Thursday, August 2, 2007

ဆက်တိုက်ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေ

လွန်ခဲ့တဲ့အပတ်လောက်က နည်းနည်းအားတာနဲ့ ကြည့်ချင်ပြီး မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ အကုန်တောက်လျှောက်ကြည့် ပစ်လိုက်တယ်။

ပထမဆုံး ကြည့်ဖြစ်တာကတော့ Transformersပါ။ အရင်တုန်းက ဂျပန်ကာတွန်းကို ဇာတ်လမ်းဆင်ပြီး ပြန်ရိုက်ထားတာလို့ စလုံးသူငယ်ချင်းတွေက ပြောပါတယ်။ တွပ်ပီတို့ သမိန်ပေါသွပ်တို့ မောင်စူပါ၊ ဒီလုံးတို့နဲ့ ကြီးပျင်းလာခဲ့တဲ့ ကျွန်တော့်အတွက်တော့ အခုမှပဲ ကြားဖူးကြည့်ဖူးတာပါ။ ဇာတ်လမ်းဇာတ်ကွက်ထက်ကို Effectတွေ အရမ်းကောင်းပါတယ်။ ကားတွေကနေ စက်ရုပ်ကြီးတွေအဖြစ် ၀ုန်းကနဲပြောင်းသွားလိုက်၊ လေယာဉ်ပျံကနေ ၀ုန်းကနဲပြောင်းသွားလိုက်နဲ့ တကယ့်ကို သဲထိတ်ရင်ဖိုပါပဲ။ အက်ရှင်ကြီးသက်သက် မဟုတ်ပဲ ဟာသလေးပါ ထည့်ပေးထားတဲ့ ဒီရုပ်ရှင်ကို ကျွန်တော်ကတော့ 3.5stars ပေးလိုက်ပါတယ်။

နောက်တစ်ကားကတော့ Die Hard 4။ မင်းသားကြီး ဘရုစ်ဝီလီဟာ အသက်ကြီးနေပေမယ့် သန်တုန်းမာတုန်း ဖျက်လတ်တုန်းပါဆိုတာကို ဒီဇာတ်ကားမှာ သက်သေပြသွားပါတယ်။ အရင် die hardတွေထဲက တစ်ကားပဲ ကြည့်ဖူးတဲ့ ကျွန်တော်၊ ဒီနံပါတ် ၄ကိုတော့ တော်တော်လေး ကြိုက်သွားပါတယ်။ ထုံးစံအတိုင်း ရိုက်ချက်တွေ အရမ်းကောင်းပြီး Action အပြည့်ပါတဲ့ ဇာတ်ကားပါ။ အကြိုက်ဆုံးအခန်းကတော့ မိုးပေါ်က ဟယ်ရီကော်ပတာကို အောက်ကနေ ကားနဲ့ တိုက်ပြီး ဖျက်ဆီးပစ်တဲ့အခန်းပါပဲ။ (ယုတ္တိရှိတာမရှိတာကို ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ဘယ်တော့မှမစဉ်းစားပါဘူး၊ ပိုက်ဆံပေးကြည့်ရတဲ့ ရုပ်ရှင်လေး အရသာပျက်သွားမှာ စိုးလို့ပါ)။ Die Hard 4ကတော့ ကြယ်လေးလုံးပါ။

နောက်ဆုံးကားကတော့ အသက်တဖြည်းဖြည်းကြီး လာပြီဖြစ်တဲ့Harry Potterပါပဲ။ ဒီကားမှာ တခြားကားတွေထက် မှော်ပညာ သုံးပြီးချတဲ့ အခန်းတွေ ပါတယ်လို့ မြင်ပါတယ်။ ဟယ်ရီပေါ်တာလည်း အရွယ်ရောက်လာတော့ အနမ်းခန်းလေးတခန်းကလည်း ပါလာတယ်။ ဒါပေမယ့် ကြားတာတော့ အဲဒီ အခန်းကို ဒါရိုက်တာ စိတ်တိုင်းမကျလို့ ၁၇ခါပြန်ရိုက်ရတယ် ဆိုပဲ။ (အင်း ဒီကောင်တော့ ပညာသက်သက် ပြတာနေမှာလို့ ဟာသဆန်ဆန် တွေးမိတယ်။ အင်း . . . ကျွန်တော်သာဆို အခါ၃၀လောက် ပြန်ရိုက်ဖြစ်မယ်နဲ့ တူတယ်။ :P ) နောက်ဆုံးပြီးခါနီးမှာ ပညာပြိုင်တဲ့ အခန်းဟာဆိုရင် တရုတ်သိုင်းကားလား ဟယ်ရီပေါ်တာလား တောင်ထင်မှတ်မှားရ လောက်အောင် မှော်ပညာတွေ ထုတ်ပြကြပါတယ်။ ကြိုက်တော့ကြိုက်ပေမယ့် ကျွန်တော်တော့ 3.5 starsပဲ ပေးပါတယ်။
ရုပ်ရှင်ကြည့်ရင်ပဲ ဖြစ်ဖြစ်၊ စာအုပ်ဖတ်ရင်ပဲ ဖြစ်ဖြစ် ဇာတ်လမ်း၊ အထူးသဖြင့် ဇာတ်သိမ်းကို လာပြောပြတဲ့သူကို ကျွန်တော် အရမ်းမုန်းပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရေးတဲ့အခါမှာလည်း အရသာပျက်သွားစေမယ့် ဖော်ပြချက်မျိုးကို တတ်နိုင်သလောက် ရှောင်တယ်။ ရုပ်ရှင်ကြည့်နေတုန်း ဇာတ်သိမ်းလာပြောပြရင် ကြည့်နေတာကို ချက်ချင်းရပ်ပြီး ထထွက်သွားတတ်ပါတယ်။ အဲဒီလို ဇာတ်သိမ်းပိုင်းကို သိသွားမှာ အရမ်းကြောက်တဲ့ ကျွန်တော် အခုလောလောဆယ် USမှာ လေးနှစ်လောက် ဆက်တိုက်ပြနေတဲ့ ဇာတ်လမ်းရှည် Seriesတွေကို တစ်ကားပြီး တစ်ကား ဇိမ်ခံပြီး စွဲစွဲမြဲမြဲ ကြည့်နေမိပါတယ်။

7 comments:

Anonymous said...

နည်းနည်းအားတာနဲ့ ရုပ်ရှင် ၃ ကားတောင် ကြည့်နိုင်တယ်.. w0w.. =P
နည်းနည်းတောင်နောက်ကျနေပြီ ကြည့်တာ..

Transformers ထဲက ကားလေး တစ်စီးလောက်ပိုင်ရင် မဆိုးဘူးနော်..

Die Hard 4.0 ကတော့.. ခုတောင် ထပ်ကြည့်ချင်သေးတယ်..တော်တော်မိုက်တယ်နော်..
ဒီမိုအကြိုက်ဆုံး အခန်းကတော့ tunnel ထဲမှာ လမ်းတွေအကုန်ဖွင့်လိုက်လို့
ကားတွေ အားလုံးတိုက်ကုန်တာ အကြိုက်ဆုံးပဲ..
အစ်ကိုပြောတဲ့ ဟယ်ရီကော်ပတာကို အောက်ကနေ ကားနဲ့တိုက်တာလည်း
ယုတ္တိမရှိပေမဲ့မိုက်သားနော်.. Maggie Q လေးစောစောစီးစီး သေသွားတာ နှမြောစရာ.. ဟိဟိ..

အခါ ၃၀ ဆိုပါလား.. Bad Kisser ပေါ့.. LOL.. Harry Potter ကတော့ ကြိုက်ကိုကြိုက်တာ.. =)

ဘာ Series တွေကြည့်နေတာတုန်း.. Share လုပ်လေ.. =)

Thelay said...

harry portter ကားက review ညံပါတယ်. .ကြည့်သူတိုင်းက မကောင်းဘူးလို့ ပြောကြတယ်.. ဇာတ်က ဇာတ်မျော ကြီး နောက် စာအုပ်မဖတ်ရင် နားမလည်ဘူးလို့ ပြောကြတယ်..ကိုယ်တိုင်မကြည့်ပေမယ့် သူများပြောသမျှ ကြားရတာတော့ မကောင်းပါ.. ကိုဇင်ကိုလတ်က ဟိုအခန်းပါတာနဲ့ များ .. 3.5 ဖြစ်သွားလားမသိဘူးနော်.. :P

Anonymous said...

ကော့မန့်တွေလာလာရေးပါတယ် ဗျာ ၊ကျွန်တော်တခါမှ အဆင်မပြေဘူး။ ခုလဲ ဘယ်လိုလာမလဲ မသိဘူး။ ရုပ်ရှင် တွေကြည့်ချင်လိုက်တာ ဗျာ။ အခုကားလေးတွေမဆိုးဘူးနော်။
ဒါနဲ့ သီရိသုဓ္ဒမဖွန်ရူးကြွဘွဲ့ တံဆိပ် တွေ့ အောင် ရှာပါဗျာ။
ကျွန်တော်ပေးစရာ လူရှိနေလို့ ၊ ဟဲ ဟဲ။
အားပေးပါတယ်။
ဘလာဂေါက်

Anonymous said...

အကို ညီမထက်နောက်ကျတယ်။ ညီမအကုန်ကြည့်ပြီးပြီ :P ။ အခုတင်နေတဲ့ alone ကားသွားကြည့်။ ရေလည်မိုက်တယ် ကြောက်စရာလဲ ကောင်းတယ် :P

Unknown said...

demo >>> အင်း ကြည့်နေတဲ့Seriesတွေကို ရှယ်လုပ်ချင်ပါတယ်။ ဒါပေမယ့် အရှည်ကြီးတွေဆိုတော့ ဘယ်က ဘယ်လိုစရမှန်းမသိတာ။

Thelay >>> တော်တော်များများ ကြိုက်ကြပါတယ်။ အဓိကတော့ ဟယ်ရီပေါ်တာ ပရိသတ်ကတော့ ကြိုက်မှာပေါ့။

ဘလာဂေါက် >>> ဟုတ်၊ ရုပ်ရှင်တွေက အကောင်းကြီးမဟုတ်ပေမယ့် ကြည့်ပျော်ပါတယ်။ သီရိသုဓ္ဒမ ဖွန်ရူးကြွဘွဲ့တံဆိပ် ဆိုပါလားဗျ။ ဟားဟား ဘာတွေ ကြိတ်ကြံနေတုန်း။

Lin Let Kyal Sin >>> ဟုတ်လား။ ညီမက မြန်တယ်နော်။ aloneတော့ သွားမကြည့်တော့ပါဘူး။ အကိုက ဘယ်တော့မှ ရုပ်ရှင်ကို aloneသွားမကြည့်တတ်လို့လေ။

layerfirst said...

ဘရုစ်ဝီလီ ကားကောင်းတွေရှိရင် အကြောင်းကြားပေးပါလား အရမ်းကြည့်လို့ကောင်းတယ်

Darren Demers said...

Excellent post and very informative as well. Your knowledge appears very well on this topic and the way you have explained it, any new person can understand it easily. I would like you to keep writing like this and share your information with us. pillow covers online , lightweight summer blanket king size ,