Wednesday, July 4, 2007

အရမ်းကြိုက်တဲ့ Independence Day

ဒီနေ့ Yahoo! Logoမှာ မီးရှုးမီးပန်းလေးတွေ ဖောက်ပြီး Happy 4th of July ဆိုတာ တွေ့တော့မှ အမေရိကန်နိုင်ငံရဲ့ Independence Day ဆိုတာ သတိရသွားတယ်။ ကျွန်တော်တကယ် သတိရသွားတာကတော့ 1996 လောက်က ရုံတင်ခဲ့တဲ့ Independence Dayဆိုတဲ့ ရုပ်ရှင်ပါ။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ Visual Effectsအတွက်လည်း Oscarရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ တော်တော်များများလည်း ကြည့်ပြီးပြီလို့ ထင်တယ်။ မကြည့်ရသေးတဲ့လူ ကြည့်ဖို့မေ့နေတဲ့သူတွေကိုလည်း တစ်ခေါက်လောက်ကြည့်လိုက်ဖို့ ညွှန်းချင်ပါတယ်။

ဇာတ်လမ်းကတော့ အဓိက ကမ္ဘာကြီးကို ဂြိုဟ်သားတွေ လာတိုက်ခိုက်တဲ့ အကြောင်းပါ။ အဲဒါကို MITကကျောင်းပြီးထားတဲ့ ကွန်ပျူတာပညာရှင် တစ်ယောက်ရဲ့ ပညာနဲ့ ဂြိုဟ်သားတွေကို တိုက်ထုတ်လိုက်တဲ့ ဇာတ်ကားပါ။ အဲဒီအထဲမှာ ဂြိုဟ်သားတွေနဲ့ တိုက်ခါနီး အမေရိကန်သမ္မတရဲ့ မိန့်ခွန်းကိုတော့ တော်တော်လေးကြိုက်မိပါတယ်။ မြန်မာလိုပြန်ပြီး တင်ပေးဦးမလို့ပဲ။ ဒါပေမယ့် အင်္ဂလိပ်လိုဆိုတော့ Original စကားလုံးတွေနဲ့ ထိထိမိမိရှိတယ်ဆိုပြီး အင်္ဂလိပ်လိုပဲ တင်ပေးလိုက်ပါတယ်။

"Good Morning, In less than an hour, aircraft from here will join others from around the world.
And you will be launching the largest aerial battle in the history of mankind. Mankind. That word
should have new meaning for all of us today. We can't be consumed by our petty differences any
more. We will be united in our common interest. Perhaps it's fate that today is the Fourth of July.
And you will once again be fighting for our freedom. Not from tyranny, oppression or presecution.
But from annihilation. We're fighting for our right to live. To exist. And should we win the day,
the Fourth of July will no longer be known as an American holiday, but as the day when the world
declared in one voice, "We will not go quietly into the night!" "We will not vanish without a fight!"
"We're going to live on!" "We're going to survive!" Today, we celebrate our Independence Day!


ဒါကတော့ President Thomas J. Whitmoreနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားBill Pullmanရဲ့ မိန့်ခွန်းပဲ ဖြစ်ပါတယ်။ သူရဲ့ သရုပ်ပါပါ၊ အသံနေအသံထား၊ သူပြောတဲ့ စကားလုံးတွေကို ကြည့်ရင်း နားထောင်းရင်း သူများတွေတော့ မသိဘူး ကျွန်တော်တော့ အရမ်းကြိုက်သွားပါတယ်။

6 comments:

ညီညီ(သံလွင်) said...

အရမ်းကြိုက်တယ် အရမ်းခိုက်တယ်
ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ် :)

Chit Lay Pyay said...

တို့လည်းကြိုက်တယ်၊ ကြည့်ဖူးတာတော့ကြာပြီ ရန်ကုန်မှာတုံးက ရုပ်ရုင်ရုံမှာ ကြည့်တာ၊ အရမ်းကောင်းတယ်၊ အင်္ဂလိပ်ကားသိပ်မကြိုက်တာ တောင် အဲဒီ့ကားကိုတော့အရမ်းကြိုက်တယ်၊ အဲဒီမှာ ကပလီတစ်ယောက်သေသွားတယ်လေ၊ အမေအိုကြီးလား၊ အဖေအိုကြီးလား မသိဘူး ကျန်ခဲ့တယ်၊ နဲနဲကြာပြီဆိုတော့မေ့တေ့တေ့တော့ ဖြစ်နေတယ်၊ ဇာတ်လမ်းတွေလဲရောကုန်ပြီ၊ ဇာတ်လမ်းအကျဉ်းလေးပြောပြပါလား၊ ဟဲဟဲ အပန်းမကြီးရင်ပေါ့နော်၊ တော်ကြာ ဇင်ကိုလတ်က ရုပ်ရှင်လေးကြည့်လိုက် ဓာတ်ပုံလေးရိုက်လိုက် ၊ သူများအိမ်တွေမှာ လျှောက်စားလိုက်နဲ့ အားနေတယ်များထင်နေပြီး ခိုင်းနေတာလားလို့ ပြောမှာစိုးလို့ပါ၊ ဇင်ကိုလတ်အလုပ်အရမ်းများမှန်းလဲသိပါတယ်၊ မအားတဲ့ကြားက မြန်မာလိုက်ဘရီမှာလဲပါရသေးတယ်၊ အရမ်းချီးကျူးပါတယ်၊ လေးလဲလေးစားတယ်၊ ငါးပြန်တယ်၊ ခြောက်လျော်တယ်နော်၊ ဟား ဟား

Anonymous said...

ဒီနေ့ မနက်ကပဲ July 4 ဆိုတာကို သတိထားလိုက်မိတော့.. သြော် အမေရိကန်နိုင်ငံရဲ့ Independence Day ဆိုတာ ကိုး ဆို ပြီး တွေးမိသွားတယ်.. အဲဒါနဲ့ တစ်ပြိုင်တည်းမှာ Independence Day ဆိုတဲ့ ရုပ်ရှင် ကို အရမ်းကြိုက်ပါတယ် လို့ ပြောဖူးတဲ့ သူတစ်ယောက်ကို သတိရသွားတယ်..သူ့ Blog မှာ တစ်ခုခု မတင်ဘူးလားလို့ မေးမလို့ လုပ်နေတာ..တစ်နေ့ကုန်မအားလို့ ခုအိမ်ပြန်ရောက်မှ သူ့ Blog ကို ၀င်ကြည့်မှပဲ.. မေးစရာ မလိုပဲ ဒီရုပ်ရှင် အကြောင်းကို တင်ထားတာ တွေ့ လိုက်ရပါတယ်.. :P
Yeah, this is a really nice movie..

Anonymous said...

တို့လည်း ဒီဇာတ်ကားက ဒီအခန်းမှာပြောတဲ့ အဲဒီစကားကို အကြိုက်ဆုံးပဲ ။

Unknown said...

Nyi Nyi > ဘုံကြို့းပြတ်တဲ့ Alien နတ်မျိုးနွယ်ပါ။ မိုးပေါ်ကကျလာတာလေ။

Chit Lay Pyay > ဟားဟား အမကတော့ လုပ်ပြီ။ ဘယ်ကပ္ပလီမှ မသေဘူးထင်တာပဲ။ ကျွန်တော်က ဇာတ်လမ်းတွေကို သိပ်မပြောပြတာက ရုပ်ရှင်ကို မကြည့်ရသေးတဲ့သူရှိရင် ဇိမ်ပျက်သွားမှာ စိုးလို့ပါ။ အမမေးလာတော့လည်း အတိုချုံးပြီး ပြောရမှာပေါ့။ အဓိကတော့ Alienတွေက ကမ္ဘာမြေကို နယ်ချဲ့ချင်လို့လာတိုက်တာ။ လူတွေက ပြန်တိုက်ပေမယ့် သူတို့ရဲ့ အပြင်ခွံမှာ အကာအကွယ်ရှိတဲ့ ယာဉ်ပျံတွေကို ဘယ်လိုမှတိုက်လို့မရဘူး။ ဘာလက်နက်နဲ့တိုက်တိုက် Alienယာဉ်ပျံတွေကို မထိခင် ပေါက်ကွဲကုန်တယ်။ တကမ္ဘာလုံး ပျက်စီးတော့မယ့် အချိန်မှာ ကွန်ပျူတာ ပညာရှင်ကနေ . . . . . . ။ ဒီလောက်ဆိုသိလောက်ပြီ ထင်ပါတယ်။ မသိသေးရင်တော့ တစ်ကားလုံးပြန်ကြည့်လိုက်ပါ။ ကျွန်တော့်မှာ DVDရှိတယ်။ Clementiမှာ နေတုန်းပဲဟုတ်။ လာပေးမယ်။

demo > အင်း ကောင်မလေး။ တော်တော်သိ။

ဂျစ်တူး > ဟုတ်တယ်အမရဲ့။ အဲဒီသမ္မတစကားပြောပြီးတဲ့ အချိန် ကျွန်တော်ကြက်သီးတွေ တဖြန်းဖြန်းထသွားပါတယ်လို့ ရေးမလို့။ (ကြက်သီးထတာ ရှုးရှုးပေါက်ချင်လို့ နေမှာပါဆိုပြီး လာရေးကြမှာကြောက်လို့။ ဟီးဟီး)

5689 said...

zzzzz2018.8.23
moncler outlet
louboutin shoes
ugg boots
longchamp handbags
oakley sunglasses
true religion outlet
canada goose jackets
pandora
ralph lauren uk
cheap nba jerseys