Monday, June 25, 2007

ရွှေမဖြစ်ခဲ့ရင်လည်း အကောင်းသား

ဒီပိုစ့်ကို ရေးချင်နေသည်မှာ တော်တော်ကြာပါပြီဖြစ်၏။ အကြောင်းအရာများကို သေသေချာချာမသိသောကြောင့် မရေးတော့ဟုပင် ဆုံးဖြတ်ခဲ့သည်။ သို့ပေမယ့် မပြောမပြီး မတီးမမည်ဆိုသလို ပြောချင်သည်များကို ပြောချတော့မည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ့်က ကျွန်တော့်ရဲ့ ပိုစ့်၁၀၀မြောက်လည်းဖြစ်သည်။ ရေးထားသော အကြောင်းအရာများမှားခဲ့လျှင် ပြင်ပေးကြရန်လည်း ကြိုတင် တောင်းပန်အပ်ပါသည်။

နေ၀င်းအစိုးရတက်ပြီးသည့် နောက်ပိုင်းမှစ၍ ယနေ့ထက်တိုင် စာပေလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်တို့ကို ပိတ်ပင်ခံထားရသည်။ ထိုအကြောင်းကို ကိုငယ်(မန္တလေး)က သမိုင်းအမှောင်ချခံရ၍ လမ်းပျောက်ကြသူများဟု ရေးခဲ့ဖူး၏။ ထို့ကြောင့် လူကြီးသူမများပြောပြသော အကြောင်းအရာများကိုသာ ပါးစပ်အဟောင်းသားနှင့် ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရဖူးသည်။ ကျွန်တော့်ကိုလည်း ဆုံးသွားပြီဖြစ်သော အဖိုးဖြစ်သူက သူတွေ့ကြုံခဲ့ရသော အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ပြီးစခေတ်၊ မဆလခေတ်တွေကို ပြောပြသောကြောင့် တချို့တ၀က်ကို သိခွင့်ရခဲ့၏။ စင်္ကာပူနိုင်ငံ စတင်တည်ထောင်ကာစက ဖြစ်မည်။ စင်္ကာပူဝန်ကြီးချုပ်လီကွမ်ယု မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က အကြောင်းတွေကို အဖိုးကဤသို့ပြောပြသည်။ `ဒို့ဗမာရွှေခေတ်မှာ လီကွမ်ယုလာတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတို့၊ ဘူတာကြီး၊ ခြောက်ထပ်ရုံး၊ အတွင်းဝန်ရုံး တို့ရော၊ တခြားတိုးတက်နေတာတွေရော ကြည့်ပြီး စင်္ကာပူကိုလည်း ၅နှစ်အတွင်း ဒီလိုတိုးတက်ဖို့ အမှီလိုက်မယ်လို့ ပြောသွားတယ်တဲ့´။ အခုတော့ စင်္ကာပူက အနှစ်လေးဆယ်စာလောက် တိုးတက်ခဲ့သော်လည်း ကျွန်တော်တို့ နိုင်ငံကတော့ အဲဒီလီကွမ်ယုလာချိန်က အတိုင်း လွန်ခဲ့သော အနှစ်လေးဆယ်တွင် ကျန်ခဲ့၏။

ကျွန်တော်ကျောင်းစတက်တော့ စင်္ကာပူနိုင်ငံသား မလေးလူမျိုးသူငယ်ချင်းများက ကျွန်တော့်ကို `၀ီးအောင်၊ ၀ီးအောင်´လို့ခေါ်၏။ ကျွန်တော့်နာမည်မခေါ်တတ်သောကြောင့် သူတို့သိသော မြန်မာနာမည်ကိုခေါ်ခြင်းဖြစ်သည်။ ၀ီးအောင်ဆိုသည်မှာ ၁၉၉၀နောက်ပိုင်းက စင်္ကာပူတွင် ကြေးစားကစားသွားသော မြန်မာဘောလုံးသမား ၀င်းအောင်ကို ခေါ်ခြင်းဖြစ်သည်။ Malaysia League all starsနှင့် Singapore League all starsနှစ်သင်း ကန်သောအခါ ၀င်းအောင်သည် S-League all starsတွင် ပါဝင်ကစားခဲ့ရ၏။ ဘောလုံးအကြောင်းပြောလျှင် ၁၉၆၀လောက်က မြန်မာလက်ရွေးစင် ဘောလုံးအသင်းအကြောင်းလည်း ပြောမှဖြစ်မည်။ အဖိုးပြောပြသည်မှာ ထိုအချိန်က မြန်မာ၏ပြိုင်ဖက်မှာ ယိုးဒယား၊ အင်ဒိုနီးရှားတို့မဟုတ်။ ကိုးရီးယား၊ ဂျပန်၊ အီရန်တို့ ဖြစ်ကြသည်တဲ့။ အာရှဖလားကိုလည်း ရခဲ့ဖူးကြပါသည်။ ထို့အပြင် အာရှ၏အကောင်းဆုံး ဘောလုံးသမား ၁၁ယောက်တွင် မြန်မာနိုင်ငံမှ ၃ယောက်ပါခဲ့သည်။ အဖိုးပြောပြသော နာမည်များထဲမှ ဂိုးလှအေး၊ နောက်ခံလူ မောင်မောင်တင်၊ တိုက်စစ်မှူး ဗဟာဒူးတို့ကိုသာ မှတ်မိတော့သည်။ မောင်မောင်တင်ဆိုလျှင် အာရှ၏ မဟာတံတိုင်းကြီးဆို၍တင်စား ပြောဆိုခြင်းခံရသည်ဟု ကြားဖူးသည်။

အာရှဖလားကြီးကို ဘန်ကောက်မြို့မှ သယ်ယူလာခဲ့သော မြန်မာဘောလုံးအသင်းကို ရေဒီယိုမှ `ဒို့မြန်မာနိုင်ပြီ´ ဆိုသော သီချင်းဖြင့် ကြိုဆိုနေသော လူအုပ်ကြီး၏ အသံများ သောသောညံနေခဲ့မည်ကို တွေးကြည့်တာနှင့်ပင် ကြက်သီးများ တဖြန်းဖြန်းထမိပါသည်။ ထိုခေတ်ကို ဘောလုံးရွှေခေတ်ဟုလည်း ခေါ်ခဲ့ကြ၏။ ယခုများတော့ အရှေ့တောင်အာရှဖလားကို ၀င်ကန်ရန်ပင် အနိုင်နိုင်။ အဖိုးက ကျွန်တော့်ကို ထိုအကြောင်းများ ပြောပြသလို အလုပ်ထဲမှ Indiaလူမျိုးတစ်ယောက်ကိုလည်း သူ့အဖိုးက မြန်မာနိုင်ငံအကြောင်းများ ပြောပြသည်တဲ့လေ။ သူ့အဖိုးက မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ပေါများကြောင်း၊ ပိုက်ဆံရှာလို့အလွန်လွယ်ကြောင်း၊ မြန်မာပိုက်ဆံကလည်း တန်ဖိုးအလွန်ရှိကြောင်း၊ ယခုနေထိုင်နေသော(Indiaတွင် ရှိသော) အိမ်၊ ခြံ၊ မြေအားလုံးမှာ မြန်မာပြည်တွင် ရှာခဲ့သောပိုက်ဆံများဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်းများကို စီကာပတ်ကုံး ပြောပြသည်တဲ့လေ။ ကျွန်တော်ကလည်း ပြေးမြင်လိုက်ပါသည်။ ကျွန်တော့်အဖိုးပြောသော ချစ်တီးကုလားဆိုသူများကို။

အရှေ့တောင်အာရှတွင် နာမည်ကြီးသော Rangoon Universityအကြောင်း၊ Rangoon Institute of Technologyအကြောင်းတို့ကိုတော့ အားလုံးသိကြမည်ပင်။ ယခုအချိန်တွင်တော့ အဘက်ဘက်က ယိုယွင်းပျက်စီးနေသော အခြေအနေများကို လူတိုင်းအသိပင် ဖြစ်သောကြောင့် ရေးပြမနေချင်တော့ပါ။ ကျွန်တော်အတိတ်ကို ပြန်ဖော်ပြီး တွေးဆွေးနေခြင်းတော့မဟုတ်ပါ။ သို့ပေမယ့် ကျွန်တော်တို့နိုင်ငံသာ ဘာသယံဇာတမှမထွက်၊ ပထ၀ီအနေအထားလဲ မကောင်း၊ လူတော်များလည်း မရှိသော နိုင်ငံလေးတစ်ခုဆိုလည်း ကောင်းမည်။ ဘာဆိုဘာမှ ဂုဏ်ယူစရာ မျှော်လင့်စရာမရှိ။ ဒါကြောင့် ကျွန်တော်တွေးမိပါသည်။ သြော် . . . ရွှေခေတ်မှာ ရွှေမဖြစ်ခဲ့လျှင်လည်း အကောင်းသားလို့။


ဓါတ်ပုံ - မြန်မာစွယ်စုံကျမ်းမှ

comments ထဲမှာ လာရေးသွားတဲ့သူတွေရဲ့ အမြင်တချို့ကို မြင်သာအောင် ထပ်ဖော်ပြလိုက်ပါတယ်။
mgthantzin said...
အရှေ့တောင်အာရှရဲ့ အရှိန်အ၀ါအကြီးဆုံး သတင်းစာ.. The Mirror! အရှေ့တောင်အာရှရဲ့ အခမ်းနားဆုံး ရုပ်ရှင်ရုံ.. The President ဆိုလားပဲ... တချိန်ချိန်တုန်းကပေါ့... ပစ္စုပ္ပန်နဲ့ အနာဂတ်ထက်စာရင် အတိတ်ကတောင် ပိုချိုမြိန်နေသလားလို့.. နော်.. =(

Thelay said...
အင်း အရင်က Taxi driver တယောက်ကပြောဖူးတယ်.. သူငယ်ငယ်က မြန်မာပြည်သွားချင်လို့ ပိုက်ဆံစုရတယ်ဆိုပဲ.. နောက် သူငယ်ချင်းအဖေတစ်ယောက်ကပြောဖူးတာတော့ စင်ကာပူ ဟာ မြန်မာပြည်က မြို့ဆောက်ပုံကို အခြေခံတယ်ပြောတယ်. .အဲဒါကြောင့် rangoon road, mandalay road, ပုသိမ်လမ်း.. မော်လမြိုင်လမ်း.. တို့ ရှိတာတဲ့.. မြ၀တီက အမကြီးတစ်ယောက်က ကြတော့ သူတို့ ငယ်ငယ်က ယိုးဒယားဘက်က လူတွေက ကတ္တရာလမ်းမမြင်ဘူးလို့ မြန်မာပြည်ဘက် လာကြည့်ရတယ်တဲ့.. ဂျပန်ခတ်ကလေ.. ဈေးတွေ အရမ်းကြီးတာ ခေတ်ပျက်လို့တဲ့. အခုတော့ ခောတ်ကောင်းလွန်းလို့ ဈေးတွေတက်တာထင်တယ်..ဈေးက ဂျပန်ခောတ်ထက်တောင် သာသေးတယ်.. ဟီး.. ကောင်းလွန်းသွားသလားမသိဘူးနော်..

15 comments:

Anonymous said...

ပို့စ် ၁၀၀ မြောက်အတွက် ၀မ်းသာပါတယ်... နောက် ဒီထက်ပို့စ်တွေ များများရေးနိုင်ပါစေ.. =) ရွှေမဖြစ်ခဲ့ရင် ကောင်းသားဆို အစ်ကို က ဘာဖြစ်ချင်လဲဟင်.. =)

Anonymous said...

Oi, achei teu blog pelo google tá bem interessante gostei desse post. Quando der dá uma passada pelo meu blog, é sobre camisetas personalizadas, mostra passo a passo como criar uma camiseta personalizada bem maneira. Até mais.

Anonymous said...

Oi, achei teu blog pelo google tá bem interessante gostei desse post. Quando der dá uma passada pelo meu blog, é sobre camisetas personalizadas, mostra passo a passo como criar uma camiseta personalizada bem maneira. Até mais.

Anonymous said...

rodrigo ဆိုတဲ့ ငျးဇင့်ကာ့ အမျိုးက အသားလွက်ေုကာ်ူငာဝင်နေပျလား?

This is what he said in Potuguese - "Oh, I found yours blog for google and it is very interesting. I liked this post. When you got time, please come to my blog. It has a step-by-step creation of well-known personalized t-shirts. See ya."

Anyway, where you get this pict. From ZMMT ?

mgthantzin said...

အရှေ့တောင်အာရှရဲ့ အရှိန်အ၀ါအကြီးဆုံး သတင်းစာ.. The Mirror! အရှေ့တောင်အာရှရဲ့ အခမ်းနားဆုံး ရုပ်ရှင်ရုံ.. The President ဆိုလားပဲ... တချိန်ချိန်တုန်းကပေါ့... ပစ္စုပ္ပန်နဲ့ အနာဂတ်ထက်စာရင် အတိတ်ကတောင် ပိုချိုမြိန်နေသလားလို့.. နော်.. =(

pandora said...

အဲဒီလို ငိုသံပါကြီးနဲ့ မပြောစမ်းပါနဲ့ ဇင်ကိုလတ်ရာ။ နာမခံစားနိုင်လို့ပါ။ :( :(

MELODYMAUNG said...

Congratulations! First for your 100th posts.
နာကတော့ ရွှေဖြစ်ချင်ဘူး ရွှေပဲခိုးချင်တယ် အိမ်မှာ ပန်းတိမ်ရှိတယ်ဟ၊
စတာပါ၊ နာ့ အသိတစ်ယောက် စပိန်ကလာတုန်းက သူ့ သူငယ်ချင်းတွေက မြန်မာကိုသိဘူးတဲ့ amazon လိုမှတ်လို့ ဆိုပဲ
:(

sisain said...

အရင်ရွှေခေတ်ဆိုတာက သူ့ကျွန်ခံဆဲ၊ သူ့ကျွန်ဘ၀ကလွတ်စ အခြေအနေမှာကိုးဗျ။ ခုက အဲလိုဟုတ်ဖူးလေ။ ကိုယ့်ကျွန်ကိုယ်ခံနေကြတာဆိုတော့ ရွှေခေတ်မဟုတ်တော့ဘူး။ အီးခေတ် ရောက်သွားပြီ။ အီး ဆိုတာ ရင်းဂလိပ် e (Electronic) မဟုတ်ပဲ မြန်မာအီးဖြစ်နေတာ စိတ်မကောင်းစရာ။

Unknown said...

demo >>> သြော် . . .ရွှေဖြစ်ခဲ့ဖူးတော့ ရွှေထပ်ဖြစ်ရမယ်၊ ရွှေထပ်ဖြစ်နိုင်တယ်ဆိုပြီး ခံယူထားမိလို့ပါ။ ရွှေပဲ ဖြစ်ချင်ပါတယ်။

Rodrigo >>> အင်း ခင်ဗျားပြောတာ ကျွန်တော်မသိ။ ကျွန်တော် ပြောတာ ခင်ဗျားမသိနဲ့။ ဟုတ်တော့ ဟုတ်နေပြီ။

bro & sis >>> Thankz for ur translating. btw how do u know Potuguese Language? same as spainish? I got that pic from Myanmar Encyclopedia. :)

mgthantzin >>> အင်း တကယ်ကို ရွှေဖြစ်ခဲ့ကြတာပဲနော်။

pandora >>> ဟုတ်တယ်မပန်ရဲ့။ ကျွန်တော်တို့နိုင်ငံက တချိန်က အဲဒီလိုနိုင်ငံလေ။

MelodyMaung >>> အင်း အရင်ခေတ်ကမှ burmaဆိုသိသေးတယ်။ အခုဆို ဘာမားရော မြန်မာရော၊ မြန်သ်ရန့်ရော ဘာပြောပြောမသိတော့ဘူး။

sisain >>> ကိုယ့်ကျွန် ကိုယ်ခံနေကြရတယ်ဆိုတဲ့ စကားလုံးကို ကြိုက်တယ်ဗျာ။

Thelay said...

အင်း အရင်က Taxi driver တယောက်ကပြောဖူးတယ်.. သူငယ်ငယ်က မြန်မာပြည်သွားချင်လို့ ပိုက်ဆံစုရတယ်ဆိုပဲ.. နောက် သူငယ်ချင်းအဖေတစ်ယောက်ကပြောဖူးတာတော့ စင်ကာပူ ဟာ မြန်မာပြည်က မြို့ဆောက်ပုံကို အခြေခံတယ်ပြောတယ်. .အဲဒါကြောင့် rangoon road, mandalay road, ပုသိမ်လမ်း.. မော်လမြိုင်လမ်း.. တို့ ရှိတာတဲ့.. မြ၀တီက အမကြီးတစ်ယောက်က ကြတော့ သူတို့ ငယ်ငယ်က ယိုးဒယားဘက်က လူတွေက ကတ္တရာလမ်းမမြင်ဘူးလို့ မြန်မာပြည်ဘက် လာကြည့်ရတယ်တဲ့.. ဂျပန်ခတ်ကလေ.. ဈေးတွေ အရမ်းကြီးတာ ခေတ်ပျက်လို့တဲ့. အခုတော့ ခောတ်ကောင်းလွန်းလို့ ဈေးတွေတက်တာထင်တယ်..ဈေးက ဂျပန်ခောတ်ထက်တောင် သာသေးတယ်.. ဟီး.. ကောင်းလွန်းသွားသလားမသိဘူးနော်..

Unknown said...

thelay >>> အခုလို ၀င်ရောက်ဆွေးနွေးပေးတာ ကျေးဇူးပဲနော်။

chenmeinv0 said...

christian louboutin shoes
gucci belts
ugg outlet stores
retro jordan 13
mont blanc ballpoint pen
cheap oakley sunglasses
moncler outlet
adidas outlet
prada bags
michael kors handbags
20171.11chenjinyan

5689 said...

zzzzz2018.8.23
moncler jackets
kate spade
kate spade outlet online
ray ban eyeglasses
fitflops sale clearance
jordan 4
pandora jewelry
nike shoes
christian louboutin outlet
louboutin shoes

Unknown said...

www1029



ralph lauren polo
ugg boots
coach handbags
nike shoes outlet
true religion jeans outlet
coach outlet online
christian louboutin
prada shoes
off white shoes
ugg boots




phestay said...

read the full info here high end replica bags learn this here now Ysl replica handbags Get More Information replica gucci