Thursday, February 22, 2007

ရေခဲမုန့်ကိုယ်တိုင်လုပ်စားမလား

တရုတ်နှစ်ကူး သူများတွေအလုပ်နားနေချိန်မှာ အလုပ်တွေလုပ်နေရပြီး သူများတွေ အလုပ်ပြန်သွားချိန်မှာတော့ ၄ရက် ဆက်တိုက်နားနေရပါပြီ(OT မရှိရင်ပေါ့လေ)။ ဒါနဲ့ပဲ အလုပ်ထဲက မြန်မာတွေစုပြီး ဂျပန်ဆိုင်မှာ ဘူဖေးလ်သွားစားဖြစ်ပါတယ်။ ကျွန်တော်တို့ စင်္ကာပူက မြန်မာတွေ တခါလာလည်း Marina Bay, နောက်တခါလာလည်း Marina Bayမှာ ပဲ ဘူးဖေးလ်သွားစားနေရတာ ကြာတော့လည်း ညည်းငွေ့လာပါပြီ။ အဲဒီတော့ အပြောင်းအလဲလေးလုပ်ပြီး စားချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဒီဘူဖေးလ်ဆိုင်လေးကို ညွှန်းပါရစေ။ နေ့လည်စာကို စင်္ကာပူဒေါ်လာ ၁၈.၉၀နဲ့ ညစာကို ၂၀.၉၀ဆိုတော့ ဈေးသိပ်မကြီးဘူး လို့ပဲဆိုရမှာပါ။ ပြုတ်စား၊ ကင်စားဖို့ အသားငါးတွေကတော့ Marina Bayကအတိုင်းပါပဲ။ ဒါပေမယ့် ဒီဆိုင်မှာတော့ Salmonတို့၊ Sushiတို့ စတဲ့ ဂျပန်စာတွေပါတယ်။(ပြီးတော့ အအေးလည်း Free Flowပဲ)။ စားပြီးရင် ရေခဲမုန့်အတွက် ၂ကျပ်ထပ်ပေးပြီး အ၀ထပ်စားလို့ရသေးတယ်။ အဲဒီမှာ တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက ရေခဲမုန့်ကိုပါ ကိုယ်တိုင်လုပ်ရတာပါပဲ။ အအေးပေးထားတဲ့ လင်ပန်းကြီးပေါ်ကို ကိုယ်ကြိုက်တဲ့ ရေခဲမုန့်အရည်တွေကို လောင်းထည့်လိုက်ပြီး ၁မိနစ်၂မိနစ်နေရင် စားလို့ရပါပြီ။ ရေခဲမုန့် အရသာတွေကတော့ ချောကလတ်၊ လိမ္မော်၊ စတော်ဘယ်ရီ၊ ပြောင်းဖူး စသည်ဖြင့် အမျိုးပေါင်း ၁၀မျိုးလောက်ရှိပါတယ်။

ကဲစိတ်ဝင်စားတဲ့သူတွေအတွက် လိပ်စာထည့်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ လူအရမ်းများလို့ Reserveလုပ်ပြီးမှ သွားရင်ပိုသေချာပါလိမ့်မယ်။

8 Grange Road #02-11
Orchard Cineleisure
Tel : 6737 9680

#03-210
Marina Squar
Tel : 63389680

5 comments:

Nay Nay Naing said...

ကောင်းတယ်ဆိုတာကြီးပဲ မပြောနဲ့ လေ၊ လိုက်ဝယ်ကျွေးဖို့ ရော စိတ်ကူးမရှိဘူးလား။

nay said...

I will come to u to taste . Perpare to take me to there

Unknown said...

လိုက်ကျွေးမယ်။ နေနေနိုင်က နေ့လည်စာကျွေး။ ကျွန်တော်က ရေခဲမုန့်ဖိုး ၂ကျပ်ပေးမယ်။

Unknown said...

Nay - Yes, just come to Singapore. this time we wont go to Marina Bay.

5689 said...

zzzzz2018.8.23
moncler outlet
louboutin shoes
ugg boots
longchamp handbags
oakley sunglasses
true religion outlet
canada goose jackets
pandora
ralph lauren uk
cheap nba jerseys