အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။ Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညာသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။

➤ Massachusetts Institute of Technology (MIT)/OpenCourseWare ✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Classes ✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable ✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses ✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas ✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education ✤ Link : http://is.gd/qpJwVP
➤ Johns Hopkins OpenCourseWare ✤ Link: http://is.gd/YWSx0O
➤ Academic Earth Free Online Courses ✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures ✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace ✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative ✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures ✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare ✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures ✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository) ✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare ✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com ✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses ✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project ✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online! ✤ Link: http://is.gd/JoOFQg
➤ LearningScience.org ✤ Link: http://is.gd/te9NqS
➤ Science.gov Databases ✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library ✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses ✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org ✤ Link: http://is.gd/QbtScO For more - http://is.gd/y7Fukg Aung Kham (TSJ team) http://blog.techspace.com.mm/2013/03/blog-post_8.html တွင်ဖော်ပြချက်အား တဆင့်မျှဝေပါသည်။

Saturday, June 1, 2013

ကျောက်တုံးများနှင့် ဘ၀ရဲ့ ဦးစားပေး

အရမ်းကောင်းတဲ့ သင်ခန်းစာလေးပါ။ FB မှာ တွေ့လို့။ တစ်ခါတုန်းက အတွေးအခေါ်ပညာရှင်တစ်ဦးဟာ စာသင်ခန်းထဲမှာ အတွေးအခေါ်ပညာရပ်တွေ ဟောပြောဖို့ရောက်ရှိနေတယ် ။ သူ့ရှေ့ကစားပွဲပေါ်မှာ ပစ္စည်းအချို့တင်ထားပြီး သူ မတ်တပ်ရပ်လိုက်တယ် ။ စကားတစ်ခွန်းမှမပြောပဲ ပထမဆုံးသူ အလွန်ကြီးတဲ့ ဖန်ခွက်တစ်ခွက်ကို ယူလိုက်ပြီး အထဲကို ကျောက်တုံးခပ်ကြီးကြီးတွေဖြည့်လိုက်တယ် ။ ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့မေးလိုက်တယ် ။ အကုန်လုံးက ပြည့်ပါပြီ လို့ပြန်ဖြေတယ် ။ ပြီးတော့ အတွေးအခေါ်ပညာရှင်ဟာ ကျောက်စရပ်ခဲထည့်ထားတဲ့ခွက်ကလေးကိုယူပြီး ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြန်တယ် ။ ပြီးတော့ သူဟာ ဖန်ခွက်ကို ဖြေးဖြေးချင်းလှုပ်လိုက်တယ်။

 ကျောက်စရစ်ခဲလေးတွေဟာ နေရာတစ်ခုနဲ့တစ်ခုကြားက နေရာလွတ်လေးတွေဆီ လိမ့်ဝင်သွားခဲ့တယ် ။ သူ့တပည့်တွေကို နောက်ထပ်ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ အကုန်လုံးက ပြည့်ပါပြီလို့ပြန်ဖြေတယ်။ 

အတွေးအခေါ်ပညာရှင်က သဲတွေထည့်ထားတဲ့ခွက်ကလေးကိုယူပြီးဖန်ခွက်ထဲလောင်းထည့်လိုက်ပြန်တယ် ။ သဲတွေဟာ ကျောက်စရစ်ခဲ ကြားလေးတွေကနေ တိုးဝင်သွားပြီးဖန်ခွက်တစ်ခုလုံးပြည့်သွားခဲ့တယ် ။ ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ ကျောင်းသားတွေကလည်း ထုံးစံအတိုင်းပြည့်ပါပြီလို့ ပြန်ဖြေခဲ့တယ် ။ အတွေးအခေါ်ပညာရှင်ကပြောတယ် ။ ` အခု ကျွန်တော် ခင်ဗျားတို့ကို ပြောချင်တာကတော့--- ဒီဖန်ခွက်ကလေးကို ခင်ဗျားတို့ ဘ၀ နဲ့ ကိုယ်စားပြုချင်တာပါပဲ ကျောက်တုံးအကြီးကြီးတွေက ဘ၀ရဲ့ အရေးကြီးအစိတ်အပိုင်းတွေဖြစ်တယ် -- ခင်ဗျားတို့ မိသားစု ခင်ပွန်း ဇနီး ကျန်းမာရေး ခင်ဗျားတို့ကလေးတွေ အစရှိသဖြင့်ပေါ့ အကယ်၍ အဲဒီထဲက တချို့အရာတွေ ဆုံးရှုံးသွားတာတောင်မှ ခင်ဗျားရဲ့ ဘ၀ဟာ ပြည့် နေတုန်းပဲ ကျောက်စရစ်ခဲလေးတွေကတော့ ခင်ဗျားရဲ့ အလုပ် ၊ အိမ် ၊ ကား အဲဒါတွေကို ကိုယ်စားပြုတယ်---သဲတွေကတော့ အရာအားလုံးပါပဲ သေးငယ်တဲ့အရာအားလုံးကိုရည်ညွှန်းပါတယ် ´ ပြီးတော့ အတွေးအခေါ်ပညာရှင်ကဆက်ပြောတယ် ။ ` အကယ်၍ ဖန်ခွက်ထဲကို သဲတွေသာ အရင်ထည့်လိုက်မယ်ဆိုရင် ကျောက်စရစ်ခဲတွေ ကျောက်တုံးတွေအတွက် နေရာရှိမှာမဟုတ်ပါဘူး -- ဒါဟာ ဘ၀ နဲ့ အတူတူပါပဲ -- အကယ်၍ ခင်ဗျားတို့ဟာ သေးငယ်တဲ့ အကြောင်းအရာတွေ ကိစ္စတွေအတွက်နဲ့ ခင်ဗျားအချိန်တွေကို ကုန်ဆုံးစေမယ်ဆိုရင် ခင်ဗျား ဘ၀အတွက် အရေးကြီးတဲ့ အရာတွေထည့်ဖို့ ခင်ဗျား ဘ၀မှာ အခန်းလွတ်တွေမရှိတော့ပါဘူး -- ခင်ဗျားရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို ပေးစေတဲ့အရာတွေကို အာရုံစိုက်ပါ ခင်ဗျားရဲ့ ကလေးတွေနဲ့ဆော့ကစားပါ ခင်ပွန်း ၊ ဇနီးကို လက်တွဲပြီးလျှောက်လည်ပါ အလုပ်ကိုကြိုးစားပါ အိမ်ကို သန့်ရှင်းအောင်ထားပါ ညစာစားပွဲလေးကျင်းပပါ ´ ` ကျောက်တုံးကျောက်ခဲနဲ့တူတဲ့ အရာတွေကို အရင်ဆုံးခင်ဗျားဘ၀ထဲကို လောင်းထည့်ပါ ဒုတိယအနေနဲ့ ကျောက်စရစ်ခဲနဲ့တူတဲ့အရာတွေကို လောင်းထည့်လိုက်ပါ ဘာကို ဦးစားပေးရမလဲဆိုတဲ့ Priorities ကို စဉ်းစားပါ ကျန်တာတွေကတော့ သဲပွင့်တွေချည်းပါပဲ ။ ######################### အရမ်းကောင်းတဲ့ ဥပမာပေးလေးပါပဲ ။ ကျောက်တုံးတွေနဲ့တူတဲ့ မိဘ ၊ ခင်ပွန်း ၊ ကျန်းမာရေး ၊ မိသားစု စတဲ့အရေးကြီးတဲ့အရာတွေကို ကျွန်တော်တို့ အနေနဲ့ ပထမဦးစားပေးသတ်မှတ်ရပါလိမ့်မယ် ။

 ကျောက်စရစ်ခဲနဲ့တူတဲ့ အလုပ်၊ အိမ် ၊ ကား စတာတွေကိုတော့ ဒုတိယအဆင့်မှာပဲထားရပါလိမ့်မယ် ။ ကျန်တာတွေကတော့ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ သဲပွင့်လေးတွေပါပဲ ။ ကျွန်တော်တို့အများစုဟာ ဘာအရေးကြီးဆုံးလဲဆိုတာ မစဉ်းစားကြပဲ သဲပွင့်တွေ ကျောက်စရစ်ခဲတွေကို ဘ၀ဆိုတဲ့ ဖန်ခွက်ကြီးထဲ လောင်းထည့်နေမိကြတယ် ။ အဲဒီအခါ ဖန်ခွက်ကပြည့်သွားပြီဖြစ်တဲ့အတွက် တကယ်အရေးကြီးတဲ့ ကျောက်တုံးနဲ့တူတဲ့အရာတွေ ထပ်မထည့်နိုင်တော့ပါဘူး ။ အားလုံးပဲ ဘ၀ကို ဖြတ်သန်းတဲ့အခါ အထက်ပါ ဥပမာလေးကို သင်ခန်းစာယူကြပါစို့ ။ 

Credit- သက်တန့်ချို

Friday, May 31, 2013

Youtube မှ Myanmar Foreign Investment အကြောင်းများ

ကျွန်တော်တို့နိုင်ငံလည်း ကိုယ့်ဘာသာတောင် ဥပဒေတွေကို မနည်းလိုက်လေ့လာနေရတာ စလုံးတွေ အဖြူတွေကတော့ အသည်းအသန် အငန်းမရပဲ မြန်မာပြည်မှာ စီးပွားရေးလုပ်ချင်လွန်းလို့တဲ့။ မတတ်နိုင်ဘူး ကိုယ့်ဘာသာကိုယ်နားမလည်တဲ့အခါကျတော့လည်း သူများရှင်းပြတာပဲ နားထောင်ရတော့မှာပဲ။

ဒါက စလုံးကတစ်ယောက်ရှင်းပြထားတာ

ဒါကတော့ အဖြူပေါ့။ မြန်မာလိုတောင် ကျွမ်းကျွမ်းကျင်ကျင်ပြောပြလိုက်သေးတယ်။

Wednesday, May 29, 2013

ကိုကျော်ထူးအောင် ဆိုသူရဲ့ ကွန်ကရစ်လမ်းအကြောင်း

အဝေးပြေးလမ်းတွေနဲ့ ကွန်ကရစ်လမ်း သုံးမသုံးအကြောင်းလေး Facebook မှာ တွေ့တာပါ။ ဗဟုသုတရလို့ မှတ်ထားမိပါတယ်။

ဦးရဲထွဋ်ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ မေလ ၂၅ ရက် အဝေးပြေးယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ လမ်းဆောက်လုပ်ရေးနဲ့ပတ်သက်နေတော
့ ကျနော်ကိုယ်တိုင်ကလည်း လမ်းအင်ဂျင်နီယာဆိုတော့ ထောက်ပြချင်တာတွေ အများကြီးရှိပါတယ်။ တတ်နိုင်သလောက် အကျဉ်းချုပ်ပြီး လမ်းခင်းပညာရှုထောင့်ကနေ အပြုသဘော တင်ပြသွားမှာပါ။

ပထမဆုံးအနေနဲ့ “ကွန်ကရစ်လမ်း”သုံးမသုံးပေါ့။ အမေရိကန်ပြည်ထောင်စုကို မှီငြမ်းပြီး ပြောရမယ်ဆိုရင် ကွန်ကရစ်လမ်းကို သုံးတုန်းပါ။ (၁၈၁၈ ခုနှစ် နယူးယောက်ပြည်နယ် Erie တူးမြောင်းဆောက်လုပ်ရေးမှာ ကွန်ကရစ်ကို စသုံး။) ဒါပေမယ့် ဦးရဲထွဋ်ရဲ့ အမေရိကန်နိုင်ငံအဝေးပြေးလမ်းများရဲ့ ၃၀ ရာခိုင်နှုန်းဟာ ကွန်ကရစ်လမ်းများ ဖြစ်တယ်ဆိုတာ ဘာအထောက်အထားကို ဆွဲပြီး ပြောသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ “ကွန်ကရစ်လမ်း” လို့ ပြောလိုက်ရင် လမ်းအင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘယ်အလွှာအတွက် သုံးတာလဲ၊ အခုမှောက်သွားတဲ့ အဝေးပြေးလမ်းမှာလို အပေါ်ဆုံး အလွှာအတွက် လား.. စသဖြင့် မေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန်ပြည်ထောင်စု ပြည်သူပိုင်လမ်းတွေရဲ့ Surface course အပေါ်ဆုံးအလွှာ အားလုံးရဲ့ ၉၄ ရာခိုင်နှုန်း (National Asphalt Pavement Association) ဟာ ကတ္တရာလမ်းဖြစ်နေလို့ပါ။

ဒါဆို ဦးရဲ့ထွဋ်ပြောတဲ့ လမ်းတွေရဲ့ ၃၀ ရာခိုင်နှုန်းဆိုတာ ပုံကြည့်ချဲ့သလို ဖြစ်နေတယ်ပေါ့လို့ မေးကြပါလိမ့်မယ်။ ဒါဟာ ပုံကြည့်ချဲ့တာ မဟုတ်ဘူးလို့ အတိုချုပ်ဖြေရပါလိမ့်မယ်။ တကယ်တော့ ၃၀ ရာခိုင်နှုန်းဟာ နည်းတောင်နည်းနေပါသေးတယ်။ ဒါကို ရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ လမ်းတည်ဆောက်ပုံကို အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။

လမ်းချောတည်ဆောက်ရာမှာ အကြမ်းအားဖြင့် ၂ မျိုးရှိပါတယ်။ ကတ္တရာလမ်းနဲ့ ကွန်ကရစ်လမ်း။
ဒါပေမယ့် လမ်းတည်ရှိမယ့် ဒေသတည်နေရာ၊ ရာသီဥတု၊ ယာဉ်သွားလာမှုနှုန်း၊ ကုန်တင်ကားကြီးပါဝင်မှုနှုန်း၊ အောက်ခံမြေသားလွှာ၊ အနည်းတ၀ိုက် လမ်းခင်းကုန်ကြမ်းရရှိနိုင်မှုနဲ့ သက်သာမှု စတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး ကတ္တရာလမ်းခင်းမလား၊ ကွန်ကရစ်လမ်း ခင်းမလား ဆိုတာ ဆုံးဖြတ်ကြတာပါ။ ဥပမာ - ဖလော်ရီဒါဒေသမှာ limestone ထုံးကျောက် တွေပေါတော့ ဘိလပ်မြေ ထုတ်ရလွယ်၊ ဒါကြောင့် ကွန်ကရစ်လမ်းတွေကို အပေါ်ဆုံးအလွှာမှာထိ သုံးတတ်ပါတယ်။ ဒါပေမယ့် ဒီဘက် အီလီနွိုင်းလို ပြည်နယ်တွေမှာကျတော့ ထုံးကျောက်ပေါပေမယ့် ရာသီဥတုအခြေအနေကြောင့် မသုံးပါဘူး။ နှင်းကျရင် ကွန်ကရစ်လမ်းတွေက နှင်းရှင်းရ ခက်ပါတယ်။ နှင်းကျပြီးမကြာခင်မှာ ကွန်ကရစ်လမ်းတွေက ကတ္တရာလမ်းတွေလို အစိုဓာတ်စိမ့်ဝင်နိုင်မှု မရှိတော့ ရေခဲလွှာတွေ လမ်းပေါ်မှာ ဖြစ်သွားပြီး ကားမောင်းဖို့ အန္တာရာယ်ကြီးမားလှပါတယ်။ ဒါကြောင့် တံတား bridge deck တွေကလွဲလို့ လမ်းအများစုဟာ ကတ္တရာလမ်း ဖြစ်နေတာကို တွေ့ရမှာပါ။

နောက်တစ်ခုက loading condition ပါ။ ကားတွေဖြတ်သွားရင် လမ်းပေါ်မှာ ထုထောင်းသလိုဖြစ်သွားတဲ့အတွက် stress အဖြစ်ကျန်နေခဲ့ပါတယ်။ အဲဒီ stressတွေရဲ့ အောက်ခြေအလွှာတွေအပေါ် ပြန့်နှံ့မှုဟာ ကတ္တရာလမ်းနဲ့ ကွန်ကရစ်လမ်းတွေအပေါ်မှာ ကွားခြားမှုရှိပါတယ်။ Technical အရမ်းမဆန်ပဲ အတိုချုပ်ပြောရရင် ကတ္တရာလမ်းတွေဟာ stress ပြန့်နှံ့နိုင်ဖို့ အလွှာလေးတွေ အမျိုးမျိုးခံပြီး ခင်းရပါတယ်။ အဲဒီအလွှာတွေထဲမှာ ကွန်ကရစ်အလွှာလဲ ပါတတ်ပါတယ်။ အထူးသဖြင့် Interstate လို့ခေါ်တဲ့ ပြည်နယ်ကြားကူးလူးသွားလာနိုင်တဲ့ အဝေးပြေးလမ်းမကြီးတွေမှာ ကတ္တရာလမ်းတွေကို အပေါ်ဆုံး ၂လွှာ ၃ လွှာလောက် ခင်းတတ်ပြီး အဲဒီအောက်မှာ ကွန်ကရစ်အလွှာတွေကို အောက်ခံခိုင်မာမှုရှိအောင် ဆိုပြီး ခင်းတတ်ပါတယ်။

ဒါကြောင့် ကားမောင်းသူတွေအဖို့ အပေါ်လွှာပဲ မြင်ရပြီး ကတ္တရာလမ်းတွေပါပဲလို့ ထင်နိုင်သော်ငြားလည်း လမ်းတစ်ခုလုံးမှာ ပါဝင်တဲ့ အလေးချိန်အားဖြင့် ယှဉ်ထိုးကြည့်မယ်ဆိုရင် ကွန်ကရစ်ပါဝင်မှုနှုန်းဟာ မြင့်နေရခြင်းဖြစ်ပါတယ်။ Federal Highway Adminstration (FHWA) လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု အဝေးပြေးလမ်းအုပ်ချုပ်ရေး ဌာနရဲ့ အချက်အလက်တွေအရ ကွန်ကရစ်ပါဝင်မှုဟာ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိတယ်လို့လည်း တခါက ဖတ်ဖူးပါတယ်။ ကွန်ကရစ်လမ်းပါဝင်မှုနှုန်းဟာ နှစ်အလိုက်အတိမ်းအစောင်းရှိနိုင်သော်ငြားလည်း သေချာတာကတော့ အပေါ်ဆုံးလွှာကို ကွန်ကရစ်လမ်းအဖြစ်အသုံးပြုတာတော့ အလွန်နည်းပါးနေကြောင်းပါ။

မြန်မာနိုင်ငံရဲ့ လမ်းဆောက်လုပ်မှုအားလုံးကို ဒီနေရာမှာ ရေးရရင် အ၇မ်းရှည်သွားနိုင်လို့ မရေးသားလိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့အသက်ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် နောက်ဆုံးအနေနဲ့ တစ်ခုတော့ ထောက်ပြချင်ပါတယ်။ အဝေးပြေးလမ်းမတွေမှာ လမ်းလယ်ကျွန်းထားတဲ့ ကိစ္စပါ။

အခုဖြစ်တဲ့ကိစ္စမှာ ကားသမားကြောင့် ဆိုပြီး အဆုံးသတ်သွားမှာကို အရမ်းစိုးရိမ်မိပါတယ်။ လူဆိုတာ အမှားမကင်းပါ။ ကားသမားတွေဟာလည်း အမှားမကင်းပါ။ လမ်းအင်ဂျင်နီယာတွေဟာ လမ်းဒီဇိုင်းဆွဲတဲ့အခါမှာ လူတွေရဲ့ အမှားဖြစ်နိုင်မှုတွေကို ထည့်သွင်းတွက်ချက်ပြီး ပြည်သူလူထုရဲ့အသက်ဆုံးရှုံးမှုကို ကာကွယ်ရပါ့မယ်။ အဲဒီအကောင်မှားလို့ ဖြစ်တာပါဗျာ ဆိုပြီး မှတ်ယူလိုက်ရင် နောက်လည်း မှားနေအုံးမှာဖြစ်ပြီး အပြစ်မဲ့ ခရီးသည်တွေလည်း သေဆုံးနေကြရအုံးမှာပါ။ မြန်မာနိုင်ငံရဲ့ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးမှုဟာ အရမ်းမြင့်လွန်းနေပါတယ်။ ဒါကို ပစ်မှတ်ထား လျော့ချနိုင်အောင် လုပ်ကြရမှာပါ။

လမ်းလယ်ကျွန်းဟာ လမ်းထက် လက်မအတော်မြင့်နေတော့ အဲဒါကို အရှိန်နဲ့ ကားဘီးနဲ့ ဆောင့်တိုက်လိုက်ရင် ကားယိုင်ပြီး အလွယ်တကူ တိမ်းစောင်းနိုင်မှာပါ။ ပထမဆုံးအနေနဲ့ လမ်းလယ်ကို မရောက်ရင် သတိပေးမှုတစ်ခုကို အချိန်မှီလုပ်နိုင်ဖို့အရေးကြီးပါတယ်။ အမေရိကမှာဆိုရင် လမ်းရဲ့ အစွန် တစ်ဖက်တစ်ချက်မှာ rumble strip တွေကို ခံထားပါတယ်။ ဆိုလိုတာက ကားဟာ တစ်ဖက်တစ်ချက်ကို ကျွံသွားရင် ကားဘီးဟာ rumble strip ကို နင်းမိပြီး အသံတွေမြည်၊ ကားတွေ ခုန်ပါတယ်။ ဒါဟာ အိပ်ငိုက်နေတဲ့ ကားသမားရော၊ ခရီးသည်တွေကိုပါ တပ်လှန့်စေမှာဖြစ်ပြီး အသက်ကယ်နိုင်တဲ့ သတိပေးချက် life saving warning ဖြစ်စေမှာပါ။

နောက်တစ်ခုက မြန်မာနိုင်ငံမှာ ကီလိုမီတာ ၁၀၀ လို သွားနေတဲ့ အဝေးပြေးလမ်းတွေမှာ လမ်းလယ်ကျွန်းတည်ဆောက်မှုကို ပြန်လည်သုံးသပ်ပြီး တခြား လမ်းလယ်ကားဆီးမှု median barrier နည်းတွေနဲ့ အစားထိုးနိုင်ဖို့ လေ့လာသင့်ပါတယ်။ ဥပမာ - cable barrier (သံ/သံမဏိ ကြိုး ကားဆီးမှု)၊ Steel guardrail စတဲ့ မတော်တဆဖြစ်ရင်တောင် ကားတွေ တိမ်းမှောက်မှု အဖြစ်နည်းတဲ့ နည်းတွေကို လေ့လာသင့်ပါတယ်။

လူမှန်နေရာမှန်၊ နည်းမှန်စနစ်မှန် တည်ဆောက်ခြင်းဖြင့် ပြည်သူ့အသက်ပေါင်းများစွာကို ၀ိုင်းဝန်းကာကွယ်ကြပါစို့…

ကျော်ထူးအောင်

Thursday, February 14, 2013

ကျွန်တော်မက်တဲ့ ဆက်သွယ်ရေးအိပ်မက်


“တူ တူ တူ”
"Welcome to Verizon Mobile Service, For English Press 1"
"Verizon မိုဘိုင်း ဆားဗစ်မှ ကြိုဆိုပါတယ်, မြန်မာဘာသာ အတွက် ၂ ကို နှိပ်ပါ"

ကိုလတ်တစ်ယောက် Touch Pad မှ ၂ ကို နှိပ်လိုက်သည်။
”လူကြီးမင်းနှင့် အပြန်အလှန်ပြောဆိုမှုတို့အား ၀န်ထမ်းအရည်အသွေး မြှင့်တင်မှုနှင့် သင်ကြားမှုပိုင်းတွင် အသုံးပြုနိုင်ရန် အသံဖမ်းထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု အလိုတလျှောက်စကားပြောစက်မှ အသံထွက်ပေါ်လာပြီး ၁၀ စက္ကန်ခန့်ကြာသော အခါ ချိုသာသော မိန်းကလေး တစ်ဦးအသံအား ကြားရ၏။

 “Verizonမှ သီရိလွင် စကားပြောနေပါတယ်။ ဘယ်လိုကူညီပေးရမလဲ သိချင်ပါတယ်”
ဒီလိုပဲ ဖုန်းကိစ္စတစ်ခုခု ဖြစ်တယ်ဆိုရင် Verizon ကို လှမ်းဆက်ပြီး ပြောနေကျ။ အခုကတော့ ဖုန်းဘေလ်ပျောက်သွားလို့ ဘယ်လောက်ကျလဲ လှမ်းမေးတာပါ။

    “လူကြီးမင်းရဲ့ ဖုန်းဘေလ် ဘယ်လောက်ကျလည်း မပြောခင်မှာ လူကြီးမင်းရဲ့ ဖုန်းဖြစ်ကြောင်း သေချာမှုအတွက် မေးခွန်းလေး တချို့ မေးပါရစေ”
    ဒီလိုနဲ့ ဘယ်လောက်မှန်းသိသွားသော အခါ ဖုန်းဘေလ်ကို အင်တာနက် Banking ကနေ တဆင့် လှမ်းပေးလိုက်ရ၏။ ဒါတောင် အရင်တုန်းက ပုဂ္ဂလိက ဘဏ်များလုပ်ချင်သော အင်တာနက် Banking ကို ဗဟိုဘဏ်က တော်တော်နှင့် ခွင့်မပြုခဲ့။ အခုတော့လည်း အားလုံး အဆင်ပြေပြေချောချောမွေ့မွေ့နှင့် ဖြစ်နေပြီ။ ဘဏ်ကိစ္စတွေတင်ပဲလားဆိုတော့ မဟုတ်သေး။ အရင်အချိန်က ကျွန်တော်တို့ မြန်မာပြည်တွင် ဆက်သွယ်ရေးစနစ်ကလည်း စုတ်ချာလှသည်။

ဟိုးအရင် ဒီမိုကရေစီ အသွင်ကူးပြောင်းခါစ မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေ၊ မီဒီယာတွေနဲ့ ပြည်သူပြည်သားတွေက စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့ မြန်မာ့ဆက်သွယ်ရေးလောကကြီးတစ်ခုလုံး တိုးတက်ဖို့ ၀ိုင်းဝန်းတိုက်တွန်းရင်းမှ ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်နိုင်ခဲ့လို့ ယခုအချိန်တွင် ခေတ်မှီတိုးတက်နေခြင်းဖြစ်သည်။ Youtube မှ နေ၍ CNN သတင်းအချို့အား ကြည့်နေချိန်တွင် သားငယ်က အနားရောက်လာပြီး သတင်းတပုဒ်ပြလေသည်။

 “ဖေဖေ . . . ဒီမှာ CAT5 ကြိုးတွေနဲ့ တယ်လီဖုန်းပုံစံ Art လုပ်ပြီး ဆက်သွယ်ရေး ပြတိုက်တွင် ပြသထားတဲ့၊ အဲဒီ CAT5 ဆိုတာဘာကြီးလဲဟင်”
သားငယ်က အရင်ခေတ်က သမိုင်းကြောင်းများကို ပြန်ပြောပြတိုင်း တအံ့တသြနှင့်အမြဲ နားထောင်တတ်သည်။ မဆလခေတ်က ဘယ်လို၊ စစ်အစိုးရခေတ်က ဘယ်လို၊ ဒီမိုကရေခေတ်ပြောင်းကာလက ဘယ်လို စသည်တို့ကို အမြဲမေး၏။ မေးဆို သူတို့ သင်ရတဲ့ သမိုင်းစာအုပ်ထဲမှာ ဒါတွေကို အမြဲကျက်နေရတာကြောင့်လည်း ပါမည်ထင်သည်။ သားငယ်အတွက်တော့ သမိုင်းစာအုပ်ထဲက သမိုင်းကြောင်းထပ် သူ့အဖေကိုယ်တိုင်တွေ့ခဲ့ရသော သမိုင်းကြောင်းကို ပိုသိချင်သည်ထင်၏။ အင်းလေ ကိုယ်တွေခေတ်တုန်းကလည်း မြန်မာနိုင်ငံကို စင်္ကာပူက အတုယူခဲ့ရပါတယ်၊ ရန်ကုန်လေဆိပ်၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာ့ရွှေဘောလုံးခေတ်စတာတွေအကြောင်း အဖိုးပြောပြတာကို ပါးစပ်လေး ဟပြီး နားထောင်ခဲ့ဖူးသည်ပဲ။ အခုလည်း ကြည့်လေ။ CAT5 အကြောင်းလာမေးနေသည်။ အင်းလေ သူတို့လေးတွေ ခေတ်မှာက Wireless, Bluetooth, Fiber စတာတွေပဲ ရှိတော့တာကိုး။

“CAT5 ဆိုတာ လွယ်လွယ်ပြောရရင် အင်တာနက် cable ပေါ့။ သူ့ရဲ့ ထိပ်မှာ RJ45 ဆိုတဲ့ ခေါင်းလေးပါတယ်။ အဲဒါနဲ့ ကွန်ပျူတာရယ် Router လို့ခေါ်တဲ့ အင်တာနက် ကြားခံပစ္စည်းလေး ကို ဆက်ပေးတာပေါ့။ အဲဒါမှ အင်တာနက်သုံးလို့ ရတာ သားရဲ့”

“ဟာ ... ဒါဆို တအိမ်လုံး ကြိုးတွေနဲ့ ရှုပ်ပွနေမှာပေါ့”
“အင်း နည်းနည်းတော့ ပွမှာပေါ့။ ဒါပေမယ့် အရင်က အဖေတို့ မြန်မာနိုင်ငံမှာ တအိမ်ကို ကွန်ပျူတာ တစ်လုံးတောင် ရှိတာမှမဟုတ်ပဲ၊ သားကလည်း CAT5 အကြောင်းသိချင်တာများ Google search လုပ်လိုက်၊ ပုံနဲ့တကွ တွေ့ရမှာပဲကို”

“ရှာနေရင် ကြာဦးမယ်။ ဖေဖေ့ကို မေးလိုက် တန်းသိတာပဲ မဟုတ်ဘူးလား”
“ဟားဟား . . . ငါ့သားကတော့ကွာ၊ Google လုပ်ရင် ချက်ချင်း သိရမှာကိုတောင် ကြာမယ်လုပ်သေးတယ်။ ဖေဖေတို့ ခေတ်ကများ အဲဒီ Google တစ်ခါဖွင့်ရင် အနည်းဆုံး မိနစ်ပိုင်းတော့ စောင့်ရတာပဲ။ တခါတလေဆို တက်တောင်မလာတော့ဘူး။ ပြီးတော့ ဖုန်းတွေ ပြောရင်လည်း သစ်ပင်အရိပ်အောက်ဆို မမိဘူးတို့၊ လေတိုက်ရင် လိုင်းပြတ်တယ်တို့၊ ဖေဖေဆို သူငယ်ချင်းတွေနဲ့ ဖုန်းပြောတော့ ၀ရန်တာ ထွက်ပြောရတယ်၊ ဒါတောင် သူငယ်ချင်းက လိုင်းမိပြီ လိုင်းမိပြီ နည်းနည်းထပ်ထွက်လိုက်ဦး ပြောလို့၊ အေး . . . ဒီထက်ထွက်ရင် တိုက်ပေါ်က ပြုတ်ကျပြီး သေဖို့ပဲ ရှိတော့တယ်ကွ ဆိုပြီး ပြောရတယ်” လို့ ပြောတော့ သားငယ်က တဟားဟားနှင့် အော်ရယ်လေသည်။

အပြည့်အစုံကို သံလွင်အိပ်မက်မှာ ဖတ်ပါ။