ကျွန်တော်ကဗျာ မရေးဖြစ်တာ တော်တော်ကြာပါပြီ။ ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာ မကြိုက်လို့ပါ။ ဒီနေ့တော့ ကဗျာရေးချင်စိတ်တွေ အရမ်းပေါက်နေတာနဲ့ ချရေးလိုက်တဲ့အခါ....
ဘလော့ဂ်ဂါရဲ့ ညနေစာ
Bloggingနဲ့ ဘလော့ဂ်ခြင်းအနုပညာ
အညတရဘလော့ဂ်ဂါတစ်ယောက်ရဲ့ ညနေစာဖြစ်တယ်။
လျှော်မရ ဖွပ်မရ
ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ
လုပ်မရ ဖြုတ်မရ
ရှုပ်ပွနေတဲ့ Widgetsတွေ
လွှတ်မရ ချွတ်မရ
ရွတ်တွနေတဲ့ အတ္တတွေ ကြားမှာ
ငါနေတယ်။
ဘလော့ဂ်ခြင်းကို မှော်ဝင်စား
ငါ့အနားမှာ ငါဘလော့ဂ်နဲ့ ငါပဲရှိတယ်။
ခပ်ညံ့ညံ့ကဗျာတစ်ပုဒ်ပေးပါ။
အဓိပ္ပါယ်မဲ့စကားလုံးတချို့ပေးပါ။
ဘယ်သူမှမကြည့်တဲ့ ရုပ်ရှင်ပေးပါ။
ဆေးသားပြယ် ပုံရိပ်ပေးပါ။
ချမပြသင့်တဲ့ ကိုယ်ရေးကိုယ်တာပေးပါ။
လူမဖတ်မယ့် သတင်းပေးပါ။
သွေးစို့နေတဲ့ ဘလော့ခ်ပိုစ့်ပေးပါတော့ကွယ်။
အင်း.....
Bloggingနဲ့ ဘလော့ဂ်ခြင်းအနုပညာ
ငါလို...
အညတရဘလော့ဂ်ဂါတစ်ယောက်ရဲ့ ညနေစာတစ်ပွဲဖြစ်တယ်။
ဇင်ကိုလတ်
၂း၃၀ ၂၇.၀၆.၀၇
8 comments:
ပထမဆုံး ကွန့်မန့်လာရေးတယ်ဟေ့ ... ကဗျာရေးတာ တစ်ပုဒ်ဆို ဆိုသလောက်ကောင်းပါတယ် ... လေးစားတယ် ငါးပြန်တယ် ခြောက်လျှော်တယ် ... အဟီး ဖဲဝိုင်းနဲ့ ရောသွားတယ် သူငယ်ချင်း ဆောရီး
အညတရဘလော့ဂ်ဂါတစ်ယောက်ရဲ့ ကဗျာကို သူ့ရဲ့ အမာခံ ဘလော့ဂ်ဖတ်သူ ( Blog Reader ) တစ်ယောက်လာဖတ်သွားပါတယ်.. မိုက်ပါတယ်.. ကောင်းပါတယ်.. =)
ဟိုက် လုပ်ထားကြဟေ့ .. ဘယ်လို ချီးကျူးရမှန်းကို မသိတော့ဘူး။ သောက်ရမ်းတော်နေကြပါလားကွ။ မနာလိုတောင်ဖြစ်လာပြီ။ သြော် မေ့တော့မလို့ သီချင်းလုပ်ဆိုလို့လဲကောင်းတယ်။ ဒါကြောင့် ဟိုလိုလိုဒီလိုလိုနဲ့ နာမည်ကြီးနေတာကိုးကွ။ အညတရပေလို့ပဲတော်တော့တယ်။
လျှော်မရ ဖွပ်မရ
ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ
လုပ်မရ ဖြုတ်မရ
ရှုပ်ပွနေတဲ့ Webgetsတွေ
လွှတ်မရ ချွတ်မရ
ရွတ်တွနေတဲ့ အတ္တတွေ ကြားမှာ
ငါနေတယ်။
ဇင်ကို.. ဒီကဗျာလေး တော်၂ကြိုက်တယ်.. အပေါ်က စာပိုဒ်လေးရယ်.. သွေးဆို့နေတဲ့ ဘလောဂ့်ပို့စ်ဆိုတဲ့ အသုံးအနှုံးရယ်..
နောက်ထပ် ကဗျာတွေ မျှော်နေမယ်.. ။
မြို့စားကြီး >>> ရော့လာထား။ ဘန်လတ်ကွ။ ဟားဟား။
ဒီမို >>> ဟုတ်။ အဲဒီ အမာခံ ဘလော့ခ်ဖတ်သူကို အညတရဘလော့ခ်ကာက ကျေးဇူးတင်လိုက်ပါတယ်။
ကိုဖြိုး >>> ဘယ်လိုချီးကျူးရမှန်းမသိတဲ့ အတွက် ကျေးဇူးပါ။ ဘယ်လိုလိုဘာလိုလိုနဲ့ နာမည်ကြီးတာတုန်း။
ဂျစ်တူး >>> ဟုတ်။ ကျွန်တော်လည်း ကြိုက်တယ်။ နောက်ထပ်ကဗျာကတော့ မျှော်မနေပါနဲ့။ အမမျှော်ရင်း မောသွားမယ်။
www0822
oakley sunglasses wholesale
louboutin outlet
nike shoes
pandora
lacoste outlet
coach factory outlet
soccer shoes
pandora jewelry
cheap basketball shoes
coach outlet online
zzzzz2018.8.23
supreme clothing
nike air max
moncler online outlet
dsquared2
ralph lauren uk
basket nike
coach outlet online
ugg boots clearance
football pas cher
oakley sunglasses
www1029
nike blazers
nhl jersey
nike shoes
pandora charms
christian louboutin shoes
fitflops clearance
new balance shoes
coach outlet online
red bottom shoes
Post a Comment