Tuesday, November 20, 2007

မွေးနေ့များရဲ့ ဒိုင်ယာရီ



အသက်လေးနှစ်
မူကြိုဆရာမကို ခြေထောက်နဲ့ ကန်ပစ်လိုက်တယ်။

ရှစ်နှစ်ကျော်ကျော်
ကျောင်းနေပျော်ပေမယ့် စာမတော်ခဲ့ပါ။

တစ်ဆယ်နဲ့ သုံး
လောကကြီးကို ပြုံးပြလိုက်တယ်။

ဆယ့်ခြောက်နှစ်အရွယ်
အချစ်ကို ကိုးကွယ်ခဲ့ဖူးတယ်။

ဆယ့်ကိုးနှစ်သား
အိပ်မက်တွေနဲ့ ကစားခဲ့တယ်။

နှစ်ဆယ့်သုံး
ဘ၀အတွက် စပြီးရုန်းလို့။

နှစ်ဆယ့်ငါး
အသည်းကွဲတယ်ဆိုတာ အလကားပါ။

နှစ်ဆယ်နဲ့ ရှစ်
့အသက်နဲ့ ခန္ဓာဟာ နိုင်ငံနဲ့ လူမျိုးအတွက် ဖြစ်တယ်။

အလင်းဖြူ

25 comments:

Nay Nay Naing said...

မွေးနေ့ မှာ စိတ်ချမ်းသာအောင် ထားသင့်သူတွေ ကို စိတ်ချမ်းသာအောင် ထားပေါ့လေ။ ဥပမာ အမေ နဲ့  အဖေကိုပြောပါတယ်။ :)

Chit Lay Pyay said...

ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေကွယ်၊ ဆန္ဒနဲ့ ဘ၀ တထပ်ထဲ ကြပါစေ၊ လိုရာဆန္ဒတွေ တလုံးတ၀နဲ့ ပြည်စုံပြီး အသက်ရာကျော်ရှည် ပါစေသော်၊ သားလိမ္မာလေး ဖြစ်ပါစေ၊

ညီညီ(သံလွင်) said...

ဟက်ပီးဘက်ဒေး!!!

Anonymous said...

Happy Birthday.. =)
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ.. စိတ်၏ကျန်းမာခြင်း.. ကိုယ်၏ချမ်းသာခြင်း နဲ့ ပြည့်စုံပါစေ.. =)

ဒီမို

NayPhoneLatt said...

နှစ်ဆယ့် ကိုး ... ကိုယ့်လှေကိုယ်ထိုး ပဲခူးပဲရောက်ရောက်ပေါ့
သုံးဆယ် အားလုံးကို မုန်းတယ် မုန်းတယ် ဖြစ်သွားတယ်
သုံးဆယ့်တစ် လူပျိုကြီး စစ်စစ် အဖြစ် ကိုယ့်ကိုကိုယ် စာရင်းပစ်လိုက်တယ်


Happy Birthday ... My Best friend ........

နိုင်းနိုင်းစနေ said...

Happy Birthday SiThu.

Pinkgold said...

ကို ဇင်ကိုလတ်ကြီး
မွေးနေ့မှာ ပျော်ရွှင်ပစေ....
ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်း မကျမှန်းတော့ ရိပ်မိပေမယ့် ကျပ်စေ...

29 ရောက်ရင် ဘယ်လို ပွင့်ထွက်လာမလဲ ဆက်စောင့်ကြည့်မယ်နော်.....

su wai said...

Happy Birthday Ko Si Thu!!
မွေးနေ့မှာ ပျော်ရွှင်ပါစေ…။ လိုအင်ဆန္ဒအားလုံး ပြည့်စုံပါစေ…။

MELODYMAUNG said...

အော်..အော် ခုမှပဲသိတော့တယ် 25မှာ အသည်းကွဲတာ အလကားတဲ့လား ခုဆိုရင်တော့ ................ :P
ဒီဒိုင်ယာရီကဗျာလေး ဂွတ်တယ်ဗျို

Mr.Pooh @ မောင်ပွတ် said...

ကိုဇင်-ကိုလတ် နှစ်ယောက်လုံးအတွက် ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေဗျာ။ တစ်ညလုံးဖုံး ပြောနေပေမယ့် မွေးနေ့အကြောင်း ထည့်ပြောမသွားတာတော့ ဆိုးပါတယ်ဗျာ။ သွား - လူဆိုးကြီး - ခေါ်တော့ဝူး။ Danger Zone ပဲဖြစ်ဖြစ်၊ Happy Zone ပဲဖြစ်ဖြစ်၊ Amazon ပဲဖြစ်ဖြစ်ပါ - ရောက်နေတဲ့ ဇုံထဲမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေ အစ်ကိုရေ။

BarNyar said...

အန္တရယ် စက်ကွင်းကြီး... မွေးနေ့မှာ ပျော်ရွှင်ပါစေ။

ဘာညာ

ခွန်မြလှိုင် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ စည်သူရေ.. မွေးနေ့ ဓာတ်ပုံက အခု ၂၈နှစ်ပြည့် ဓာတ်ပုံ ဘာလို့ မတင်တာတုန်း :) ၀ါးးး ဆယ့်ခြောက်နှစ်မှာ လူပျိုဖော် ၀င်တယ်ပေါ့လေ.. နာတို့က အဲဒီ အချိန် ဆော့ကောင်းတုန်း.. ဘယ်တော့ လူကြီး ဖော်ဝင် မလဲဟေ.. ညီညီ (သံလွင်) ကတော့ အိမ်ထောင်စု စာရင်းထဲ လူကြီး ဖြစ်တော့မယ် ကြားနေတာပဲ.. နင့်အလှည့်လဲ ကြိုပြောနော့..

Anonymous said...

ဟိုက် လေးနှစ်သားလေးကလည်း ဒေါသကြီးလှပါလား ။ ကြောက်နေရပြီ ။

ဆယ်ခြောက့်နှစ်နဲ့ အချစ်ကိုကိုးကွယ်သတဲ့ .. ဒါဆို ဆယ်စုနှစ်တခုကြီးများတောင် ကျော်လွန်ခဲ့ပြီပေါ့ ။ အချစ်ကို ကိုးကွယ်တုန်းလား အဟဲ

ဆယ့်ကိုးနှစ်သားရဲ့ အိပ်မက်တွေအကြောင်း သိချင်ပါတယ် ။

အသဲကွဲတာ ၂၅ တုန်းကကိုးး)

၂၈နှစ်ပြည့် စည်သူ (ခေါ်) ဇင်ကိုလတ်ရဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူနေပါတယ် ငါ့မောင် ။ ကောင်းသောမွေးနေ့လေး ဖြစ်ပါစေ ။ ကောင်မလေးတယောက်၂နဲ့ ပျော်ရွှင်မြူးတူးစွာ ဖြတ်သန်းနိုင်ပါစေ အဟဲ ။ ကောင်မလေးမရှိရင် မောင်ပွတ် နဲ့ ညီညီ ကိုဆွဲသွား အဟား ။

Winkabar said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကိုဇင်ကိုလတ်။ လိုအင်ဆန္ဒများလည်းပြည့်ဝပါစေ။

Thelay said...

happy birthday naw.. များများ ၀ပြီး.. ကောင်မလေးတွေ အများကြီး ရပါစေ.. ဟီး

pandora said...

ဟေ့ရောင် ပုလင်းက ဘယ်တော့ ဖောက်မှာလဲ။

အခုလို ကျွေးမွေးရသော အကျိုးကြောင့် ရေလိုအေး ပန်းလိုမွှေး.. စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒနဲ့ တလုံးတ၀ထဲ ပြည့်ဝပြီး စာမေးပွဲကြီးများလည်း အောင်လို့ လူရည်ချွန် လူရည်မွန်ကြီး ဖြစ်ပါစေကွယ်..

ကဲ.. ကဲ.. ဦးချ.. (အော်.သီတင်းကျွတ်နဲ့ ရောသွားလို့..ဟတ်ဟတ်)

Anonymous said...

Happy Birthday, Si Thu.
May all your wishes come true.

စိုးဇေယျထွန်း said...

18 နှစ်အထိပဲ ရေးထားကိုး
ကျန်တာကျတော့ ဘာပုလို့ မရေးတော့တာလဲ :P

Anonymous said...

Happy belated B-Day!

Tesla said...

ကိုဇင်ကိုလတ်ရေ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ခဲ့မယ်လို့ ထင်ပါတယ်..။ နိုင်ငံနဲ့လူမျိုးအတွက် ဖြစ်လာတဲ့ အသက်နှစ်ဆယ့်ရှစ်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်.. တန်ဘိုးရှိတဲ့ မွေးနေ့ဒိုင်ယာရီ အသစ်တွေကို အနှစ် ကိုးဆယ်လောက်ထိ ရေးနိုင်ပါစေဗျာ..။

Moe Hlaing Nya said...

ဦးလေး အတွက် မွေးနေ့လက်ဆောင် ကဗျာရေးထားတယ် ကျွန်တော့်ဘလော့မှာလာဖတ်နော်

Unknown said...

To my friends - ကျွန်တော့်မွေးနေ့မှာ ပိုစ့်တင်ပေးတဲ့လူတွေရော၊ မွေးနေ့ ဆုတောင်းပေးသူအားလုံးကိုပါ ကျေးဇူးအထူးတင်ရှိပါတယ်။ တကယ်ပြောတာပါ ကျွန်တော့်ဘ၀မှာ အဲဒီလောက်လူအများကြီးက Birthday wishလုပ်တာ တစ်ခါမှ မခံခဲ့ဖူးပါဘူး။ အခုလောလောဆယ် တစ်ယောက်တစ်နေရာဆီဖြစ်နေပေမယ့် အားလုံးနဲ့ တူတူမွေးနေ့ပွဲကျင်းပနိုင်မယ့် နေ့တစ်နေ့ကို ကျွန်တော်စောင့်မျှော်နေပါတယ်။ သိပ်မကြာတော့ဘူးလို့လဲ ကိုယ့်ကိုကိုယ်အားတင်းထားမိတယ်။ ဘာပဲဖြစ်ဖြစ် ထပ်ပြောပါရစေ....။ အားလုံးကို ကျေးဇူးပါခင်ဗျာ။

Anonymous said...

the photo is very cute. (not like now.:P)

ကိုပေါ said...

အသက် ၃၀ နဲ့ ၅....
တော်ပါပြီဗျာ။
ကိုတေဇနဲ့ စီးပွားတွဲလုပ်တာဘဲ ကောင်းပါတယ်.....
.....ဟားဟား....နောက်တာပါဗျို့။ ဟက်ပီးဘာ့သ်ဒေးပါ။

yanmaneee said...

air jordan
moncler outlet
air yeezy
bape
supreme outlet
adidsas yeezy
kyrie 5
adidas yeezy
bape
lebron 16