Thursday, August 16, 2007

စင်္ကာပူလာမယ့် မြန်မာHipHop

Hip Hop ကို ဟိုးအရင် Acidတို့ Theory တို့ စထွက်လာကတည်းက နားထောင်လာခဲ့တာပါ။ ဒါပေမယ့် ကြိုက်သလားဆိုတော့ အဲလောက်ကြီးလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် ကျွန်တော်က Rock မှ Rock, Rapမှ Rapလည်း မဖြစ်နေဘူး။ တကယ်တမ်းကြိုက်တာတော့ Heavy Metalနဲ့ Nu Metalကို အရမ်းကြိုက်တာပါ။ Hip Hopကို နောက်ပိုင်း စိုင်းစိုင်းခမ်းလှိုင်တို့၊ Lကောင်းမြတ်တို့ ကျတော့လည်း နားထောင်လိုက်ပြန်တာပါပဲ။ နောက်ဆုံး အခုနာမည်ကြီးနေတဲ့ J-Me, ရသတို့ ရဲလေးတို့အထိနားထောင် ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ စင်္ကာပူမှာ လာမယ့် 26 Augမှာ သူတို့တွေပါတဲ့ Hip Hop Show တစ်ခု ရှိပါတယ်။ သွားကြည့်ချင် ကြတယ်ဆိုရင်တော့ အောက်က လိပ်စာတွေမှာ ၁၀စောင်ဝယ်ရင် တစ်စောင် အလကားပါတဲ့။ သူငယ်ချင်းတွေက သွားဖို့ခေါ်ပေမယ့် ကျွန်တော်ကတော့ သွားကြည့်ဖို့ သိပ်မသေချာလှပါဘူး။ ဘာလို့လဲဆိုတော့ Hip Hopက ကျွန်တော့်ရင်ကို လှုပ်ခါနိုင်စွမ်းမရှိလို့ပါ။