Monday, June 4, 2007

ဂူဂယ်လ်ကို ဖိအားပေးမယ်

ကျွန်တော်တို့ Googleရဲ့ Free Service တွေကို စသုံးလာတာ ဟိုးအရင်ကတည်းကပါ။ ပြီးတော့ ကျွန်တော်တို့ သုံးနေကျ Youtubeတို့၊ ကျွန်တော် အခုရေးနေတဲ့ Bloggerတို့ အပြင် တခြားserviceတွေ ကိုလည်း သူက၀ယ်ခဲ့ပါတယ်။ ဘောလုံးမှာ Chelsea၊ Internetမှာ Googleလို့ ပြောရလောက်အောင်ကို တွေ့သမျှလျှောက် ၀ယ်နေပါတယ်။

အခုတော့ ကျွန်တော်တို့ တကယ်လိုအပ်နေတာကို Googleကနေ တောင်းချင်ပါတယ်။ အဲဒါကတော့ Conference Chatပါ။ စင်္ကာပူလူမျိုးတိုင်း MSNရှိသလို ကျွန်တော်တို့ မြန်မာတော်တော်များများကလည်း Gmailကိုယ်စီနဲ့ပါ။ အဓိကတော့ ကျွန်တော် ရွှေမြန်မာနိုင်ငံတော်နဲ့ ဆက်သွယ်ရေးအတွက် အဆင်ပြေဆုံး chat service ဖြစ်လို့ပါပဲ။

အခုဆို စလုံးတွေအင်္ဂလိပ်လို ပြောလိုက်၊ Singlishလိုပြောလိုက်၊ တရုတ်ဒါမှမဟုတ်၊ မလေးလိုပြောလိုက် လုပ်သလိုပဲ Gtalkထဲမှာ ကျွန်တော်တို့ မြန်မာတွေ မြန်မာလိုပြောလိုက်၊ Ctrl+Shiftလေးနှိပ်လိုက်၊ အင်္ဂလိပ်လိုပြောလိုက်၊ တချို့ဆို Burglishလို ပြောလိုက်နဲ့ အဆင်ကိုပြေနေတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ Multi User Chatအတွက်ကိုတော့ Googleက မလုပ်ပေးနိုင်သေးပါဘူး။

ဟိုတလောကတော့ Google Gadgetတွေထဲမှာ ပါလာပါသေးတယ်။ ဒါပေမယ့် သုံးရတာ အဆင်မပြေသေးပါဘူး။ တခါတခါကျတော့လည်း စီးပွားရေးကြောင့်ပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ သုံးလေးယောက် Meetingထိုင်သလို Chat ထဲမှာ Conferenceတွေ့ကြရရင် အရမ်းအဆင်ပြေမှာပါ။ ဒါကြောင့် ဒီလင့်ခ်လေး(Gtalk Help Center)မှာ သွားပြီး Googleကို ဖိအားပေးကြပါ။ ကျွန်တော်ကတော့ ပေးနေတာ ငါးခေါက်လောက်ရှိပြီ။

9 comments:

Anonymous said...

Demo လည်းအဲဒီလို တွေးဖူးတယ်.. Google ဖိအားသွားပေးရတာပေါ့.. မရရင်.. ကိုဇင်ကိုလတ်ကြီး Chat Room တစ်ခုလောက် လုပ်လိုက်.. :P ဒါဆိုလဲ အားလုံး တူတူချက်လို့ ရတယ်.. ထမင်းနဲ့ဟင်း.. :P

MELODYMAUNG said...

ဟိုလိုလူရေ Google ဖိအားသွားပေးဆိုတော့ လဲ သွားပေးခဲ့ ရတာပေါ့.. ရသွားရင်တော့ အဆင်ပြေတာပေါ့ မရသေးရင်လဲ ဒီမိုပြောသလို တူတူချက် ကြတာပေါ့ .. ထမင်းနဲ့ဟင်း.. :P

Unknown said...

demo >>> အင်းChat Roomတွေလည်း ရှိနေတာပဲ။ ဒါပေမယ့် Gtalk က Chatရတာ အဆင်အပြေဆုံးလေ။

melodymaung >>> ဘာဟင်းချက်မလဲ ဆိုတာသာ စဉ်းစားထားလိုက်တော့။

NLS said...

Good Idea! You should write english post on blogger. cuz there has a self crawler it can regonize if it is relating with GOOGLE! Cheer!

sisain said...

တကယ်လိုနေတဲ့ဟာပဲကွယ်- NLS ပြောတာလဲကောင်းသားပဲ။ ဒီပို့စ်ကို ရင်းဂလိပ်လို ထပ်ရေးပါလား။

Unknown said...

NLS >>> Yes I will try to write in english soon.

Sisain >>> ဟုတ်။ ရေးမယ်

jeje said...

moncler outlet
ralph lauren polo
ugg outlet boots
canada goose outlet
ugg outlet
adidas yeezy
nike outlet
true religion
champion sportswear
champion clothing

Unknown said...

company website best replica designer bags additional hints best replica designer websites buy replica bags online

Unknown said...

click to investigate look at this site Homepage get redirected here site web replica dolabuy