Sunday, March 11, 2007

စုံတွဲလေးသွားကြည့်သင့်တဲ့ရုပ်ရှင်


စင်္ကာပူမှာ ရုံတင်တာမကြာသေးတဲ့ အပျော်ကြည့်ရုပ်ရှင်ကားလေးတစ်ကားပါ။ သီချင်းအကြောင်းဘာမှ နားမလည်တဲ့ကောင်မလေးနဲ့ ၁၉၈၀လောက်က POPဆိုတဲ့ boybandက အဆိုတော်နဲ့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အဆိုတော်ကသီချင်းစပ်ရင်း စပ်ရင်း ideaမရလို့ စိတ်ညစ်နေတဲ့အချိန်မှာ၊ သူ့အိမ်မှာ သစ်ပင်ရေလာလောင်းပေးနေတဲ့ ကောင်မလေးက သူစပ်နေတဲ့ သီချင်းလေးကို အရမ်းလှတဲ့စာသားလေးတွေဖြည့်စွက်ပြီး ဆိုပေးလိုက်ပါတယ်။ တကယ်တမ်းတော့ အဲဒီကောင်မလေးက သီချင်းအကြောင်း ဘာမှနားမလည်ပါဘူး။ အဲဒီမှာ အဆိုတော်က ကောင်မလေးကို သီချင်းစပ်ပေးဖို့ အကူအညီတောင်းရာကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကစပါတယ်။
ဒီဇာတ်လမ်းကို Notting Hillထဲက မင်းသားHugh Grantနဲ့ ET မင်းသမီးလေး Drew Barrymoreတို့က သရုပ်ဆောင်ထားပါတယ်။ Yahoo Movieမှာတော့ Grade Bပဲပေးထားပေမယ့် ကျွန်တော့် ဘလော့ခ်မှာတော့ B+လောက် ပေးချင်တဲ့ဇာတ်ကားတစ်ကားပါ။ စကားချည်းပဲ ပြောနေတာမကြိုက်တဲ့သူ၊ Actionဇာတ်လမ်းတွေကိုပဲ ကြိုက်တဲ့သူဆိုရင်တော့ ဒီကားကို ကြိုက်မှာ မဟုတ်ဘူး။ အချစ်ဇာတ်ကားသန့်သန့်လေးတွေကို ချစ်သူလေးနဲ့ နှစ်ယောက်တူတူကြည့်ချင်တယ်ဆိုရင်တော့ လက်မှတ်သာ ပြေးဝယ်လိုက်ပါတော့။

ETဇာတ်ကားထဲက Drew Barrymore

2 comments:

Anonymous said...

ဟိုတယောက်သွားကြည့်ပြီး ပြန်ပြောပြတာ မမှတ်မိပဲဖြစ်နေတယ်။ လက်စသတ်တော့
ရုံထဲမှာ အိပ်ပျော်သွားတယ် ထင်တယ်...ဟီး..ဟီး မင်းသမီးကို အရမ်းကြိုက်တယ်။ သူ့ပုံစံလေးက
အရမ်းအပြစ်ကင်းတဲ့ မျက်နှာမျိုး...ချာလီအိန်ဂျယ်မှာလဲ အရမ်းလှ...

Unknown said...

ဟ . .ဘယ်တစ်ယောက်သွားကြည့်ပြီး ပြန်ပြောပြတာတုန်း? ပြောပြစမ်းပါဦးဗျ။