Wednesday, June 6, 2007

ကံကောင်းခြင်းနဲ့ နယူးယောက်

ကျွန်တော် အခုအလုပ် ၃ရက် ဆက်ပြီးနားနေရတဲ့အချိန်မှာ Just My Luckဆိုတဲ့ ဇာတ်ကားလေးကို ပြန်ကြည့်မိပါတယ်။ Lindsay Lohan နဲ့ Chris Pineတို့ သရုပ်ဆောင်ထားပြီး ဇာတ်လမ်းလေးက ပျော်စရာ ဇာတ်မြူးလေးပါပဲ။ အရမ်းကံကောင်းတဲ့ ကောင်မလေးတစ်ယောက်က အရမ်းကံဆိုးတဲ့ ကောင်လေးတစ်ယောက်ကို နမ်းမိသွားတဲ့အခါ သူတို့နှစ်ယောက်က ပြောင်းပြန်ဖြစ်သွားတာပါ။
ကောင်မလေးက ကံအရမ်းဆိုးသွားပြီး ကောင်လေးက ကံအရမ်းကောင်းသွားပါတယ်။ ရယ်စရာ၊ ပျော်စရာသာမက ချစ်စရာလည်းကောင်းတဲ့ ကောင်မလေးပါတဲ့ ဇာတ်ကားဖြစ်လို့လားတော့ မသိပါ။ စိတ်ညစ်နေတဲ့သူ တစ်ယောက်ကြည့်ရင်တောင် နည်းနည်းတော့ ပြုံးမိလောက်မယ့် ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့်ကတော့ ကြယ်လေးလုံးပေးပါတယ်။ Trailerကြည့်ချင်တယ် ဆိုရင်တော့ YouTubeမှာ သွားကြည့်ကြပါ။

အဲဒီဇာတ်ကားရဲ့ နောက်ဆုံးခန်းကတော့ New Yorkက Time Squareမှာ စတိတ်ရှိုး လုပ်တာပါ။ အဲဒါနဲ့ ကျွန်တော်ရောက်ခဲ့ဖူးတဲ့ အဲဒီနေရာလေးကို ပြန်သတိရသွားပြီး သံလွင်အိပ်မက် အမှတ် (၇)မှာ စည်သူ(သံလွင်)နာမည်နဲ့ ရေးခဲ့ဖူးတဲ့ NYCသို့ တစ်ခေါက်ဆိုတဲ့ ဆောင်းပါးလေးကို ကိုယ့်ဘာသာကိုယ် ပြန်ဖတ်မိသွားပါတယ်။ မဖတ်ရသေးတဲ့ လူတွေ ဒီမှာClickနှိပ်ပြီး သွားဖတ်နိုင်ကြပါတယ်။ ကျွန်တော့်ဘ၀မှာတော့ ဘယ်တော့မှ မေ့မရနိုင်မယ့် ခရီးစဉ်တစ်ခုပါပဲ။

8 comments:

Anonymous said...

ခုမှကြည့်တာလား.. သူများကြည့်ပြီးတာကြာပေါ့.. ဟုတ်ကဲ့.. သံလွင်အိပ်မက်မှာ သွားပြန်ဖတ်လိုက်ပါမယ်.. =)

Thelay said...

ကြည့်ရသေးဘူးဗျို့ .. ခွေ ရှိရင် ငှားပါလား.. ဒါနဲ့ ကောင်လေးကလဲ ချစ်စရာလေးနော်.. =P

NayPhoneLatt said...

ငကြွား …

Unknown said...

demo >>> ကြည့်ပြီးသားပါ။ အဲလို ပေါ့ပေါ့ပါးပါး ကားလေးတွေဆို ပြန်ပြန်ကြည့် တတ်ပါတယ်။

thelay >>> အင်း ငှားမယ်။ ကန်စွန်းရွက်နဲ့ ပေါက်ပေါက်ဆုပ်ပေး။ စာတိုက်က ပို့လိုက်မယ်။

မြို့တော် >>> ဘာကိုကြွားရမှာလဲ။ စကားမစပ် ခြေလှမ်းတွေ စိပ်နေတယ်ဆိုလား။ ကျဲနေတယ်ဆိုလား။ သတင်းတွေ ကြားနေတယ်နော်။

pandora said...

အဲဒီကား ကိုယ်လည်း ကြည့်ပြီးပြီ.. ဟုတ်တယ် သဘောကျစရာ ကောင်းတယ်။

pandora said...

အဲဒီကား ကိုယ်လည်း ကြည့်ပြီးပြီ.. ဟုတ်တယ် သဘောကျစရာ ကောင်းတယ်။

Unknown said...

မပန်ဒိုရာက နှစ်ခါတောင်ကြည့်ပြီး နှစ်ခါတောင် သဘောကျလိုက်တယ်။ ကောင်းတယ်၊ ကောင်းတယ်။

5689 said...

zzzzz2018.8.23
moncler outlet
louboutin shoes
ugg boots
longchamp handbags
oakley sunglasses
true religion outlet
canada goose jackets
pandora
ralph lauren uk
cheap nba jerseys