Showing posts with label Movies. Show all posts
Showing posts with label Movies. Show all posts

Monday, July 23, 2012

Blue Sky ရဲ့ Ice Age 4

Ice Age ကို ၂၀၀၂ခုနှစ်ကတည်းက ရုံတင်လာခဲ့တာ အခုဆိုရင် Ice Age 4 တောင် ရောက်လာခဲ့ပါပြီ။ ဒီ ဇာတ်ကားလေးဟာ Animation ဇာတ်ကား ကောင်းကောင်းလေးတွေတင်ဆက်နေတဲ့ Pixar, Disney, Dreamworks  တို့စတဲ့ နာမည်ကြီး Animation ကုမ္ပဏီကြီးတွေကနေ တင်ဆက်ခဲ့တာ မဟုတ်ပါဘူး။ နာမည်ကျော် ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ 20th century fox မှ ပိုင်သော Blue Sky ရဲ့ Animation Movie တစ်ခုပါ။ Blue Sky က တခြား Animation တွေ အများကြီးမထွက်ပေမယ့် Ice Age ကိုတော့ ၂၀၀၂ ကတည်းက တောက်လျှောက်တင်ဆက်လာတာ အခုဆို No 4 တောင် ရောက်ပါပြီ။


အရင် Ice Age တွေ တုန်းကလိုပဲ ရယ်စရာမောစရာလေးတွေနဲ့ မှတ်သားစရာလေးတွေပါ တင်ဆက်နိုင်တာမို့ အမှန်တကယ်ကြည့်ကောင်းခဲ့တဲ့ ရုပ်ရှင်လေး တစ်ခုဖြစ်ခဲ့ပါတယ်။ နောက် Ice Age Animationတွေရဲ့ trailerကို ကြိုက်တာတစ်ခုက သူ့ရဲ့ ကြော်ငြာထဲမှာ ရှဥ့်နဲ့ သစ်ကြားသီးလား အဲဒါကပဲ အဓိကပါတာဆိုတော့ ဇာတ်လမ်းကို အများကြီး မှန်းလို့ မရပါဘူး။ ဇာတ်လမ်းကျောရိုးလောက်ကိုပဲ နည်းနည်း သိရတာပါ။ တချို့ ဇာတ်ကားတွေဆို Trailer ကြည့်ပြီးတာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ တော်တော်လေး မှန်းလို့ ရနေပါပြီ။ အဲဒါကြောင့် ရုပ်ရှင်ရုံထဲရောက်တော့မှ ဇာတ်လမ်းတစ်ခုလုံးကို အားရပါးရ ထိုင်ကြည့်ခဲ့ရတာပါ။ ကြင်သူသက်ထားက 3D ကြည့်ရင် မူးတယ်ဆိုလို့ ရိုးရိုး Digital ပဲ ကြည့်ခဲ့တာပါ။ အဲဒီ Ice Age ရဲ့ အရောင်အရည်အသွေး ကောင်းမွန်မှု၊ Digital ရဲ့ ကြည်လင်ပြတ်သားမှုတို့ ကြောင့် Manny, Sid, Diego တို့ရဲ့ ဟာသရသ Animation လေးကို 4 Stars ပေးပါတယ်။ တကယ်ပါ မိနစ် ကိုးဆယ်ဇာတ်ကားပြီးတဲ့အထိ ဆက်ပြီး ကြည့်ချင်အောင် ကို ကြည့်ကောင်းခဲ့တဲ့ Animation Movie လေးပါပဲ။

ဇာတ်လမ်း - ****
သရုပ်ဆောင်မှု - ****
Visuals - ******
Overall - ****

Sunday, July 15, 2012

Amazing မဖြစ်မိတဲ့ Amazing Spider Man

          စင်္ကာပူ Box Office မှာ နံပါတ် တစ် ရရှိထားတဲ့ Amazing Spider Man ကို သွားကြည့်ဖြစ်ခဲ့တယ်။ သူ့ဇာတ်လမ်းဇာတ်အိမ်က နဂို Spider Man ဇာတ်ကားတွေထက် နည်းနည်းသာသလိုထင်ရပါတယ်။ ဘာလို့ ဆိုတော့ သူ့ရဲ့ ငယ်ဘ၀အကြောင်းကို အနည်းငယ် ဖော်ပြခဲ့လို့ပါ။ ဇာတ်လမ်းကျောရိုးကတော့ ခပ်ဆင်ဆင်တူပါတယ်။ Marvel က ထုတ်တဲ့ Spider Man ကို မဖတ်ဖူးတော့ အတိအကျတော့ မသိဘူးပေါ့။ ဒါပေမယ့် ဘာလို့မှန်းမသိဘူး ဟိုအရင် Spider Man ဇာတ်လမ်းကိုပဲ စွဲစွဲမြဲမြဲ ကြိုက်နေမိတယ်။ အက်ရှင်အနေနဲ့တော့ ရုပ်ရှင်တစ်ခုလုံးရဲ့ 1/4 လောက်က ချနေတာပါပဲ။ အရင် Spider Man ကို အရမ်းကြိုက်ခဲ့လို့လားမသိပါဘူး။ Spider Man ခေါင်းစွပ်ချွတ်တာနဲ့ အရင် မင်းသားရဲ့ ရုပ်ကိုပဲ မြင်ယောင်နေမိတယ်။ ကြည့်ပြီးတဲ့သူ တော်တော်များများနဲ့ ကျွန်တော်မတူတဲ့အချက်က အဲဒါပဲ ဖြစ်မယ်ထင်ပါတယ်။ Box office No 1 ဆိုပေမယ့် ကျွန်တော့်အတွက်တော့ သာမန် ကြည့်ပျော်ရှုပျော် အက်ရှင်ဇာတ်လမ်းတစ်ခုထက်မပိုခဲ့ပါဘူး။

ဇာတ်လမ်း - ***
သရုပ်ဆောင်မှု - ***
Visuals - ****
Overall - ***

Saturday, November 24, 2007

သာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကား

မြန်မာကားတွေ မကြည့်ဖြစ်တာ တော်တော်လေးကို ကြာပါပြီ။ ပန်နီဇူးလားက ငှားရင်လည်း တချို့က Qualityသိပ်မကောင်းတာနဲ့ ဈေးကလည်း ၄ဒေါ်လာလောက်ပေးရတော့ သိပ်မကြည့်ဖြစ်ဘူး။ တကယ်တမ်းတော့ မြန်မာကားတင်မဟုတ်ပါဘူး အင်္ဂလိပ်ကားတွေလည်း ကြည့်ဖို့အတွက်ကို အချိန်မရှိတာပါ။ ဒီနေ့တော့ အလုပ်ထဲမှာ တော်တော်အားနေတာနဲ့ downloadချထားပြီး မကြည့်ဖြစ်သေးတဲ့ သာယာချမ်းမြေ့ဆိုတဲ့ဇာတ်ကားကို ကြည့်ဖြစ်ပါတယ်။ မြန်မာကားတော်တော်များများကို မြန်မာတွေမကြိုက်ကြတာလည်း မပြောနဲ့။ ဇာတ်လမ်းတွေက တစ်ခုနဲ့ တစ်ခုထပ် နေတာကိုး။ အဲဒါကြောင့် ဇာတ်လမ်းကောင်းကောင်းကို ဒါရိုက်တာကောင်းကောင်းက ရိုက်ပြီး သရုပ်ဆောင်တွေကလည်း ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေဆိုရင်တော့ မြန်မာကားတွေလည်း သူ့ဟာနဲ့ သူတော့ ကြည့်လို့ကောင်းပါတယ်။



ဒီသာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကားကတော့ အမလင်မယားဆုံးသွားလို့ တူမနဲ့ တူလေးနှစ်ယောက်ကို စောင့်ရှောက်နေတဲ့ အိဒ္ဒြာကျော်ဇင်နဲ့ အမေနဲ့ တူတူနေပြီး စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်နေတဲ့ မင်းမော်ကွန်းတို့ရဲ့ ဇာတ်လမ်းပါ။ စပြီးကြည့်လိုက်တာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ သိနေတဲ့အတွက် ကြည့်ရတာ ဇိမ်တော့ သိပ်မရှိပေမယ့် မကြည့်ရတာ ကြာလို့ မြန်မာကားကြည့်ရတဲ့ အရသာလေး တစ်ခုအတွက် ဆိုရင်တော့ မဆိုးလှပါဘူး။ ဒါကြောင့် မြန်မာကားတွေဆိုရင် တစ်ယောက်ယောက်က ကောင်းတယ် ကြည့်၊ ဆိုပြီး ပြောလာတဲ့ကားတွေကိုပဲ အဓိက ကြည့်ချင်တာပါ။ ဒါပေမယ့် လောလောဆယ်တော့ Minthila.comကနေ ကောင်းနိုးရာရာလေးတွေ Downloadချပြီး အားရင် အားသလိုကြည့်ဖို့ သိမ်းထားလိုက်ပါတယ်။

Thursday, August 30, 2007

Heroes - Live in Singapore


ကျွန်တော်ဒီရက်ပိုင်း ကြည့်ဖြစ်နေတဲ့ Heroesဆိုတဲ့ ဇာတ်လမ်းတွဲအကြောင်း နဲနဲပြောပြချင်ပါတယ်။ တကယ်တော့ သူတို့က X-menထဲက Mutantsတွေ ပုံစံမျိုးပါပဲ။ ကိုယ်ဖျောက်နိုင်တဲ့သူ၊ ရုပ်လွဲရုပ်ပြောင်းနိုင်တဲ့သူ၊ မိုးပျံနိုင်တဲ့သူ၊ Teleportလုပ်နိုင်သူ စသည်ဖြင့်ပေါ့။ ဒါပေမယ့်သူတို့က Mutant မဟုတ်ပါဘူး။ ဇာတ်လမ်းထဲမှာ ပြောထားတာကတော့ Ordinary human with Extra ordinary powerပါတဲ့လေ။ အခု season 1ကို USမှာ ပြပြီးပါပြီ။ အခုseason 2အတွက် Promotionလုပ်ဖို့ Heroesကလူတွေ စင်္ကာပူကို လာမှာ ဖြစ်တဲ့အကြောင်း ကျွန်တော် Heroesဇာတ်လမ်းတွဲကို အရမ်းကြိုက်မှန်းသိတဲ့ ကျွန်တော့်အကိုက သတိပေးလာပါတယ်။ သူတို့တွေထဲက Niki, Hiro, Matt, နဲ့ Mohinder တို့ ဒီနေ့ရောက်မှာဖြစ်ပြီး မနက်ဖြန်၃နာရီမှာ Vivocityကို လာပါလိမ့်မယ်။

တခြားကျွန်တော်ကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေကတော့ Lost season 3၊ နာမည်အရမ်းကြီးပေမယ့် အခုမှစကြည့်ဖြစ်မယ့် Prison Break၊ အမတွေက ကောင်းတယ် ကြည့်လို့ ပြောတဲ့ 24ဆိုတဲ့ ဇာတ်လမ်းတွဲတွေကိုတော့ နောက်ပိုင်းမှ ပြောပြပါတော့မယ်။

Tuesday, August 14, 2007

မြန်မာပြည်နဲ့ ရမ်ဘိုဖိုး


အလုပ်ထဲမှာ မအားတဲ့ ကြားက Youtubeထဲမှာ ဟိုကြည့်ဒီကြည့် သွားကြည့်ရင်း RamboIV Trailer ကိုသွား တွေ့ပါတယ်။ ဇာတ်လမ်းရဲ့ အကျဉ်းကတော့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ ကရင်လူမျိုးလယ်သမား၊ ယာသမားတွေဆီကို ခရစ်ယာန်ဘာသာရေး အသင်းက ကူညီဖို့သွားကြပါတယ်။ အဲဒီအသင်းက သူတို့ သွားချင်တဲ့ ကရင်ရွာကို ရောက်တဲ့ အခါ မြန်မာစစ်တပ်က အဲဒီလူတွေကို ဖမ်းပြီး တစ်ရွာလုံးကို မီးရှို့၊ လူတွေကို လည်း ရိုက်နှက်သတ်ဖြတ်ပါတယ်။ အဲဒီ အဖမ်းခံနေရတဲ့ လူတွေကို ရမ်ဘိုက သွားကယ်တဲ့ ဇာတ်လမ်းပါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ သွေးသံရဲရဲ Rambo IVကို ဒီနှစ်ကုန် မှာ ပြသမှာဖြစ်ပါတယ်။

မြန်မာပြည်ကသူငယ်ချင်းတွေ ဒီYoutube videoကို ကြည့်လို့ မရဘူးဆိုရင် ဒီမှာ သွားကြည့်လို့ ရမယ်ထင်ပါတယ်။

Thursday, August 2, 2007

ဆက်တိုက်ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေ

လွန်ခဲ့တဲ့အပတ်လောက်က နည်းနည်းအားတာနဲ့ ကြည့်ချင်ပြီး မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ အကုန်တောက်လျှောက်ကြည့် ပစ်လိုက်တယ်။

ပထမဆုံး ကြည့်ဖြစ်တာကတော့ Transformersပါ။ အရင်တုန်းက ဂျပန်ကာတွန်းကို ဇာတ်လမ်းဆင်ပြီး ပြန်ရိုက်ထားတာလို့ စလုံးသူငယ်ချင်းတွေက ပြောပါတယ်။ တွပ်ပီတို့ သမိန်ပေါသွပ်တို့ မောင်စူပါ၊ ဒီလုံးတို့နဲ့ ကြီးပျင်းလာခဲ့တဲ့ ကျွန်တော့်အတွက်တော့ အခုမှပဲ ကြားဖူးကြည့်ဖူးတာပါ။ ဇာတ်လမ်းဇာတ်ကွက်ထက်ကို Effectတွေ အရမ်းကောင်းပါတယ်။ ကားတွေကနေ စက်ရုပ်ကြီးတွေအဖြစ် ၀ုန်းကနဲပြောင်းသွားလိုက်၊ လေယာဉ်ပျံကနေ ၀ုန်းကနဲပြောင်းသွားလိုက်နဲ့ တကယ့်ကို သဲထိတ်ရင်ဖိုပါပဲ။ အက်ရှင်ကြီးသက်သက် မဟုတ်ပဲ ဟာသလေးပါ ထည့်ပေးထားတဲ့ ဒီရုပ်ရှင်ကို ကျွန်တော်ကတော့ 3.5stars ပေးလိုက်ပါတယ်။

နောက်တစ်ကားကတော့ Die Hard 4။ မင်းသားကြီး ဘရုစ်ဝီလီဟာ အသက်ကြီးနေပေမယ့် သန်တုန်းမာတုန်း ဖျက်လတ်တုန်းပါဆိုတာကို ဒီဇာတ်ကားမှာ သက်သေပြသွားပါတယ်။ အရင် die hardတွေထဲက တစ်ကားပဲ ကြည့်ဖူးတဲ့ ကျွန်တော်၊ ဒီနံပါတ် ၄ကိုတော့ တော်တော်လေး ကြိုက်သွားပါတယ်။ ထုံးစံအတိုင်း ရိုက်ချက်တွေ အရမ်းကောင်းပြီး Action အပြည့်ပါတဲ့ ဇာတ်ကားပါ။ အကြိုက်ဆုံးအခန်းကတော့ မိုးပေါ်က ဟယ်ရီကော်ပတာကို အောက်ကနေ ကားနဲ့ တိုက်ပြီး ဖျက်ဆီးပစ်တဲ့အခန်းပါပဲ။ (ယုတ္တိရှိတာမရှိတာကို ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ဘယ်တော့မှမစဉ်းစားပါဘူး၊ ပိုက်ဆံပေးကြည့်ရတဲ့ ရုပ်ရှင်လေး အရသာပျက်သွားမှာ စိုးလို့ပါ)။ Die Hard 4ကတော့ ကြယ်လေးလုံးပါ။

နောက်ဆုံးကားကတော့ အသက်တဖြည်းဖြည်းကြီး လာပြီဖြစ်တဲ့Harry Potterပါပဲ။ ဒီကားမှာ တခြားကားတွေထက် မှော်ပညာ သုံးပြီးချတဲ့ အခန်းတွေ ပါတယ်လို့ မြင်ပါတယ်။ ဟယ်ရီပေါ်တာလည်း အရွယ်ရောက်လာတော့ အနမ်းခန်းလေးတခန်းကလည်း ပါလာတယ်။ ဒါပေမယ့် ကြားတာတော့ အဲဒီ အခန်းကို ဒါရိုက်တာ စိတ်တိုင်းမကျလို့ ၁၇ခါပြန်ရိုက်ရတယ် ဆိုပဲ။ (အင်း ဒီကောင်တော့ ပညာသက်သက် ပြတာနေမှာလို့ ဟာသဆန်ဆန် တွေးမိတယ်။ အင်း . . . ကျွန်တော်သာဆို အခါ၃၀လောက် ပြန်ရိုက်ဖြစ်မယ်နဲ့ တူတယ်။ :P ) နောက်ဆုံးပြီးခါနီးမှာ ပညာပြိုင်တဲ့ အခန်းဟာဆိုရင် တရုတ်သိုင်းကားလား ဟယ်ရီပေါ်တာလား တောင်ထင်မှတ်မှားရ လောက်အောင် မှော်ပညာတွေ ထုတ်ပြကြပါတယ်။ ကြိုက်တော့ကြိုက်ပေမယ့် ကျွန်တော်တော့ 3.5 starsပဲ ပေးပါတယ်။
ရုပ်ရှင်ကြည့်ရင်ပဲ ဖြစ်ဖြစ်၊ စာအုပ်ဖတ်ရင်ပဲ ဖြစ်ဖြစ် ဇာတ်လမ်း၊ အထူးသဖြင့် ဇာတ်သိမ်းကို လာပြောပြတဲ့သူကို ကျွန်တော် အရမ်းမုန်းပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရေးတဲ့အခါမှာလည်း အရသာပျက်သွားစေမယ့် ဖော်ပြချက်မျိုးကို တတ်နိုင်သလောက် ရှောင်တယ်။ ရုပ်ရှင်ကြည့်နေတုန်း ဇာတ်သိမ်းလာပြောပြရင် ကြည့်နေတာကို ချက်ချင်းရပ်ပြီး ထထွက်သွားတတ်ပါတယ်။ အဲဒီလို ဇာတ်သိမ်းပိုင်းကို သိသွားမှာ အရမ်းကြောက်တဲ့ ကျွန်တော် အခုလောလောဆယ် USမှာ လေးနှစ်လောက် ဆက်တိုက်ပြနေတဲ့ ဇာတ်လမ်းရှည် Seriesတွေကို တစ်ကားပြီး တစ်ကား ဇိမ်ခံပြီး စွဲစွဲမြဲမြဲ ကြည့်နေမိပါတယ်။

Wednesday, July 4, 2007

အရမ်းကြိုက်တဲ့ Independence Day

ဒီနေ့ Yahoo! Logoမှာ မီးရှုးမီးပန်းလေးတွေ ဖောက်ပြီး Happy 4th of July ဆိုတာ တွေ့တော့မှ အမေရိကန်နိုင်ငံရဲ့ Independence Day ဆိုတာ သတိရသွားတယ်။ ကျွန်တော်တကယ် သတိရသွားတာကတော့ 1996 လောက်က ရုံတင်ခဲ့တဲ့ Independence Dayဆိုတဲ့ ရုပ်ရှင်ပါ။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ Visual Effectsအတွက်လည်း Oscarရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ တော်တော်များများလည်း ကြည့်ပြီးပြီလို့ ထင်တယ်။ မကြည့်ရသေးတဲ့လူ ကြည့်ဖို့မေ့နေတဲ့သူတွေကိုလည်း တစ်ခေါက်လောက်ကြည့်လိုက်ဖို့ ညွှန်းချင်ပါတယ်။

ဇာတ်လမ်းကတော့ အဓိက ကမ္ဘာကြီးကို ဂြိုဟ်သားတွေ လာတိုက်ခိုက်တဲ့ အကြောင်းပါ။ အဲဒါကို MITကကျောင်းပြီးထားတဲ့ ကွန်ပျူတာပညာရှင် တစ်ယောက်ရဲ့ ပညာနဲ့ ဂြိုဟ်သားတွေကို တိုက်ထုတ်လိုက်တဲ့ ဇာတ်ကားပါ။ အဲဒီအထဲမှာ ဂြိုဟ်သားတွေနဲ့ တိုက်ခါနီး အမေရိကန်သမ္မတရဲ့ မိန့်ခွန်းကိုတော့ တော်တော်လေးကြိုက်မိပါတယ်။ မြန်မာလိုပြန်ပြီး တင်ပေးဦးမလို့ပဲ။ ဒါပေမယ့် အင်္ဂလိပ်လိုဆိုတော့ Original စကားလုံးတွေနဲ့ ထိထိမိမိရှိတယ်ဆိုပြီး အင်္ဂလိပ်လိုပဲ တင်ပေးလိုက်ပါတယ်။

"Good Morning, In less than an hour, aircraft from here will join others from around the world.
And you will be launching the largest aerial battle in the history of mankind. Mankind. That word
should have new meaning for all of us today. We can't be consumed by our petty differences any
more. We will be united in our common interest. Perhaps it's fate that today is the Fourth of July.
And you will once again be fighting for our freedom. Not from tyranny, oppression or presecution.
But from annihilation. We're fighting for our right to live. To exist. And should we win the day,
the Fourth of July will no longer be known as an American holiday, but as the day when the world
declared in one voice, "We will not go quietly into the night!" "We will not vanish without a fight!"
"We're going to live on!" "We're going to survive!" Today, we celebrate our Independence Day!


ဒါကတော့ President Thomas J. Whitmoreနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားBill Pullmanရဲ့ မိန့်ခွန်းပဲ ဖြစ်ပါတယ်။ သူရဲ့ သရုပ်ပါပါ၊ အသံနေအသံထား၊ သူပြောတဲ့ စကားလုံးတွေကို ကြည့်ရင်း နားထောင်းရင်း သူများတွေတော့ မသိဘူး ကျွန်တော်တော့ အရမ်းကြိုက်သွားပါတယ်။

Wednesday, June 6, 2007

ကံကောင်းခြင်းနဲ့ နယူးယောက်

ကျွန်တော် အခုအလုပ် ၃ရက် ဆက်ပြီးနားနေရတဲ့အချိန်မှာ Just My Luckဆိုတဲ့ ဇာတ်ကားလေးကို ပြန်ကြည့်မိပါတယ်။ Lindsay Lohan နဲ့ Chris Pineတို့ သရုပ်ဆောင်ထားပြီး ဇာတ်လမ်းလေးက ပျော်စရာ ဇာတ်မြူးလေးပါပဲ။ အရမ်းကံကောင်းတဲ့ ကောင်မလေးတစ်ယောက်က အရမ်းကံဆိုးတဲ့ ကောင်လေးတစ်ယောက်ကို နမ်းမိသွားတဲ့အခါ သူတို့နှစ်ယောက်က ပြောင်းပြန်ဖြစ်သွားတာပါ။
ကောင်မလေးက ကံအရမ်းဆိုးသွားပြီး ကောင်လေးက ကံအရမ်းကောင်းသွားပါတယ်။ ရယ်စရာ၊ ပျော်စရာသာမက ချစ်စရာလည်းကောင်းတဲ့ ကောင်မလေးပါတဲ့ ဇာတ်ကားဖြစ်လို့လားတော့ မသိပါ။ စိတ်ညစ်နေတဲ့သူ တစ်ယောက်ကြည့်ရင်တောင် နည်းနည်းတော့ ပြုံးမိလောက်မယ့် ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့်ကတော့ ကြယ်လေးလုံးပေးပါတယ်။ Trailerကြည့်ချင်တယ် ဆိုရင်တော့ YouTubeမှာ သွားကြည့်ကြပါ။

အဲဒီဇာတ်ကားရဲ့ နောက်ဆုံးခန်းကတော့ New Yorkက Time Squareမှာ စတိတ်ရှိုး လုပ်တာပါ။ အဲဒါနဲ့ ကျွန်တော်ရောက်ခဲ့ဖူးတဲ့ အဲဒီနေရာလေးကို ပြန်သတိရသွားပြီး သံလွင်အိပ်မက် အမှတ် (၇)မှာ စည်သူ(သံလွင်)နာမည်နဲ့ ရေးခဲ့ဖူးတဲ့ NYCသို့ တစ်ခေါက်ဆိုတဲ့ ဆောင်းပါးလေးကို ကိုယ့်ဘာသာကိုယ် ပြန်ဖတ်မိသွားပါတယ်။ မဖတ်ရသေးတဲ့ လူတွေ ဒီမှာClickနှိပ်ပြီး သွားဖတ်နိုင်ကြပါတယ်။ ကျွန်တော့်ဘ၀မှာတော့ ဘယ်တော့မှ မေ့မရနိုင်မယ့် ခရီးစဉ်တစ်ခုပါပဲ။

Thursday, May 31, 2007

လူသတ်သမ ချောချောလေးတွေ

ဒီနေ့ အလုပ်ထဲမှာ Naked Weaponလို့ ခေါ်တဲ့ ရုပ်ရှင်တစ်ကားကြည့်ဖြစ်ပါတယ်။ အဲဒီကားက ကြာတာတော့တော်တော် ကြာနေပြီ။ ဒါပေမယ့် ရန်ကုန်က တစ်ချပ် ၁၅၀၀နဲ့ ၀ယ်လာတဲ့ DVD9 (12 in 1 DVD)ထဲမှာ ပါလာတယ်။ ရုပ်ရှင်၁၂ကားကို DVD တစ်ချပ်ထဲမှာ ထည့်ထားတာပါ။ သုံးလေးကားလောက်က ကြည့်ပြီးသားတွေ။ သူငယ်ချင်းတွေက အဲဒီကားအကြောင်းကို ခဏခဏပြောလို့ ဇာတ်လမ်းတောင် တော်တော် သိနေပါပြီ။

ဒီNaked Weaponရဲ့ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ဆယ်နှစ်သမီးလောက်ကတည်းက လျှောက်ဖမ်းလာပြီး သိုင်း၊ သေနတ်ပစ်စတဲ့ ပညာရပ်တွေကို လေ့ကျင့်ပေးတယ်။ ပြီးတော့အဲဒီ ကောင်မလေးတွေအရွယ်ရောက်လာရင် အတော်ဆုံးသူတွေကို ရွေးပြီး ကြေးစားလူသတ်သမား လုပ်ခိုင်းပါတယ်။ ရုပ်ရှင်ထဲမှာမို့လို့လားတော့ မသိ။ ကောင်မလေး(မင်းသမီးလေး)တွေက ရုပ်လေးတွေချောသလောက် တော်တော်တော့ အကြမ်းခံနိုင်ပါတယ်။ အပစ်အခတ် အသတ်အပုတ်နဲ့ ကြည့်လို့လည်း တော်တော်ကောင်းတယ်။ ကျွန်တော်ကို အမှတ်ပေးခိုင်းရင်တော့ ကြယ်လေးပွင့်(**** 4 stars) ပေးချင်ပါတယ်။

Thursday, March 22, 2007

စုံတွဲလေး သွားမကြည့်သင့်တဲ့ရုပ်ရှင်


300 Spartans ကနေ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ ရှေးဟောင်းဇာတ်ကားတစ်ကားပါ။ ခေါင်းတွေကို ရွှတ်ကနဲ ရွှတ်ကနဲ ဖြတ်တာတွေ၊ လူတွေကို ပက်ပက်စက်စက်သတ်တာ၊ ကိုယ်လုံးတီးတွေကို ရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။ ဒါကြောင့်စင်္ကာပူမှာတော့ အဲဒီကားကို၁၈နှစ်ကျော်မှ ကြည့်ခွင့်ရှိပါတယ်။ ဇာတ်လမ်းကတော့ အရမ်းကြီးကောင်းတယ်လို့မထင်မိပါ။ ဒါပေမယ့် သတ်တာဖြတ်တာ၊ ခုတ်တာထစ်တာတွေကြိုက်တဲ့ သူတွေအတွက်တော့ Full Actionဇာတ်ကားတစ်ကားပါပဲ။

Sunday, March 11, 2007

စုံတွဲလေးသွားကြည့်သင့်တဲ့ရုပ်ရှင်


စင်္ကာပူမှာ ရုံတင်တာမကြာသေးတဲ့ အပျော်ကြည့်ရုပ်ရှင်ကားလေးတစ်ကားပါ။ သီချင်းအကြောင်းဘာမှ နားမလည်တဲ့ကောင်မလေးနဲ့ ၁၉၈၀လောက်က POPဆိုတဲ့ boybandက အဆိုတော်နဲ့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အဆိုတော်ကသီချင်းစပ်ရင်း စပ်ရင်း ideaမရလို့ စိတ်ညစ်နေတဲ့အချိန်မှာ၊ သူ့အိမ်မှာ သစ်ပင်ရေလာလောင်းပေးနေတဲ့ ကောင်မလေးက သူစပ်နေတဲ့ သီချင်းလေးကို အရမ်းလှတဲ့စာသားလေးတွေဖြည့်စွက်ပြီး ဆိုပေးလိုက်ပါတယ်။ တကယ်တမ်းတော့ အဲဒီကောင်မလေးက သီချင်းအကြောင်း ဘာမှနားမလည်ပါဘူး။ အဲဒီမှာ အဆိုတော်က ကောင်မလေးကို သီချင်းစပ်ပေးဖို့ အကူအညီတောင်းရာကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကစပါတယ်။
ဒီဇာတ်လမ်းကို Notting Hillထဲက မင်းသားHugh Grantနဲ့ ET မင်းသမီးလေး Drew Barrymoreတို့က သရုပ်ဆောင်ထားပါတယ်။ Yahoo Movieမှာတော့ Grade Bပဲပေးထားပေမယ့် ကျွန်တော့် ဘလော့ခ်မှာတော့ B+လောက် ပေးချင်တဲ့ဇာတ်ကားတစ်ကားပါ။ စကားချည်းပဲ ပြောနေတာမကြိုက်တဲ့သူ၊ Actionဇာတ်လမ်းတွေကိုပဲ ကြိုက်တဲ့သူဆိုရင်တော့ ဒီကားကို ကြိုက်မှာ မဟုတ်ဘူး။ အချစ်ဇာတ်ကားသန့်သန့်လေးတွေကို ချစ်သူလေးနဲ့ နှစ်ယောက်တူတူကြည့်ချင်တယ်ဆိုရင်တော့ လက်မှတ်သာ ပြေးဝယ်လိုက်ပါတော့။

ETဇာတ်ကားထဲက Drew Barrymore

Monday, March 5, 2007

Clickဆိုသော ရုပ်ရှင်ကား



မနေ့ကအလုပ်ထဲမှာ Clickဆိုတဲ့ ဇာတ်ကားလေး ကြည့်ဖြစ်ခဲ့တယ်။ ရုံတင်တုန်းက ဒီRemote Controlတစ်ခုနဲ့ လုပ်ချင်တာလုပ်လို့ရတဲ့ဇာတ်ကား၊ ရယ်စရာဟာသ ပေါတောတောကားဆိုပြီး သွားမကြည့်ဖြစ်ခဲ့ဘူး။ အခုမှ ဒေါင်းလုပ်ချထားတာတွေ တဖြေးဖြေးကြည့်မယ်ဆိုပြီး Hard Diskထဲ ထည့်ထားတဲ့အထဲက ဒီကားလေးကြည့်ဖြစ်ခဲ့ပါတယ်။ ကြည့်ပြီးတော့မှ တော်တော်ကောင်းတဲ့ ဘ၀သရုပ်ဖော်ဇာတ်ကားလေးမှန်း သိတော့တယ်။ ဘ၀ကို အလုပ်ထဲမှာသာ နှစ်ထားပြီး မိသားစုအတွက် အချိန်မပေးလိုတဲ့ Michealဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်းလေးပါ။

Monday, February 26, 2007

ဘာမှန်းမသိလိုက်တဲ့ ရုပ်ရှင်


ကြည့်ပြီးသွားတဲ့ အချိန်မှာ တကယ်ကို ဘာမှန်းမသိလိုက်ပါဘူး။ S$7.50လှူလိုက်ရတယ်လို့ပဲ သဘောထားပါတယ်။

Tuesday, February 6, 2007

တတိယမြောက် မဟူရာပင့်ကူ



Spider Man 3 ကို ရုံတင်မှာကတော့ ၂၀၀၇ မေလမှပါ။ ဒါပေမယ့် Trailerတွေကြည့်ပြီးအခု ကတည်းက ဇာတ်လမ်းကိုလည်းသိနေပြီ။ အရမ်းလည်းကြည့်ချင်နေပြီ။ မိုက်တာတော့တော်တော်မိုက်တယ်။ မေလရုံတင်တင်ချင်း ကြည့်ဖြစ်အောင်သွားကြည့်ဦးမယ်။