Showing posts with label News. Show all posts
Showing posts with label News. Show all posts

Tuesday, November 11, 2014

ကျောက်ကပ်ကျန်းမာရေးအတွက် လိုက်နာသင့်သော အချက်အလက်များ

ခန္ဓာကိုယ်ထဲရှိ ကျောက်ကပ်တစ်စုံမှာ အဆိပ်အတောက် များကို စစ်ထုတ်ပေးသော ရေစစ်များအဖြစ် လုပ်ဆောင်ပေးသော်လည်း အဆိပ်အတောက်များစွာ ဖြစ်တည်လာပြီး ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို စွန့်ထုတ်ပစ်ရန် လုံလောက်သော ရေပမာဏမရှိပါက ကျောက်ကပ်များ ပြဿနာဖြစ်လာနိုင်သည်။

ကျောက်ကပ်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရေး ရေလုံလောက်စွာ သောက်သုံးရန်လိုအပ်သည်။ တစ်နေ့လျှင် ရေဖန်ခွက်ရှစ်ခွက်မှ ဆယ်ခွက်အထိ သောက်ပေးသင့်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ကျောက်ကပ်များမှာ အညစ်အကြေးများ ရှင်းလင်းပေးသော ၎င်းတို့၏ လုပ်ငန်းစဉ်ကို ရေမရှိဘဲနှင့် မလုပ်ဆောင်နိုင်ပေ။ သို့သော် လိုအပ်သော ပမာဏထက်ရေပိုသောက်ခြင်းကြောင့် ကျောက်ကပ်များအတွက် ပိုဖိအားဖြစ်စေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကျွန်တော်တို့၏ နေ့စဉ်လူနေမှု ဘ၀ပုံစံများတွင် ခန္ဓာကိုယ်အတွင်းပိုင်းအတွက် သန့်ရှင်းရေးလုပ်ငန်းစဉ် မပါဝင်ပေ။  လူအများစုမှာ အကြော် အလှော်များ၊ ပြန်လည်သန့်စင်ထားသော အစားအသောက်များ၊ သကြားနှင့် ကဖိန်း၊ နီကိုတင်းဓာတ်တို့ကိုပါ သုံးစွဲလေ့ရှိသောကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း ညစ်ညမ်းမှုဖြစ်ပေါ်သဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရန်လိုအပ်သည်။ တစ်ရက်မျှ အစာမစားဘဲနေကာ သစ်သီးဖျော်ရည်များသာ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းပေးသကဲ့သို့ဖြစ်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ကြောင်း ကျန်းမာရေးပညာရှင်များ က ပြောသည်။

ခန္ဓာကိုယ်စနစ်ကောင်းမွန်စေရန် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့် ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားပေးသင့်သည်။ ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းစေသော အစားအသောက်များ စားပေးခြင်းဖြင့် အပိုအက်စစ်များကို ဖယ်ရှားပေးနိုင်သည်။ ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သော အစားအသောက်များကို ရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းဓာတ်လွန်ကဲစွာ စား သောက်ပါက ကျောက်ကပ်များကို အလုပ်ရှုပ်စေပြီး ပိုနေသော ပရိုတင်းဓာတ်များက ကျောက်ကပ်များ၏ လုပ်ဆောင်ချက်ကို ပျက်ယွင်းသွားစေနိုင်သည်။ ထို့ကြောင့် အာဟာရဓာတ်မျှတစွာ ပါဝင်သည့် အစားအစာများကို မဖြစ်မနေစားပေးရမည် ဖြစ်သည်။
ကျွန်တော်တို့၏ သွေးများမှ စွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်များနှင့် အန္တရာယ်ရှိသော ပစ္စည်းများကို ကျောက်ကပ်များက စွန့်ပစ်ပေးသည်။ ကျွန်တော်တို့၏ သွေးထဲတွင်ပါဝင်သော အညစ်အကြေးများကို ကျောက်ကပ်က တစ်နေ့လျှင် ၄၈ ကြိမ်ခန့် စွန့်ပစ် ရန် လုပ်ဆောင်ပေးသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ သဘာဝ ဆန်၊ ဂျုံ၊ ပြောင်းများစားပေးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် များ၊ အစေ့များ၊ အခွံမာသီးများနှင့် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ တွင် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓာတ်က ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်သည်။

တစ်နေ့လျှင် ရေသုံးလီတာ (သို့မဟုတ်) လေးလီတာထက် ပိုမသောက်သင့်ပေ။ ရေကို ခန္ဓာကိုယ်က လိုအပ်သည့် ပမာဏထက် ပိုသောက်ပါက ကျောက်ကပ်များကို ဖိအားပိုစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။ ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးများကို ကျောက်ကပ်များက စစ်ထုတ်ပေးပြီး စွန့်ပစ်သင့်သည့် အရာများကို ဖယ်ရှားကာ မလိုလားအပ်သော ရေများကို မိနစ် ၃၀ ကြာတိုင်း ဆီးအဖြစ် စွန့်ပစ်ပေးသည်။

လူတစ်ယောက်တွင် ကျောက်ကပ် နှစ်လုံးပါရှိသော်လည်း လူအများစုမှာ ကျောက်ကပ်တစ်လုံးတည်းနှင့် အသက်ရှင်နိုင်သည်။ အကယ်၍ ကျောက်ကပ်ပျက်စီးနေပါက အစားထိုးကုသရန် လိုအပ်သည်။ သို့သော် အစားထိုးကုသခွင့်ရရန် စောင့်ဆိုင်းရင်း နှစ်စဉ်လူများစွာ သေဆုံးလျက်ရှိသည်။ ကျောက်ကပ်အန္တရာယ်ဖြစ်ရသောအကြောင်းရင်းများတွင် မိသားစု၌ ကျောက်ကပ်ရောဂါ ရာဇ၀င်ရှိခြင်း၊ ဆီးချို၊ သွေးတိုးရှိခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများရှိခြင်းတို့ကြောင့် ဖြစ်သည်။
ကျောက်ကပ်ရောဂါမှာ ရောဂါလက္ခဏာများ မပြသဖြင့်  ကြိုတင်စစ်ဆေးသိရှိနိုင်ခြင်း မရှိပေ။ ကျောက်ကပ်များ ပုံမှန်အလုပ်လုပ်၊ မလုပ်ဆိုသည်ကို သိနိုင်ရန် သွေး၊ ဆီးတို့ကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်သဖြင့် ကျောက်ကပ်ရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသူများအဖို့ ပုံမှန်စစ်ဆေးမှု ခံယူသင့်သည်။

Source : 7 Days Daily

Friday, June 15, 2012

အကောင်းဆုံး အီလက်ထရောနစ် အိတ်ဆောင် ပစ္စည်း ၁၀ခု

 Samsung Galaxy S II : Galaxy S II သည် Apple iPhone ၏ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်ကာ ဈေးကွက်ကို စဖြန့်သည့် အချိန်မှ ယခုထိ ဖုန်းအလုံးပေါင်း ၁၀ သန်းခန့် ရောင်းချပြီးဖြစ်သည်။ Galaxy S II ၏ အဓိကအားသာချက်များကတော့ dual-core 1.2 GHz အမြန်နှုန်း ရှိသော processor ၊ 1 GB ရှိသော RAM နှင့် အရောင်အသွေးစုံလင်၍ ပုံရိပ်ပြတ်သားမှု အထူးကောင်းမွန်သော Super AMOLED ဖန်သားပြင်တို့ ဖြစ်သည်။ ထိုမျှမက ဖုန်း၏ နောက်ကျောဖက်ရှိ 8 Megapixelကင်မရာ နှင့် Video chat ပြုလုပ်နိုင်သော အရှေ့ဖက်ရှိ 2 Megapixel ကင်မရာတို့မှလည်း 1080p ထုတ်လုပ်ပေးနိုင်သော HD ဗီဒီယိုများကို ရိုက်ကူးနိုင်ပါသည်။


     Apple iPhone 4S : Apple ၏ တည်ထောင်သူ Steve Jobs သက်တမ်းတွင် နောက်ဆုံးထုတ်လုပ်ခဲ့သော ဖုန်းဖြစ်ကာ ပိုမို မြန်ဆန်သည့် processor, ပိုမိုကောင်းမွန်သော အလင်းရောင် ထိတွေ့မှု ကင်မရာနှင့် မိမိ၏ ကိုယ်ပိုင်အသံဖြင့် ဖုန်းခေါ်နိုင်၊ sms ပို့နိုင်သည့် Siri Application တို့ဟာ iPhone 4S ၏ အဓိက အားသာချက်များ ဖြစ်၏။



Samsung Galaxy Tab 750 : ဈေးကွက်ထဲတွင် Samsung Galaxy Tab 10.1 ဟုလည်း လူသိများသော Tab 750 ကို Apple က သူ၏ iPad ထုတ်လုပ်မှုအား အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရာတစ်ခုအဖြစ် မြင်လေသည်။ ၁၀.၁ လက်မခန့်ရှိသော Galaxy Tab သည် အောက်တိုဘာလအတွင်းက ထုတ်လုပ်ခဲ့သည့် ၇လက်မအရွယ် Galaxy Tab ထက် ပိုမိုကောင်းမွန်ရန် ထုတ်လုပ်ခဲ့သော ကိရိယာတစ်ခုလည်းဖြစ်သည်။ ထို Galaxy Tab 10.1 ဟာ Google ၏ နောက်ဆုံးထုတ်လုပ်လိုက်သော Android ကို အသုံးပြုထား၍ Tegra 2 ဟု ခေါ်သော Nvidia ၏ dual core processor ကို အသုံးပြုထားလေသည်။ Galaxy Tab 10.1သည် iPad 2 ထက် ပိုမိုကြီးမားကာ အလင်းထုတ်လုပ်မှုကောင်းသော ဖန်သားပြင်ရှိ၍ iPad 2 ထက် ပိုပေါ့ပါးသော အလေးချိန်ရှိ၏။ သို့သော် Application ပေါင်း ၄၂၅ ၀၀၀ ကျော်ရှိသော Apple ၏ App Store နှင့် နှိုင်းယှဉ်ပါက Application ပေါင်း ၂၀၀ ၀၀၀ ခန့်သာ ရှိသဖြင့် ထက်ဝက်မျှ အားနည်းနေသည်ကို တွေ့ရမည် ဖြစ်၏။




Apple iPad 2 : iPad 2 မှာ  Samsung နှင့် အခြား Android အသုံးပြုသော Tablet များ၏ ယှဉ်ပြိုင်မှုကို တောင့်ခံ၍ Tablet ဈေးကွက်ကို ယခုအချိန်ထိ လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ iPad 2 ဟာ iPad 1 ထက် ၃၃ရာခိုင်းနှုန်း ပိုပါး၍ ၁၅ရာခိုင်နှုန်းပိုပေါ့ကာ ဖန်သားပြင်မှာတော့ ယခင်ကဲ့သို့ ၉.၇ လက်မရှိလေသည်။ ပိုမိုမြန်ဆန်သော Dual-core A5 processor ကို အသုံးပြုထားသောကြောင့် CPU ၏ လုပ်နိုင်စွမ်းကို ၂ဆပိုမို အားကောင်းစေ၍ Graphics တင်ဆက်ပြသချက်များကို ယခင်ထက် ၉ဆ ပိုကောင်းစေကာ ယခင်ကဲ့သို့ပင် ၁၀နာရီခန့် ကြာရှည်ခံနိုင်သော ဘတ္ထရီကို ဆက်လက်အသုံးပြုထားဆဲဖြစ်သည်။




Samsung Galaxy Nexus : Google ၏ software နှင့် Samsung ၏ hardware တို့ကို ပေါင်းစပ်လိုက်သော အခါ Apple ၏ နောက်ဆုံးပေါ် iPhone ကို ယှဉ်ပြိုင်ရန် အကောင်းဆုံး လက်ကိုင်ဖုန်းအဖြစ် Galaxy Nexus ကို ထုတ်လုပ်ထားသည်။  Google ၏ နောက်ဆုံး Version Ice Cream Sandwich (သို့မဟုတ်) Android 4.0 ကို သူ၏ OS အနေဖြင့် အသုံးပြုထားသည်။  သူ့ရဲ့ ဖန်သားပြင်ဟာ ၄.၆၅လက်မရှိပြီး Android beam ဆိုတဲ့ App ဖြင့် Nexus ဖုန်းနှစ်လုံးကို ကျောချင်းဆိုင်ထားကာ website၊ ဓါတ်ပုံနှင့် ဗီဒီယိုများကို ဖလှယ်နိုင်ကြ၏။



      Kindle Fire : Apple နှင့် Samsung တို့၏ tablet စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ထုတ်လုပ်လိုက်သော Kindle Fire ဟာ Amazon ၏ tablet တစ်ခုဖြစ်၍ သူ၏ နာမည်ကြီး Kindle (ebook reader) ဟာ တစ်ပတ်လျှင် စက်အလုံးရေ ၁သန်း ခန့် ရောင်းချနေရသည်။ Amazon ဟာ iPad ၏ အားနည်းချက်များကို အခြေခံပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ ၇လက်မရှိသော ဖန်သားပြင်၊ ချိုသာသော ဈေးနှုန်း၊ cloud ပေါ်တွင် ကန့်သတ်ချက်မဲ့ သိမ်းစည်းနှိုင်မှု၊ ရပ်နားမှုမရှိသော Streaming များအပါအ၀င် Amazon ၏ များပြားလှစွာသော ဗဟုသုတအရင်းအမြစ်များကို လက်ဖျားထိပ်လေးပေါ်တွင် ရရှိနိုင်မည်ဖြစ်၏။



Aakash tablet : Android 2.3 ကို အသုံးပြုထားသော Aakash သည် ကမ္ဘာ့ဈေးအပေါဆုံး tablet အဖြစ် နာမည်ကျော်ကာ သူ့တွင် Cortex A8-700 MHz processor၊ HD video processor၊ 256 MB RAM နှင့် 2 GB ခန့် ရှိသော သိမ်းဆည်းနိုင်မှုများ ပါဝင်သည်။ အခြား စွမ်းဆောင်ရည်များအနေဖြင့် USB port, 3.5mm audio jack, ၈၀၀x၄၈၀ pixel resolution ရှိသော ၇လက်မ ဖန်သားပြင်၊ ခံနိုင်ရည်ကောင်းသော touchscreen၊ GPRS နှင့် WiFi တို့ ပါဝင်၏။




Samsung Galaxy Note : ဖုန်းလား၊ tablet လား။ Galaxy အုပ်စုဖြစ်သော smartphones နှင့် tablets အတွင်းသို့ နောက်ဆုံး ၀င်ရောက်လာခဲ့သော အရာမှာ Galaxy note ပင်ဖြစ်သည်။ သာမာန်အားဖြင့် smartphone တစ်ခုအဖြစ် အသုံးပြုရမှာ ဖြစ်ကာ 5.3 လက်မခန့် ရှိသော Super AMOLED ဖန်သားပြင်ကို တွေ့ရမည်။ သူဟာ Dell ၏ Streak 5 အားနည်းချက်များ အပေါ် အခြေခံကာ အောင်မြင်မှုများ ရရှိခဲ့သည့် Smartphone ဖြစ်သည်။ အဓိက အားဖြင့် 1.4 GHz dual-core processor၊ 1GB RAM ၊ 16GB or 32GB ရှိသော သိမ်းဆည်းနိုင်မှုတို့ ပါဝင်သည်။ ထို့အပြင် stylus pen တစ်ခု ပါဝင်ကာ အသုံးပြုသူများအတွက် ပိုမိုတိကျသော လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည် ဖြစ်သည်။




Macbook Air 13’’ : နောက်ဆုံးပေါ် MacBook Air သည် ငှက်တောင်မွှေးတစ်ချောင်းကဲ့သို့ မပေါ့သော်လည်း အဲသည်လောက် နီးနီးပေါ့ပါးသည်။ Apple ၏ MacBook Airသည် အိတ်ဆောင် ကွန်ပျူတာများ၏ အလေးချိန်လျော့ချရေး ဦးတည်ချက်များ အစဟု ဆိုလျှင် Macbook Air 13’’ သည် အဲဒါ၏ နောက်ထပ်တစ်ဆင့်ဟု ဆိုရမည်ဖြစ်သည်။ ထိုအိတ်ဆောင် ကွန်ပျူတာငယ်တွင် Intel ၏ နောက်ဆုံးပေါ် CPU ကို အသုံးပြုထားကာ MacBook Air 11’’ ထက် ပိုမိုသော လုပ်ဆောင်ချက်များအတွက် သုံးနိုင်မည်ဖြစ်၏။


Nokia Lumia 800 : Nokia Lumia 800သည် Microsoft ၏ Windows mobile OS ကို ပထမဆုံးအသုံးပြုသော Nokia ဖုန်းဖြစ်သည်။ ထို့အပြင် Lumia အမည်ဖြင့် စတင်ထုတ်လုပ်သော ပထမဆုံး Nokia ဖုန်းလည်း ဖြစ်၏။ အရောင်အသွေး စုံလင်လှသော ဒီဇိုင်းများကို ရွေးချယ်နိုင်မည်ဖြစ်ကာ 1.4GHz processor, အလိုအလျှောက် Foucs လုပ်ပေးနိုင်သော 8MPရှိ ကင်မရာ၊ LED flash, နှင့် 720p ရှိသော ဗီဒီယို ရိုက်ယူနိုင်မှုတို့ ပါဝင်သည်။


ဇင်ကိုလတ်
၂၀၁၁ အတွင်း အကောင်းဆုံး အိတ်ဆောင်ပစ္စည်းတွေဆိုပေမယ့် ၂၀၁၂အတွက်လည်း အကောင်းဆုံးတွေထဲမှာ ပါမယ်ထင်ပါတယ်။ ရေးထားတာတော့  ကြာပါပြီ အခုမှ ဖိုင်အဟောင်းတွေ ပြန်တွေ့လို့ တင်လိုက်တယ်။း)

ကိုးကား ။     ။ Yahoo News - http://sg.news.yahoo.com/photos/ten-best-gadgets-of-the-year-2011-1325003755-slideshow/

Wednesday, April 11, 2012

တခိုင်လုံးရွှေတဲ့ မိုးနတ်သူဇာတို့ပွဲ


အခုခတ်မှာ အကျော်ကြားဆုံး မြန်မာ့အငြိမ့်အဖွဲ့နှစ်ခုကို ပြောပါလို့ ကျွန်တော့်ကို မေးလာရင် သီးလေးသီးနဲ့ နှင်းဆီရင်ခွင်အငြိမ့် လို့ ဖြေရမှာပြီး ဟိုးအရင် ၁၉၉၀ ၀န်းကျင်လောက်က အကျော်ကြားဆုံး အငြိမ့်အဖွဲ့များကို ပြောပါဆိုရင် တခိုင်လုံးရွှေနဲ့ မိုးနတ်သူဇာတို့ပါပဲ။

တခိုင်လုံးရွှေ

              တခိုင်လုံးရွှေဆိုတာနဲ့ တခိုင်လုံးရွှေ အေးအေးမြင့်နဲ့ လူရွှင်တော်များဖြစ်ကြတဲ့ လေးမောင်၊ စွပ်ပရား၊ မေတ္တာ၊ ညောင်ညောင်၊ ကွမ်းသီးတို့ကို အရင်ဆုံးပြေးမြင်မိပါတယ်။ အဲဒီအထဲကမှ ကျွန်တော်ထူးထူးခြားခြား ကြိုက်တဲ့ လူရွှင်တော်ကတော့ ကိုမေတ္တာပါ။ သူ့ကို အရမ်းကြိုက်သွားတာ နှစ်နေရာမှာပါ။ ပထမနေရာကတော့ ၀ဇီရာ ပြဇာတ်မှာပါ။ အဲဒီပြဇာတ်တွေ စပြီးကတဲ့အချိန်က ရုပ်မြင်သံကြားမှာ ကြော်ငြာတွေ စပြီးပါလာတဲ့အချိန်ပါ။ အဲဒီကြော်ငြာတွေကို ပေါင်းပြီး ကိုမေတ္တာ ဆိုသွားတဲ့ ကြော်ငြာသီချင်းလေးကို အခုအချိန်အထိ အလွတ်ရနေတုန်းပါ။ ဘာတဲ့  . . .  “မြွေနှစ်ကောင်ပိုလိုဆေးဟာ တကယ်အရေးပါ၊ မျိုးနို့ဆီနဲ့ ဒီဇင်ဘာ ရွှေဘိုမင်းသမီးပါ၊ ရွှေဝါးရွှေပန်းသီးဆပ်ပြာ၊ တကယ်လှပါတဲ့ ဂိုးရှိုးနော်၊ မိုနာလီဇာ၊ ဆင်တုံးမနွယ် ဦးမျှားနဲ့ သမ္မတ ထောပတ် . . . . ”း) ပြီးတော့ အဲဒီသီချင်းအပါအ၀င် သူတစ်ယောက်တည်း ဟာသခွေတစ်ခွေထွက်ပါသေးတယ်။ အမဲရိုးက ဟင်းအိုးမှ အားမနာတို့ ဘာတို့ ပါတဲ့အခွေပါ။ အခုအချိန်မှာ ပြန်နားထောင်ခွင့်ရရင်နားထောင်ချင်ပါသေးတယ်။ ပြီးတော့ မေတ္တာကို အရမ်းကြိုက်သွားတဲ့ဇာတ်ကားကတော့ မော်တာ ပန်ကာပါ၊ မေတ္တာနဲ့ ကွမ်းသီးတို့တကယ့်ကို အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပါပဲ။ နောက်ပိုင်းမှာ ဆိုကြမယ်ပျော်ကြမယ်မှာ MC လုပ်ရင်း “ဆယ်တန်းအောင်ပြီဆိုတော့ ပညာရေးဆုံးခန်းတိုင်ပြီပေါ့”ဆိုတဲ့ စကားနဲ့ အနုပညာကပြဖျော်ဖြေခွင့် ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ကပြဖျော်ဖြေခွင့်တွေလည်း ပြန်ရပါပြီ။ လွန်ခဲ့တဲ့ ၂ပတ်လောက်က ရန်ကုန်ပြန်တော့ မထင်မှတ်ပဲ ကျောက်ကုန်းဖက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သွားဆုံပါတယ်။ ကိုမေတ္တာက ၀မ်းသာအားရပါပဲ “စင်္ကာပူပွဲအတွက် သံချပ်ရော၊ အငြိမ့်ပြတ်လုံးတွေပါ Ready ပဲ” တဲ့။ စင်္ကာပူအတွက်ဆိုတော့ ခပ်ကြမ်းကြမ်းလေး ရေးထားတယ်ဆိုပဲ။

မိုးနတ်သူဇာ

               မိုးနတ်သူဇာကတော့ သီတာဝင်းနဲ့ ဇာဂနာတို့ အုပ်စုအတွဲပါ။ အဲဒီအချိန်တုန်းက ဇာဂနာ၊ အရိုင်း၊ ပိန်ပိန်၊ စုတ်ချွန်း၊ တက်တူ၊ ချွန်စက်တို့နဲ့ပါ။ နောက်ပိုင်းတော့ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးဖြူတို့ ပါလာတယ်ထင်ပါတယ်။ ကိုဇာဂနာဆိုတာကတော့ တကယ့်ကို ရဲရဲတောက် ပျက်လုံးတွေနဲ့ နာမည်ကြီးတဲ့ လူရွှင်တော်တစ်ယောက်ပါ။ သူကိုယ်တိုင်လည်း အဲဒီလိုပျက်လုံးတွေကြောင့် ထောင်နန်းကို အကြိမ်ကြိမ်စံခဲ့ရပြီးပါပြီ။ အဲဒီထောင်နန်းစံနေတဲ့ကြားက သူပျက်တယ်ဆိုပြီး နာမည်ကြီးတဲ့ ပျက်လုံးတွေကို အခုထိ မှတ်မိနေပါသေးတယ်။ “ချိုကုတ်ပြူးကြီး ကျောပြောင်နဲ့ ချိုကုန်ပြူးကြီး ဖင်တွန့်” တို့၊ သတင်းစာဖတ်ရင်း ခွက်ပေါ်လာတော့ “ဒီသောက်ခွက်ကလည်း ပေါ်ပေါ်လာပြန်ပြီ”တို့၊ စစ်ကြောရေးမှာ ဘယ်လောက်ထိနှိပ်စက်လဲဆိုတဲ့ အမေးကို ပြန်ဖြေတော့ “ဟီး ဟီး ဘာမှမလုပ်ပါဘူး”ဆို ရယ်ပြတော့ သွားတွေ တစ်ချောင်းမှ မရှိတော့ဘူးတို့။ သူတကယ်ပျက်မပျက် မသိရပေမယ့် တကယ်ထိတဲ့ ပျက်လုံးတွေဆို သူ့ဆီကထွက်တယ်ပဲ လူတွေက ထင်ရလောက်အောင် ထိထိမိမိ ပျက်တတ်တဲ့ ကိုဇာဂနာပါ။ သူထောင်က ထွက်လာပြီး ရုပ်ရှင်ရိုက်ခွင့်ရတော့ (၁၉၉၅ လောက်ကထင်ပါတယ်) ပြန်ရိုက်တဲ့ အခွေတစ်ခွေလည်း ရှိပါသေးတယ်။  “သူမသာ ကိုယ်အသုဘ”တို့ “သဘောပေါက်ပါတယ်နော်... သဘောပေါက်ပါတယ်” “အားလည်းနာတယ် ခင်လည်းခင်တယ်” “မှန်တိုင်းလည်းမကောင်းဘူး” စတဲ့ ဇာတ်လမ်းတိုလေးတွေ ပေါင်းထားတဲ့ ဗီဒီယိုအခွေလေးပါ။ အရမ်းကောင်းပါတယ်။ ပြန်ကြည့်ခွင့်ကြုံရင် ကြည့်ချင်ပါသေးတယ်။

အဲဒီကိုမေတ္တာနဲ့ ကိုဇာဂနာတို့ရဲ့ အရင်တုန်းက ဟာတွေကို ပြန်ကြည့်ရဖို့ မဖြစ်နိုင်တော့ပေမယ့် သူတို့ရဲ့ နောက်ဆုံးပေါ် ဟာသနဲ့ သံချပ်တွေကို စင်္ကာပူမှာ ကြည့်နိုင်တော့မှာပါ။ အဲဒီတခိုင်လုံးရွှေက ကိုမေတ္တာနဲ့ မိုးနတ်သူဇာက ကိုဇာဂနာတို့ အဖွဲ့တွေ ပထမဆုံးအကြိမ် နိုင်ငံခြားဖျော်ဖြေမှုအဖြစ် ၂၉ ဧပြီမှာကပြမှာ ပါ။ စင်္ကာပူမှာ နှစ်လတစ်ခါလောက်ပွဲတွေ ရှိနေတာ ပွဲတိုင်း ကြည့်ရရင်လည်း ပွဲဖိုးနဲ့ မွဲမှာပါပဲ။ ဒါပေမယ့် ဒီ တစ်ပွဲကိုတော့ သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ စင်္ကာပူမှာ လုပ်တဲ့ စာပေဟောပြောပွဲတွေကလွဲလို့ တခြား စတိတ်ရှိုး၊ အငြိမ့်၊ ပဒေသာ ကဇာတ် နောက်ဆုံး ကုန်ကုန်ပြောရရင် ကျွန်တော်တို့ TP သင်္ကြန်ပွဲတွေကိုတောင် တစ်ခါမှ အခုလို မကြော်ငြာဖူးပါဘူး။ အခုဘာလို့ ရေးရလဲဆိုတော့ သူတို့ရဲ့ ပြည်သူလူထုအပေါ်ထားတဲ့ သူတို့ရဲ့ စေတနာတွေကို ဂုဏ်ပြုချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း သွားကြည့်မှာပါ။ တစ်နှစ်ပတ်လုံးစာ မောပန်းစွာ အလုပ်လုပ်ရတဲ့ စင်္ကာပူ working life style ကနေ ခဏဖြစ်ဖြစ် ရုန်းထွက်ပြီး လွတ်လွတ်လပ်လပ် အားရပါးရ ရယ်မောချင်တဲ့အတွက်။ ဇာတ်သမား၊ အငြိမ့်သမား ပြန်ရင် မှတ်သားစရာ တစ်ခုခု ကျန်တယ်ဆိုတဲ့ စကားအတိုင်း လက်ရုံးတော်ကြီးတွေဆီကနေ မှတ်သားစရာ တစ်ခုခု ကျန်မယ်လို့ ထင်တဲ့အတွက်။ ပြီးတော့ ပြည်သူလူထုအတွက် ပေးဆပ်ခဲ့ရတဲ့ သူတို့ရဲ့ အနုပညာဘ၀တွေကို ဂုဏ်ပြုချင်တဲ့အတွက်။ ကျွန်တော် ဒီပွဲကို သွားကြည့်ပါမယ်။ အားလုံးကိုလည်း လိုက်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လက်မှတ်တွေကိုတော့ ပန်နီဇူးလားပလာဇာက ရနံ့သစ် (B1-17)၊ သစ္စာကြယ်စင်-05-37(A) ဒါမှမဟုတ် ၈၁၆၁၂၂၄၄၊ ၉၈၀၀၄၁၁၈၊ ၉၁၈၆၉၁၄၀၊ ၉၁၀၁၆၄၆၄ တို့ကနေ ၀ယ်ယူရရှိနိုင်ပါတယ်။ ကျွန်တော့်ကိုလည်း ပြောလို့ရပါတယ်။ ကြုံတောင့်ကြုံခဲ ပွဲတစ်ပွဲရဲ့ လက်မှတ်တွေကို အခုအချိန်မှာ ၀ယ်လို့ ရသေးတယ်လို့ သိရပါတယ်။ ၀ယ်စရာရှိတာ မြန်မြန်ဝယ်ထားကြဖို့ တိုက်တွန်းရင်း . . . ။

စည်သူ(သံလွင်)

စင်္ကာပူပွဲအတွက်

ကိုဇာဂနာရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2kAonsLInPw&feature=relmfu

ကိုမေတ္တာရဲ့ လက်ဆောင်စကား -  http://www.youtube.com/watch?v=fEsfVSIpdO8

ကိုအရိုင်းရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=DGQspotZ_fE&feature=relmfu

ကိုငှက်ပြောကြော်ရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2b0wlsMCbEM&feature=relmfu

Monday, November 16, 2009

သံလွင်အိပ်မက်၊ ခွင့်နဲ့ လမ်းပြကြယ်



သံလွင်အိပ်မက် အတွဲ ၃၊ အမှတ် ၄ကို အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါပြီ။ ၀တ္ထုနဲ့ ဆောင်းပါးက အားကောင်းပြီး အက်ဆေးကတော့ အားနည်းနေဆဲပါ။ ဘာရယ် မဟုတ်ဘူး အလုပ်ကနေ ခွင့်ယူထားတာ ၇ရက်နေ့ကတည်းက စပြီး ၁၇ရက်နေ့ ထိ၊ ပြီးရင် ၁၈ နိုဝင်ဘာနဲ့ ၂၁ နိုဝင်ဘာနှစ်ရက်ပဲ အလုပ်လုပ်ပြီး ၂၉ရက်အထိ နားပါဦးမယ်။ မန်နေဂျာက ခွင့်တွေကို နောက်နှစ်ထဲ ၇ရက်ပဲ ပေးသယ်မယ် မင်းဆီမှာ ခွင့်အားလုံးပေါင်း ၁၆ရက်ကျန်သေးတယ်ဆိုတာနဲ့ ခွင့် ၉ရက်တိတိကို ဒီနိုဝင်ဘာလထဲမှာ ရှင်းနေတာပါ။ ဒီဇင်ဘာလထဲမှာလည်း အလုပ်ထဲက သုံးယောက်တိတိက ရန်ကုန်ပြန်ကြမယ်ဆိုတော့ မတတ်နိုင်။ ဒီလထဲမှာပဲ အကုန်ရှင်းရမယ်။ ဒါနဲ့ပဲ ရေကန်အသင့်၊ ကြာအသင့်ဆိုသလို ခွင့်တော်တော်များများကို သံလွင်အိပ်မက်အတွက် ပေးလိုက်ပါပြီ။ နောက်ပိုင်းကျန်တဲ့ ခွင့်တွေ အတွက်တော့ လမ်းပြကြယ်အတွက် website လေး တစ်ခုလုပ်မလား စဉ်းစားမိပါတယ်။ ဘာရယ်မဟုတ်ဘူး လမ်းပြကြယ် တည်ထောင်တာလည်း နှစ်နှစ်ကျော်ပြီ။ အတည်တကျ website လေး တစ်ခုတော့ ရှိသင့်တယ် ထင်လို့ပါ။ အကောင်းစားကြီးမဟုတ်ပေမယ့် လူတွေကို လိုအပ်တဲ့ Information တွေ ပေးနိုင်မယ့် နေရာလေး တစ်ခုတော့ ဖြစ်အောင် ကြိုးစားသွားမှာပါ။

Sunday, October 25, 2009

လောကကြီးနဲ့ လွဲခဲ့သူတစ်ယောက်

ကျွန်တော်စာအုပ်တွေ ဖတ်ပြီး မျက်ရည်ကျဖူးတာ မရှိသလောက်ရှားပါတယ်။ အဲဒီမရှိသလောက်ရှားတဲ့စာအုပ်တွေထဲကမှ တစ်အုပ်ကို ပြောပါဆိုရင် နီကိုရဲရဲ့ ကြည်ပြာရောင် နဂ္ဂတစ်များဆိုတဲ့ ၀တ္ထုစာအုပ်လေးပဲဖြစ်ပါလိမ့်မယ်။

ဟ . . . မကြည်ပြာဆိုတဲ့ စာအုပ်က ဟာသ ၀တ္ထုမဟုတ်ဘူးလား။ ဟာသ၀တ္ထုဖတ်ပြီး ရယ်ရလွန်းလို့ ရယ်တာလားလို့ မေးနိုင်ပါတယ်။ မဟုတ်ပါဘူး ကျွန်တော် ဖတ်ပြီး ၀မ်းနည်းလွန်းလို့ပါ . . . ၀တ္ထုထဲက ကိုရဲဝင်းကို သနားသလို ကိုယ့်ကိုယ်ကိုလည်း သနားလို့ပါ။ အဲဒီဝတ္ထုရဲ့ စကားလုံးတွေကို အကုန်လုံးမမှတ်မိတော့ပေမယ့် အကြောင်းအရာကတော့ ကိုရဲဝင်းကို မကြည်ပြာက မချစ်တော့ပဲ နောက်တစ်ယောက်ကို စိတ်ယိမ်းနေတဲ့အတွက် ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုလာပါတယ်။ လဖက်ရည်ဆိုင် နှစ်ဆိုင်မှာ ကိုရဲဝင်းနဲ့ သူ့ရဲ့ ပြိုင်ဖက်က တစ်ဆိုင်ဆီမှာ ထိုင်နေကြပါမယ်။ အဲဒါကို မကြည်ပြာက ရွေးလိုက်တဲ့သူရှိတဲ့ ဆိုင်ကို သွားပါလိမ့်မယ်။ အဲဒီလို မကြည်ပြာမဆုံးဖြတ်ခင် ညမှ ကိုရဲဝင်းရင်ထဲက ခံစားချက်တွေကို ဖတ်ပြီး မျက်ရည်ကျရတာပါ။

ကိုရဲဝင်း ရင်ထဲမှာ ဘာတွေရှိလဲဆိုတာ အတိအကျမမှတ်မိပေမယ့် အကြမ်းဖျဉ်းကတော့ “မကြည်ပြာရေ . . . မင်းဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ငါကတော့ လက်ခံရမှာပါ။ ဘာပဲ ဖြစ်ဖြစ် ငါ မကြောက်ပါဘူး။ ငါ့ဖက်မှာ ငါ့ကိုချစ်တဲ့သူငယ်ချင်းတွေရှိတယ်။ ဂျပ်ဆင်အိုနဲ့ သစ်ပုပ်ပင်ကြီးရှိတယ်။ ဟောသည် တက္ကသိုလ်ကျောင်းဝင်းကြီးရှိတယ်။ ငါ့ရင်ထဲက အချစ်တွေကို သူတို့အားလုံးခံစားသိရှိကြပါတယ်” ဆိုပြီး တိုင်တည်ပြောတဲ့ စကားလုံးတွေကို ကျွန်တော် အရမ်းခံစားသွားရပါတယ်။ မကြည်ပြာနဲ့ ကိုရဲဝင်းရဲ့ ဇာတ်လမ်းကြောင့်ဆိုတာထက် . . . ကျွန်တော်လည်း ကျွန်တော့်ခံစားချက်နဲ့ပါ။ အဲဒီအချိန်တုန်းက ကျွန်တော်က စင်္ကာပူထွက်ဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်။ စိတ်ထဲမှာ တွေးမိတာက ကိုရဲဝင်းပြောတဲ့ ဂျပ်ဆင်အိုကြီးနဲ့ ငါမနီးစပ်ခဲ့ဖူးသလို ထာဝရဝေးကွာရတော့မယ်၊ သစ်ပုပ်ပင်အိုကြီးကို မတွေ့ဖူးခင် ခွဲခွာရတော့မယ်။ ငါတို့မြန်မာလူငယ်လေးတွေအားလုံးကို လက်ပြနှုတ်ဆက်နေမယ့် တက္ကသိုလ်ကျောင်းဝင်းကြီးနဲ့ မဆုံဆည်းနိုင်တော့ဘူး။ စသည်ဖြင့် တွေးမိပြီး မျက်ရည်များ ပေါက်ပေါက်ကျခဲ့ရဖူးပါတယ်။

အခုတော့ အဲဒီတက္ကသိုလ်ဝင်းကြီးဟာ အသက်မဲ့နေပြီဖြစ်သလို ကိုရဲဝင်းတဖြစ်လဲ စာရေးဆရာနီကိုရဲတစ်ယောက်ဟာလည်း အောက်တိုဘာ ၂၃ရက် ၂၀၀၉ ညသန်းခေါင်ယံအချိန်မှာ အသက်မဲ့သွားခဲ့ပါပြီ။ ဆရာနီကိုရဲရဲ့ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ ရိုက်ကွင်းပေါ်မှ အလွဲများ ၁၊ ၂ တို့ဟာလည်း အလွန်ကောင်းတဲ့ စာအုပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ အနုပညာရှင် တစ်ယောက် သေဆုံးသွားတိုင်း ဒါဟာ အိပ်မက်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် ဘယ်တော့မှ မပြည့်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လူသာသေပေမယ့် နာမည်မသေမယ့် နောက်ထပ်အနုပညာသည်တစ်ဦးအဖြစ် ကျွန်တော့်ရဲ့ရင်ထဲမှာ အမြဲရှိနေမှာပါ။

“ဤသို့ချစ်ရပါသော မကြည်ပြာရယ်” လို့ တခါလောက်တော့ ထပ်ပြောပါဦးတော့လား ကိုရဲဝင်းရယ် . . ။

Sunday, July 26, 2009

၅နှစ်သား သံလွင်အိပ်မက်



သံလွင်အိပ်မက် ၅ နှစ်ပြည့်အထူးထုတ် ထွက်ရှိပါပြီ။ ဖတ်ရှုလိုသူများ ဒီနေရာမှာ နှိပ်၍ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Wednesday, July 22, 2009

Riceball Photography Bookstore

Riceball Photography Bookstore @ Orchard Central

Opening Sales

#B1-16 Orchard Central (opp Center Point)
181 Orchard Road, Singapore 238896
Tel: 68848505
Open daily 12 -7pm

20% off* on Books & DVDs
Sales Period: now - 31 July 2009
(Payment by Cash, VISA, Master Only. No Nets)


*Promotion is only valid at Riceball Orchard Central Branch. Please mention this email to enjoy the offer.

Riceball Funan will continue to open as usual

Sunday, July 5, 2009

TP Myanmar သင်္ကြန် ၀၉ DVD

1.jpg

၂၀၀၉ခုနှစ် မတ်လ ၁၄ရက်နေ့တုန်းက Temasek Poly မှာ ကျင်းပသွားတဲ့ TPmyanmar ရဲ့ သင်္ကြန် DVD အခွေထွက်နေပါပြီ။ ၀ယ်ယူအားပေးလိုသူများအနေဖြင့် ပန်နီဇူလား ပလာဇာ ငါးထပ်ရှိ သုံးရောင်ခြယ်ဆိုင်တွင် ၀ယ်ယူအားပေးနိုင်ကြပါသည်။ DVD နှစ်ချပ်ပါ အခွေတစ်ခွေကို စင်္ကာပူ ၁၅ဒေါ်လာပါ။ အောက်က ဓါတ်ပုံလေးကတော့ Fully dress rehearsal အပြီးမှာ အားလုံးစုပြီး ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ ဓါတ်ပုံထဲမှာ ပါချင်တဲ့အတွက် ကင်မရာကို Auto Mode မှာ ထားပြီး ၁၀ စက္ကန့်အတွင်း အသည်းအသန်ပြေးလိုက်ရတာ လူလည်း ဖက်ဖက်ကို မောသွားခဲ့တယ်။

groups.jpg

Monday, January 26, 2009

သံလွင်အိပ်မက် သုံးဒဿမတစ်

သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၁ကို ယနေ့ ၂၆ရက် ဇန်န၀ါရီလ ၂၀၀၉ခုနှစ်မှာ ထုတ်ဝေလိုက်ပါပြီ။ ဒီတစ်ခေါက်သံလွင်အိပ်မက်က ပညာရေးကို အသားပေးထားတာဖြစ်ပြီး ထုံးစံအတိုင်း အခြား ဖတ်စရာတွေကို စုံစုံလင်လင်နဲ့ တင်ဆက်ထားပါတယ်။



ဒီတစ်ခေါက် ကျွန်တော့်ရဲ့ ၀တ္ထုတို တစ်ပုဒ်နဲ့ အက်ဆေးတစ်ပုဒ်ပါတယ်။ ၀တ္ထုတိုက စင်္ကာပူနိုင်ငံပျက်သုန်းခြင်း အကြောင်းကို တွေးကြည့်ပြီး ရေးထားတာပါ။ တကယ်တော့ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ အက်ဆေးကတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အကြောင်းကို ရေးမိပါတယ်။ ရေးတဲ့လူလည်း ပေါ့ပေါ့ပါးပါး၊ ဖတ်တဲ့သူလည်း ပေါ့ပေါ့ပါးပါးပေါ့။ ဒီတစ်ခေါက်မှာ အကြိုက်ဆုံးကတော့ ဆရာ၊ ဆရာမတွေနဲ့ အင်တာဗျူးနဲ့ ကျောင်းသားတွေဆီက ကောက်ခံရရှိခဲ့တဲ့ ဆာဗေးပဲ ဖြစ်ပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့ . . . ဒီမှာ သွားဖတ်နိုင်ပါတယ်။

Thursday, September 4, 2008

မဟူရာညရဲ့ စက်နှိုးသံ

CityHall နားတ၀ိုက် Suntec Cityနားတ၀ိုက် ကားလမ်းဘေး တဖက်တချက်မှာ သံတိုင်ကြီးတွေ သံဇကာကြီးတွေ ကာထားလို့ ဘာများလုပ်ဦးမလို့ပါလိမ့်လို့ ကြည့်နေတာ . . . သြော် . . . F1အတွက် လုပ်နေတာကိုးဆိုပြီး သတိရသွားတယ်။ ပုံမှန်အားဖြင့် စင်္ကာပူက လူတွေ F1ကားမောင်းပြိုင်ပွဲကို ကြည့်ချင်ရင် နီးနီးနားနား မလေးရှားမှာသွားကြည့်ကြရတယ်။ ဒီနှစ်တော့ စင်္ကာပူက F1 ပရိသတ်တွေအတွက် အိုးမကွာ အိမ်မကွာ ကြည့်နိုင်ကြပြီပေါ့။ စင်္ကာပူကတော့ လုပ်လိုက်ရင် ထုံးစံအတိုင်း ပထမဆုံး အကောင်းဆုံး အကြီးဆုံး စတာတွေကို ဂုဏ်ယူဝင့်ကြွားချင်လို့ ဒီတစ်ခါလည်း F1ရဲ့ ကမ္ဘာမှာပထမဆုံး ညဖက်ပြိုင်ပွဲတဲ့။

F1, Formula One နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ ရှိလို့ Wikiကြည့်လိုက်တော့ မသိသေးတဲ့ အချက်တော်တော်များများကို သိလိုက်ရတယ်။ Formula Oneဆိုတဲ့ အဓိပ္ပါယ်ဟာ ပါဝင်ယှဉ်ပြိုင်ကြတဲ့သူတွေနဲ့ ကားတွေအားလုံး အတူတကွလိုက်နာကြရမယ့် စည်းကမ်းချက်တွေကို ပြောတာပါ။ တစ်နှစ်တစ်နှစ်ကို Grandprixပြိုင်ပွဲပေါင်း ၂၀နီးပါးရှိပြီး ဒီနှစ်အတွက် ကမ္ဘာတ၀န်းမှာ ၁၈ပွဲရှိပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး Sport တစ်ခုဖြစ်တဲ့ ဒီပြိုင်ပွဲတွေကို ကမ္ဘာတ၀န်းက လူဦးရေ သန်း၅၀ကျော်က စောင့်ကြည့်ကြတယ်။ ဒီနှစ်အတွက် F1ရာသီဟာ Formula Oneရဲ့ ၅၉ကြိမ်မြောက်ဖြစ်ပြီး Melbourneမှာ ၁၆ရက် မတ်လက စလို့ ၂ရက်နေ့ နိုဝင်ဘာ ဘရာဇီးမှာ အဆုံးသတ်ပါမယ်။ F1 ကားတစ်စင်းရဲ့ အလေးချိန်ဟာ အင်ဂျင်၊ ဓါတ်ဆီ၊ ဒရိုင်ဘာအပါအ၀င်ကို ၆၀၀ကီလိုဂရမ်ပဲ ရှိပြီး 360km/h အထိ အရှိန်ပြင်းပြင်း မောင်းနှင်ကြတယ်။



F1ပြိုင်ပွဲတွေအတွက် Permanant Circuitတစ်ခု ဆောက်ဖို့ အတွက်ကို ဒေါ်လာသန်းရာချီ ကုန်ကျပြီး ရှန်ဟိုင်းမှာ ဆောက်ထားတဲ့ Circuitဟာ ဒေါ်လာ သန်း၃၀၀ကုန်ခဲ့တယ်။ ဒါပေမယ့် အခုစင်္ကာပူမှာ လုပ်ထားတဲ့ လမ်းကတော့ နဂိုရှိထားတဲ့ လမ်းကို အသုံးပြုထားလို့ အများကြီးမကုန်ဘူး။ ဒီနှစ်ပွဲမှာ Valencia Street Circuitနဲ့ Singapore Street Circuitစတဲ့ ကွင်းအသစ်နှစ်ကွင်း ပါလာတယ်။ စင်္ကာပူဟာ F1နဲ့ စာချုပ် ငါးနှစ်ချုပ်ထားတာ ဖြစ်လို့ ၂၀၁၂အထိ နှစ်စဉ်နှစ်တိုင်း F1ပြိုင်ပွဲတွေ ရှိနေမှာပါ။
၂၀၁၀ကနေစပြီး အိန္ဒိယပါ ပါဝင်တော့မယ်။ အဲဒီပြိုင်ပွဲဝင် Toyota, McLaren-Mecedes, Ferrariစတဲ့ အဖွဲ့တွေရဲ့ အသုံးစရိတ်ဟာ တစ်နှစ်ကို သန်း၂၀၀လောက် ရှိပြီး အဓိက ပိုက်ဆံပြန်ရတာကတော့ အသံလွှင့်ဌာနတွေဆီကရယ် စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေဆီကရယ် ပြန်ရကြတယ်။



F1 ရဲ့ နာမည်ကြီး ဒရိုင်ဘာ၊ ချန်ပီယံအကြိမ်အရေအတွက် အများဆုံး ရှစ်ကြိမ်နဲ့ စံချိန်တင်ထားပြီး F1လောကမှာ ၁၀နှစ်သက်တမ်းရှိတဲ့ Micheal Schumacherကတော့ F1ကနေ အငြိမ်းစား ယူသွားပြီဖြစ်တဲ့အတွက် ဒီနှစ်ပွဲမှာ မပါဝင်တော့ပါဘူး။ လက်မှတ်ဈေးနှုန်းကလည်း မသေးဘူး။ သုံးရက်စာအတွက်ကို ၁၆၈ဒေါ်လာကနေ ၂၅၈၈ဒေါ်လာတန်အထိ ရှိပြီး နေရာပေါ်မူတည်လို့ လက်မှတ်ဈေးကို အမျိုးမျိုးသက်မှတ်ထားတယ်။ ပွဲကြည့်စင်ပေါ်ကမဟုတ်ပဲ လမ်းမဘေးလူသွားလမ်းတွေကနေ ကြည့်ချင်ရင်တော့ ပထမTestလုပ်တဲ့နေ့မှာ ၃၈၊ ဒုတိယရက် စနေနေ့မှာ ၅၈ဒေါ်လာနဲ့ နောက်ဆုံးနေ့မှာတော့ ၁၀၈ဒေါ်လာပေးရမှာဖြစ်ပါတယ်။ အင်း . . . ထောင်ကျော်ပေးပြီးတော့ ကြည့်နိုင်ဖို့တော့ လမ်းမမြင်ဘူး။ စင်္ကာပူတိုက်မြင့်မြင့်တွေရဲ့ ခေါင်မိုးပေါ်တက်ကြည့်ရင်ကောင်းမလား၊ ဈေးအပေါဆုံးလက်မှတ်ပဲ ၀ယ်ပြီး လမ်းဘေးကကြည့်ရမလား စဉ်းစားရင်း နောက်ဆုံးတော့ အိမ်က TVနဲ့ပဲ ညားတော့မယ်နဲ့တူပါတယ်။

Monday, July 28, 2008

ကြော်ငြာ (၃) TPmyanmar ၁၀နှစ်ပြည့် DVD



မတ်လ ၂၂ရက်နေ့က လုပ်သွားတဲ့ TP Myanmar ၁၀နှစ်ပြည့်အမှတ်တရ သင်္ကြန်DVDထွက်ပါပြီ။ တစ်ခွေကို စင်္ကာပူ ၁၅ဒေါ်လာဖြစ်ပြီး ပန်နီဇူးလားပလာဇာ ၅ထပ်က သုံးရောင်ခြယ်မှာ ၀ယ်ယူရရှိနိုင်ပါပြီ။

Tuesday, July 22, 2008

ကြော်ငြာ (၂) အမေ့အိမ်က ထမင်းဝိုင်းတဲ့

ပန်နီဇူးလားပလာဇာမှာ ဆိုင်အသစ်တွေ ဖွင့်တယ်ဆိုလို့ ဟိုတစ်နေ့က ရောက်သွားတယ်။ အရင်ကျွန်တော်တို့ ရောက်စက Food Centerကြီး ရှိတဲ့ ရွှေအင်းလေးရဲ့ဘေး မြေအောက်မှာ။ အဲဒီတုန်းကလည်း မြန်မာဆိုင်လေးတစ်ဆိုင်နဲ့ ရဲရင့်နဲ့ လာဖွင့်လိုက်သေးတယ်။ အခုတော့ အဲဒီဆိုင်က ပန်နီဇူးလားဘေးကို ရောက်သွားပြီး ရဲရင့်ကတော့ သူ့ရဲ့ နဂိုနေရာ သုံးထပ်မှာပဲပေါ့။ ဟိုတလောကတော့ အဲဒီနေရာမှာ အင်္ကျီအ၀တ်အစားအရောင်းဆိုင်ကြီး လာဖွင့်တယ်။ ဘယ်ရောင်းရမှာလဲ မြေအောက်ထဲမှာဆိုတော့။ ဒါနဲ့ပဲ အခုတော့ အဲဒီနေရာမှာ မြန်မာဆိုင်တွေရော ကုလားအစားအစာ၊ တရုတ်အစားအစာ၊ မလေးအစားအစာဆိုင်တွေပါ ဖွင့်လာတယ်။



တခြားဆိုင်တွေ မဖွင့်သေးတာနဲ့ ဖွင့်ထားပြီးပြီ ဖြစ်တဲ့ ရနံ့သစ်ဆိုတဲ့ ဆိုင်မှာ သွားစားဖြစ်တယ်။ ထမင်းနဲ့ ဟင်းကို စင်္ကာပူစတိုင်လ်ပုံထည့်ပေးတာ မဟုတ်ပဲ၊ မြန်မာဆန်ဆန် ပန်းကန်သပ်သပ်နဲ့ ခွဲထည့်ပေးတာ။ အသားနှစ်မျိုး အရွက်တစ်မျိုးဆို သုံးကျပ်၊ သုံးကျပ်ခွဲပဲဆိုတော့ တန်တယ်ဆိုရမယ်။ ထမင်းပန်းကန်တချပ် ဟင်းပန်းကန်သုံးချပ်နဲ့ ငါးပိရည်ကိုလည်း ပုလင်းလေးနဲ့ ကိုယ့်စားပွဲမှာ ယူထားလို့ရတယ်ဆိုတော့ အိမ်မှာ စားရသလိုပဲပေါ့။ အခုနောက်ပိုင်းတော့ ဧရာဝတီဆိုတဲ့ ဆိုင်ကြီးရယ် Mandalay Cafeဆိုလားရယ် နောက်တစ်ဆိုင်ရယ် သုံးဆိုင်တောင် ထပ်ဖွင့်တယ်။ နောက်ကြုံမှ သွားစားကြည့်ရဦးမယ်။

Monday, July 21, 2008

ကြော်ငြာ (၁) သံလွင်အိပ်မက် ၂ဒဿမ၂

သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၂)ထွက်ပါပြီ။ ကျွန်တော်ကတော့ ဘာတွေနဲ့ရှုပ်နေမှန်းမသိအောင် အလုပ်များနေလို့ တစ်ပုဒ်မှ မရေးဖြစ်ခဲ့ဘူး။

Sunday, July 13, 2008

ထွက်ပြေးသေဆုံးခဲ့တဲ့ ပညာတတ်အိမ်ဖော်

လွန်ခဲ့တဲ့ သုံးရက်လောက်က ပန်နီဇူးလားပလာဇာရောက်တော့ ညီအစ်ကိုလိုခင်တဲ့ အကိုတစ်ယောက်က “မင်းတို့အိမ်နားမှာ မြန်မာအိမ်ဖော်တစ်ယောက် တိုက်ပေါ်က ပြုတ်ကျပြီး သေသွားတယ်တဲ့။ အဲဒီအကြောင်း စင်းမြန်မာရှေ့မှာ ကပ်ထားတယ်။ အဲဒါ အလှူငွေလေး ဘာလေးထည့်သွားဦး” လို့ပြောတဲ့အတွက် ငါတို့အိမ်နားမှာ ဆိုပါလား၊ ငါလည်း မသိပါလားဆိုပြီး တအံ့တသြနဲ့ စင်းမြန်မာရှေ့ကို ခပ်သွက်သွက်လျှောက်သွားမိတယ်။ သေဆုံးသူမခင်ချိုဦး အကြောင်းရေးထားတဲ့ A2ဆိုဒ် စာရွက်တစ်ရွက်ရယ် တရုတ်သတင်းစာထဲမှာ ပါတဲ့ ပုံတစ်ချို့ရယ်ကို တွေ့မှ ကျွန်တော် ၂၀၀၈ မေလကုန်အထိ သုံးနှစ်တိတိနေခဲ့တဲ့ Woodlandကအိမ်နားမှာ ဖြစ်တယ်ဆိုတာကို သိရတော့တယ်။

သေဆုံးသူ မခင်ချိုဦး BA(History)ရဲ့ သတင်းကို ဒီမှာဖတ်လို့ ရပါတယ်။ ခွေးလည်ပတ်တစ်ခု မျက်နှာသုတ်ပ၀ါ ၅ထည်ကို အသုံးပြုပြီး သုံးထပ်ဝရန်တာကနေ ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးခဲ့တယ်လို့ စိတ်မကောင်းဖွယ်ရာ ဖတ်လိုက်ရတယ်။ အဲဒါနဲ့ ပဲ ပိုက်ဆံအိတ်ထဲမှာ ပါသမျှအကုန်လုံး အလှူခံပုံးထဲကို ထည့်ခဲ့တယ်။ ဟိုတစ်နေ့က အထိတော့ အလှူခံပုံးကို တွေ့ခဲ့ပါသေးတယ်။ လှူချင်တဲ့သူများရှိရင်လည်း သွားရောက်လှူဒါန်းနိုင်ဦးမယ်လို့ ထင်တယ်။

အဲဒါပြီးတော့ အလုပ်သွားဖို့ စောနေသေးတာနဲ့ လမ်းပြကြယ်ကို ခဏ၀င်တော့ နင့်အမတော့ လူမှုရေးအကျိုးဆောင် သွားလုပ်နေလေရဲ့ဆိုပြီး စာကြည့်တိုက်မှာ ထိုင်နေတဲ့ အန်တီကပြောလာပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အကျိုးအကြောင်းမေးတော့ မြန်မာအမျိုးသမီးတစ်ယောက်ကို တွေ့လို့တဲ့ လူတစ်ယောက်က ခေါ်ပြီး လမ်းပြကြယ်ကို လာပို့သွားတယ်၊ အဲဒီအမျိုးသမီးက သူ့နာမည်ဘယ်သူဖြစ်တယ် အိမ်ဖော်အနေနဲ့ အလုပ်လုပ်နေတာဖြစ်ပြီး စိတ်အရမ်းညစ်လို့ မြန်မာပြည်ပြန်တော့မယ်၊ ကူညီပေးကြပါဆိုပြီး ငိုယိုပြောတယ်လို့ သိရတယ်။ အဲဒါနဲ့ မြန်မာပြည်ပြန်မယ်ဆိုရင် Passportပါလား၊ ဒီမှာ အလုပ်လုပ်ခွင့်ကဒ်(Work Permit)ပါလားဆိုတော့လည်း တစ်ခုမှမပါဘူးတဲ့။ သူ့အိမ်ရှင်ဆီကိုတော့ ပြန်မပို့ပါနဲ့ ငိုယိုပြီးပြောတယ်။

ဒါနဲ့ပဲ လမ်းပြကြယ်က အမကြီးတွေက “အမဆီမှာ Passportမရှိပဲနဲ့ ပြန်ဖို့ မဖြစ်တဲ့အကြောင်း၊ WPလည်း လိုတယ်ဆိုတဲ့အကြောင်း၊ ကျိတ်မှိတ်သည်းခံပြီး Contractပြည့်တဲ့အထိ နေလိုက်ပါဆိုတဲ့အကြောင်း”တွေ ချော့မော့ ပြောပြီး Hougangမှာရှိတဲ့ သူ့နေတဲ့အိမ်ကို ပြန်သွားပို့တယ်လို့ သိရတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲဒါအပြင်ကို ဘာမှလုပ်ပေးနိုင်လိမ့်မယ်မထင်ဘူး။ ဟူး . . . ကျွန်တော်တို့ ရောက်ခါစက စင်္ကာပူနိုင်ငံရဲ့ မိတ်လို့ခေါ်တဲ့ အိမ်ဖော်ကြော်ငြာတွေမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့ လူမျိုးတွေသာ တွေ့ရပြီး ခုနောက်ပိုင်းမှာတော့ မြန်မာအိမ်ဖော်များဆိုတဲ့ ကြော်ငြာတွေ နေ့စဉ်သတင်းစာတွေမှာ တွေ့နေရပါပြီ။ အဲဒီမှာ တစ်ခုပြောလိုတာက ဖိလစ်ပိုင်၊ အင်ဒိုတွေနဲ့ မြန်မာတွေရဲ့ ကွာခြားချက်ကိုပါ။

ဖိလစ်ပိုင်၊ အင်ဒိုလူမျိုးတွေဟာ များသောအားဖြင့် မူလတန်းလောက်အောင်ပြီးရင် အင်္ဂလိပ်စကားကို အတန်အသင့် ပြောနိုင်ဆိုနိုင်ရှိပေမယ့် ကျွန်တော်တို့ဆီမှာတော့ ဆယ်တန်းအောင်(အနည်းဆုံး ၈တန်းအောင်) ရုံလောက်တင်မဟုတ်ပဲ အင်္ဂလိပ်စကားပြော သင်တန်း ဘာညာစတာတွေကို တက်ရောက်ပြီးမှ အင်္ဂလိပ်စကားကို နည်းနည်းပါးပါး ပြောနိုင်ဆိုနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ၁၀တန်းအောင်ပြီး အင်္ဂလိပ်လို ပြောနိုင်သူတစ်ယောက်ဟာ သူများနိုင်ငံရဲ့ အိမ်အခိုင်းအစေအဖြစ် လာရောက်လုပ်ကိုင်ဖို့အတွက် တော်တော်မလွယ်ပါဘူး။ (ဒါတောင် မခင်ချိုဦးလို ဘွဲ့ရအိမ်ဖော်များ ဘယ်နှစ်ယောက် ရှိနေပြီလည်း မပြောနိုင်ပါ) အဲ . . . ၁၀တန်းမအောင် အင်္ဂလိပ်လို မတတ်လို့ကတော့ အိမ်ရှင်(အလုပ်ရှင်)နဲ့ ဆက်ဆံရေးဟာ ပြေပြစ်ဖို့ အလားအလာမရှိတော့ပါဘူး။

ကျွန်တော့်သူငယ်ချင်းတွေရဲ့ စလုံးလူမျိုး လုပ်ဖော်ကိုင်ဖက်၊ မန်နေဂျာများဟာ သူတို့ရဲ့ မြန်မာအိမ်ဖော်များကို မှာကြားစရာများရှိရင် မှာကြားနိုင်ဖို့ မြန်မာလို စာများရေးပေးရန် အကူအညီတွေ တောင်းကြတယ်လို့ သိရပါတယ်။ အဲဒီကတည်းက အိမ်ရှင်နှင့် အိမ်ဖော်ဆက်ဆံရေး အခြေအနေကို ခန့်မှန်းလို့ရပါပြီ။ အမှန်အတိုင်းပြောရရင် စင်္ကာပူလူမျိုး အိမ်ရှင်တွေကလည်း ခပ်ဆိုးဆိုးရယ်ပါ။ အိမ်ရှင်က မီးပူ ပူပူကြီးနဲ့ လိုက်ကပ်တာ ခံရလို့ ဆေးရုံရောက်ရှိသွားတဲ့ အင်ဒိုနီးရှား အိမ်ဖော်၊ အန္တရာယ်ရှိတဲ့ နေရာက မှန်တွေကို ဖုန်သုတ်ခိုင်းလို့ တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် အိမ်ဖော်၊ စသဖြင့် မကြာခဏဆိုသလို ကြားနေရပါတယ်။ ဒီလို အဖြစ်ဆိုးမျိုး ကျွန်တော်တို့ မြန်မာတွေထဲက မကြုံရလေအောင် အိမ်ဖော်လာလုပ်ချင်သူ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများကို တော်ရုံတန်ရုံ စိတ်မာပုံမျိုးနှင့်တောင် စင်္ကာပူတွင် အိမ်ဖော်လုပ်ဖို့မလွယ်ကြောင်း၊ တခြား မမြင်နိုင်တဲ့ အခက်အခဲတွေလည်း ရှိနေနိုင်သည့်အကြောင်းစတာတွေကို နားလည်အောင် ၀ိုင်းဝန်း ရှင်းပြကြပါစို့လို့ . . ။

Tuesday, March 4, 2008

TPmyanmar ၁၀နှစ်ပြည့်အမှတ်တရ သင်္ကြန်

ဒီရက်ပိုင်းအလုပ်တွေ အရမ်းများနေလို့ ဘလော့ခ်တောင် မရေးဖြစ်ဘူး။ ဘာတွေနဲ့ ရှုပ်နေတာလည်း ဆိုတော့ TPmyanmar ၁၀နှစ်ပြည့် အမှတ်တရ သင်္ကြန်နဲ့ ရှုပ်နေတာပါ။ အဲဒါပြီးရင်တော့ ပြန်ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ကဲ လက်မှတ်ဝယ်ချင်တဲ့သူတွေ ရှိရင်လည်း အောက်က လိပ်စာမှာ သွားပြီး ၀ယ်လို့ ရပါတယ်။

TP_Thingyan_Poster1.jpg

Tuesday, January 1, 2008

TPmyanmarရဲ့ ကြေငြာချက်

ကျွန်တော့်ကို သူငယ်ချင်းတော်တော်များများက ဖုန်းတွေဆက် smsတွေပို့ပြီး သံရုံးက လုပ်မယ့်လွတ်လပ်ရေးနေ့ပွဲမှာ TPက လူတွေပါတယ် ကြားလို့ ဟုတ်လားလို့ မေးခဲ့ကြပါတယ်။ ပထမတော့ တော်တော်အံ့သြသွားတယ်။ ဘယ်သူတွေပါတာလဲပေါ့။ နောက်တော့မှ သေသေချာချာစဉ်းစားကြည့်တော့ TPကနေ ကျောင်းပြီးသွားတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၀၀လောက်ရှိမယ်လို့ ခန့်မှန်းရပြီး အဲဒီအထဲကနေ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေနဲ့ ပါဝင် ပတ်သက်မှုရှိနိုင်တယ်လို့ ထင်ရပါတယ်။ နောက်တစ်ခုရှိတာက တစ်ချို့ဘလောခ့်တွေမှာ တင်ထားတဲ့ ပိုစ့်တွေအရ Polyကျောင်းသားကျောင်းသူဟောင်းများလို့ တွေ့ရတယ်။ Polyကျောင်းဆိုတာနဲ့ TPကို ပြေးမမြင်ကြပါနဲ့ဦး။ စင်္ကာပူမှာ ပေါ်လီကျောင်း ငါးခုရှိပါတယ်။ အဲဒီသတင်းကြားပြီးတဲ့အချိန်နဲ့ ဒီနှစ်မတ်လထဲမှာ ကျင်းပမယ့် ကျွန်တော်တို့ TPmyanmar ၁၀နှစ်ပြည့်အတွက် အစည်းအဝေးလုပ်တဲ့အချိန်နဲ့ အံကိုက်ဖြစ်နေပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့ TPmyanmarအနေနဲ့ ဟောဒီကြေငြာချက်လေးကို ထုတ်ပြန်ခဲ့ပါတယ်။



ပြီးတော့ ကြုံတုန်း တစ်ခုလောက် ကြော်ငြာပါရစေ။ TPmyanmarအဖွဲ့အစည်းအနေနဲ့ သံရုံးက လုပ်မယ့်ပွဲမှာ ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် ၁၉၉၉ကနေ ၂၀၀၇အထိ TPmyanmarက ပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲများကို စုပေါင်းထားတဲ့DVDကို အဲဒီ၂ရက်နေ့မှာပဲ ဖြန့်ချီတော့မှာဖြစ်ပါတယ်။ လိုချင်တဲ့သူများ အနေနဲ့ ကိုသန့်စင် - ၉၀၈၈၇၆၄၁၊ ကိုကျော်သူရ - ၉၃၈၅၈၅၇၉၊ ကိုFreddy - ၉၆၆၀၀၁၉၅၊ မရွှေဇင် - ၉၃၃၈၈၈၂၅တို့ကို ဆက်သွယ်ပြီး ၀ယ်ယူနိုင်ကြပါတယ်။ ၉၉သင်္ကြန်ကနေ၊ ၂၀၀၇သင်္ကြန်အထိ DVD ၇ချပ်ကို စင်္ကာပူဒေါ်လာ ၂၅ဒေါ်လာပါ။

Sunday, December 30, 2007

The return of TLAM

သံလွင်အိပ်မက်ကို စောင့်နေကြတဲ့ ပရိသတ်ကိုလည်း အတော်လေး အားနာမိပါတယ်။ သံလွင်အိပ်မက် အမှတ်(၁၂) ကို ပုံမှန်ထွက်ရမယ့် အောက်တိုဘာမှာ မထုတ်ဖြစ်ဘူး။ အဲဒီကာလက အားလုံးသိကြတဲ့အတိုင်း စက်တင်ဘာရဲ့ ရွှေဝါရောင် တော်လှန်ရေးလှိုင်းအရှိန်နဲ့ ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေ ညိုညစ်ညစ်သန်းနေခဲ့တယ်။ ပြီးတော့ သံလွင်ဝက်ဆိုက်ဒ်ကို တင်ထားတဲ့ ဆာဗာကလည်း အချိန်ကိုက်ဒေါင်းသွားခဲ့တယ်။ နောက်ပြီး ဆာဗာအသစ်ကို domain transfer လုပ်ဖို့ အခက်အခဲတချို့ ရှိခဲ့တဲ့အတွက် မမျှော်လင့်ဘဲ သံလွင်ဝက်ဆိုက်ဒ်တစ်ခုလုံးကို လုံးဝပိတ်ထားလိုက်ရတယ်။ အခုတော့ သံလွင်အိပ်မက် အမှတ် (၁)ကနေ (၁၁) အထိကို ဆာဗာအသစ်မှာ တင်ထားလိုက်ပြီးပါပြီ။ www.thanlwin.com ကနေ တိုက်ရိုက် ဖတ်ရှုနိုင်ပါတယ်။ အမှတ် (၁၂)ကို ဇန်န၀ါရီလကုန်ပိုင်း (သို့) ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုဆိုရင် သံလွင်အယ်ဒီတာအဖွဲ့ထဲကို ညီညီ(သံလွင်)၊ နေဘုန်းလတ် (ခ) နေမျိုး(သံလွင်)၊ ကိုငယ် (မန္တလေး) နဲ့ ကျွန်တော်တို့ အပြင် မောင်ပွတ် (ခ) အေးချမ်း(သံလွင်)တို့ကလည်း ပါဝင်လာပြီဖြစ်လို့ လူအင်အားများလာသလို ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်း ဘလော့ဂ်ဂါတွေသာမက အခြားသော စာပေ၀ါသနာပါသူ တွေကိုလည်း ၀ိုင်းဝန်းကူညီတဲ့ အနေနဲ့ စာမူတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။ စာမူတွေကို အရင်က ၀င်းဖွန့်နဲ့သာ ပေးပို့နိုင်ကြပေမယ့် အခုတော့ ဘလော့ဂ်ရေးသူ၊ ဖတ်သူတွေ များလာတာနဲ့အမျှ မြန်မာဘလော့ဂ်တွေ အားလုံးလိုလိုမှာ သုံးနေကြတဲ့ ဇော်ဂျီဖွန့်နဲ့လည်း ပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ စာမူတွေကို ပေးပို့ရမယ့် လိပ်စာကတော့ thanlwinainmat@gmail.com ပါ။