Friday, June 8, 2007

လုပ်ချင်တာနှင့် လုပ်သင့်တာ

ကျွန်တော့်ဘလော့ခ်ကို ဖတ်တဲ့သူတွေကတော့ ထင်မှာပဲ။ ဇင်ကိုလတ်ဆိုတဲ့ကောင်ကို ကြည့်လိုက်ရင် ရုပ်ရှင်လေးကြည့်လိုက်၊ စားလိုက်သောက်လိုက်၊ ဓါတ်ပုံလေးရိုက်လိုက်နဲ့ တော်တော်အားယား နေတယ်ထင်မှာပဲ။ အမှန်တော့ ကျွန်တော် မအားပါ။ ကျွန်တော် စိတ်နည်းနည်းရှုပ်လာလို့ နားထားတဲ့ ကျောင်းကလည်း အခုပြန်တက်နေရပါပြီ။ အဲဒီတော့ လောလောဆယ် ၀မ်းရေးအတွက် အလုပ်လုပ်တယ်၊ ပညာရေးအတွက် ကျောင်းတတ်တယ်၊ လူမှုရေးအနေနဲ့ လိုင်ဘရီလုပ်တယ်၊ ဘလော့ခ်စာအုပ်လုပ်တယ်၊ သံလွင်အိပ်မက်လုပ်တယ် (ငွေရော အချိန်ပါအများကြီး ပေးရတဲ့အလုပ်တွေပါ။) ပြီးတော့ ထွက်ပေါက်တစ်ခုအဖြစ် ကျွန်တော်ဒီဘလော့ခ်ကို လုပ်ပါတယ်။

ဒါတောင်ကျွန်တော် လုပ်ချင်တဲ့ ဂစ်တာတီးတာ၊ စီးပွားရေးလုပ်တာ၊ Pianoတီးတာ၊ ဓါတ်ပုံရိုက်တာ၊ လိုင်ဘရီကစာအုပ်အကုန်လုံးကို တစ်အုပ်မကျန် ဖတ်ချင်တာတွေ မပါသေးပါဘူး။
ပြီးတော့ ဟောင်ကောင်၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ သြစတြေးလျ၊ အင်္ဂလန်၊ တရုတ်၊ အီတလီ စတဲ့နိုင်ငံတွေကို သွားလည်ချင်တာတွေ မပါသေးဘူး။ တစ်ချိန်တုန်းက တစ်ယောက်သော သူကတော့ ပြောပါတယ်။ `အဲဒီလောက်လုပ်ချင်တာတွေ များနေရင် ဘာမှ မည်မည်ရရအလုပ်ဖြစ်မှာ မဟုတ်ဘူး၊ တစ်ခုချင်းစီကို တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်ပေါ့´တဲ့။ ဟုတ်ပါတယ်။ ကျွန်တော်ဒါကြောင့် ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျောင်းတက်မယ်၊ အလုပ်လုပ်မယ်၊ ဘလော့ခ်စာအုပ်လုပ်မယ်၊ လိုင်ဘရီလုပ်မယ်၊ သံလွင်အိပ်မက်လုပ်ပါမယ်။ အခုလောလောဆယ်အတွက် အရေးအကြီးဆုံး အလုပ်တွေကိုပါ။

ဒါကြောင့် ဘလော့ခ်ရေးခြင်း အပါအ၀င် တခြားအလုပ်တွေကို သိပ်လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ညီငယ်မောင်သန့်ဇင်ရဲ့ စကားနဲ့ ပြောရရင် ဘလော့ခ်လာဖတ်တဲ့သူတွေကို အားနာပါတယ်။ ပြီးတော့ ဖြစ်နိုင်ရင် ဘလော့ခ်ရေးခြင်းကို မစွန့်လွှတ်ချင်သေးပါဘူး။ ဒါကြောင့် ကျွန်တော်အခုလောလောဆယ် အစမ်းအနေနဲ့ လေးရက်ကိုမှ ပိုစ့်တစ်ခုပဲတင်ပါမယ်။ တစ်ရက်တစ်ခေါက် လာကြည့်တဲ့သူတွေကို အသစ်တွေမရှိရင် အားနာလို့ လေးရက်ကိုမှ တစ်ခါပဲလာကြပါ။ အဲဒီလေးရက်တစ်ခုတင်မယ့် ပိုစ့်တွေကတော့ . . .

၁) အင်တာနက်ပေါ်က ကြောက်စိတ်
၂) ရွှေမဖြစ်ခဲ့ရင်လည်း အကောင်းသား
၃) နံပါတ်တစ်ခုသာ ကွာသူ
၎) ငပွကြီးလား ငတုတ်ကြီးလား
၅) ကြိုးပျက်နေတဲ့ဂစ်တာတစ်လက်
၆) အထီးကျန်ဘ၀ ထဲမှာ
၇) မကြိုက်သော စကားပုံများ

ဟ . . ဇင်ကိုလတ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ကြောင်လိုက်တာဆိုပြီးပြောလည်း ခံရမှာပဲ။ ကျွန်တော်ဘာရေးမလဲ ဆိုတာ ကြော်ငြာတာထက် ကျွန်တော်ရေးချင်တာတွေကို မေ့သွားမှာစိုးလို့မှတ်ထားတာပါ။ ကျွန်တော်သူငယ်ချင်းတွေ မိတ်ဆွေတွေ၊ အမျိုးတွေနဲ့ ပေါင်းပြီး လုပ်နေတာတွေကို မီဒီယာတချို့မှာ အခုရက်ပိုင်းတွေ့ရတာလေးတွေ ဝေမျှလိုက်ပါတယ်။ ဖတ်ပြီးသားဖြစ်နေရင်တော့ ဆောရီးပါ။


ဘလော့ခ်စာအုပ်အတွက် အင်္ဂလိပ်ဘာသာနဲ့ မြန်မာတိုင်းမှာ ပါလာတဲ့ ရန်ကုန်က ဘလော့ခ်ကာများနဲ့ အင်တာဗျူး


မိုးမခထဲမှာ ဧပြီလ စာကိုး စကားကိုးအနေနဲ့ ပါလာတဲ့ သံလွင်အိပ်မက်ထဲက သံလွင်မောင်ရဲ့ စကားလုံးများ

မြန်မာဘာသာ မြန်မာတိုင်းမှာ ပါလာတဲ့ စင်္ကာပူတွင် မြန်မာစာကြည့်တိုက် ဖွင့်လှစ်ခြင်း

မိုးမခ မေလအတွက် စာကိုး စကားကိုးအနေနဲ့ ပါလာတဲ့ ကျွန်တော့်ရဲ့ ဘန်းစကားတွေ လန်းနေတယ်ပိုစ့်မှ စကားလုံးများ

10 comments:

Anonymous said...

ပုံထဲကလိုတော့.. busy တယ်ဆိုပြီး အိပ်မနေနဲ့အုံးနော်..

MELODYMAUNG said...

တခြားလုပ်ချင်တာတွေတော့ ကိုယ်ဟာသာ လုပ်လိုက်နော်
ဟောင်ကောင်၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ သြစတြေးလျ၊ အင်္ဂလန်၊ တရုတ်၊ အီတလီ စတဲ့နိုင်ငံတွေကို သွားလည်ချင်တာတွေ ကိုတော့ ကိုယ်စားသွားလည်ပေးမှာပေါ့ ဘတ်ဂျက်သာထုတ်ပေးလိုက်နော် နော်

Anonymous said...

Hummmmmmmm...

Moe Hlaing Nya said...

မိုးလှုင်ည
နှစ်ကျပ်မပေးနိုင်လို အလကားလာဖတ်သွားတယ်

Anonymous said...

ဟိုက်ရှားပါး.. ပို့စ်နာမည်တွေက မိုက်လှချည်လား ။ စောင့်ဖတ်နေပါသည် ။ ဒါနဲ့ သွားချင်တဲ့ နိုင်ငံတွေက အနည်းဆုံး တနှစ် ၁နိုင်ငံ သွားနိုင်အောင် ဆုံးဖြတ်ပေါ့း)

pandora said...

ဟေ့ရောင် ဇင်ကိုလတ် ဘလော့ဂ်ရေးခြင်း ကိုတော့ မစွန့်လွှတ်ပါနဲ့ကွာ.. ကျဲကျဲလေး တင်တာ ပြသနာ မရှိပါဘူး။ တော်ကြာ နာ့ဘော်ဘော်တွေ ဖြစ်လာရင် ထွက်ကုန်ကြတယ် ဆိုပြီး.. ပန်ဒိုရာ နိမိတ်မကောင်းဖြစ်နေမယ်.။

Unknown said...

demo >>> ပုံထဲကလိုတော့ busyဆိုပြီး မအိပ်ဘူး၊ busy ဖြစ်နေတဲ့အချိန်မှာ အိပ်ချင်တယ်၊ အိပ်ချင်တယ်ဆိုပြီးတော့ စဉ်းစားမိတယ်။

Melodymaung >>> ဒီလိုမှန်းသိ . . သွားချင်တဲ့နိုင်ငံထဲမှာ အီသီယိုးပီးယားတို့၊ လီဆိုတိုတို့၊ အီရန်တို့ ထည့်ထားပါတယ်။

မိုးလှိုင်ည >>> မရဘူး တွေ့ရင် အတင်းလိုက်တောင်းမှာ။

ဂျစ်တူး >>> ပိုစ့်နာမည်တွေက မိုက်သလို ပိုစ့်တွေကိုလည်း မိုက်အောင် ကြိုးစားပြီး ရေးပါမယ်။ စောင့်ဖတ်ပါ။ အင်း . . မဂျစ်တူးနဲ့ အိုင်ဒီယာတူတယ်။ တနှစ် ၁နိုင်ငံသွားမယ်။

Pandora >>> ဟုတ် မပန်။ အမိန့်တော်မြတ်အတိုင်းပါ။

kay said...

ဒီမေးခွန်းလေးက..အတည်မေးတာပါ..အမေးနဲ့အဖြေတွေစုပီး..Blog Reviewလေးလုပ်မလို့ပါ။ ဖြေပေးနိုင်မယ်ဆိုရင်...kthwe31@yahoo.com ကိုဖြစ်ဖြစ်..အမဘလော့တနေရာမှာဖြစ်ဖြစ်ဖြေပေးစေလိုပါတယ်..ကြိုတင်ကျေးဇူး။

အဲလိုအများကြီးလုပ်တဲ့အခါ..လူပင်ပန်းသလောက်..စိတ်ကျေနပ်မူတော့ရမယ်ထင်ပါတယ်။ အသက်တွေရလာလို့..မိသားစုကိစ္စတွေလည်းပါလာပီး..၂၁ ရာစုမှာ အချိန်တွေ ရှားလာပီဆိုပါတော့။ ကိုယ်ပိုင်ဘလော့ရေးခြင်းနဲ့..တခြားစုပေါင်းအလုပ်တွေမှာ..ဘယ်ဖက်ကိုမဲတင်းမလဲ။ ကိုယ်ပိုင်ဘလော့ရေးခြင်းကို..ကြာရှည်လေးမြင့်ထိမ်းထားနိုင်မယ်လို့ထင်ပါသလား။

5689 said...

zzzzz2018.8.23
ugg boots clearance
nike blazer
pandora charms
tn pas cher
coach outlet
jordan shoes
coach outlet online
ugg boots clearance
oakley sunglasses wholesale
nike outlet

Unknown said...

www1029





issey miyake
moncler outlet
pandora outlet
canada goose outlet
christian louboutin
christian louboutin outlet
off white clothing
christian louboutin shoes
adidas clothing
prada handbags