Thursday, June 7, 2007

မြောင်းမြက ဒယ်လေးခေါက်ဆွဲ

အမေရိကားက ခဏရောက်နေတဲ့ အမ၀မ်းကွဲမိသားစုနဲ့ သွားတွေ့ရင်း အမှတ်တရ စားခဲ့ရတဲ့ ခေါက်ဆွဲအကြောင်းပါ။ အမရဲ့ ယောက်ျားက မြောင်းမြကလေ။ အဲဒါနဲ့ သူတို့မြောင်းမြက နာမည်ကြီး ဒယ်လေးခေါက်ဆွဲအကြောင်း၊ မမြင့်ရဲ့ ခေါက်ဆွဲဆိုင်က အကောင်းဆုံးဖြစ်ကြောင်း၊ မနက်တိုင် Breakfastကို ဒယ်လေးခေါက်ဆွဲနဲ့ လက်ဖက်ရည်လေး သောက်ရတာ အလွန်ကောင်းကြောင်းတွေကို ရွှန်းရွှန်းဝေအောင်ပြောပါတယ်။ ကျွန်တော်လည်း သူပြောသမျှကို နားထောင်ပြီး စားလိုက်တာ သုံးပန်ကန်လောက် ၀င်သွားတယ်။ ထမင်းဟင်းချက်စားဖို့ စိတ်ဝင်စားပေမယ့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ်စတဲ့ ခေါက်ဆွဲတွေကို ချက်စားဖို့ စိတ်မ၀င်စားလို့ ဘယ်လိုချက်လဲတော့ မမေးခဲ့ပါဘူး။ စားပုံစားနည်းကိုတော့ ကောင်းကောင်းကျွမ်းသွားပါပြီ။




Commentsထဲမှာ Krisဆိုသူ ၀င်ရေးပေးသွားတာကို ပြန်တင်ပေးလိုက်ပါတယ်။
ခေါက်ဆွဲချက်နည်းလေး သိသလောက်တော့ပြောပြမယ်နော်.. မှားနေရင်လည်းပြင်ပေးသွားကြပါ... ခေါက်ဆွဲကို ပဲငံပြာရည်အနောက်နည်းနည်းထည့်ပြီးနယ်ပါ ... ပြီးရင်မီးဖိုမီးအေးအေးလေးပေါ်မှာ အိုးကိုခေါက်ဆွဲကပ်တဲ့အထိထားပါ .. ခေါက်ဆွဲနည်းနည်းလေး အိုးကပ်လာပြီဆိုရင် တစ်ဖက်ကိုလှန်ပြီး အိုးအပ်အောင်ထားပါ .. (ခေါက်ဆွဲကြော်သလိုမျိုးမွှေစရာမလိုဘူးနော် :D )
ဟင်းရည်ချက်နည်းကတော့ ၀က်ရိုးကိုပြုတ်.. ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းကိုထောင်းပြီးထည့်ပါ ပြီးတော့ တရုတ်ပဲငံပြာရည်အကြည် နည်းနည်းထဲ့ပါ .. အသားနူးရင် နံရိုးကပ်အသားလေးတွေကို ဖဲ့ပြီး ပါးပါးသေးသေးလေးတွေလှီးထားပါ .. အရိုးကိုတော့ ပြန်ထည့်ပြီး ဆက်တည်ရပါမယ် ... ဟင်းရည်ဆူတဲ့အခါမှာ အပေါ်ယံဆီတွေတက်လာပါလိမ့်မယ် .. ပန်းကန်လုံးတစ်ခုနဲ့သက်သက်ခပ်ထားပါ ...
ခေါက်ဆွဲရယ် အသားလေးတွေရယ် ငရုတ်ဆီရယ် ဟင်းချိုမှုန့်နည်းနည်း ကြက်သွန်ပါးပါးလှီးထားတာရယ် ငရုတ်ကောင်းနည်းနည်း နဲ့ ဟင်းရည်အိုးထဲက ခပ်ထားတဲ့ အဆီကိုခေါက်ဆွဲထဲ နည်းနည်းလေးထည့်စားရင် ပိုအရသာရှိပါတယ် .. ငရုတ်သီးစိမ်းကြိုက်တတ်ရင် ငရုတ်သီးစိမ်းလည်းထည့်စားကြပါတယ် ...
(ငရုတ်ဆီကတော့ ရန်ကုန်မှာထုတ်တဲ့ တန်ချွန်ဝါ ဆိုတဲ့ငရုတ်ဆီနဲ့တော့ ဒယ်လေးခေါက်ဆွဲက အလိုက်ဆုံးပါ)

အခုလို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တဲ့ Krisကို ကျေးဇူးအများကြီးတင်ပါတယ်။

15 comments:

Anonymous said...

I thought you told me you are on diet now?? :O ၃ ပန်းကန်တောင်.. ဟုတ်လား..
စားပုံစားနည်းကိုတော့ ကောင်းကောင်းကျွမ်းသွားပါပြီ << အရင်က မကျွမ်းဘူးပေါ့.. :P

Thelay said...

ခေါက်ဆွဲ လုပ်နည်းပြောပြ ပါ့လား.. အင်း ပုံကြည့် ပြောရမယ် ဆိုရင် တော့ ခေါက်ဆွဲ ကို ကြာညို့ နဲ့ မီးဖို ပေါ်မှာ လှိမ့်လိုက်ပုံရတယ်.. နောက် .. အချဉ်ရည် ( ဆောစ့်) ငံပြာရည်.. မကျည်းရည် ( အဲ.. အချဉ်ရည် ကော မကျည်းရည် ကော ၀မ်းလျှောမလား မသိ) နောက် နံနံပင်.. ဆီချက်.. ထည့် နယ်
ပြီးတော့ အသားကို အပေါ်က ဖြူး.. အသားဟင်းချိုလေးနဲ့ ..
ဟုတ်လား .. သိဘူးနော် .ပုံကြည့် ဖြီးလိုက်တာ..
=P

Unknown said...

demo >>> Yes. I am on diet. I have to remind myself again and again that I am on diet. hehe :P ဟုတ်တယ်လေ။ တခါမှမစားဘူးတဲ့ဟာကို ဘယ်လိုသိမှာတုန်း။ အခုတော့ သိသွားပြီ။

thelay >>> သဲလေးတို့ကတော့ ပုံကြည့်ပြီးဖြီးတာ တယ်တော်။ ခဏနေဦးနော်။ ဖုန်းဆက်ပြီးမေးပေးထားတယ်။ သူမအားသေးလို့တဲ့။ နောက်ကျရင် ထပ်ပြောပြမယ်။

Anonymous said...

ဟေ့ကောင်... ငါချက်တတ်တယ်။ နောက်မှ လုပ်ကျွေးမယ်။ သဲလေးပြောတဲ့ အတိုင်းပဲ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်မိတ် ပါးပါးလှီးတာပဲလိုတယ်။ ဒါပဲ..

ကိုငယ်

Unknown said...

ကောင်းလှချည့်လားကွ။ အေးအေး ချက်ကျွေး။ စားမယ် ၀ါးမယ်။

MELODYMAUNG said...

ဒယ်လေးခေါက်ဆွဲ ကြိုက်မှကြိုက် ကြုံလို့ ၀င်ဆွဲသွားပြီဗျို့

Unknown said...
This comment has been removed by the author.
Unknown said...

ခေါက်ဆွဲချက်နည်းလေး သိသလောက်တော့ပြောပြမယ်နော်.. မှားနေရင်လည်းပြင်ပေးသွားကြပါ... ခေါက်ဆွဲကို ပဲငံပြာရည်အနောက်နည်းနည်းထည့်ပြီးနယ်ပါ ... ပြီးရင်မီးဖိုမီးအေးအေးလေးပေါ်မှာ အိုးကိုခေါက်ဆွဲကပ်တဲ့အထိထားပါ .. ခေါက်ဆွဲနည်းနည်းလေး အိုးကပ်လာပြီဆိုရင် တစ်ဖက်ကိုလှန်ပြီး အိုးအပ်အောင်ထားပါ .. (ခေါက်ဆွဲကြော်သလိုမျိုးမွှေစရာမလိုဘူးနော် :D )
ဟင်းရည်ချက်နည်းကတော့ ၀က်ရိုးကိုပြုတ်.. ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းကိုထောင်းပြီးထည့်ပါ ပြီးတော့ တရုတ်ပဲငံပြာရည်အကြည် နည်းနည်းထဲ့ပါ .. အသားနူးရင် နံရိုးကပ်အသားလေးတွေကို ဖဲ့ပြီး ပါးပါးသေးသေးလေးတွေလှီးထားပါ .. အရိုးကိုတော့ ပြန်ထည့်ပြီး ဆက်တည်ရပါမယ် ... ဟင်းရည်ဆူတဲ့အခါမှာ အပေါ်ယံဆီတွေတက်လာပါလိမ့်မယ် .. ပန်းကန်လုံးတစ်ခုနဲ့သက်သက်ခပ်ထားပါ ...
ခေါက်ဆွဲရယ် အသားလေးတွေရယ် ငရုတ်ဆီရယ် ဟင်းချိုမှုန့်နည်းနည်း ကြက်သွန်ပါးပါးလှီးထားတာရယ် ငရုတ်ကောင်းနည်းနည်း နဲ့ ဟင်းရည်အိုးထဲက ခပ်ထားတဲ့ အဆီကိုခေါက်ဆွဲထဲ နည်းနည်းလေးထည့်စားရင် ပိုအရသာရှိပါတယ် .. ငရုတ်သီးစိမ်းကြိုက်တတ်ရင် ငရုတ်သီးစိမ်းလည်းထည့်စားကြပါတယ် ...
(ငရုတ်ဆီကတော့ ရန်ကုန်မှာထုတ်တဲ့ တန်ချွန်ဝါ ဆိုတဲ့ငရုတ်ဆီနဲ့တော့ ဒယ်လေးခေါက်ဆွဲက အလိုက်ဆုံးပါ)

Unknown said...

Krisပြောသွားတာ ကွက်တိပါပဲဗျာ။ ကျွန်တော် မသေချာတာလေးတွေရှိလို့၊ ပြီးတော့ ပျင်းနေလို့ မရေးဖြစ်တာပါ။ အခုလို စိတ်ရှည်လက်ရှည်ပြောပြသွားတဲ့ Krisကို ကျေးဇူးတင်လှပါတယ်။ ဒါနဲ့ မြောင်းမြကလားဟင်..

Unknown said...

အမေဘက်တစ်မျိုးလုံးက မြောင်းမြကပါ ... ဒါကြောင့်ခဏခဏတော့ ရောက်ဖြစ်နေပါတယ် ... အဟီး .. မြောင်းမြမသူတသူလေးပေါ့ :P

Unknown said...

the north face jackets
coach outlet store online clearances
true religion uk
oakley sunglasses
kate spade outlet
adidas shoes
moncler jackets
louboutin shoes
ralph lauren outlet
louis vuitton
201610.25wengdongdong

Unknown said...

soccer jerseys wholesale
mulberry bags
air max 90
air max 90
ugg boots
yeezy boost
ralph lauren polo
ralph lauren polo
coach outlet
ugg outlet
20170318caihuali

5689 said...

zzzzz2018.8.23
jordans
ultra boost 3.0
pandora charms
new nike shoes
canada goose jackets
cheap nhl jerseys
ralph lauren outlet
off white shoes
pandora outlet
christian louboutin shoes

Unknown said...

www1029



pandora
valentino shoes
adidas superstar
canada goose outlet
louboutin shoes
yeezy boots 350
christian louboutin shoes
salomon shoes
coach outlet
canada goose




yanmaneee said...

canada goose
michael kors outlet
moncler jackets
nike vapormax
moncler
nike air max 95
jordans
goyard handbags
yeezy boost 350
michael jordan shoes