Thursday, May 31, 2007

လူသတ်သမ ချောချောလေးတွေ

ဒီနေ့ အလုပ်ထဲမှာ Naked Weaponလို့ ခေါ်တဲ့ ရုပ်ရှင်တစ်ကားကြည့်ဖြစ်ပါတယ်။ အဲဒီကားက ကြာတာတော့တော်တော် ကြာနေပြီ။ ဒါပေမယ့် ရန်ကုန်က တစ်ချပ် ၁၅၀၀နဲ့ ၀ယ်လာတဲ့ DVD9 (12 in 1 DVD)ထဲမှာ ပါလာတယ်။ ရုပ်ရှင်၁၂ကားကို DVD တစ်ချပ်ထဲမှာ ထည့်ထားတာပါ။ သုံးလေးကားလောက်က ကြည့်ပြီးသားတွေ။ သူငယ်ချင်းတွေက အဲဒီကားအကြောင်းကို ခဏခဏပြောလို့ ဇာတ်လမ်းတောင် တော်တော် သိနေပါပြီ။

ဒီNaked Weaponရဲ့ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ဆယ်နှစ်သမီးလောက်ကတည်းက လျှောက်ဖမ်းလာပြီး သိုင်း၊ သေနတ်ပစ်စတဲ့ ပညာရပ်တွေကို လေ့ကျင့်ပေးတယ်။ ပြီးတော့အဲဒီ ကောင်မလေးတွေအရွယ်ရောက်လာရင် အတော်ဆုံးသူတွေကို ရွေးပြီး ကြေးစားလူသတ်သမား လုပ်ခိုင်းပါတယ်။ ရုပ်ရှင်ထဲမှာမို့လို့လားတော့ မသိ။ ကောင်မလေး(မင်းသမီးလေး)တွေက ရုပ်လေးတွေချောသလောက် တော်တော်တော့ အကြမ်းခံနိုင်ပါတယ်။ အပစ်အခတ် အသတ်အပုတ်နဲ့ ကြည့်လို့လည်း တော်တော်ကောင်းတယ်။ ကျွန်တော်ကို အမှတ်ပေးခိုင်းရင်တော့ ကြယ်လေးပွင့်(**** 4 stars) ပေးချင်ပါတယ်။

5 comments:

Anonymous said...

Wow.. Maggie Q.. She's hot.. =) ကြည့်ချင်တယ်..အဲဒီ့ရုပ်ရှင်..

Chit Lay Pyay said...

ဟားဟား၊ night shift မှာတော်တော်အလုပ်ကိုကြိုးကြိုးစားစားလုပ်နေပါလား တို့လိုပဲနော်၊

Thelay said...

သူများတွေများ အလုပ်ထဲတောင် ရုပ်ရှင်ကြည့်လိုက်သေး….ကောင်းပါ့ဗျာ… ဒါနဲ့ အဲဒီလို ချောချောလေးတွေက သတ်ရင် တောင် သေရဲပါတယ် ဆိုတဲ့ သဘောလား… =P

NayPhoneLatt said...

ကောင်မလေးတွေကို လူသတ်တဲ့အခါ အရှက်အကြောက်ကင်းအောင်ဆိုပြီး စီစဉ်တဲ့အခန်း ကို မင်းခဏခဏရစ်ကြည့်တယ်မဟုတ်လား။ ဟား ဟား ဟား

Unknown said...

demo >>> ဟုတ်တယ် Such a nice carလေ

ချစ်လေပြေ >>> ဟုတ်။ ကြိုးစားတယ်။ Nite Shift မဟုတ်ဘူးဗျ။ Day Shift။ Nite Shiftဆိုရင်တော့ သိပ်မအားပါဘူး။ အိပ်နေရလို့။ ဟီးဟီး

သဲလေး >>> အဲဒီချောချောလေးတွေကလည်း အကို့ကိုတော့ သတ်ရက်မယ်မထင်ပါဘူး။

မြို့တော်ဘီစကစ် >>> ဟားဟား မင်းအရမ်းကြိုက်တဲ့ အခန်းဟုတ်။ နောက်တစ်ခန်းရှိသေးတယ်။ ကမ်းခြေမှာလေ။ ဟီးဟီး

ဟုတ်တယ်ဗျ။ ကျွန်တော်ပြောဖို့ တစ်ခုမေ့သွားတယ်။ အဲဒီကားက အသက် ၁၈အောက်မကြည့်ရတဲ့ ဇာတ်ကားဖြစ်လိမ့်မယ်။