Sunday, February 11, 2007

TPမြန်မာသင်္ကြန် ၀၇

ဒီနေ့ အလုပ်က နေ့တစ်ဝက်ခွင့်ယူပြီးတော့ TPမှာ သင်္ကြန်အတွက် Meetingရှိလို့သွားဖြစ်တယ်။ TPကမြန်မာဆရာမတစ်ယောက်က အရင်တုန်းက သင်္ကြန်လုပ်ခဲ့ဖူးတဲ့သူတွေနဲ့ တွေ့ချင်လို့ပါတဲ့။ ကျောင်းကိုရောက်သွားတော့ အရင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ပြီးဟိုအကြောင်းဒီအကြောင်း ပြောနေတာနဲ့ပဲ အချိန်တော်တော်ကုန်သွားတယ်။ Meetingမှာတော့ Graduate Organizer တွေက အရင်တုန်းက အခက်အခဲတွေအမျိုးမျိုးကြုံတွေ့ရတာတွေ၊ အားလုံးပေါင်းပြီး သင်္ကြန်ပွဲတစ်ပွဲဖြစ်မြောက်ဖို့ ဘယ်လိုမျိုးလုပ်ခဲ့ ရလဲဆိုတောတွေကို ပြောပြကြပြီး၊ အခုလောလောဆယ်လုပ်နေတဲ့ လူတွေကတော့ သူတို့တွေ့ကြုံ နေရတဲ့အခက်အခဲတွေ၊ ဘာတွေလိုအပ်တယ်၊ ပြီးတော့ TPသင်္ကြန်ကို မေလထဲမှာလုပ်ဖြစ်တယ် ဆိုတာတွေကိုပြောပြီး Meetingကပြီးသွားပါတယ်။ အဲဒီကအပြန်ကျောင်းထဲမှာ ကျောင်းစာသင်ခန်းတွေ၊ ကန်တင်းတွေကို ပြန်ရောက်ခဲ့တဲ့အချိန်မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကို ပြန်ရောက်သွားသလိုခံစားရတယ်။ ။ အဲဒါနဲ့ အိမ်ပြန်ရောက်တော့ သံလွင်အိပ်မက် အမှတ်(၅)မှာ ကျွန်တော်ရေးဖူးတဲ့ ကဗျာတစ်ပုဒ်ကို ပြန်ဖတ်မိတယ်။ ကျွန်တော်က ကဗျာရေးရင် အလင်းဖြူနာမည်နဲ့ ရေးတာလေ။


8 comments: