
Xing-New, Nian-Year, Kuai Le-Happy
အလုပ်ထဲက မန်နေဂျာက ပေးစရာရှိတယ်ဆိုလို့ ဘာများလဲလို့ အန်ပေါင်းဖြစ်နေတာကိုး။ အရင်နှစ်ကတော့ S$68လောက်ရတယ်။ ဒီနှစ်တော့ နည်းသွားတယ်။ ကုမ္ပဏီကလည်းပိုပိုပြီး ကပ်စေးနဲလာသလိုပဲ။ အေးလေ သူတို့လဲ မပေးရင်ရတဲ့ဥစ္စာကို နည်းတယ်များတယ် သဘောမထားတော့ပါဘူး။ လတိုင်းရနေတဲ့ လခမနည်းရင်ပြီးတာပဲ။ အလုပ်ထဲက စလုံးတရုတ်တွေ အကုန်လုံး တရုတ်နှစ်ကူးဖြစ်လို့ off dayရတယ်။ ကျွန်တော်တို့ မြန်မာ၆ယောက်နဲ့ မလေး၊ ကုလားလူမျိုးတွေ အချိန်ပိုဆင်းရတာပေါ့။ အလုပ်မလုပ်လဲ ပျင်းစရာကြီး စင်္ကာပူမှာက တရုတ်နှစ်ကူးဆို ဆိုင်တွေအကုန်ပိတ်၊ လမ်းပေါ်မှာလဲခြောက်ကပ်နေတာပဲ။ ဘယ်မှလဲသွားစရာမရှိဘူး။ တရုတ်တွေကတော့ အမျိုးတွေအိမ်သွား၊ မိသားစုတွေဆုံကြ တွေ့ကြပေါ့။ အဲဒီတရုတ်နှစ်ကူးအကြောင်းဖတ်ချင်ရင်တော့ နိုင်းနိုင်းစနေရဲ့ ပိုစ့်ကိုညွှန်းရမှာပဲ။ အချိန်ပိုဆင်းရတာလဲ ပင်ပန်းတယ်။ တနေ့၁၂နာရီ ၆ရက်ဆက်တိုက်။ niteshiftဆို ပိုဆိုးသေး။ ဒါပေမယ့် လကုန်ရက်ရောက်တော့လဲ သူများထက်ပိုပြီး ငွေရွှင်တာပေါ့။
No comments:
Post a Comment