Tuesday, June 12, 2007

အင်တာနက်ပေါ်က ကြောက်စိတ်

ကျွန်တော်Polytechnicမှာ ကျောင်းတက်တုန်းက မြန်မာတွေ အစည်းအဝေးလုပ်မယ်ဆိုပြီးတော့ ကျောင်းမှာရှိသမျှ မြန်မာတွေကို လိုက်ပြီး စည်းရုံးကြပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ အာဇာနည်နေ့ဖြစ်တဲ့အတွက် ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို ခေတ္တငြိမ်သက်စွာ ဂါရ၀ပြုခဲ့ကြပါတယ်။ အဲဒါကို တချို့က နိုင်ငံရေးလုပ်တာဆိုပြီး ပြဿနာတက်မှာ ကြောက်ခဲ့ကြတယ်။ နောက်ပိုင်းမြန်မာနိုင်ငံကနေ ကျောင်းသားတွေ ထပ်ပြီးလာလို့မရတော့မှာ စိုးရိမ်ခဲ့ကြတယ်။ နိုင်ငံခြားကို ရောက်ပြီးတာတောင်မှ ကျွန်တော်တို့မှာ ကြောက်စိတ်တွေနဲ့ ပြည့်နေခဲ့ပါတယ်။

ကျောင်းသူကျောင်းသားများ ဂါရ၀ပြုနေစဉ်

နောက်ပိုင်း ကျွန်တော်တို့ သံလွင်အိပ်မက် အီဇင်း လုပ်ဖြစ်တော့လဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာမူတွေ ထည့်မလားဆိုပြီး အပြင်းအထန် ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ အီးဇင်းက မြန်မာလူငယ်တွေကို စိတ်ဓါတ်မြှင့်တင်ပေးဖို့၊ အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့၊ လူငယ်တွေ သိချင်တာတွေ သိနိုင်ဖို့ဆိုတဲ့ မြန်မာလူငယ်များအတွက် ရည်ရွယ်တဲ့ အီးဇင်းတစ်စောင်ဖြစ်လာပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တခြား နိုင်ငံရေး ၀က်ဆိုဒ်တွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ အီးဇင်းကို မြန်မာနိုင်ငံက လူငယ်တွေ ၀င်ဖတ်နိုင်ဖို့အတွက် နိုင်ငံရေးဆိုတာပါရင် ၀က်ဆိုဒ်အပိတ်ခံရမှာကို ကြောက်ပါတယ်။ မြန်မာနိုင်ငံကနေ အီးဇင်းကိုဖတ်လို့ မရတော့မှာ စိုးရိမ်ပါတယ်။

ဒါနဲ့ပဲ ရေးချင်တာတွေ ရေးဖို့၊ အတွေ့အကြုံတွေ ဖလှယ်ဖို့၊ ကျွန်တော် ဒီဘလော့ခ်ကို လုပ်ခဲ့ပါတယ်။ ကျွန်တော် ဒီအင်တာနက်ဆိုတဲ့ လွတ်လပ်ကျယ်ဝန်းတဲ့ ကောင်ကြီးပေါ်မှာ ကျွန်တော်ခံစားရတာတွေကို အမှန်အတိုင်းပြောနိုင်မယ်လို့ ထင်ခဲ့တာ တကယ်တမ်းကျတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဘလော့ခ်ရေးတော့လည်း ဒီအတိုင်းပါပဲ မြန်မာနိုင်ငံကလူတွေကို ပြန်ကြည့်ရပါတယ်။ မြန်မာနိုင်ငံမှာ blogspotကို ဖွင့်လို့မရတော့ရင် မြန်မာနိုင်ငံက ဘလော့ခ်ကာတွေတော့ ဒုက္ခပဲ။ ပြီးတော့ မြန်မာပြည်ပြန်တာနဲ့ လေဆိပ်မှာလာစောင့်နေမယ်တဲ့။ နိုင်ငံရေးမလုပ်နဲ့ အဖမ်းခံရလိမ့်မယ်။ ဆိုတဲ့ စကားသံတွေ ခဏခဏ ကြားနေရပါတယ်။

နိုင်ငံရေးအပြင်ကို တခြားကိစ္စတွေလည်း ရှိပါသေးတယ်။ ကျွန်တော်တခုခုရေးလိုက်ရင် မှားသွားမလား။ ကျွန်တော့်ဘလော့ခ်ကို သူများဆီက Tamplateခိုးထားတယ် ပြောကြမလား။ ကျွန်တော့်ဘလော့ခ်က သူများဘလော့ခ်တွေနဲ့ ကာလာတူနေလား။ ရေးလိုက်တဲ့ အကြောင်းအရာက စာဖတ်သူကို အဆိပ်အတောက်ဖြစ်စေတာလား။ ရေးလိုက်တဲ့ မြန်မာစာသတ်ပုံတွေက မှန်ရဲ့လား။ အဲဒီလို စိုးရိမ်ခြင်းပေါင်းများစွာနဲ့ ကျွန်တော်ပိုစ့်တစ်ချို့ကို ရေးဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ သူငယ်ချင်းတွေကတော့ နင့်ဘလော့ခ်ကို နင့်ဘာသာရေးတာ ဘာဖြစ်လဲဆိုပြီးပြောပါတယ်။ ပြီးတော့ သံလွင်အိပ်မက်ရဲ့ အယ်ဒီတာတစ်ဦးအနေနဲ့ အမှားပြောမိရင် သံလွင်အိပ်မက် နာမည်ကိုထိခိုက်မလား။ ဒါကတော့ မဆိုင်ပါ။ သံလွင်အိပ်မက်ထဲမှာ ဇင်ကိုလတ်ပါပေမယ့် ဇင်ကိုလတ်ရဲ့ Danger Zoneဟာ သံလွင်အိပ်မက်မဟုတ်ပါဘူး။

မြန်မာနိုင်ငံက ဘလော့ခ်ရေးချင်တဲ့ ကောင်လေးတစ်ယောက်ကတော့ အင်တာနက်ပေါ်မှာ စာပေစီစစ်ရေး ရှိတယ်ဆိုလို့တဲ့။ သူဘလောခ့် မရေးပါဘူးဆိုလို့ ဘယ်က စာပေစီစစ်ရေးမှ မရှိပါဘူးဆိုတဲ့အကြောင်း ပြောရသေးတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ အရာရာကို လေ့လာသင်ယူချင်ကြပါတယ်။ ပြီးတော့ ကိုယ်ခံစားရတာ၊ ကိုယ်ကြားဖူးတာတွေကို မျှဝေချင်ကြတယ်။ အတားအဆီးတွေ အပိတ်အနှောင်တွေကို မကြိုက်ဘူး။ တခါတလေတော့လဲ တွေးမိတယ်။ မြန်မာနိုင်ငံကြီးတစ်ခုလုံးတောင် ထောင်ကျနေတာ ဘာကိုကြောက်နေတာလဲ ဆိုပြီးတော့ပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ သနားမယ်ဆို သနားစရာတော်တော်ကောင်းပါတယ်။ ဟုတ်တယ်လေ လွတ်လပ်ရေးဆိုတာကို စိတ်မှန်းနဲ့ပဲ လွမ်းနေရတာ။

ဟုတ်ပါတယ်။ ကျွန်တော်အဲဒီ ကြောက်စိတ်တွေကို ဖယ်ပြီး ကျွန်တော်ရေးချင်တာကို ရေးပါမယ်။ ကျွန်တော်သိထားတဲ့ အမှန်တရားတွေကို ရေးပါမယ်။ အမှန်ကိုပြောတာ အမှန်ကိုလုပ်တာ နိုင်ငံရေး လုပ်တာလို့ပြောမယ် ဆိုရင်လည်း မတတ်နိုင်တော့ပါ။ ကျွန်တော်ကတော့ အင်တာနက်ဆိုတာကြီးပေါ်မှာ ကြောက်စိတ်တွေကို ကင်းနိုင်သမျှကင်းအောင် နေပါတော့မယ် . .။

9 comments:

farawaysu said...

"Too often we are scared,
scared of what we might not be able to do,
scared of what people might think if we tried,
we let our fears stand in the way of our hopes.
Why?
There's really no time to be afraid. You have nothing to lose and everything to gain. Everything!”

quoted>>>>

Bravo bravo bravo
Cheers to the fearless ZCL!

ကိုဖြိုး said...

အမှန်က အင်တာနက်ပေါ်မှာ စာပေစိစစ်ရေးရှိတယ်ဗျ ဟိုတလောကတောင် နာမည်ကျော် မဂ္ဂဇင်းတစ်စောင် စိစစ်ရေးနဲ့ ငြိသွားသေးတယ်ဗျ။ အင်းဗျာ တော်ပြီ ဆက်မပြောတော့ဘူး။ ခြင်ကိုက်လှပြီ။ ခြင်ဆေးသွားထွန်းဦးမယ်။

သစ္စာ | သ​စ်စာ said...

အင်တာနက်ပေါ်မှာ စာပေစိစစ်ရေးရှိတယ်ဗျာ့။ ပုဂံနက် ခေါ် ဆိုက်ဘာတက် မှာ ထိုင်ပြီးတော့စိစစ်နေပါတယ်။ သတင်းကောင်းပါခင်ဗျာ.... ဘလာ့ဒ်တိုင်းကိုဝင်ဝင်ဖတ်ပေးနေလို့လေ ....း)

Anonymous said...

ဇင်ကိုလတ်ရေ.. အဲဒီ ကြောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တို့ ဖတ်ထားတဲ့ အကြိုက်ဆုံး Quote ၂ခုကို ဒီမှာ ပြောလိုက်ပါရစေ..

ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာ...
“လွတ်လပ်တဲ့ လူအဖွဲ့အစည်းက လာတဲ့လူတွေအတွက် ပုံမှန်အပြုအမူတွေဟာ မြန်မာပြည်သူ၊သားတွေ အတွက်တော့ ထူးဆန်းနေပါတယ်။ ကြောက်ရွံ့တယ်ဆိုတာလည်း တခြားအပြုအမူတွေလို အလေ့အထပဲ ဖြစ်ပါတယ်။ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေထိုင်လာကြတာ ကြာလာရင်ကြောက်တတ်လာတာပါဘဲ။ ဒါကြောင့်မို့ ကျမကို လူတွေက သိပ်သတ္တိကောင်းတယ်လို့ ပြောကြတာထင်ပါတယ်။ တကယ်တော့ ကျမဟာ ကြောက်လန့်နေရတဲ့အကျင့် မရခဲ့လို့သာ ဖြစ်မှာပါ..”

ဘလောဂါ့ ကိုရည်မွန်ပြောတာ...
“ဒါပေမယ့် မျက်စိဖွင့်ပြီး ကြောက်နိုင်ဖို့ ကျွန်တော် ကျိုးစားနေတယ်။”

မင်းလည်း သူ့ လို မျက်စိဖွင့်ပြီး ကြောက်နိုင်မယ်လို့ တို့ယုံကြည်ပြီးသားပါး) ဆက်ကြိုးစားဦးကွ ။

ကိုဖြိုး said...

ကိုဇင်ကိုလတ်ရေ အားရင် ရေးပေးနိုင်ဖို့ ကျွန်တော် Tag လိုက်တယ်နော်

Unknown said...

novnov >>> Thankz for your comments.

Ko Phyoe & ကိုမင်းကျော် >>> အင်တာနက်ပေါ်မှာ စာပေစိစစ်ရေးရှိတာလား။ သြော် . အံ့သြဖွယ်ပါတကား။

ဂျစ်တူး >>> ဟုတ်အဲဒီ Quoteတွေနဲ့ ပတ်သတ်လို့ ကျေးဇူးပါ။

Ko Phyoe >>> ဟုတ် ရေးပြီးပါပြီဗျာ။

Anonymous said...

michael kors bags
coach outlet
tiffany and co jewelry
louis vuitton handbags outlet
louis vuitton sunglasses for women
true religion jeans
michael kors outlet
ferragamo shoes
replica watches
mont blanc outlet
thomas sabo outlet
reebok outlet store
ray ban sunglasses
mulberry handbags
true religion jeans
cheap jordans
pandora outlet
michael kors outlet
swarovski crystal
true religion jeans
mulberry handbags
tiffany and co
mbt shoes outlet
oakley sunglasses
michael kors outlet
michael kors outlet
tiffany jewelry
michael kors factory online
ralph lauren uk
true religion outlet
timberland boots
louis vuitton outlet online
nike blazer pas cher
rolex watches
michael kors handbags outlet
20160608zhenhong

Unknown said...

uggs on sale
ugg boots
instyler
michael kors handbags clearance
rolex watches
thomas sabo uk
ralph lauren polo
ferragamo shoes
longchamp handbags
beats by dre
michael kors outlet
nike free run
adidas nmd runner
ray ban sunglasses
nike air huarache
christian louboutin uk
ugg boots
calvin klein underwear
michael kors handbags
true religion jeans
cheap football shirts
cheap nike shoes
ugg sale
links of london
mulberry handbags
tiffany outlet
instyler ionic styler
cheap uggs
michael kors outlet
tory burch sandals
michael kors outlet online
mulberry handbags
tods outlet online
basketball shoes,basketball sneakers,lebron james shoes,sports shoes,kobe bryant shoes,kobe sneakers,nike basketball shoes,running shoes,mens sport shoes,nike shoes
hollister uk
michael kors handbags wholesale
0811jianxiang

Unknown said...

www0822

pandora charms outlet
off white
nike chaussure
michael kors outlet
polo ralph lauren outlet
true religion outlet
ugg boots
ugg boots clearance
jordan shoes
moncler online outlet