Wednesday, June 20, 2007

နံပါတ်တစ်လုံးသာ လွဲသူ

ဆွေမျိုးတွေထဲမှာ ကျွန်တော်နဲ့ သက်တူရွယ်တူ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က အဖေဘက်က ဖြစ်ပြီး တစ်ယောက် က အမေဘက်က။ အဖေဘက်က အမျိုး အကုန်လောက်နီးပါးက မန္တလေးကပါ။ ကျွန်တော်နဲ့ ရွယ်တူ ညီတစ်ယောက်ကတော့ မန္တလေးသားဖြစ်ပြီး နေရာတော်တော်များများကိုလည်း ကျွမ်းပါတယ်။ မန္တလေးသား မကွေးမှာ နှစ်နှစ်လောက်နေဖူးပြီး ရန်ကုန်မှာလည်း နှစ်နှစ်လောက်နေဖူးတယ်။ ပြီးတော့ စင်္ကာပူမှာကတော့ ကျွန်တော်နဲ့ တူတူပေါ့။

သူနဲ့ ကျွန်တော်နဲ့က ညီအစ်ကို ၀မ်းကွဲဆိုပေမယ့် သူငယ်ချင်းပေါင်းလည်း ပေါင်းဖြစ်ပါတယ်။ တစ်ခုခုဆိုလဲ တူတူလုပ်ဖြစ်တယ်။ မှတ်မိသေးတယ်။ ရန်ကုန်မှာ ကားလိုင်စင်လုပ်တုန်းက . ကျွန်တော်ရဲ့ နံပါတ်က ၉၆၉၂၊ သူ့ရဲ့ လိုင်စင်နံပါတ်က ကျွန်တော်နဲ့ တစ်လုံးပဲ ကွာပါတယ်။ ၉၆၉၃တဲ့။ ဒါနဲ့ပဲ သူ့ကို နောက်နေပါသေးတယ်။ ကားလိုင်စင်ကိုက `ကိုယ့်ခြေထောက်ကိုယ်သုံး´ဆိုတော့ မင်းတော့ ကားမောင်းရဖို့မမြင်ဘူးလို့။

နောက်ပိုင်းစင်္ကာပူလာဖို့ လုပ်တော့လဲ Passportကို တူတူလုပ်ဖြစ်တော့ ....၄၆နဲ့ ....၄၇နဲ့ နံပါတ်တစ်လုံးတည်း ကွာပါတယ်။ နောက်ဆုံး အခု Libraryမှာ Member Cardလုပ်တော့တောင် card no..4နဲ့ ..3တစ်ခုပဲ ကွာပါတယ်။ အဲဒါတစ်ခုတော့ ကောင်းပါတယ်။ တစ်ခုခုနံပါတ်တွေ ဘာတွေ မမှတ်မိရင် သူ့ကိုယ်မေး၊ ကိုယ်ကို သူမေးပါပဲ။ နံပါတ်တွေ တစ်လုံးစီလွဲပေမယ့် မွေးတဲ့နေ့ ၂၀ရက်နေ့ချင်းတော့ သွားတူနေပါတယ်။ ဒီနေ့ ဇွန်လ၂၀ရက်နေ့က သူ့ရဲ့ မွေးနေ့ပါ။ သူကသံလွင်အိပ်မက်မှာတော့ ကိုငယ်(မန္တလေး)ဆိုတဲ့ နာမည်နဲ့ စာတွေဘာတွေရေးတယ်။ ကဲ .. ကိုငယ်ရေ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ...။

Birthday Cake စားချင်တယ်ဆိုတဲ့ လူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဖြည်းဖြည်းစားကြပါ။ အငန်းမရစားရင်း ဖယောင်းတိုင်တွေပါ စားမိသွားဦးမယ်။

13 comments:

Anonymous said...

ကိုငယ်.. Happy Birthday.. ဘယ်နှနှစ်ပြည့်တာလဲ..??? =)

Anonymous said...

The last and the first Birthday I be with you. Wish you
Happy Birthday and
Happy Forever.

Nay Nay Naing said...

ကိုငယ်.. ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။ အစစ အရာရာ အားလုံးအဆင်ပြေပါစေလို့  ဆုတောင်းပေးပါတယ်။

NayPhoneLatt said...

Happy Birthday , Nge Lay.

Anonymous said...

Nge Lay....
May very happy birthday!!!

Anonymous said...

Happy Birthday !

Anonymous said...

Kaung Lay (Ko Nge - Mandalay)

- With all these thousands of miles between us, there was nothing I could do, (but just to get upset alone), for not being able to be with you on your birthday.

- At least, I am glad that I will be with you on your next year birthday, and on your every other birthdays for the rest of our lives.

- Happy Birthday to you........

with love,

Kaung Ma Lay

Anonymous said...

အားလုံးကို ကျေးဇူးပါပဲဗျာ...
ကာတွန်းရေးတဲ့ KNT ၊ လိပ်ကြီး ၊ နေဘုန်းလတ် တို့ကိုလည်း happy birthday..ပါ

Anonymous said...

sorry for late wishes~
but still wana wish u a very happy birthday naw

may u be happy and richie now and always

hehe

ps: so when will we get to eat ur "birthday treat""? :P

Anonymous said...

၂၇ ပြည့်တာကိုး.. ဖယောင်းတိုင် အကြီး ၂ချောင်း အသေး ၇ချောင်း..

Anonymous said...

swk >>> Thankz.

demo >>> Yes. 27.

5689 said...

zzzzz2018.8.23
nike blazer pas cher
moncler jackets
ugg boots
ralph lauren outlet
ralph lauren uk
ferragamo shoes
ray ban eyeglasses
ralph lauren outlet
kate spade outlet online
soccer shoes

yanmaneee said...

goyard
nike lebron 16
yeezy boost 350 v2
lebron james shoes
retro jordans
yeezy 500
canada goose outlet
longchamp handbags
longchamp
supreme t shirt