Sunday, July 13, 2008

ထွက်ပြေးသေဆုံးခဲ့တဲ့ ပညာတတ်အိမ်ဖော်

လွန်ခဲ့တဲ့ သုံးရက်လောက်က ပန်နီဇူးလားပလာဇာရောက်တော့ ညီအစ်ကိုလိုခင်တဲ့ အကိုတစ်ယောက်က “မင်းတို့အိမ်နားမှာ မြန်မာအိမ်ဖော်တစ်ယောက် တိုက်ပေါ်က ပြုတ်ကျပြီး သေသွားတယ်တဲ့။ အဲဒီအကြောင်း စင်းမြန်မာရှေ့မှာ ကပ်ထားတယ်။ အဲဒါ အလှူငွေလေး ဘာလေးထည့်သွားဦး” လို့ပြောတဲ့အတွက် ငါတို့အိမ်နားမှာ ဆိုပါလား၊ ငါလည်း မသိပါလားဆိုပြီး တအံ့တသြနဲ့ စင်းမြန်မာရှေ့ကို ခပ်သွက်သွက်လျှောက်သွားမိတယ်။ သေဆုံးသူမခင်ချိုဦး အကြောင်းရေးထားတဲ့ A2ဆိုဒ် စာရွက်တစ်ရွက်ရယ် တရုတ်သတင်းစာထဲမှာ ပါတဲ့ ပုံတစ်ချို့ရယ်ကို တွေ့မှ ကျွန်တော် ၂၀၀၈ မေလကုန်အထိ သုံးနှစ်တိတိနေခဲ့တဲ့ Woodlandကအိမ်နားမှာ ဖြစ်တယ်ဆိုတာကို သိရတော့တယ်။

သေဆုံးသူ မခင်ချိုဦး BA(History)ရဲ့ သတင်းကို ဒီမှာဖတ်လို့ ရပါတယ်။ ခွေးလည်ပတ်တစ်ခု မျက်နှာသုတ်ပ၀ါ ၅ထည်ကို အသုံးပြုပြီး သုံးထပ်ဝရန်တာကနေ ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးခဲ့တယ်လို့ စိတ်မကောင်းဖွယ်ရာ ဖတ်လိုက်ရတယ်။ အဲဒါနဲ့ ပဲ ပိုက်ဆံအိတ်ထဲမှာ ပါသမျှအကုန်လုံး အလှူခံပုံးထဲကို ထည့်ခဲ့တယ်။ ဟိုတစ်နေ့က အထိတော့ အလှူခံပုံးကို တွေ့ခဲ့ပါသေးတယ်။ လှူချင်တဲ့သူများရှိရင်လည်း သွားရောက်လှူဒါန်းနိုင်ဦးမယ်လို့ ထင်တယ်။

အဲဒါပြီးတော့ အလုပ်သွားဖို့ စောနေသေးတာနဲ့ လမ်းပြကြယ်ကို ခဏ၀င်တော့ နင့်အမတော့ လူမှုရေးအကျိုးဆောင် သွားလုပ်နေလေရဲ့ဆိုပြီး စာကြည့်တိုက်မှာ ထိုင်နေတဲ့ အန်တီကပြောလာပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အကျိုးအကြောင်းမေးတော့ မြန်မာအမျိုးသမီးတစ်ယောက်ကို တွေ့လို့တဲ့ လူတစ်ယောက်က ခေါ်ပြီး လမ်းပြကြယ်ကို လာပို့သွားတယ်၊ အဲဒီအမျိုးသမီးက သူ့နာမည်ဘယ်သူဖြစ်တယ် အိမ်ဖော်အနေနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး စိတ်အရမ်းညစ်လို့ မြန်မာပြည်ပြန်တော့မယ်၊ ကူညီပေးကြပါဆိုပြီး ငိုယိုပြောတယ်လို့ သိရတယ်။ အဲဒါနဲ့ မြန်မာပြည်ပြန်မယ်ဆိုရင် Passportပါလား၊ ဒီမှာ အလုပ်လုပ်ခွင့်ကဒ်(Work Permit)ပါလားဆိုတော့လည်း တစ်ခုမှမပါဘူးတဲ့။ သူ့အိမ်ရှင်ဆီကိုတော့ ပြန်မပို့ပါနဲ့ ငိုယိုပြီးပြောတယ်။

ဒါနဲ့ပဲ လမ်းပြကြယ်က အမကြီးတွေက “အမဆီမှာ Passportမရှိပဲနဲ့ ပြန်ဖို့ မဖြစ်တဲ့အကြောင်း၊ WPလည်း လိုတယ်ဆိုတဲ့အကြောင်း၊ ကျိတ်မှိတ်သည်းခံပြီး Contractပြည့်တဲ့အထိ နေလိုက်ပါဆိုတဲ့အကြောင်း”တွေ ချော့မော့ ပြောပြီး Hougangမှာရှိတဲ့ သူ့နေတဲ့အိမ်ကို ပြန်သွားပို့တယ်လို့ သိရတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲဒါအပြင်ကို ဘာမှလုပ်ပေးနိုင်လိမ့်မယ်မထင်ဘူး။ ဟူး . . . ကျွန်တော်တို့ ရောက်ခါစက စင်္ကာပူနိုင်ငံရဲ့ မိတ်လို့ခေါ်တဲ့ အိမ်ဖော်ကြော်ငြာတွေမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့ လူမျိုးတွေသာ တွေ့ရပြီး ခုနောက်ပိုင်းမှာတော့ မြန်မာအိမ်ဖော်များဆိုတဲ့ ကြော်ငြာတွေ နေ့စဉ်သတင်းစာတွေမှာ တွေ့နေရပါပြီ။ အဲဒီမှာ တစ်ခုပြောလိုတာက ဖိလစ်ပိုင်၊ အင်ဒိုတွေနဲ့ မြန်မာတွေရဲ့ ကွာခြားချက်ကိုပါ။

ဖိလစ်ပိုင်၊ အင်ဒိုလူမျိုးတွေဟာ များသောအားဖြင့် မူလတန်းလောက်အောင်ပြီးရင် အင်္ဂလိပ်စကားကို အတန်အသင့် ပြောနိုင်ဆိုနိုင်ရှိပေမယ့် ကျွန်တော်တို့ဆီမှာတော့ ဆယ်တန်းအောင်(အနည်းဆုံး ၈တန်းအောင်) ရုံလောက်တင်မဟုတ်ပဲ အင်္ဂလိပ်စကားပြော သင်တန်း ဘာညာစတာတွေကို တက်ရောက်ပြီးမှ အင်္ဂလိပ်စကားကို နည်းနည်းပါးပါး ပြောနိုင်ဆိုနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ၁၀တန်းအောင်ပြီး အင်္ဂလိပ်လို ပြောနိုင်သူတစ်ယောက်ဟာ သူများနိုင်ငံရဲ့ အိမ်အခိုင်းအစေအဖြစ် လာရောက်လုပ်ကိုင်ဖို့အတွက် တော်တော်မလွယ်ပါဘူး။ (ဒါတောင် မခင်ချိုဦးလို ဘွဲ့ရအိမ်ဖော်များ ဘယ်နှစ်ယောက် ရှိနေပြီလည်း မပြောနိုင်ပါ) အဲ . . . ၁၀တန်းမအောင် အင်္ဂလိပ်လို မတတ်လို့ကတော့ အိမ်ရှင်(အလုပ်ရှင်)နဲ့ ဆက်ဆံရေးဟာ ပြေပြစ်ဖို့ အလားအလာမရှိတော့ပါဘူး။

ကျွန်တော့်သူငယ်ချင်းတွေရဲ့ စလုံးလူမျိုး လုပ်ဖော်ကိုင်ဖက်၊ မန်နေဂျာများဟာ သူတို့ရဲ့ မြန်မာအိမ်ဖော်များကို မှာကြားစရာများရှိရင် မှာကြားနိုင်ဖို့ မြန်မာလို စာများရေးပေးရန် အကူအညီတွေ တောင်းကြတယ်လို့ သိရပါတယ်။ အဲဒီကတည်းက အိမ်ရှင်နှင့် အိမ်ဖော်ဆက်ဆံရေး အခြေအနေကို ခန့်မှန်းလို့ရပါပြီ။ အမှန်အတိုင်းပြောရရင် စင်္ကာပူလူမျိုး အိမ်ရှင်တွေကလည်း ခပ်ဆိုးဆိုးရယ်ပါ။ အိမ်ရှင်က မီးပူ ပူပူကြီးနဲ့ လိုက်ကပ်တာ ခံရလို့ ဆေးရုံရောက်ရှိသွားတဲ့ အင်ဒိုနီးရှား အိမ်ဖော်၊ အန္တရာယ်ရှိတဲ့ နေရာက မှန်တွေကို ဖုန်သုတ်ခိုင်းလို့ တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် အိမ်ဖော်၊ စသဖြင့် မကြာခဏဆိုသလို ကြားနေရပါတယ်။ ဒီလို အဖြစ်ဆိုးမျိုး ကျွန်တော်တို့ မြန်မာတွေထဲက မကြုံရလေအောင် အိမ်ဖော်လာလုပ်ချင်သူ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများကို တော်ရုံတန်ရုံ စိတ်မာပုံမျိုးနှင့်တောင် စင်္ကာပူတွင် အိမ်ဖော်လုပ်ဖို့မလွယ်ကြောင်း၊ တခြား မမြင်နိုင်တဲ့ အခက်အခဲတွေလည်း ရှိနေနိုင်သည့်အကြောင်းစတာတွေကို နားလည်အောင် ၀ိုင်းဝန်း ရှင်းပြကြပါစို့လို့ . . ။

29 comments:

Anonymous said...

ဟ ကိုယ့်လူရ....ကြားရသလောက်ကတော့ စလုံးမှာ အိမ်ဖေါ်လုပ်ကြတဲ့ သူတွေ ဟာ ဘွဲ့ရတွေ များတယ် ...ပညာတတ်တော့ မဟုတ်ဘူးမောင်... ဘွဲ့ရတာနဲ့ ပညာတတ်တာနဲ့ မဆိုင်ဘူးထင်တယ်....ပြီးတော့ ဒီလို ဘွဲ့ရတယောက်ဟာ ၃ ထပ်တိုက် အမြင့်ကနေ ဒီလို ဆင်းဖို့ကျိုးစားတယ် ဆိုရင် မတော်မတဲ့ ရင် ပြုတ်ကျပြီးသေတတ်တယ် ဆိုတာတွေးမိဖို့ စဥ်းစားမိဖို့ ကောင်းတယ်...ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အိမ်ဖေါ်ဆိုတာ အိမ်ရှင်ရဲ့ အနှိမ်ကို ခံရမှာ အနဲနဲ့ အများပဲ ....ဒါတွေ ကို ကြိုသိနေခဲ့ ကြတာပဲလေ....သူ့အပြစ် တင် မဟုတ်ဘူး ကိုယ့်အပြစ်ပါ ပါတယ် ဆိုတာ လည်း တွေးမိဖို့ကောင်းတယ်... ကိုယ့်ဟာကိုယ် လုပ်ချင်တာလုပ် ဖြစ်ချင်တာဖြစ်ပြီးမှ တရွာလုံး ယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းပေါ်ပုံချ လို့ကတော့ မတော်ဘူးထင်တယ် ကွယ်.....

Anonymous said...

Hi,

I am totally agree to above comment. If you are owner, do you like maid keep crying and longing to her family? They are paying to work, not paying to bring out their feeling. Every jobs have stress, whether less or more. If you can't handle your job well, means you are not good enough.

khayayphyu

Anonymous said...

I am really sad on both of the comments. I hope both of you don't forget the feeling of when you firstly came to singapore. it needs time to adapt on current situation. Who wants to come and work these kinds of jobs otherwise of really difficulties. I requestyou please don't comment on hardly to weak ppl. Who knows you be working like as same postions in future?

Anonymous said...

ဟုတ်တယ်၊ ကျနော်လဲ အပေါ်က ရေးထားတာ နှစ်ခုကို ဖတ်ပြီး စိတ်မကောင်းမိဘူး။ ဘွဲ့ရတိုင်း ပညာတတ်မဟုတ်ပေမယ့် ပညာတတ်ဆိုတာတော့ ဘွဲ့ရတဲ့သူတွေကို ခေါ်တာပါ။ သုံးထပ်တိုက်အမြင့်ကနေ ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတာ တော်ရုံတန်ရုံစိတ်ဆင်းရဲမှုနဲ့တော့ ဟုတ်လိမ့်မယ်မထင်ဘူး။ အဲဒီအချိန်မှာ သူလွတ်မြောက်ချင်စိတ်တစ်ခုတည်းနဲ့ လုပ်တာပါ။
ပြီးတော့ ကိုဇင်ကိုလတ်ရေးဖို့ ကျန်သွားတာတစ်ခုက သူ့ကို Nurse အလုပ်ပေးမယ်ဆိုပြီး စင်္ကာပူကို ခေါ်လာတာပါ။ စင်္ကာပူမှာ Maidလာလုပ်တာမဟုတ်ပါဘူး။ စင်္ကာပူရောက်ပြီးမှ လာခဲ့တဲ့ လေယာဉ်စရိတ်ပြန်မအမ်းနိုင်ရင် Maidလုပ် ပြီးပြန်ဆပ်ရမယ်ဆိုလို့ အိမ်ဖော်ဖြစ်သွားတာပါ။ အပေါ်က ပုဂ္ဂိုလ်နှစ်ယောက်ကိုတော့ အံ့သြမိပါတယ်။ သူတို့ မြန်မာတွေမှ ဟုတ်သေးရဲ့လား။ သူများနိုင်ငံရောက်နေတဲ့ မြန်မာအချင်းချင်း ကူညီချင်စိတ်မရှိတော့လောက်အောင် ဘာစိတ်ကြီးတွေ ၀င်ကုန်ကြပြီလဲလို့။

Anonymous said...

အမ်...ပညာတတ်ဆိုတာ ဘွဲ့ရကို ခေါ်တာတဲ့လား....ဟုတ်မှာပေါ့လေ..ဒါဆို မြန်မာပြည်မှာ ပညာတတ်တွေ ..အတော် ပေါတယ် ဆိုတဲ့ သဘောပေါ့နော်...ပြီးတော့ အသက် သုံးဆယ်နီးနေတဲ့ အိမ်ထောင်ရှင် ..သားသယ် အမေ တယောက် ဟာ ရင့်ကျက်နေဖို့သင့်ပါပြီ...တော်ရုံတန်ရုံ လောကဓံကို ခံနိုင်ရည် ရှိဖို့သင့်နေပါပြီ။နေရာတကာ အကြောက်တရားကို ၇င်မှာပိုက်နေရမယ့် အရွယ်လည်း မဟုတ်တော့ပါဘူး...။ ဒိ လို အကြောက်တရားနဲ့ လုပ်ချင်တာ ဇွတ်လုပ်တတ်ရင် သူ့သားသမီးကိုသူ ဘယ်လိုထိမ်း မတဲ့တုန်း။ သူ့ကို Nurse အလုပ်ပေးမယ်ဆိုပြီး စင်္ကာပူကို ခေါ်လာတာပါ လို့ဆိုတယ်။ထားပါဦး...ဘာပဲဖြစ်ဖြစ် လုပ်နေရပြိ ဆိုတော့ အဆင်မပြေဘူး တစုံတရာ အကြောင်းရှိတယ် ဆိုရင် သူ့ရဲ့အေးဂျင့်နဲ့ ဆက်သွယ်ပြီး နောက်တအိမ်ထပ်ပြောင်းလို့ရသေးပါတယ်....လဲဗီးကြေးတနေ့ ၈ကျပ်နဲ့ စားစရိတ်တော့ကိုယ့်ဟာကိုယ် ခံရပေါ့လေ...နေတာ ကတော့ ဖရီးပါ.....၃ အိမ် အထိပြောင်းလို့ရပါတယ်...အဲ ဒီအေးဂျင့်နဲ့ ဆက်မလုပ်ချင်တော့လို့ နောက်အေးဂျင့်ကို ပြောင်းမယ် ဆိုရင်လည်း ရွာကို ပြန်စရာမလိုပါဘူးတဲ့ ဗျား...စလုံးမှာတင် ချိန်းလို့ရပါတယ်တဲ့...မြန်မာပြည်ကနေ လာ...လေယာဉ်ပေါ်ကနေ ဆင်းဆင်းချင် အလုပ်တန်းဝင်ရတာမျိုးမဟုတ်ဘူးဗျ...အေးဂျင့်လူစုတဲ့ အိမ်မှာ ခဏ လောက် အလုပ်လုပ်ရမယ့်အိမ် မရခင်စပ်ကြားနေရပါတယ်ခင်ဗျ...အဲဒီမှာလည်း ဝါရင့်တဲ့သူက ဝါနုတဲ့ သူကို သင်ပြပေးကြပါတယ်...ဘယ်လိုဖြစ်ရင်ဘယ်လိုလုပ် ဘယ်သူ့ကိုဘယ်လိုဆက်သွယ် ဆိုပီးတော့..။ ပြီးတော့မှ အင်တာဗျူးဝင်ရတာပါ...ကြိုက်တဲ့ အိမ်ရှင်က ခေါ်လိမ့်မပေါ့ဗျာ..အဲ ...မကြိုက်လို့ မလိုက်ဘူး ဆိုလဲ ဆက်ပြီး နောက်ကိုယ့်ကိုရွေးမယ် သူ အိမ်ရှင်ကိုစောင့်ပေါ့ဗျာ...အေး ...ပေးရတယ် ဆိုတာလည်း ဘာမှလက်ငင်းပေးရတာ မဟုတ်ဘူးဗျ...ရန်ကုန်မှာ ပါတ်စ်ပို့ လုပ်တာ က အစ ၁၉,ဒီဖေါင်အလယ်...လေယာဉ် လက်မှတ်အဆုံး အကုန်လုံး စလုံးရောက်မှ လစာထဲ ကပြန်ဖြတ်မယ်ဆိုပြိး..အားလုံးအကြွေးစနစ်နဲ့ သဘောတူလို့လာခဲ့ကြပါတဲဗျား...အိမ်မပြောင်းဘူး အဆင်ပြေတယ် ဆိုရင်တော့ ၈ လ စာဆပ်ရပါတယ်တဲ့ခင်ဗျ..အဆင်မပြေဘူး ပြောင်းမယ် ဆိုရင်တော့ ၃ အိမ် အထိက ဖရီး...နောက် ထပ်ပြောင်းရင် ကတော့ ထပ်ပြိး အကြွေးမှတ်ပါတယ်...ပိုပြီးတော့ ဆပ်စရာ များလာတာပေါ့လေ...အဲ ...ဘာပဲဖြစ်ဖြစ် အိမ် တအိမ်ရောက်ပြီဆိုတာနဲ့ ..သင်စ၇ာပြစရာတွေ သင်ပြပြီးတဲ့နောက်မှာ...အော့ဖ်ဒေး အတွက် ညှိကြရပါတယ်ခင်ဗျ...ပထမ ဆုံးလကိုတော့ အော့ဖ်ဒေး မပေးတာမျာပါတယ်။ အဲ...နောက်တော့ အော့ဖ်ဒေးယူချင်လဲ ယူ မယူဘူးဆိုရင်လည်း အိမ်ရင် က မုန့်ဖိုး ၂၀< ၂၅ ထပ်ပေးလေ့ ရှိပါတယ်ခင်ဗျ...ဘယ်ကိစ္စပဲဖြစ်ဖြစ် အိမ်ဖေါ်တယောက် တခုခု အဆင်မပြေဖြစ်ရင် အေးဂျင့်နဲ့ ဆက်သွယ်ညှိနိုင်းလို့ရပါတယ်ခင်ဗျ...မြန်မာ မိတ် တယောက်ရဲ့လစာက ၃၀၀ ကနေ ၄၅၀ အထိ ရှိပါတယ်...ကျွမ်းကျင်မှု အလိုက်ပေါ့လေ..အဲ အကြွေးကို ခုနှိမ်ရာမှာလည်း အကုန် မယူသေးပါဘူးတဲ့ဗျား...ဥပမာ..၃၀၀ရတဲကမိတ် တယောက်ဟာ .. ပြန်ဆပ်တဲ့အခါ ၅၀ ကို မုန့်ဖိုးအဖြစ်ချန်ပြီးတလ ၂၅၀ ဆပ်ရပါတယ်...အဲဒီ ၅၀ ဟာလည်း မြန်မာမိတ်တွေ စု.. စုပြီး ရွာပြန်ပို့တတ်ကြတာ ပါပဲ..နေစရိတ်စားစရိတ်ငြိမ်းတဲ့အိမ်ဖေါ်တယောက်အတွက် တလ ၅၀ ဟာ ကောင်းကောင်းကြီးလောက်ပါတယ်..အိမ်ရှင်က သဘောကောင်းလို့ ဈေးဖိုးပိုတာ ပြန်မယူတာတွေ ဘာတွေ ရှိရင် စုနိုင်ပါသေးတယ်...ဒါမျိုးတကယ်လဲ ရှိပါတယ်..။ဖုန်းဖိုးတွေဘာတွေဘယ်ကရလဲ မေးဦးမလားခင်ဗျ...ကိုကိုမောင်မောင်တို့ဆီက ရပါတယ်ခင်ဗျ..ဖုန်းဗွီဒီယိုတွေ ထဲမှာ မြန်မာမိတ်တွေ ကုလားတွေနဲ့ ကြည်ကြည်ဖြူဖြူ ဖြစ်ပျက်နေတဲ့ ပြကွက်တွေ ခေတ်စားနေတယ် ဆိုတာ လဲသိစေချင်ပါတယ်။ ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးမျိုးတွေကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ချွေချွေတာတာ ချင့်ချင့်ချိန်ချိန် သုံးကြပါတယ်...ဒါက စင်္ကာပူမြန်မာ အိမ်ဖေါ် လောက အကြောင်းမသိသူတွေ သိသွားအောင် တစေ့တစောင်းပြောပြတာပါ....ပြောချင်တာကတော့ မြန်မာမိန်းကလေးတွေ အတော်များများ စလုံးမှာ ဘာကြောင့် အိမ်ဖေါ်အဖြစ်လုပ်ကိုင်နေတာ လဲ ဆိုတော့ အရင်းခံက အားလုံးအကြွေးစနစ်နဲ့ရလို့ပါပဲခင်ဗျာ.မြန်မာလူမျိုးများ အကြွေးရရင် ဆင်တောင် သက်စေ့ဝယ်လှူတတ်ကြတဲ့ အကျင့်ကိုသိတဲ့ အေးဂျင့်တွေက သူတို့လူများများစုလို့ ရအောင် အကြွေးစနစ် ဖန်တီးလိုက်တာပါပဲ...လက်ငင်း ဘယ်နသိန်းပေးရမယ် ဆိုပြီးလုပ်ရင် မြန်မာ အိမ်ဖေါ်ရာခိုင်နုန်းဟာ ထက်ဝက်လောက် လျော့ကျသွားစရာရှိတယ်လို့ခန့်မှန်းရပါတယ်....။ အ
ဓိက ပြောချင်တာ က မြန်မာ အိမ်ဖေါ်တွေ တခုခု အဆင်မပြေရင် ခေါင်းငုံ့ခံ ရမယ့် အနေအထားမျိုး မဟုတ်ပါဘူး... ။အေးဂျင့်နဲ့ ဆက်သွယ်ညှိနှိုင်းလို့ရတယ်ဆိုတာ ဒီလောက က မဟုတ်တဲ့ သူတွေ သိရင် ဘာတွေ ပြောကြမလဲလို့ သိချင်လို့ပါ...။ ဆိုလိုတာက သူ့အပြစ်တင် မဟုတ်ဘူး....ကိုယ်တွေ ဘက်ကလည်း ဒိလိုတွေ လုပ်လို့ရရဲ့သားနဲ့ မလုပ်ပဲထင်ရာလုပ်သွားတဲ့ အမှားကြီးရှိနေတယ် ဆိုတာ အမှန်အတိုင်းသိစေချင်လို့ပါ။သူ့ အမှားကော ကိုယ့်အမှားကောရှိနေတယ် ဆိုတာပါ...ဒါကို ပွဲဆူစေချင်တဲ့သူတွေ က မြုပ်သင့်တာလေးတွေ မြုပ်ပြိး ပြောချင်တာပဲပြောပြပြီး ပွဲဆူစေ ဖို့ ကြီုးစားကြတာပါပဲ.။ အဲဒီတော့ မသိသေးသူများလည်း ဖတ်ပြီး ဝေဖန်ကြည့်ကြပေါ့ဗျာ....။

Anonymous said...

To the idiots written above: Anonymous commented on Jul 13, 11:24 am and khayayphyu.
If you still have little brain left in your head, you can think what is life is like working for 18-20 hours and no days off. I think you will realize and you will be in their place soon after losing your current job. I wish to see your comments again at that time.

Anonymous said...

သေသေချာချာ သတိထားကြည့်ကြည့်ပေါ့ဗျာ။ ဗွီအိုအေ သတင်းငှာန ရဲ့ လှည့်ကွက်လေးတွေကို..“***ကျနော့်ကိုပြောတုန်းကတော့ သူက ဦးတဲ့၊ အဖေဆူမှာစိုးလို့တဲ့။ သမီးက နာ့စ်လုပ်ရ
မယ်ဆိုပြီး ထွက်လာတာတဲ့။ ***
ကဲ အဲဒီမှာ ရှင်းပါတယ်ဗျာ...သူ့အဖေ က သူအိမ်ဖေါ်အလုပ်နဲ့ထွက်လာတာပါဆိုရင် ဆုမှာစိုးလို့ နာ့စ် လုပ်ရမယ်ဆိုပြီးထွက်လာတာပါတဲ့.....။ **** ဒါပေမယ့် တကယ်တမ်းလုပ်ရတာက အိမ်ဖော်ဖြစ်နေ
တယ်။ သူ့အဖေသိရင် စိတ်ဆိုးမှာစိုးလို့ သူ့အဖေတယောက်တည်းကို နာ့စ်မဆိုပြီး
ပြောထားတယ်။**** ကဲ အဲဒါ ကတော့ ပါးနပ်လှတဲ့ ဗွီအိုအေ သတင်းဌာန ရဲ့ လှည့်ကွက် လေးပါပဲ.. အထင်အမြင်တွေ ပြောင်းပြန်ဖြစ်သွားစေပါတယ်။ စာကြောင်းလေး ၂ ကြောင်းကို ပါးပါးနပ်နပ် လှည့်စားလိုက်တဲ့ အခါ မှာ အားလုံးက အေးဂျင့် ကလိမ်ခေါ်လာတယ် ဆိုပြီး မြင်သွားစေပါတယ်။။။

*****အိမ်ရှင်အမျိုးသမီးကလည်း အရမ်းဆိုးတာပဲတဲ့။ သူ ကျနော့်ဆီကို
၆ လပိုင်း၊ ၁၁ ရက်နေ့လား၊ ၁၃ ရက်နေ့လားမသိဘူး၊ ထွက်လာတယ်။ သူ့ကို အိမ်ရှင်
မိန်းမက လက်သည်းနဲ့ကုပ်လို့ ဘယ်ဘက်လက်မနဲ့ လက်ညှိုးကြားမှာ နည်းနည်းပဲ့
သွားတယ်။ ****
ကဲ ကြည့်ကြည့်ပါဦး ...လက်သဲနဲ့ကုတ်တာကလဲ လက်မနဲ့ လက်ညှိး ကြား နေရာကိုမှ ကုတ်သတဲ့လား.....ခင်ဗျား လူတယောက်ကို နာကျင်စေချင်လို့ စိတ်ဆိုးပြီး ကုတ်ရင် ဘယ်နေရာကိုကုတ်မလဲ .. လက်မောင်းတို့ ရင်ဘတ်တို့ မျက်နှာ တို့ပေါ့...
ခုတော့ကြံကြံဖန်ဖန်နေရာ ကိုမှ ကုတ်သတဲ့လား....တွန်းရင်းထိုးရင်းဖြစ်တယ် လို့ ပြောဦးမလား...ခင်ဗျားကို ပြန်ခံပြီး တွန်းထိုးတဲ့ မိတ် တယောက် ကို အိမ်မှာ ဆက်ထားမလား ကဲ ..ပြော....။ ပြန်လှန်ပြီးတွန်းထိုးရင် မခင်ချိုးဦး တယောက် အဲဒီ ကထဲ က အိမ်ပြောင်းဖို့ အေးဂျင့်လက်ထဲ ပြန်ရောက်သွားပြီဆိုတာ သေချာပါတယ်...ကျန်တာ တော့ သိတဲ့ အတိုင်းပေါ့ဗျာ...ခပ်ညံ့ညံ့ အပေါစား မြန်မာ ဗွီဒီယိုတွေ ထဲ က မင်းသမိး အိမ်ပေါ်က ထွက်ပြေး ခန်းတွေ လို လိုက်လုပ်တော့ တာပါပဲ..နောက်ပြီး မြန်မာ မျိုးချစ်လူငယ်တွေ လိုက်လံ ကူညီနေကြတဲ့ အပိုင်းကတော့ ကောင်းပါတယ်.....ကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ပဲ ပြောချင်ပါတယ်။ ဒီ ကွန်မန်း လေး ဝင်ရေးရတာ ကတော့ ဗွီအိုအေ သတငိးဌာ နရဲ့ ပါးနပ်တဲ့ လှည့်ကွက်လေးကို သတိထား မိလို့ ဝေမျှတာပါ...လက်မခံ၇င်လဲ သဘောပေါ့..။ ကဲ ပွဲဆူ ဖို့ ကျီုးစားတဲ့ ဗွီအိုအေ ရေ....မီဒီယာကျင့်ဝတ် ...စာနယ်ဇင်း ကျင့်ဝတ်တွေနဲ့ ညီမျှသေးလားလို့ မေးခွင့်ရရင် မေးချင်ပါတယ်.....

Anonymous said...

Dear
I feel so sorry about this news.also good for explaining of sg labours life.I feel pity for her.i am thinking about this case.If i am at her palce let me think about this. Let saw out the problems,also i will connect to corp.also many ngo at Sg,This is freedom .each person have freedom, distance from the corp to top of the embassy report.free call SOS, Also people have ability ,Even who can't speak english langauage ,They know how to comfort of they are problems and troubles.We have to find out problems.To day people of myanmar are not helping each other. Raceing and selfish.anyway ....I feel so sorry about her and this news ,
My words from my heart

Anonymous said...

Now Peninsula Plaza become Myanmar Embassy and may I know the action of Myanmar Embassy upon on that case.

စမ်းသပ်ခံမြေ.... said...

ကဲ ..ကိုဇင်ကိုလတ်ရေ...ညနေ က ခင်ဗျား ပို့စ် မှာ ကျွန်တော် ကွန်မန့် ဝင်ရေးသွားတာလေး ကွန်တော့ ဘလော့မှာ ပြန်တင်မလို့ဗျ...။ htpp:?//yaychinteryayfatchinterfat.blogspot.com/

အဲဒါ ပါခင်ဗျ.....။ ခင်ဗျား ပို့စ် မှာ ရေးမိတော့ ... ပြန်အသိပေးတဲ့ သဘောပါ။

Anonymous said...

I'm also sorry about that new. In my opinion, this is not concerned with educated person or uneducated person. when i read some comments , i feel upset. why dont some of people hv sympaty on others. are their brains using for calculating only? If I were them, I would feel so shy for writing comments. I dont wanna criticize other people. But i wonder how they wrote the stupid comments.

Anonymous said...

အပေါ်ဆုံးက မြန်မာလိုနဲ့ အင်္ဂလိပ်လိုစာရေးထားတာကြည့်ရတာ မြန်မာပြည်က တရုပ်တွေထင်ပါတယ်။ ငွေကလွဲလိုခေါင်းထဲမှာ ဘာမှရှိဟန်မတူဘူး။ ခင်ဗျားတို့တွေ ကိုယ်ချင်းစာစိတ်လည်းကင်းပြီး ငွေနဲ့ပဲတိုင်းတာနေတာ မသင့်လျော်ဘူးထင်တယ်။ ခင်ဗျားတို့ တရုပ်တွေငွေမျက်နှာပဲကြည့်လွန်းပြီးလူတွေကလည်း မသင့်တယ်တော့ဘူးဗျ။ အမျိုးသမီးတယောာက် ၃ ထပ်တိုက်ပေါ်ကနေ အခုလိုစွန့်စားပြီး ဆင်းဖို့ကြိုးစားတာကိုကြည့်ရင် နောက်ကွယ် ဘယ်လောက်ရက်စက်မှုတွေ၊ ကောက်ကျစ်မှုတွေရှိအများကြီး အလုပ်ခံနေရတယ်ဆိုတာ သိသာပါတယ်။ နောင်ဆိုရင် ခင်ဗျားတို့ တရုပ်တွေ ငွေမျက်နှာပဲကြည့်ပြီး လူစိတ်မဲ့တဲ့ လုပ်ရပ်လေးတွေကို ၀န်ခံဖို့လဲမမေ့ပါနဲ့ဦး

Anonymous said...

ဒါဆိုရင်မင်းတို့ ခွေးတရုတ်ကောင်တွေ မြန်မာပြည်မှာနေပြီး မြန်မာတွေကို မုံန်းနေတာ မင်းတို့အမေနဲ့နှမတွေကို မြန်မာတွေက မုဒိမ်းကျင့်နေလို့လား? ငွေမျက်နှာပဲကြည့်တဲ့ စောက်ကျက်သရေ တစ်ပြားသားမှ မရှိတဲ့ စောက်တရုပ်တွေ မင်းတို့စောက်ကျင့်တွေပြင်ထား။ မင်းတို့ ခွေးတရုတ် နေ၀င်းလုပ်လို့ ငါတို့ ဒုက္ခရောက်နေတာ။

Anonymous said...

ခွေးနဲ့ တရုတ်မ၀င်ရ

Anonymous said...

Hi, All

Thanks for sharing all your opinion.At first, I am really sorry about my comment, is doesn't mean to blame her.Wheather I only see money face or not,up to you to decide.No comment.
But usually we (Myanmar people) always like to put favourable remark on weak/poor people, is good for your kind heart. But no good to the people who always pamper to themselves. Every problem can be solved, especially in singapore.(In Myanmar, may not be in some situation). Only thing is how you solve and do you really want to find how to solve. Some people keep saying about bad luck, no money, very tough life; did they really try to find way?

Anyway, I am really feel sorry about her.

With regards;
khayayphyu

Anonymous said...

Anonymous said...
To the idiots written above: Anonymous commented on Jul 13, 11:24 am and khayayphyu.
If you still have little brain left in your head, you can think what is life is like working for 18-20 hours and no days off. I think you will realize and you will be in their place soon after losing your current job. I wish to see your comments again at that time.

-----------------------------
haha. so cute. NVM. After I loose my current job, Ko sithu(blogger) will support me. (may be I need to wash his clothes). :P

Khayayphyu

ကိုဗလ said...

ချစ်ကိုကြီးတို့ကလည်း အပြစ်တင်ချင်တဲ့ သဘော မဟုတ်ရပေါင်ဗျာ....ဝေမျှတဲ့သဘောလေးပါ...ပြီးတော့ ရန်းသမ်းပြီး ယုံထင်ကြောင်ထင်ဖြစ်နေကြ မှာ စိုးလို့ပါ...ဒီလို ဒီလို လုပ်လို့ ရတယ် ဆိုတာ လေးပြောပြတာ ပါ..ကိုယ့်မြန်မာ အမျိုးသမီးတယောက် ဒီလိုဖြစ်သွားတာ ကိုတော့ ဘယ်မှာလာ ဖြစ်စေချင်ပါ့မလဲ ခင်ဗျ...ဇာတ်နာအောင် အဖြစ်မှန်ကို လိုတိုးပိုလျော့ လုပ်တတ်ကြတာ လေးကို ဖွင့်ပြတဲ့ သဘောလေးပါခင်ဗျာ...။ ဒါမှ ပြောချင်ကြသေးတယ် ဆိုလဲ ...ရေးချင်တာရေးဖတ်ချင်တာဖတ် ဆိုတဲ့ ဘလော့ကို ကြွမြန်းခဲ့ ကြပေါ့ဗျာ...။ စီဘောက် ၂ ခုတောင် ရှိပါတယ်...တလုံးက မီးထိုးဖို့ တလုံးက ကက်ဆက်ဖွက်ဖို့ ...အဟား....ဘလော့ ကြေငြာဝင်တာတော့ မဟုတ်ရေးချ မဟုတ်ပါဗျာ...ရေးချင်တာရေးမယ်..ဖတ်ချင်တာဖတ်တဲ့ဗျ...ရှင်းပါတယ်...။

Anonymous said...

Does writing in English make one becoming of Chinese ancestry?

How can you conclude from the writing that the commentor's ethnicity?

Have you seen the girl who fell
from the third floor HDB? She
did seem to have Chinese ancestry.

In blogs, a dog can become a man.
For one thing you may never know, your mother might have met some little or big thingies from Chinese, Indian or Anglo or A Nyar Thee Yan.

Anonymous said...

hikharayphyu,
i dont know who u r.but if u r myanmar girl, u should shy on urself.
whatever u try to say something, u expressed ur ugly mind. u should understand that everyone who visit this blog read ur comment. u ll think no body know u. but after they read ur comments , they will know ur standard. u r like a dog that only expect food from ur master. if u eat the food regularly from ur master, u try to bark for ur master'satisfaction.

Unknown said...

အခုလို ကျွန်တော့်ဘလော့ခ်မှာ မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ထင်မြင်ယူဆချက်များကို လာရောက်ရေးသားသူ အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ သို့ပေမယ့် ကျွန်တော်၏ပိုစ့်နှင့် ပတ်သက်သော အကြောင်းအရာများကိုသာ တင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ပိုစ့်အကြောင်းမှ လွဲ၍ ကော်မန့်ရေးသားသူအချင်းချင်း တိုက်ခိုက် ပြောဆိုခြင်းများကို မပြုလုပ်ရန် တောင်းပန်အပ်ပါသည်။ ကျွန်တော့်ဘလော့ခ်တွင် ကလေးမှအစ ခွေးအဆုံး၊ နိုင်ငံရေးသမားမှ အစ စစ်အစိုးရဘက်တော်သား အဆုံး ကော်မန့်များကို ပုဂ္ဂိုလ်ရေးထိုးနှက်ချက်များ မပါဝင်ပဲ လွတ်လပ်စွာရေးသားနိုင်ကြပါသည်။ ထိုကဲ့သို့ ရေးသားသူများကို ကျွန်တော် ဇင်ကိုလတ်မှ ကျေးဇူးအထူးတင်ပါကြောင်း ။

ခရေဖြူရေ . . .အလုပ်မရှိတော့တဲ့အခါ အ၀တ်လျှော်စရာမလိုပါဘူး။ သံလွင်အိပ်မက်က အယ်ဒီတာတွေကို ထောက်ပံ့စရိတ်ပို့ခိုင်းလိုက်ပါ့မယ်။ စာမူလေးတော့ ပုံမှန်ပို့ပေးပေါ့။

Anonymous said...

တော်ကြပါတော့ကွယ်...အငြင်းအခုံတွေ မလုပ်ကြပါနဲ့တော့...ရန်လဲ မဖြစ်ကြပါနဲ့တော့ကွယ်...သေတဲ့သူလဲ သေပြိပဲ ..တော် သင့်ပါပြီ..တယောက်ယောက်က ရပ်လိုက်ရင်ပြီးသွားမှာ ပါ..ကိုယ့်ကိုကိုယ် လူကြိးလူကောင်းလို့သတ်မှတ်တဲ့ သူက အရင်၇ပ်ပါလိမ့်မယ်ကွယ်...

z said...

I feel really sad for that maid.
Nobody wanna die.
She want to escape ...
We don't know why??

I confess not all the graduates from our country are smart.
But I don't want to say she should or shouldn't.

I value her life.
I value her willingness to freedom.
Maybe there are so many ways as the above people told.
But she may not know clearly.

I don't want to hear such thing anymore. How can we do for the others? I want to inform all who want to come here as maids, to be clever and to be able to see the working environment more.

Now, our Myanmar population grows a lot within these years. I believe we can build a secure society here. We can help each other.

Though you are so smart, there may be many people who cannot think and cannot deal with the problems as you do. So we should find a solution for future problems that prone to be again.

We all are Myanmar, no need to say bad things to others and no need to argue with others via online or offline.

I want to read all simple and honest from one's heart... no need to refrence VOA or some other things...haha... If you want to say political issues write as much as you like in the newspaper.

This is a place to share...

I wonder why some people want to blame on the dead sister...
She was dead....
Can you say she want to die so much????
Everybody has attachments to his or her life unless he or she is "Arahat".

May you be peaceful sis,...
After-life, may you be free from such mishaps..

Anonymous said...

I agree with the comment that above. i want to tell this blog's owner n his friends.may be u r the close friend or whatever. u should respect on the others who read ur articles and comments. they want to read the things that mm ppl helping each other n sympaty on each other. they dont want to see some cruel comments that only focus on the facts. we are the human rite but also we are the same nationality. so we should help each other and when some one got in trouble instead of blaming on him or her we should give help that we can this time is the last time i visited this blog u know that i admired u n
when i read ur articles i m friendly with u
but u r the same type as..............

Anonymous said...

မင်းက အကြားအမြင်ပေါက်နေတဲ့ ပုဂ္ဂိုလ်ထူးလား.. စာတွေလိုက်ဖတ်ရုံနဲ့ ဘာလူမျိုးဆိုတာ သိနိုင်လောက်အောင်
မင်းက ဘာမို့လို့လဲ... ငါတို့ မြန်မာတွေက နိုင်ငံခြားမှာနေရဖို့ နည်းမျိုးစုံနဲ့ ထွက်ကြတယ်။ နိုင်ငံရေးဗန်းပြပြီး...
ဘလော့ခ်ပေါ်.. သံရုံးရှေ့မှာ ဒီမိုကရေစီလို့အော်ပြီး ခိုလှုံခွင့်တောင်းကြတယ်။ တိုင်းတပါးမှာကိုယ်ကောင်းစားဖို့အရေး
အခွင့်အရေးအမျိုးမျိုးယူကြတယ်။ ဒါကြောင့်ငါတို့မြန်မာပြည်မှာ ကိုယ့်ဒေသနဲ့ကိုယ့်နေရာကိုချစ်တဲ့ တရုတ်ပဲကျန်ခဲ့တာကွာ
နိုင်ငံနဲ့လူမျိုး တိုးတက်စေချင်ရင် အပြင်ကနေ ဘလော့ခ်ကနေ အော်နေရုံနဲ့ တာဝန်ကျေပြီလို မထင်မှတ်နဲ့
နိုင်ငံနဲ့လူမျိုးတိုးတက်ချင်ရင် မြန်မာပြည်ကို ပြန်ခဲ့.. မင်းကို ငါအချိန်မရွေးကြိုဆိုနေတယ်
ကိုယ့်လူမျိုးနိမ့်ကျတိုင်း တခြားလူမျိုးကြောင့်မထင်နဲ့။ ကိုယ်လူမျိုးတိုးတက်ဖို့အတွက် တခြားလူမျိုးကို သွားမမျှော်ကိုးနဲ့
ကိုယ့်လူမျိုးတိုးတက်ဖို့ ကိုယ်တိုင်လုပ်မှရတယ်ဆိုတာ မင်းမြဲမြဲမှတ်ထား

Anonymous said...

I wonder why u r so dicriminated.

Lun Lunn said...

ရွှေညီအစ်ကို မောင်နှမများ ....

နေရာတိုင်းမှာ ကောင်းတဲ့သူနဲ့ ဆိုတဲ့သူဆိုတာ ဒွန်တွဲနေပါတယ် ... စင်္ကာပူနိုင်ငံမှာလည်း သဘောကောင်းတဲ့ အိမ်ရှင်ရှိသလို သဘောအင်မတန်ဆိုးတဲ့ အိမ်ရှင်တွေလည်း ရှိပါတယ် ... နောက်တစ်ချက်ကတော့ အိမ်ဖေါ်တစ်ယောက်ရဲ့ အခွင့်အရေး၊ လုပ်ပိုင်ခွင့်နဲ့ လူရည်လည်မှုဟာ အခြားသော Work Permit, S Pass, EP တို့နဲ့ အများကြီး ကွာခြားတယ်ဆိုတာပါပဲ။

လူတိုင်း အဆင်ပြေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတစ်ပါးတိုင်းပြည်မှာ မိမိစိတ်ကို နှိမ့်ချပြီး လာရောက် လုပ်ကိုင်ကြရတာပါ ... လူတိုင်းမှာ သူ့ရဲ့ စိတ်ဓါတ်ခွန်အား၊ ကာယခွန်အား အစရှိတဲ့ ခံနိုင်ရည် စွမ်းရည်လည်း မတူညီကြပါဘူး ...

သေဆုံးသူမှ သူမအဖေထံ မသေခင် ပေးပို့တဲ့ စာအရ ... သူမဟာ အာရုံဦး မှ မိုးချုပ်သန်းကောင်အထိ အလုပ်နဲ့လက် မပြတ်အောင် လုပ်ရကြောင်း၊ နေရေး စားရေး အလွန်ဆင်းရဲကြောင်း ... သူမဦးလေးမှ တစ်ဆင့် ၀ယ်ခိုင်းသော ကော်ဖီ၊ မုန့်တို့ကို အိမ်သာထဲမှာ ခိုးစားရကြောင်း ... အစရှိသည်တို့ကို ထောက်ချင့်ခြင်းဖြင့် သူမအိမ်ရှင်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်ပါတယ် ... အဲဒီစာထဲမှာ သူမရဲ့ ဖခင်အား အေးဂျင့်ကို လျှော်ပေးရမယ့် ငွေကြေးကို ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံး ပို့ပေးပါလို့လည်း တောင်းပန်ထားပါတယ် ...
ဒါကို ရေးရတာဟာ သူမ တွေ့ကြုံခံစားနေရတာကို နားလည် ခံစားပေးလို့ရအောင်ပါ ...

ဒါပေမယ့် အဓိက ပြောချင်တာကတော့ ကျွန်တော်တို့ အနေနဲ့ ကိစ္စရပ်တစ်ခုအပေါ်မှာ ငြင်းခုန်နေကြမယ့်အစား ဖြစ်ပေါ်လာတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်မျိုး နောက်ထပ် အလားတူ မဖြစ်ပေါ်အောင် ဒီမှာရှိနေတဲ့ အနေအထားတွေကို ကျယ်ကျယ်ပြန့်ပြန့် သိအောင်၊ အခက်အခဲကြုံလာရင် ဘယ်လို ဖြေရှင်းနိုင်တယ်ဆိုတာကို ရောက်နေတဲ့သူတွေနဲ့ နောက်ထပ် ရောက်လာဦးမယ့် သူတွေကို ဘယ်လို အသိပညာပေးမယ်၊ သတင်းတွေ ဖြန့်ဖြူးပေးမယ် ... အစရှိတဲ့ နည်းလမ်းတွေကို စုပေါင်း ရှာဖွေပြီး လုပ်ပေးမယ်ဆိုရင် ပိုမို ကောင်းမွန်တဲ့ ပံ့ပိုးမှုတစ်ခု ဖြစ်လိမ့်မယ်လို့ လေးနက်စွာ ဆန္ဒပြုပါတယ် ...

Unknown said...

ဟုတ်ပါတယ် Lun Lunnရေ။ ကျွန်တော်ဒီပိုစ့်ကို စရေးကတည်းက နောက်ထပ်ဒီလို အဖြစ်ဆိုးမျိုးတွေ မဖြစ်ကြစေချင်လို့ ရေးခဲ့တာပါ။

Anonymous said...

To human right ---

Sorry for delay reply as I was away. Thanks for your frankly comment.
All Myanmar people should dare to say our own option as you, but only thing is not to be rude. We have many ways to express our feeling. Not necessary to say rude/bad words as usually talked in wet market.Do not forget that your comment also can be seen by everybody.


With regards;
Khayayphyu

chenmeinv0 said...

oakley store
ray ban sunglasses
celtics jerseys
ralph lauren outlet
polo ralph lauren
jordan retro
washington wizards jerseys
oakley
louis vuitton outlet online
coach factory outlet
20173.14chenjinyan