Thursday, January 21, 2016

အသီးစိမ်ပြီးနှပ်ထားတဲ့ရေ

ဘာကြောင့် အသီးစိမ်ပြီးနှပ်ထားတဲ့ရေ ကိုသောက်သင့်ပါသလဲ

၁. Green Tea၊ ပူဒီနာရွက်၊ သံပုရာသီး တို့ စိမ်ထားတဲ့ရေဟာ အဆီကိုလောင်းကျွမ်းစေတယ်၊ အစာချေစနစ်ကို ကောင်းစေတယ်၊ ခေါင်းကိုက်သက်သာစေတယ်၊ လန်းဆန်းစွာ အသက်ရှုရန် အထောက်အပံ့ပေးပါတယ်။

၂. စတော်ဘယ်ရီသီး နဲ့ ကီဝီသီး တို့စိမ်ထားတဲ့ရေဟာ နှလုံးသွေးကြောကိုပိုမို ကျန်းမာစေတယ်၊ ကိုယ်ခံအားစနစ်ကို အကာအကွယ်ပေးတယ်၊ သွေးထဲရှိ သကြားဓါတ်ကိုထိန်းညှိပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၃. သခွါးသီး၊ သံပုရာသီး၊ နဲ့ ရှောက်သီး တို့ စိမ်ထားတဲ့ရေဟာ ခန္ဓာကိုယ်တွင်းရှိ ရေပမာဏကို ထိန်းညှိပေးတယ်၊ လေပွခြင်းကိုကာကွယ်ပေးတယ်၊ အစားစားချင်စိတ်ကို ထိန်းပေးတယ်၊ ရေဓါတ်ကို ဖြည့်ဆည်းပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၎. ရှောက်သီး၊ သံပုရာသီး၊ နဲ့ လိမ္မော်သီး တို့ စိမ်ထားတဲ့ရေဟာ အစာချေစနစ်ကို ကောင်းမွန်စေတယ်၊ Vitamin C ဓါတ်ကိုပေးတယ်၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်၊ (ပုံမှန် အခန်းအပူချိန်တွင်သောက်သုံးရန်)
အသီးစိမ်ပြီးနှပ်ထားတဲ့ရေဟာ ကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားခြင်း အတွက် ကောင်းစေပြီး ရေဓါတ်ကို ပြန်လည် ဖြည့်ဆည်းပေးပါတယ်။ ကိုယ်ကြိုက်သလောက် အသီးပမာဏကို ရေတွင် အနည်းဆုံး မိနစ် ၃၀ ခန့် စိမ်ပြီး သောက်သုံးနိုင်ပါသည်။
မှတ်ချက် - ရောဂါကုရန် ကုထုံးမဟုတ်ပါ။ ကျန်းမာစွာ နေထိုင်ခြင်းအတွက် အထောက်အကူ သက်သက်ဖြစ်ပါသည်။

Copied from Food Myanmar Facebook

Credit: Heather Johnson