Thursday, February 15, 2007

အိပ်မက်ပန်းတွေပွင့်တဲ့သစ်ပင်(၂)

ချစ်သူဟာ . . .အလင်းကို ကမ္ဘာမြေပေါ် ပထမဦးဆုံးသယ်ဆောင်လာခဲ့သူ ဖြစ်ပေရဲ့ . . (သြဂုတ် ၂၈ ၁၉၉၂)


ငါဟာ . .အလွမ်းရဲ့ အစေအပါးတစ်ယောက်ပါ မြနန္ဒာ ..။ ပြီးတော့ လူသားမဆန်စွာ သေဆုံးသွားခဲ့ရသူလည်း ဖြစ်လေရဲ့၊ မင်းရဲ့ တစ်ချက်တည်းသော ထုတ်ချင်းပေါက် အနမ်းဒဏ်ရာက သွေးထွက်လွန်ပြီး ကွယ်လွန်ခဲ့တာလေ။

ရယ်မောခြင်းတွေနဲ့ မင်းအမျှဝေပါ။ (အလွမ်းတွေကို ပန်းခွေလုပ်ပြီး ပို့စရာမလို)

နောက်တစ်နေ့ မနက် အိပ်ရာထတဲ့အခါ ပျောက်ပျက်လွင့်ပျယ်သွားပြီလို့ မင်းထင်ထားတဲ့ ငါ့အချစ်တချို့တလေကို မင်းအိပ်ရာခေါင်းအုံးဘေးမှာ ပြန်တွေ့ရပါလိမ့်မယ်။ မင်းစိတ်ထဲမှာတော့ ..သြော်. .ညကကြွေတဲ့ နှင်းစက်တွေပါလား . .လို့ အောက်မေ့ချင် အောက်မေ့မှာပေါ့။ (ငါ့ နာမည်ကိုတော့ ယောင်ယမ်းလို့တောင် သတိရနေမှာ မဟုတ်တာ သေချာပါတယ်) ကိစ္စမရှိပါဘူးကွယ် . . ငါက မင်းနဲ့ ပတ်သတ်လာရင် မနက်ဖန်တိုင်းမှာ ကံဆိုးခြင်းအလေ့အထနဲ့ ကျင့်သားရ ယဉ်ပါးနေသူလေ . . .

စံပယ်တွေ တ၀ုန်းဝုန်းရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတစ်လေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး
အိပ်မက်တွေကို မေ့ချန်ထားလို့ အငွေ့ပျံသွားတဲ့ နှင်းဆီတစ်ပွင့်ဟာ မင်းပါပဲ . . .မြနန္ဒာ။ အခုတော့ ငါဟာ အဲဒီအိပ်မက်တွေထဲမှာ မင်းရဲ့ ရနံ့ကိုသာ လိုက်လံရှာဖွေနေစရာ ရှိတော့တာပေါ့ . .။


မင်းခိုက်စိုးစန်

4 comments:

Anonymous said...

သြော် အရိပ်ထဲမှာရပ်နေမှတော့ စံပယ်တွေတ၀ုန်းဝုန်းမကလို့ ဘယ်လိုပဲ ရွာချချ ဘယ်လိုစိုစွတ်ပါ့မလည်း ငါ့အကိုရဲ့ ဟိဟိ ၀င်ပေါမှ

Unknown said...

ညီမရေ . . သတိပေးတာကျေးဇူးပါပဲ။ ကဲ . . . အရိပ်ထဲက ထွက်လာပြီ ရွာချလော့ . . အဲဒီစံပယ်တွေ ငါဆိုတဲ့ကောင်ပေါ်ကို ရွှဲရွှဲစိုသွားအောင်ရွာချလော့ ။ ဟီးဟီး ပြန်ပေါလိုက်ပြီ။

Anonymous said...

ကောင်လေးရေ....
အချစ် ငတ်တယ်

မင်းခိုက်စိုးစန် ခရေဇီပါ :)

Unknown said...

ကဲ စံပယ်တို့ရေ အဲဒီအချစ်ငတ်သူရဲ့ အပေါ်ကိုရော တ၀ုန်းဝုန်းနဲ့ ရွာချပေးလိုက်ပါတော့ ။