Monday, July 30, 2012

ကမ္ဘာ့အရှည်ဆုံး တံတားတွေ


ဟိုတလောက Yahoo News မှာ ပါ ခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး တံတားတွေကို ကူးယူမှတ်သား ထားပါတယ်။ အဲဒီတံတားတွေ မြင်တော့ မြန်မာနိုင်ငံမှာ ဆောက်လိုက် ဖောက်လိုက်တဲ့ တံတားတွေ နည်းတာ မဟုတ်ဘူး။ တကယ်တမ်း တံတားတွေ ဆောက်တာ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားကူးသန်း လွယ်ကူချောမောစေဖို့ပါ။ ဒါပေမယ့် အခုအချိန်ထိ ကုန်ဈေးနှုန်းတွေကတော့ မကျသေးပဲ တက်ပြီးရင်း တက်နေတဲ့အတွက် တံတားတွေ ဆောက်တာ တကယ်ရော ပြည်သူလုထုအတွက် အကျိုးရှိရဲ့လား၊ မြစ်တွေကို ကောစေသလား ဆိုတာတွေကို သေချာလေ့လာသုံးသပ်သင့်နေပါပြီ။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အရှည်ဆုံး တံတားကြီးတွေကတော့ အရမ်းကို လှပပြီး အရှည်ဆုံး တံတားလေးခုထဲမှာ ၂ခုက တရုတ်ကဖြစ်ပြီး ၂ခုက အမေရိက က ဆိုတာ တွေ့ရပါတယ်။ ပိုက်ဆံတတ်နိုင်ရင် အဲဒီတံတားတွေ တစ်ခုချင်းစီလျှောက်လည် ပစ်လိုက်ချင်တယ်။



The world's longest cross-sea bridge, spanning 36.48 kilometers across the mouth of the Jiaozhou Bay in China's eastern Shandong province, opened to traffic four years after construction started. Here's a peek into some of the world's longest bridges.

Lake Pontchartrain Causeway


Located in Louisiana, United States, the Lake Pontchartrain Causeway, consists of two parallel bridges that run parallel to each other. The bridges are supported by 9,500 concrete pilings and spans over 38.35 kilometres. The southern terminus of the Causeway is in Metairie, Louisiana, a suburb of New Orleans. The northern terminus is at Mandeville, Louisiana.

Donghai Bridge


Completed on December 10, 2005, the Donghai Bridge has a total length of 32.5 kilometres and connects Shanghai to the Yangshan port in China. The 'Donghai Bridge' is popularly known as 'The stone'.

Chesapeake Bay Bridge


The Chesapeake Bay Bridge is a four lane bridge that connects the Delmarva Peninsula's Eastern Shore of Virginia with Virginia Beach and the metropolitan area of Hampton Roads, Virginia. The bridge has a total length of 37 kilometres.

Vasco da Gama Bridge

The Vasco da Gama Bridge is a cable bridge with a total length of 17.2 kilometres. The bridge was opened to traffic on 29 March, 1998. The bridge spans across the Tagus River near Lisbon, Portugal.

Penang Bridge


The Penang Bridge opened to traffic on September 14, 1985 and connects Gelugor in Penang island and Seberang Prai to mainland Malaysia. The total length of the bridge is 13.5 kilometres.

Rio-Niteroi Bridge


The Rio-Niteroi Bridge is a box girder bridge that connects the cities of Rio de Janeiro and Niteroi. The bridge opened on March 4, 1974 and the total length of the bridge is 13 kilometres.

Confederation Bridge


The 12.9 kilometre long bridge opened on 31 May 1997, connecting the Prince Edward Island with New Brunswick, Canada. The Confederation bridge is a two-lane highway toll bridge.

San Mateo-Hayward Bridge


Commonly known as the San Mateo Bridge, the San Mateo-Hayward Bridge connects San Francisco Peninsula with the East Bay. The total length of the bridge is 11.265408 kilometres.

Seven Mile Bridge


The Seven Mile Bridge is is located between the Gulf of Mexico and the Florida Strait. Finished in 1982 at a cost of $45 million, the Seven Mile Bridge connects city of Marathon in the Middle Keys of Florida to Little Duck Key in the Lower Keys of Florida.

From here : http://sg.news.yahoo.com/big-picture--longest-bridges-in-world.html

Monday, July 23, 2012

Blue Sky ရဲ့ Ice Age 4

Ice Age ကို ၂၀၀၂ခုနှစ်ကတည်းက ရုံတင်လာခဲ့တာ အခုဆိုရင် Ice Age 4 တောင် ရောက်လာခဲ့ပါပြီ။ ဒီ ဇာတ်ကားလေးဟာ Animation ဇာတ်ကား ကောင်းကောင်းလေးတွေတင်ဆက်နေတဲ့ Pixar, Disney, Dreamworks  တို့စတဲ့ နာမည်ကြီး Animation ကုမ္ပဏီကြီးတွေကနေ တင်ဆက်ခဲ့တာ မဟုတ်ပါဘူး။ နာမည်ကျော် ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ 20th century fox မှ ပိုင်သော Blue Sky ရဲ့ Animation Movie တစ်ခုပါ။ Blue Sky က တခြား Animation တွေ အများကြီးမထွက်ပေမယ့် Ice Age ကိုတော့ ၂၀၀၂ ကတည်းက တောက်လျှောက်တင်ဆက်လာတာ အခုဆို No 4 တောင် ရောက်ပါပြီ။


အရင် Ice Age တွေ တုန်းကလိုပဲ ရယ်စရာမောစရာလေးတွေနဲ့ မှတ်သားစရာလေးတွေပါ တင်ဆက်နိုင်တာမို့ အမှန်တကယ်ကြည့်ကောင်းခဲ့တဲ့ ရုပ်ရှင်လေး တစ်ခုဖြစ်ခဲ့ပါတယ်။ နောက် Ice Age Animationတွေရဲ့ trailerကို ကြိုက်တာတစ်ခုက သူ့ရဲ့ ကြော်ငြာထဲမှာ ရှဥ့်နဲ့ သစ်ကြားသီးလား အဲဒါကပဲ အဓိကပါတာဆိုတော့ ဇာတ်လမ်းကို အများကြီး မှန်းလို့ မရပါဘူး။ ဇာတ်လမ်းကျောရိုးလောက်ကိုပဲ နည်းနည်း သိရတာပါ။ တချို့ ဇာတ်ကားတွေဆို Trailer ကြည့်ပြီးတာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ တော်တော်လေး မှန်းလို့ ရနေပါပြီ။ အဲဒါကြောင့် ရုပ်ရှင်ရုံထဲရောက်တော့မှ ဇာတ်လမ်းတစ်ခုလုံးကို အားရပါးရ ထိုင်ကြည့်ခဲ့ရတာပါ။ ကြင်သူသက်ထားက 3D ကြည့်ရင် မူးတယ်ဆိုလို့ ရိုးရိုး Digital ပဲ ကြည့်ခဲ့တာပါ။ အဲဒီ Ice Age ရဲ့ အရောင်အရည်အသွေး ကောင်းမွန်မှု၊ Digital ရဲ့ ကြည်လင်ပြတ်သားမှုတို့ ကြောင့် Manny, Sid, Diego တို့ရဲ့ ဟာသရသ Animation လေးကို 4 Stars ပေးပါတယ်။ တကယ်ပါ မိနစ် ကိုးဆယ်ဇာတ်ကားပြီးတဲ့အထိ ဆက်ပြီး ကြည့်ချင်အောင် ကို ကြည့်ကောင်းခဲ့တဲ့ Animation Movie လေးပါပဲ။

ဇာတ်လမ်း - ****
သရုပ်ဆောင်မှု - ****
Visuals - ******
Overall - ****

Tuesday, July 17, 2012

ဟေးနဲ့ ဟာ (သို့) ပြောင်းလဲနေပါတယ်


ဟေး ... ငါတို့နိုင်ငံမှာ ရွေးကောက်ပွဲကြီးလုပ်ပြီကွ . . ဟာ ... ကြိုတင်မဲတွေနဲ့ လုပ်စားသွားတယ်
ဟေး ... နိုင်ငံခြားမှာလို တက္ကစီတွေ မီတာနဲ့ ပြေးပြီ . . ဟာ ... ဘယ်တက္ကစီမှ မီတာမဖွင့်ကြဘူး
ဟေး ... ပြည်သူ့လွှတ်တော်ထဲမှာ အကြိတ်အနယ်ဆွေးနွေးကြတော့မယ် . . ဟာ ... အိပ်နေကြတယ်ကွာ
ဟေး ... သမ္မတက  မြစ်ဆုံ ဆည်ကြီး ချက်ချင်းရပ်တဲ့ . . ဟာ ... ဆောက်လုပ်ရေးတွေ ပြန်စနေပြန်ပြီ
ဟေး ... နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီကွ . . ဟာ ... အယောက်လေးရာကျော်၊ ၁၇(၁)(၂)တွေ မပါသေးတဲ့

ဟေး ... လယ်သမားတွေကို သိန်းလေးထောင် ချေးမယ် . . ဟာ ... လယ်ယာမြေတွေသိမ်းခံရလို့ လယ်မလုပ်နိုင်သေး
ဟေး ... အလုပ်သမားတွေရဲ့ အခြေခံလစာ သတ်မှတ်မယ်တဲ့ . . ဟာ ... အလုပ်သမား ဆန္ဒပြပွဲတွေ မရပ်သေးပါလား
ဟေး ... စီတန်းလှည့်လည်ခွင့် ဥပဒေ ပေါ်လာပြီ . . ဟာ ... မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ငြင်းပယ်ခဲ့ပြန်ပြီ
ဟေး ... သမ္မတကြီး ဧည့်ခန်းမှာ ဗိုလ်ချုပ်ပုံ ချိတ်ထားတယ် . . ဟာ ... အာဇာနည်နေ့မှာတော့ ချီတက်အလေးမပြုရပြန်ဘူး
ဟေး ... မြန်မာ့ယဉ်ကျေးမှု တကယ်အဆင့်မြင့်ဆိုပဲ . . ဟာ ... အွန်လိုင်းမှာ ဆဲကြတာ မိုးကိုမွှန်လို့

ဟေး ... ကားဈေးတွေ ထိုးကျပြီကွ . . ဟာ ... ရန်ကုန်မှာ ကားသွားစရာနဲ့ ကားရပ်စရာနေရာမရှိဘူး
ဟေး ... Good Government Clean Governance ဆိုပဲ . . ဟာ ... လာဘ်ပေးလာဘ်ယူမှုတွေ တစက်မှ မလျော့သေးပါလား
ဟေး ... ဆင်ဆာတွေ မရှိတော့ပဲ စာနယ်ဇင်းလွတ်လပ်ခွင့်ရတော့မယ် . . ဟာ ... အမှန်ရေးလို့ ဂျာနယ်တစ်စောင် တရားခွင်မှာတဲ့
ဟေး ... ငြိမ်းချမ်းရေး အဖွဲ့ကြီး ဖွဲ့လိုက်ပြီဆိုပဲ . . ဟာ ... ကချင်စစ်ပြေးဒုက္ခသည် ဦးရေက သိန်းကျော်သွားပြီ
ဟေး ... ငါးထောင်တန် ဖုန်းတွေသုံးရတော့မယ် . . ဟာ ... ဆက်သွယ်ရေးက လုပ်ခွင့်မပေးဘူးတဲ့

ဟေး ... Fibre Optic တွေ တတ်တော့မယ် . . ဟာ ... အခုထိ Gmailကို basic HTML view တောင်မရဘူး
ဟေး ... မြန်မာပြည်ပြန် လုပ်စားမယ်ဟေ့ . . ဟာ ... နေစရာမြေတစ်ကွက်တောင် မ၀ယ်နိုင်ဘူး
ဟေး ... ၀င်ငွေခွန်တွေ မကောက်တော့ဘူး . . ဟာ ... ပတ်စ်ပို့သက်တမ်း တိုးတာကို ရေလည်ရစ်တယ်ကွာ
ဟေး ... နိုင်ငံခြားရောက်ပညာရှင်တွေကို ပြန်ခေါ်ပြီကွ . . ဟာ ... ဘာအလုပ် ပြန်လုပ်ရမှန်း ခုချိန်ထိမသိနိုင်သေးဘူး
ဟေး ... အန်တီစုကြောင့် မြန်မာပြည်ဂုဏ်တက်ပြီဟေ့ . . ဟာ ... သာမန်လွှတ်တော်အမတ်မို့ သတင်းစာမှာ မပါဘူးဆိုပဲ

ဟေး ... အန်တီစုတို့ လွှတ်တော်တက်ပြီတဲ့ . . ဟာ ... ရာနဲ့ချီတဲ့ အဆိုပြုလွှာတွေကို စောင့်ရဦးမယ် 
ဟေး ... သမ္မတဆီမှာ အကြံပေးတွေနဲ့ကွ . . ဟာ ... မီးမလာရင် ဖယောင်းတိုင်ထွန်းဖို့ အကြံပေးတယ်
ဟေး ... တရားဥပဒေ စိုးမိုးရေးဆိုတာ ဒို့တာဝန်တဲ့ . . ဟာ ... ရခိုင်မှာ မီးရှို့ခံရလို့ ပျက်စီးဆုံးရှုံးမှု အတော်များဆိုပဲ
ဟေး ... ကိုအောင်ဆန်းတို့ တည်ထောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂကွ . . ဟာ ... အဖွဲ့ဝင်တွေ ဖိအားပေးခြိမ်းခြောက်မှုတွေ ခံရတယ်
ဟေး ... ဒီမိုကရေစီကွ . . ဟာ ... ရေတွေ အများကြီး ရောနေသေးတယ်

ဟေး ... . . . . ဟာ ... . . .
ဟေး ... . . . . ဟာ ... . . .
ဟေး ...
ဟေး ...
ဟေး ...

ဇင်ကိုလတ်
၂း၁၅ ၁၇၀၇၁၂

Monday, July 16, 2012

ကျွန်တော်ခံစားမိသော ဗြဟ္မစိုရ်ခြေလှမ်းများ

 ကိုကျော်သူနဲ့ မရွှေဇီးကွက်တို့ US က မြန်မာတွေနဲ့ တွေ့ကြတယ်ဆိုတော့ စင်္ကာပူလည်း လာရင်ကောင်းမယ်ဆိုပြီးတွေးနေတုန်း သြဂုတ်လောက် ဒီမှာပွဲရှိမယ်လို့ ကိုဘိုဝင်းက ပြောတော့ ၀မ်းသာသွားမိတယ်။ နောက်တော့ စောပြီး ဇူလိုင်လထဲမှာပဲ လုပ်ဖြစ်သွားတယ်ထင်တယ်။ တကယ်လာဖြစ်တော့ ကိုကျော်သူ၊ မရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်အပြင် ကိုဥက္ကာဦးသာပါ ပါမယ်တဲ့။ ပထမတော့ စဉ်းစားပါသေးတယ် ကိုဆောင်းဦးလှိုင်နဲ့ ကိုဥက္ကာဦးသာပါ  ပါတော့ စတိတ်ရှိုးလိုမျိုးများ ဖြစ်မလား။ ကိုဆောင်းဦးလှိုင်က လူမှုရေးတွေလည်း လုပ်နေတယ်ဆိုတော့ စကားသက်သက်ပဲ ပြောပြီး ကိုဥက္ကာဦးသာရဲ့ Piano တီးသံတွေကို သက်သက်ပဲ ကြားရမှာလား။ စသဖြင့် တွေးတောနေရင်းနဲ့ ပွဲနေ့ကို ရောက်လာပါတယ်။ အဲ . . . ပြောဖို့ကျန်ခဲ့တာ လက်မှတ်ကိစ္စ။ ပထမတော့ ၀င်ကြေး တစ်ယောက်ကို ၁၀နဲ့ သတ်မှတ်ထားရာကနေ မနက်ဖြန်လို ပွဲစမယ်ဖြစ်တော့မှ ပွဲစီစဉ်သူထဲက တစ်ယောက်ဖြစ်တဲ့ ညီငယ် ကျော်ဇင်ရဲ့ facebook မှာ ၀င်ကြေးအခမဲ့ဖြစ်သွားပြီဆိုတာကို တွေ့လိုက်ရတယ်။ ပြီးတော့ ထူးခြားတာက အရင်တခြားပွဲတွေတုန်းကလို ကြော်ငြာတွေ မှိုလိုမပေါက်ပဲ MAI တစ်ခုကပဲ Sponsor ယူထားတာပါ။


မြန်မာပွဲတော်တော်များများက အနည်းဆုံး နာရီဝက်ကနေ ၁နာရီလောက်အထိ နောက်ကျတတ်လို့ ၃နာရီစမှာကို အေးဆေးပဲဆိုပြီး ၃နာရီ ၂၀ လောက်မှ ရောက်သွားတော့ မရွှေဇီးကွက်တောင် စကားစပြောနေပါပြီ။ အမက နာကူမှာ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို အသေးစိတ် ပြောပြပါတယ်။ အရမ်းကို ဗဟုသုတရပြီး နာကူရဲ့ လုပ်ငန်းတွေကို တတ်နိုင်တဲ့ဖက်က ကူညီလိုတဲ့စိတ်တွေ ပေါ်လာမိတဲ့အထိပါပဲ။ တကယ်တော့ မရွှေဇီးကွက်နဲ့က ရန်ကုန်နာကူရုံးမှာ တစ်ခါဆုံဖူးပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ပရဟိတ လုပ်ငန်းတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကို သိချင်လို့ ကျွန်တော်နဲ့ နေဘုန်းလတ်သွားကြတာပါ။ နေဘုန်းလတ်က နာကူရဲ့ Volunteer တွေကို ပေးတဲ့ training တစ်ခုမှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲလေး လုပ်ဖူးတော့ နာကူနဲ့ မစိမ်းပါဘူး။ အဲဒီအချိန်ကတည်းက မရွှေဇီးကွက်ဟာ စကားအရမ်းပြောနိုင်မှန်းသိခဲ့ရပါတယ်။ ဗဟုသုတတွေလည်း အရမ်းရပေမယ့် လုပ်စရာအလုပ်လေးတွေ ရှိတာကြောင့် လိုချင်တဲ့ information တွေယူပြီး စကားစကို မနည်းဖြတ်ပြီး ပြန်ခဲ့ရပါတယ်။ ဒါတောင် ၄၅မိနစ်၊ ၁နာရီလောက် အေးဆေးထိုင်ပြောခဲ့ပါသေးတယ်။ နောက်ကြုံရင် နာကူကို သွားပြီး အေးအေးဆေးဆေးစကားပြောချင်ပါသေးတယ်။ အမလည်း အားမယ်ဆိုရင်ပေါ့။

ပွဲအကြောင်းကို ပြန်ဆက်ပါဦးမယ်။ မရွှေဇီးကွက်ပြောသွားတဲ့အထဲမှာ မိမိပတ်ဝန်းကျင်ကို အလှဆင်တဲ့အခါမှာ စိတ်ရှည်ပြီး သည်းခံရတယ်ဆိုတဲ့အကြောင်းကို နာရေးကို ၃ရက်ထက်ကျော်ရင် လက်မခံတော့တဲ့အကြောင်းနဲ့ ပတ်သက်ပြီးပြောပြသွားတယ်။ ယခုအခါ နောက်တစ်ခုက ရောင့်ရဲတင်းတိမ်ဖို့ဆိုပြီး ဘုရားဟောသွားတဲ့အကြောင်းလေးကို ထည့်ပြောသွားပါသေးတယ်။ ရောင့်ရဲတယ်ဆိုတာ ရပိုင်ခွင့်တွေကိုပယ်ပြီး ရောင့်ရဲရမှာဖြစ်ပြီး လုပ်ပိုင်ခွင့်တွေကိုတော့ အထူးကြိုးစားပြီး လုပ်ကိုင်ရမယ်ဆိုတာကိုတော့ အရှင်အာနန္ဒာကနေ မြတ်စွာဘုရားဆီက ပယ်လေးပယ်နဲ့ လုပ်ပိုင်ခွင့် လေးချက်တောင်းတယ်ဆိုတာလေးကို အခြေခံပြီး ပြောပြသွားပါတယ်။ နောက်တစ်ခု နာရေးကူညီမှု ဘယ်အချိန်မှာ ရပ်တန့်မလဲဆိုတာ။ အများသူငါထံမှ ယုံကြည်မှုကို မရတော့တဲ့အချိန်မှာလို့ ရှင်းရှင်းလေး ပြောပြသွားပါတယ်။ ယုံကြည်အောင်နေမှ ယုံကြည်မယ်၊ အဓွန့်ရှည်မယ်ဆိုပြီး ပြောပြသွားတာပါ။



ကိုကျော်သူတက်လာတော့ ရန်ကုန်က လာကတည်းက သိပ်နေမကောင်းလို့ ဆေးထိုးထားရတဲ့အကြောင်း၊ ဒီရောက်တော့လည်း ပန်နီဇူးလားမှာ ဆေးထိုးထားရတယ်ဆိုတဲ့အကြောင်းတွေကို က စပြောပြီး Lady first ဆိုပြီး အမျိုးသမီးကို အရင်ပေးပြောလိုက်တာ သူက အကုန်ပြောသွားတော့ ကျွန်တော့်မှာ သိပ်ပြောစရာမကျန်တော့ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဒယ်အိုးဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်ဦးသုမင်္ဂလရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုရေးလုပ်ငန်းများတွေ့ဆုံပွဲကြီးမှာ လှည်းဘီးနွံထဲနစ်ပါက ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုတာလေးကို ပြောသွားတဲ့အကြောင်းကို လူမှုရေး၊ Foundation လုပ်ငန်းတွေ များစွာ ပေါ်လာတာ ကောင်းပေမယ့် တဖက်က ပြိုင်တူမတွန်းပဲ ကိုယ်သန်ရာ၊ ကိုယ်ထင်ရာဖက်က အတင်းတွန်းနေလို့ကတော့ ပိုနစ်ဖို့ပဲ ရှိနေတဲ့အကြောင်းကို ပြောပြသွားတယ်။ နောက်တော့ နာရေးကူညီမှုအသင်းရဲ့ လုပ်ဆောင်ခဲ့ပုံများအကြောင်းကို photo slideshow မှာ သူ့အသံကို ပေါင်းထည့်ပြီး တင်ဆက်သွားတာ အရမ်းကြည့်ကောင်းပါတယ်။ ရုပ်ရှင်ဒါရိုက်တာလည်း လုပ်ခဲ့ဖူးတော့ သူရဲ့ Video လေးဟာ ၄၄မိနစ်ကြာမြင့်တယ်ဆိုပေမယ့် နောက်ခံတီးလုံးလေးမို့ ဘယ်လို ပြီးသွားမှန်းတောင်မသိပါဘူး။



အဲဒီနောက်မှာတော့ Break Time ပေးပြီး ကိုကျော်သူနဲ့ မရွှေဇီးကွက်တို့ရဲ့ အမေးအဖြေအစီအစဉ်ပါ။ မေးသွားတဲ့ မေးခွန်းတွေမှာ နာရေးကူညီမှုအကြောင်းက ပြည့်ပြည့်စုံစုံဖော်ပြပြီး ဖြစ်လို့ ထင်ပါတယ်။ တခြားအကြောင်းတွေကို ပိုပြီး မေးနေကြသလိုပါပဲ။ ဥပမာ ဦးကျော်သူရဲ့ နှုတ်ခမ်းမွှေးနဲ့ ဆံပင်ရှည်ကိစ္စ၊ တစ်ယောက်ကဆို သူဟာ ဦးကျော်သူကို အရမ်းလေးစားလွန်းလို့ ဦးကျော်သူစတိုင်လ်အတိုင်း ဆံပင်ရှည်များကို ထားပါတယ်တဲ့။ အခုတော့ ဒီမိုကရေစီလည်း ရပြီမို့ ဆံပင်မညှပ်သေးဘူးလား။ အခုတော့ မရွှေဇီးကွက်နဲ့ ယှဉ်ရင် သားအဖလို ဖြစ်နေတဲ့အကြောင်းပြောပါတယ်။ အဲဒါနဲ့ ကိုကျော်သူက ဒီမိုကရေစီရမှ ဆံပင်ညှပ်မယ်လို့ တခါမှ မပြောဖူးကြာင်း ဒီမိုကရေစီလည်း ရနေပြီလို့ မထင်ကြောင်း ဆံပင်ညှပ်လိုက်ရင် အမျိုးသမီးထက်ကို ၁၀နှစ်လောက် ငယ်သည်ဟု ထင်ကြမည်ကို စိုးရိမ်သောကြောင့် ၁၀နှစ်လောက် ပိုကြီးသည်ဟု ထင်ရစေရန် မညှပ်ပဲ ထားကြောင်းကို ဟာသနှော၍ ပြောသွားပါတယ်။ အမှန်မှာ သူမက ၁၁လ ပိုကြီးကြောင်း မရွှေဇီးကွက်က ကြားမှ ၀င်ပြောပါတယ်။ နောက်ထပ်ပေါ်ပြူလာဖြစ်တဲ့ မေးခွန်းကတော့ ပိုက်ဆံအရမ်းတတ်နိုင်သူများမဟုတ်လို့ အများကြီးမလှူဒါန်းနိုင်ပေမယ့် လစဉ်ပုံမှန်လေး လှူဒါန်းချင်လို့ စင်္ကာပူကနေ လစဉ် ဘယ်လို လှူဒါန်းရမလဲဆိုတာပါ။ အဲဒီမေးခွန်းကိုတော့ မရွှေဇီးကွက်ကနေ ၂၀၀၈ ခုနှစ်ကတည်းက နာကူကို လစဉ်လှူဒါန်းနေတဲ့ ကိုအောင်သန်းနိုင်(Ph-90663934)တို့အဖွဲ့ ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ပြောပါတယ်။ ကိုအောင်သန်းနိုင်ဆိုတာ ကျွန်တော်တို့ လမ်းပြကြယ်ရဲ့ Volunteer တစ်ယောက်ဖြစ်ပြီး နာကူတင်မဟုတ်ပဲ ကိုအော်ပီကျယ်တို့ရဲ့ One more ကိုပါ လစဉ်ထောက်ပံ့နေတဲ့အဖွဲ့ကပါ။ အခု ရခိုင်အရေးမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ယောက်ပါ။ သူတို့ရဲ့ အဖွဲ့လေးကို တစ်ခုခု ကူညီပေးလိုစိတ် ပေါ်လာတာကြောင့် သံလွင်အိပ်မက်အနေနဲ့ website လုပ်ပေးမယ်ဆိုတဲ့ အကြောင်းလေး သွားပြောဖြစ်လိုက်ပါသေးတယ်။

ကိုဆောင်းဦးလှိုင်အလှည့်ကျတော့ သူ ဆေးတက္ကသိုလ်ပထမနှစ်မှာ ၈၈ အရေးအခင်းဖြစ်ပြီးတော့ ကျောင်းများ ၃နှစ်ခန့် ပိတ်သွား တဲ့အကြောင်းက စပြောပါတယ်။ အဲဒီနောက်မှာ သူလုပ်တတ်တာ ဂစ်တာတီးတာရယ် ဘောလုံးကန်တာရယ်ပဲ ရှိတဲ့အကြောင်း၊ ဘောလုံးကန်လို့ အဲဒီအချိန်က တစ်လကို ငွေးငါးရာ ရရင် ကံကောင်းတယ်ဆိုတဲ့အကြောင်း၊ အခုတော့ ဘောလုံးက တစ်လကို ၁၀သိန်း သိန်းနှစ်ဆယ် ၀င်ငွေရှိလို့ တခြား အားကစားသမားတွေဖြစ်တဲ့ ရေကူး၊ ပြေးခုန်ပစ်တို့တောင် ဘောလုံးပဲ ထကန်ရမလို ဖြစ်နေတဲ့အကြောင်း၊ နဲ့ နောက်ဆုံးမှာ အဆိုတော်ဖြစ်လာတဲ့အကြောင်းတွေကိုပြောပါတယ်။ နောက် ဒီမိုကရေစီရလာပြီဆိုတဲ့ ဒီဖက်စီးပွားရေးခေတ်ကြီးမှာ စီးပွားရေး တာထွက်ဖို့ တာစူနေကြတဲ့ လုပ်ငန်းရှင်များစွာ ရှိပေမယ့် တချို့က တာမထွက်ခင်ကတည်းက ပန်းတိုင်ကို ရောက်နေကြတယ်လို့လည်း ပြောသွားပါသေးတယ်။ အဲဒီလို ရောက်တက်ရာရာများကို မိနစ် ၃၀ခန့် ပြောပြီးသွားတော့ ကိုဥက္ကာဦးသာကို စင်ပေါ်သို့ ဖိတ်ခေါ်ပြီး သီဆိုဖျော်ဖြေမှု အစီအစဉ်များကို စပါတယ်။



သီဆိုဖျော်ဖြေတယ်ဆိုတာမှာလည်း သီချင်းတွေချည်းပဲ တောက်လျှောက်ဆိုတာမဟုတ်ပဲ သူ့သီချင်းများရဲ့ ရာဇ၀င်များကိုလည်း အနည်းငယ်ပြောပြပေးသွားပါသေးတယ်။ အဓိက သူပြောသွားတာတော့ ယခင်အချိန်က တခြားအကြောင်းများဆို ဆင်ဆာမကျပဲ အချစ်အကြောင်းများဆိုလျှင် ဘယ်လိုဖြစ်ဖြစ် ဆင်ဆာကျတဲ့အတွက် လှည့်ပြီး သီဆိုရကြောင်း ပြောပါတယ်။ အဲဒါကြောင့် သူ့သီချင်းတချို့ရဲ့ Chorus ပိုဒ် တော်တော်များများဟာ အဓိပ္ပါယ် အနှစ်သာရနဲ့ ပြည့်ဝနေပြီး အချစ်သီချင်းထက်ကို ယုံကြည်ချက်သီချင်း နိုင်ငံရေးသီချင်းတွေလို ဖြစ်နေတာ သတိထားမိခဲ့တယ်။ ဥပမာ “ယုံကြည်နေတာတွေ ဒီကမ္ဘာမှာ ပျိုကျတော့ ရင်ထဲထိချက်က ပြင်းလွန်း၊ မှန်မယ်ထင်တာတွေ တချိန်မှာ အကုန်မှားတော့” ဆိုတာမျိုးပေါ့။ ကဲ .... စာတွေ ချည်းပဲ ဖတ်ရတာ ပျင်းမှာစိုးလို့ ဖုန်းကင်မရာလေးနဲ့ ရိုက်ခဲ့တဲ့ ကိုဆောင်းဦးလှိုင်ရဲ့ ဖျော်ဖြေမှုလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။ အခကြေးငွေနဲ့ ပြသဖို့မဟုတ်ပဲ အမြည်းသဘောမျိုးသာ ပြန်လည်ဝေမျှခြင်းဖြစ်လို့ အနုပညာရှင်များနှင့် စီစဉ်သူ MAZ Entertainment မှ သူငယ်ချင်းများက နားလည်ကြလိမ့်မယ်ထင်ပါတယ်။

ပထမဆုံး တစ်ပုဒ်အနေနဲ့ ညီဝမ်းကွဲလေး မိန်းမ ခိုးသွားတဲ့ အကြောင်းကို ခံစားရင်း ရေးဖွဲ့ထားတဲ့ ဆိုတဲ့ ဟိုင်းဝေးလမ်းမကြီးဆိုတဲ့ သီချင်းကို အရင်ဖျော်ဖြေပါတယ်။



ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကို ငြိမ်းချမ်းစေချင်တဲ့အတွက် ဆိုတဲ့သီချင်းကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်ပါပဲ။



တချို့တချို့အတွက် လွယ်ပေမယ့်ငါဟာ ရုန်းကန်လာခဲ့ဖူးတယ်။



Chorus ပိုဒ်က အနှစ်သာရ ပြည့်ဝစွာ ယုံကြည်ချက်အကြောင်း၊ ကျွန်တော်တို့ အိပ်မက်တွေ ပျောက်ဆုံးကုန်တယ်ဆိုတဲ့အကြောင်းတွေ ရေးထားပါတယ်ဆိုတဲ့ သီချင်းလေး။



အန်တီစုအတွက် ရေးထားတဲ့ သီချင်းလေးပါ။


လူမှုရေးအတွက် လုပ်တဲ့ပွဲမို့ ပျင်းစရာကောင်းမယ်ထင်လို့ နာကူအကြောင်းက ဟိုမှာလည်း ပါ ဒီမှာလည်း ပါမို့ မကြည့်ချင်ကြလို့ စင်္ကာပူနိုင်ငံရဲ့ အချိန်လုစစ်ပွဲမှာ တိုက်ပွဲဝင်နေရလို့ မကြည့်ဖြစ်တဲ့ သူငယ်ချင်း မိတ်ဆွေများအတွက် ရည်ရွယ်ပြီးရေးသားလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လူမှုရေးပွဲပါ၊ နာကူအကြောင်းလည်း သိပြီးသားပါ၊ အချိန်လည်း မရှိလောက်ဘူးဆိုပြီး မသွားပဲ နေမလို့ စဉ်းစားထားရာကနေ တကယ်သွားဖြစ်တော့လည်း လူမှုရေးလုပ်ငန်းတွေအကြောင်း ကြားရလို့ ပရဟိတစိတ်တွေ တိုးပွားလာပြီး ကိုဆောင်းဦးလှိုင်နဲ့ ဥက္ကာဦးသာရဲ့ ဟော်လိုတစ်လုံး Piano တစ်ခုနဲ့ သီဆိုဖျော်ဖြေသွားတဲ့ တေးသံစဉ်များကြောင့် ကျွန်တော့်ရဲ့ အားလပ်ရက်တစ်ရက်ဟာ အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးသွားပြီး ဘ၀မှာ အမြဲ အမှတ်ရနေမယ့်ပွဲလေး တစ်ပွဲဖြစ်ခဲ့ရပါကြောင်း။

Sunday, July 15, 2012

Amazing မဖြစ်မိတဲ့ Amazing Spider Man

          စင်္ကာပူ Box Office မှာ နံပါတ် တစ် ရရှိထားတဲ့ Amazing Spider Man ကို သွားကြည့်ဖြစ်ခဲ့တယ်။ သူ့ဇာတ်လမ်းဇာတ်အိမ်က နဂို Spider Man ဇာတ်ကားတွေထက် နည်းနည်းသာသလိုထင်ရပါတယ်။ ဘာလို့ ဆိုတော့ သူ့ရဲ့ ငယ်ဘ၀အကြောင်းကို အနည်းငယ် ဖော်ပြခဲ့လို့ပါ။ ဇာတ်လမ်းကျောရိုးကတော့ ခပ်ဆင်ဆင်တူပါတယ်။ Marvel က ထုတ်တဲ့ Spider Man ကို မဖတ်ဖူးတော့ အတိအကျတော့ မသိဘူးပေါ့။ ဒါပေမယ့် ဘာလို့မှန်းမသိဘူး ဟိုအရင် Spider Man ဇာတ်လမ်းကိုပဲ စွဲစွဲမြဲမြဲ ကြိုက်နေမိတယ်။ အက်ရှင်အနေနဲ့တော့ ရုပ်ရှင်တစ်ခုလုံးရဲ့ 1/4 လောက်က ချနေတာပါပဲ။ အရင် Spider Man ကို အရမ်းကြိုက်ခဲ့လို့လားမသိပါဘူး။ Spider Man ခေါင်းစွပ်ချွတ်တာနဲ့ အရင် မင်းသားရဲ့ ရုပ်ကိုပဲ မြင်ယောင်နေမိတယ်။ ကြည့်ပြီးတဲ့သူ တော်တော်များများနဲ့ ကျွန်တော်မတူတဲ့အချက်က အဲဒါပဲ ဖြစ်မယ်ထင်ပါတယ်။ Box office No 1 ဆိုပေမယ့် ကျွန်တော့်အတွက်တော့ သာမန် ကြည့်ပျော်ရှုပျော် အက်ရှင်ဇာတ်လမ်းတစ်ခုထက်မပိုခဲ့ပါဘူး။

ဇာတ်လမ်း - ***
သရုပ်ဆောင်မှု - ***
Visuals - ****
Overall - ***