Thursday, June 28, 2007

ကြိုးပျက်နေတဲ့ ဂစ်တာတစ်လက်

ကျွန်တော် ခြောက်တန်း ကျောင်းသားဘ၀က အတန်းထဲမှာ နှစ်ယောက်တစ်တွဲထိုင် ရတော့ ကျောင်းသားအသစ်တစ်ယောက်နဲ့ တစ်ခုံတည်း ထိုင်ဖြစ်တယ်။ သူက ၅တန်းကတည်းက စိန်ပေါလ်ကျောင်းကို ပြောင်းလာတာဖြစ်တဲ့အကြောင်း ပြောပြီး စမိတ်ဆက်တယ်။ ကျွန်တော်တို့ကျောင်းမှာက ဘယ်ကျောင်းသားပဲ ကျောင်းပြောင်းလာလာ အဆင်ပြေတဲ့ အခန်းမှာ နေရာအရင်ချပေးမယ်။ နောက်နှစ်ကျတော့မှ စာမေးပွဲ အမှတ်ပေါ် မူတည်ပြီး ပထမစံပြတန်း၊ ဒုတိယစံပြတန်းတို့ကို နေရာထပ်ချပေးတယ်။ အဲဒီသူငယ်ချင်းနဲ့ ဆုံတော့ ဒုတိယစံတန်းမှာပါ။ မှတ်မှတ်ရရပါပဲ သူနဲ့ ကျွန်တော် ခြောက်တန်းနှစ်နဲ့ ခုနှစ်တန်းနှစ် ၂နှစ်ပဲ တစ်ခန်းတည်း တူတူနေဖူးတယ်။ သူက ပထမစံတန်းရောက်သွားလိုက်၊ ကျွန်တော်က ဒုတိယစံတန်းကနေ တခြားအခန်းတွေ ရောက်သွားလိုက်နဲ့ ပါပဲ။ ဒါပေမယ့် ဒီကောင်နဲ့ ကျွန်တော်နဲ့ကို အခုအချိန်ထိ တွဲဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုကတော့ ခုနှစ်တန်းကျောင်းသား ဘ၀မှာပါ။

ကျွန်တော်တို့ ကျောင်းက ဆရာမသင်တဲ့ ကျူရှင်အိမ်မှာ ဆရာမ မရောက်ခင် ကျွန်တော့်တို့ရဲ့ သူငယ်ချင်းတွေက ကျွမ်းထိုးမှောက်ခုန်ကျော်လွှားပြီး ကစားနေကြတဲ့ အချိန် ကျွန်တော်နဲ့ ဒီကောင်က စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီးဖတ်နေပါတယ်။ (ကျောင်းစာအုပ်မဟုတ်တာတော့ သေချာပါတယ်။ ဘာစာအုပ်လဲတော့ မမေးပါနဲ့၊ မမှတ်မိပါ)။ အဲဒီအချိန်မှာ အိမ်ရှင်ကျောင်းသားလေးရဲ့ ဦးလေးက နားငြီးလို့ဆိုပြီး ရှိသမျှလူအားလုံးကို ခပ်ရိုင်းရိုင်းဆဲပါတယ်။ ဒါနဲ့ပဲ သိတဲ့အတိုင်း ငါတို့လဲ ဘာမှမလုပ်ပဲ ဆဲခံရတယ်ဆိုပြီး မဟုတ်မခံစိတ်ရှိတဲ့ ကျွန်တော်က အဲဒီကျူရှင်ကနေ ထွက်မယ်လို့ ပြောတော့ ဒီကောင်က ငါလည်း မဟုတ်မခံပဲ သူလည်း လိုက်ထွက်မယ်တဲ့။ နောက်နှစ်တွေကျတော့လည်း အခန်းချင်းသာ မတူတာ အပြင်ကျူရှင်တွေကိုတော့ အမြဲတူတူတက်ဖြစ်တော့ တတွဲတွဲပေါ့။ အဲဒီကတည်းက တောက်လျှောက်တွဲလာခဲ့တာ အခုထိပဲ ဆိုပါတော့။

ဒါပေမယ့် သူနဲ့ ကျွန်တော်နဲ့ ကြားမှာ အမြဲအငြင်းပွားရတဲ့ အကြောင်းလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ မြန်မာစာဦးသိန်းနိုင်၊ အင်္ဂလိပ်စာ ဦးသိန်းလွင်စတဲ့ ကျူရှင်တွေက ကောင်မလေးတွေကိစ္စပါ။ ကျွန်တော်တို့ စိန်ပေါလ်ကျောင်း(ယခုအထက(၆)ဗိုလ်တထောင်)က ယောက်ျားလေးကျောင်းဆိုတော့ မိန်းမနဲ့ တူတာ ဆိုလို့ ခြေမ၊ လက်မနဲ့ ဆရာမသာ မြင်ဖူးတဲ့သူတွေပါ။ ကျူရှင်မှာ ကောင်မလေးတွေနဲ့ တစ်ခန်းတည်းတူတူတက်ရတော့ ကျွန်တော်တို့မှာ ရှိုးတိုးရှန့်တန့်။ ကောင်မလေးတွေကလည်း အဲလိုဖြစ်အောင် ကျွန်တော်တို့ကို လုပ်ပါတယ်။ စာသင်နေရင်း ကျွန်တော်တို့ကို လှည့်လှည့်ကြည့်တာတို့၊ ကျူရှင်ပေါ်အတက်မှာ လျှာထုတ်ပြတာတို့၊ မျက်စိမှိတ်ပြတာတို့။ ပြောဖို့မေ့နေလို့ဗျ။ ကျွန်တော်တို့ နှစ်ယောက်လုံးကလည်း ခပ်ချောချောဆိုတော့ ဘယ်သူ့ကို လှည့်ကြည့်တာလဲပေါ့လေ။ (ကြုံတုန်းချောတဲ့အကြောင်းပြောဦးမယ်။ အဲဒီတုန်းက ချောတာမှ ပြောင်နေတာပဲ။ အခုတော့ အသက်ကလေးတွေလည်း ရလာတော့ ချောတာတော့ မကျန်တော့ဘူး ပြောင်တာကတော့ အခုထိပဲ။)

အင်း စောစောက အငြင်းပွားတဲ့ အကြောင်း ဆက်ပြောရမယ်ဆိုရင် ကောင်မလေးတစ်ယောက်က ပြုံးပြတယ်ဆို ငါ့ကို ပြုံးပြတာ၊ မင်းကို ပြုံးပြတာ မဟုတ်ဘူးဆိုပြီး ခဏခဏငြင်းရပါတယ်။ တရက်ကျတော့ ဒီကောင်နဲ့ ကျူရှင်ကလမ်းခွဲပြီး ကျွန်တော်အိမ်ကိုလဲ မပြန်ချင်သေးလို့ ကောင်မလေးတစ်ယောက်နောက်ကို လိုက်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းကို ပြုံးပြတာလား ကျွန်တော့်ကို ရယ်ပြတာလား ဒီကောင်မလေးကို ပြတ်ပြတ်သားသားမေးဖို့ပါ။ တကယ်တမ်းကျတော့ ယောက်ျားလေးကျောင်းက ကျွန်တော် ကောင်မလေးတစ်ယောက်ကို အသားလွတ်စကားပြောဖို့ ဘယ်သွားသတ္တိရှိမှာလဲ။ ဒါနဲ့ပဲ နောက်ဆုံးကောင်မလေး သူ့တိုက်ပေါ်တက်သွားတော့မှ `ဟာ ငါစကားပြောခါနီးမှပဲ တက်သွားတယ်´ဆိုပြီး မချိတင်ကဲနဲ့ပေါ့။ အဲဒီအချိန်မှာ ဟိုကောင်၊ ကျွန်တော်နဲ့ လမ်းခွဲသွားတဲ့ကောင် ကျွန်တော့်သူငယ်ချင်းကိုလည်း အဲဒီကောင်မလေးတိုက်အောက်မှာ သွားတွေ့ပါတယ်။ သူလည်း ကျွန်တော့်လိုပဲ စကားမပြောရဲလို့ နောက်ကနေပဲ ယောင်ချာချာလိုက်ခဲ့ပုံရပါတယ်။ ဒါပေမယ့် သူက `အိမ်ပြန်ပြီဆိုပြီး ကောင်မလေးနောက်ကို လိုက်တယ်´လို့ ကျွန်တော့်ကို ပြောပါတယ်။ ဟုတ်ပါတယ် ဒီကောင်က ဘိန်းစားချင်းတူတူ အမြဲ တစ်လုံးပိုရှုတတ်ပါတယ်။

ဆယ်တန်းတွေ ဘာတွေ အောင်ပြီး သူငယ်ချင်းတွေ စုံကြလို့ အရက်လေး ဘီယာလေးချတဲ့ အခါအပေါင်းအသင်းကို ခုံမင်တော့ မသောက်ပေမယ့်သူလည်း အမြဲလိုက်ပါတယ်။ ဒါပေမယ့် သူကမသောက်ပဲ သောက်နေတဲ့ ကျွန်တော်တို့ကို ရစ်တာကတော့ မူးနေတာလေးတောင် ပျောက်သွားတယ်ဆိုတာလိုပါပဲ။ ဒါကြောင့် သူ့ကို အမြဲပြောတယ်။ `မင်းက မသောက်ပဲနဲ့ကို သုံးပတ် ရှိတယ်´လို့။ နောက်ပိုင်းတော့ ဒီကောင် ဘီယာလေးဘာလေး ကြုံရင်ကြုံသလို ချတယ်ကြားတယ်။ အင်း ကြုံရင်ကြုံသလိုတော့ ဒီကောင်နဲ့ ငြင်းရင်းခုန်ရင်း သောက်စားခြင်းတွေ လုပ်ဖြစ်ပါတယ်။ အခုတော့ အသက်ကလေးတွေလည်း ရလာပြီဆိုတော့ တည်တည်တန့်တန့်နဲ့ပေါ့။ သူလည်း သူရထားတဲ့ မြို့ပြအင်ဂျင်နီယာဘွဲ့နဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေလုပ်။ ကျွန်တော်လည်း ရထားတဲ့ အင်ဂျင်နီယာဒီပလိုမာလေးနဲ့ ဆိုင်တာရော မဆိုင်တာပါလုပ်။ ပြီးတော့ ၀ါသနာကလည်း တူတော့ အင်တာနက်ပေါ်မှာ အီးဇင်းတစ်စောင်ကို သူရော တခြား ညီအစ်ကိုတွေနဲ့ရော ပေါင်းပြီးလုပ်၊ နှစ်ယောက်စပ်တူ လုပ်ငန်းလေးလည်း လုပ်ရင်းနဲ့ပေါ့။

သူက အခုတော့ နေဘုန်းလတ်ဆိုတဲ့ နာမည်နဲ့ မဂ္ဂဇင်းတချို့မှာလည်း ဆောင်းပါးလေး၊ ဘာလေးရေးတယ်။ ပြီးတော့ ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်ဆိုပြီး ဘလော့ခ်တွေဘာတွေလည်း ရေးတယ်။ သူ့ကိုသူလည်း ကြိုးပျက်နေတဲ့ ဂစ်တာတစ်လက်ဖြစ်တယ်ဆိုပြီး ရေးဖူးတယ်။ ဇင်ကိုလတ်နဲ့ နေဘုန်းလတ်နဲ့ လတ်ပုံတူတဲ့ ကိစ္စလား။ ဒါကတော့ သူလည်းသူ့မိသားစုမှာ သားအလတ်၊ ကျွန်တော်လည်း ကျွန်တော့်မိသားစုမှာ သားအလတ်လေ။ ဒါကြောင့်နေမှာပါ။ ဒီနေ့တော့ အဲဒီလတ်ပုံတူတဲ့ သူငယ်ချင်းရဲ့ မွေးနေ့ပါ။ အင်း ကျန်းမာ၊ ပျော်ရွှင်၊ အေးချမ်းပါစေလို့ ကျွန်တော့်ဘလော့ခ်ကနေပဲ ဆုတောင်းပေးလိုက်တော့မယ်။

20 comments:

weikhine said...

happy birthday little bro nmk!
wish u loads of happiness for now and always ~

may u possess a much "kinder" heart and generousity towards those who really love and cared for you!

with remembrance
sis

Anonymous said...

ဓါတ်ပုံတွေက ဟိုးခေတ်တုန်းက ပုံတွေပဲ.. =) Old memories.. ခုခေတ်ဓါတ်ပုံကျတော့ မထည့်ဘူး.. လျှိုတယ်..
နေဘုန်းလတ် နဲ့ ဇင်ကိုလတ် ( လတ်ပုံတူ ၂ယောက် ) ကို ခွဲလို့မရတာ အရင်ကတည်းကကိုး..
မွေးနေ့ရှင်ရော..ဒီပို့စ်ကိုရေးတဲ့ ဦးစည်သူရော ပျော်ရွှင်ပါစေ..

NayPhoneLatt said...

ဒီပို့စ်အတွက် ကျေးဇူးပဲ အချစ်ဆုံးသူငယ်ချင်းကြီး ...

Mr.Pooh @ မောင်ပွတ် said...

ရှားပါးပုံတွေကို ခုမှ ဖွင့်ချလိုက်တယ်ပေါ့။ ကိုနေဘုန်းလတ် ပုဆိုးလေးလှတယ်ဗျာ။ အဘိုးကို ဝယ်ဆင်ချင်လိုက်တာ။ ဒါနဲ့ ကိုနေဘုန်းလတ်မှာ ကောင်းတာရော ရှိသေးလား... မြို့တော်က လွတ်ကျလို့ ကျိုးကြေ၊ ဂီတာက ကြိုးပျက်၊ ကော်ဖီခွက်က စောင်းပြီးမှောက်နေ ... ဒီလူမလွယ်ဘူးဗျ။

နိုင်းနိုင်းစနေ said...

ကိတ်မုန့်လေးများ စားရမလားလို့
ဘလော့တကာပတ်ပြီး ဟတ်ပီးဘတ်ဒေးလုပ်နေတာ..
ဟတ်ပီးဘတ်ဒေးပါ နေဘုန်းလတ်..

Nay Nay Naing said...

ဟုတ်ပါ့။.. ဘာမုန့် မှလဲ မကျွေးဘူး..

Anyway, Happy Birthday MNK.. :D

MELODYMAUNG said...

နေဘုန်းလတ်နဲ့ တော့ တကယ့် မိုက်ဖေါ်မိုက်ဖက် သောက်ဖေါ်သောက်ဖက် အင်း
ကဲဖေါ်ကဲဖက် နောက် လုပ်ဖေါ်လုပ်ဖက် ပြီးတော့ ဘာရှိသေးတုန်း
အင်း ပျင်းဖော်ပျင်းဖက် တကယ်အတွဲညီတဲ့ လတ်ဖေါ်လတ်ဖက် (ဇင်ကိုလတ်+နေဘုန်းလတ်) = နှစ်ခုလတ် သူငယ်ချင်းတွေပါလားနော်
P.S: နှစ်ခုလတ် definition က မဂျစ်ပြောတာလား မသိ

MELODYMAUNG said...
This comment has been removed by the author.
Anonymous said...

လွတ်ကျခဲ့တဲ့ မြို့တော် ပိုင်ရှင်ကို happy birthday ပါလို့ ထပ်မံ wish လုပ်ပါတယ်။

Anonymous said...

နေဘုန်းလတ် နဲ့ ဇင်ကိုလတ် တို့က ငယ်၂ကတော့ တကယ် ခပ်ချော၂ပုံလေးတွေပဲ..

ခုတော့.. အဟီး....

ချော် တုန်း ပါ ချော် တုန်း ပါး)

နေဘုန်းလတ်ရေ... မွေးနေ့မှာ တောင်းသောဆုများနဲ့ ပြည့်ပါစေ ။

ဒီပို့စ်လေးဖတ်ပြီး မင်းတို့ သူငယ်ချင်း၂ယောက်ရဲ့ ခင်မင်မှုသံယောဇဉ်ကို မြင်ရလို့ ၀မ်းသာ အားကျမိပါတယ် ။

Layma said...

အဖြစ်ချင်းတူတယ်…ကိုဇင်ကိုလတ်ရေ…လေးမ လည်းမိန်းကလေးကျောင်းမှာနေခဲ့တော့….( ရှိုးတိုးရှန်းတန်းဆိုဘဲတူတာ….နောက်ကလိုက်တာ မတူဘူး) လေးမ က စမ်းချောင်း၂ က…university.ရောက်တော့ ကောင်လေးတွေကို ကြောက်လွန်းလို့  ၅နှစ်လုံး မာနကြီးချင်ယောင်ဆောင် ခဲ့ရတယ်….

kay said...

စာလေးက..ချစ်စရာကောင်းတယ်
+
+
+
+
ရေးပီးမှ.. Mr Pooh ရဲ့ comment လေးကြောင့်အရမ်းပြုံးမိသွားပါကြောင်း

Unknown said...

Layma > ဟုတ်လား။ အခုတော့ မာနကြီးချင်ဟန် မဆောင်တော့ဘူးပေါ့နော်။

Kay > စာလေးက ချစ်စရာကောင်းမှာပေါ့၊ ရေးတဲ့ကောင်လေးကလည်း ချစ်စရာလေးလေ။ ဟီးဟီး။

Anonymous said...

ရေးတဲ့ကောင်လေးကချစ်စရာလေး...???? ဘယ်သူကိုပြောတာလဲ..ဟင်...

chenmeinv0 said...

moncler outlet uk
gucci flip flops
cheap nhl jerseys
polo ralph lauren
michael kors outlet
michael kors
timberland boots
sac louis vuitton
ray ban glasses
louis vuitton outlet
20171.11chenjinyan

chenmeinv0 said...

christian louboutin
louis vuitton outlet
coach outlet
coach factory outlet
lebron james shoes
louis vuitton
mlb jerseys
chaussures louboutin
celine outlet
oakley sunglasses
20173.14chenjinyan

jeje said...

ralph lauren polo
fitflops clearance
pandora outlet
superdry uk
coach outlet factory
adidas yeezy
coach outlet
dsquared2
air max 90
kate spade handbags

Unknown said...

www1029
nike outlet
adidas shoes
nike clothing
nike shoes
ed hardy uk
fitflops clearance
christian louboutin outlet
ray ban sunglasses
ralph lauren polo
christian louboutin outlet







yanmaneee said...

balenciaga
valentino
nike air max
coach factory outlet
nike cortez
nike cortez men
james harden shoes
michael kors outlet
hermes
off white shoes

Unknown said...

look at this web-site replica bags delhi cheap designer bags replica replica bags koh samui replica wallets zeal replica bags reviews