Thursday, August 23, 2007

ကျွန်တော်နှင့် အကြိုက်ဆုံးပိုစ့်များ

ဒီရက်ပိုင်း အလုပ်ထဲမှာ စက်တစ်လုံး အခြေအနေ တော်တော်ဆိုးဆိုးရွားရွား ပျက်နေလို့ အလုပ်ထဲရောက်တာနဲ့ စက်ဘေးမှာ စပြီး ပြင်လိုက်တာ ပြန်တဲ့အချိန်အချိန်အထိပါပဲ။ ဒါကြောင့် လေးမက ရေးခိုင်းထားတဲ့ အကြိုက်ဆုံး ကိုယ်ပိုင်ပိုစ့်တွေကို မရေးဖြစ်ဘူး။ အခုတော့ ရေးဖို့ အချိန်လေးလုပြီး ရေးပေးလိုက်ပါတယ်။

ဘလော့ခ်ဂါရဲ့ ညနေစာ----- ကျွန်တော်ကဗျာ ရေးခဲပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်၊ ကျွန်တော် ဖတ်နေကြလူတွေရဲ့ ကဗျာတွေလောက် ကျွန်တော့ကဗျာတွေက မကောင်းဘူးထင်လို့ပါ။ ဒါပေမယ့် ဒီကဗျာလေးကို တော့ ကြိုက်တယ်။

၂၀မိနစ် ကာလသားချက်----ဒါကတော့ မဂျစ်တူးဘလော့ခ်မှာ ၀တ္ထုတိုဝိုင်းရေးတုန်းက ပါခဲ့ဖူးတဲ့ ဇင်ကိုလတ်ချက်တဲ့ ကြက်သားကာလသားချက်ပါ။ ကျွန်တော့်ကို သူငယ်ချင်းတချို့က အဲဒီဝတ္တုဖတ်ပြီး လာလာမေးကြလို့ ဒီမှာ သွားဖတ်ဖို့ ပြောလိုက်ချင်ပါတယ်။

မော်ဒန်ဆိုတဲ့ အနုပညာ----- ကျွန်တော်သိသလောက်လေး ပြောခဲ့ဖူးပါတယ်။

နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး----- အင်း ဒါလေးကိုတော့ ကြိုက်ကို ကြိုက်တာ။ (ခံစားချက်တွေ ပါလို့ထင်တယ်၊ ပန်းကန်ပြားတစ်ချပ်နဲ့လေ)

ကျွန်တော်စားချင်သော အစားအစာများ ----- တကယ်ပါ အခုထိ စားချင်နေတုန်းပဲ။ အဲဒါတွေကို။

ညီညီ၊ နေဘုန်းလတ်၊ နေနေနိုင်နဲ့ ဘလော့ခ်ရေးတာကို ခဏနားတော့မယ့် မနိုင်းနိုင်း(ပြန်ရေးတဲ့အခါ) တို့ကို လည်း အကြိုက်ဆုံးပိုစ့်ငါးခု ပြန်ချပြဖို့ တောင်းဆိုလိုက်ပါတယ်။ အပန်းမကြီးဘူးလို့ ထင်လို့ tagလိုက်တာပါ။

4 comments:

ကိုဖြိုး said...

တော်သေးတာပေါ့ လွတ်သွားလို့

Layma said...

(ခပ်ညံ့ညံ့ကဗျာတစ်ပုဒ်ပေးပါ။
အဓိပ္ပါယ်မဲ့စကားလုံးတချို့ပေးပါ။
ဘယ်သူမှမကြည့်တဲ့ ရုပ်ရှင်ပေးပါ။
ဆေးသားပြယ် ပုံရိပ်ပေးပါ။
ချမပြသင့်တဲ့ ကိုယ်ရေးကိုယ်တာပေးပါ။
လူမဖတ်မယ့် သတင်းပေးပါ။
သွေးစို့နေတဲ့ ဘလော့ခ်ပိုစ့်ပေးပါတော့ကွယ်။)
ဒီလိုညနေစာကို စားချင်သောအစားအစာများနဲ့  ကင်းဝေးလို့  ၂၀ မိနစ်ကာလသားချက်ကလေးနဲ့  တွဲဖက်စားသုံးနေတာဟာ နှင်းဝိညာဉ်တစ်စက်ရဲ့ မော်ဒန် အနုပညာပါပဲ….။ ကျေးဇူးတင်ပါတယ် ကိုဇင်…ကိုလတ်ရေ…။

Anonymous said...

အင်း.. ဒီအပေါ်က ပို့စ်တွေကို ကြိုက်ပါတယ်.. ဒီမို ဒီဘလော့ခ်မှာ မှတ်မှတ်ထင်ထင်နဲ့ အကြိုက်ဆုံး ပို့စ်ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ပို့စ်ပဲ.. =)

MELODYMAUNG said...

ဟိုလေးပို့စ်လုံးကြိုက်ပါတယ် ဒါပေသိ ကျွန်တော်စားချင်သော အစားအစာများ ဆိုတာထက်ကျွန်တော်ကျွေးချင်သောဆိုရင်တော့ အဲဒီပို့စ်ပါ ကြိုက်မှာပေါ့ အဟိ :P