Wednesday, May 23, 2007

ဘန်းစကားတွေ လန်းနေတယ်

မြန်မာစကားကို ကျွန်တော့်အလုပ်ထဲက စလုံးတရုတ်တွေက အရမ်းသင်ချင်ကြတယ်။ အမှန်အတိုင်းပြောရရင် မြန်မာဘာသာဟာ သင်ပေးဖို့တော်တော်ခက်တဲ့ ဘာသာပါပဲ။ အထူးသဖြင့် ဘန်းစကားတွေပါလာရင် ပိုရှုပ်ကုန်ရော။ စလုံးတရုတ်တွေမပြောနဲ့ ဟိုတစ်နေ့ကပဲ မြန်မာမိန်းကလေးသူငယ်ချင်းတစ်ယောက်က မေးတယ်။ `သေလို့ရတယ်`ဆိုတာဘာလဲတဲ့။ ကိုယ်ကသာ ပြောနေတာ ဒီလိုကြီးမေးလာတော့ တော်တော်ပြန်ဖြေဖို့ခက်တယ်။ အဲဒါနဲ့ပဲ အဆင်ပြေသလို `သေလို့ရတယ်´ဆိုတာ သေချင်လောက်အောင်ဖြစ်တာ။ ဥပမာ။ စာမေးပွဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ မေးခွန်းတွေလာရင် `ဟာ . . သေလို့ရတယ်´ဆိုပြီးပြောကြတယ်။
နောက်တစ်ယောက်ကလဲ ကျွတ်ဆင်ကြီး ဆိုတာဘာလဲတဲ့။ အဲဒါတော့ ကြောက်စရာကြီး၊ အကြီးကြီးကို ပြောတာလို့ထင်ပါတယ်လို့။ အမှန်အတိုင်းပြောရရင် ဘန်းစကားတွေ ဘယ်ကစဖြစ်ပြီး ဘာအဓိပ္ပါယ်လဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်ပြောနေတဲ့ ဘန်းစကားတွေကနေ အမြဲတမ်းပုံမှန်ပြောတဲ့စကားလုံးတွေ အဖြစ်ပြောင်းလဲလာတာတွေရှိသလို ပျောက်ပျက်သွားတာတွေလဲရှိပါတယ်။ ဥပမာ ပြိုင်းတယ်တို့၊ ယွန်းတော့မယ်(သွားတော့မယ်)ဆိုတဲ့စကား။ တကယ်တမ်းတော့ အဲတာက ကရင်စကားလို့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ ဆိုလိုတာကတော့ ပင်ပန်းနေတယ်ဆိုတာပါ။
ဒါပေမယ့် အဲဒီအထဲက ဘန်းစကားတွေကို စာအနေနဲ့ မဖော်ပြကြဘူး။ စာအုပ်တွေ ထဲမှာ မတွေ့ရဘူး။ ကျွန်တော်နားလည်လိုက်တာကတော့ ဘန်းစကားဟာ ဘန်းစာမဟုတ်လို့ပဲလို့။ ကောင်းလိုက်တဲ့အယူအဆနော်။ အဲ . . .ဆရာတော်ဦးဇောတိက ကတော့ `ဘန်းစကား သိပ်မပြောပါနဲ့ ကိုယ်ရည်ကိုယ်သွေးကျတတ်တယ်´တဲ့။ ဆရာတော်ပြောတဲ့အတိုင်းဆို ကျွန်တော်ကတော့ ကိုယ်ရည်ကိုယ်သွေးတော်တော်ကျနေလောက်ပြီ။ ဘန်းစကားကို မိုက်တယ်။ စားတယ်။ စိတ်လေတယ် ကအစ နောက်ဆုံးပေါ် ပိန်းတယ်။(တုံးတာကိုပြောတာပါ) လန်းတယ်(အထူးသဖြင့် ကောင်မလေးတွေ လှတယ်ဆိုတာကို သုံးကြပါတယ်)အထိပြောနေတဲ့သူပါ။
လှသမိန်ရဲ့ မြန်မာဘန်းစကားအဓိပ္ပါယ်နှင့် သုံးနည်းထဲမှာတော့ `ဘန်းစကားများသည် အချည်းနှီး မဟုတ်ပေ။ လူမျိုး၏ ယဉ်ကျေးမှုနောက်ခံကားနှင့် စရိုက်သွင်ပြင်ကိုလည်းကောင်း၊ စကားအပြောအတတ်ကိုလည်းကောင်း၊ ဥပမာ၊ ဥပစာသုံးစွဲပုံကိုလည်းကောင်း ဖော်ပြလျက်ရှိနေပေသည်။´လို့ ဆိုထားပါတယ်။ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် လေနေတဲ့စိတ်တွေကို လန်းအောင်နေနေတုန်းပါပဲ။

6 comments:

Chit Lay Pyay said...

ဟယ်လို ၊ နေကောင်းလား၊ ဇင်ကိုလတ်ဆိုလို့ဘယ်သူများလဲလို့ အခုမှပဲသိတော့တယ်၊ အရမ်းကောင်းတဲ့ဘလော့လေးပါ၊ အမြဲအားပေးနေပါတယ်၊ များများပို့စ်အသစ်တွေတင်နိုင်ပါစေ၊

Unknown said...

ချစ်လေပြေ >>> ပြော . . .အဲဒါဆို ပြော . . .။ ဘယ်သူလဲ ဇင်ကိုလတ်ဆိုတာ။ စကားမစပ် . . အရမ်းကောင်းတဲ့ ဘလော့ခ်လေးဆိုလို့ ကျေးဇူးတင်ပါတယ်။

Chit Lay Pyay said...

ဟားဟား၊ ပြောမပြဘူး၊ သိချင်ဝယ်ဖတ်၂ကျပ်ထဲပါမဟုတ်လား၊ ၂ကျပ်တန်ကောင်လေးလေ၊ စတာနော်၊ စိတ်မဆိုးရဘူး၊

Anonymous said...

ဘန်းစကားချရာကြီး.. တို့ပိုစ့်မှာ ဘန်းစကားသင်တန်းကြောင်း ပို့ချချက်တွေ လာရေးပေးပါဦး ။

chenmeinv0 said...

timberland boots
cheap nhl jerseys
cheap rolex watches
timberland outlet
louis vuitton handbags
gucci shoes
michael kors outlet
michael kors
ray bans uk
chicago bulls jerseys
20173.14chenjinyan

Unknown said...

soccer jerseys wholesale
mulberry bags
air max 90
air max 90
ugg boots
yeezy boost
ralph lauren polo
ralph lauren polo
coach outlet
ugg outlet
20170318caihuali