Saturday, November 24, 2007

သာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကား

မြန်မာကားတွေ မကြည့်ဖြစ်တာ တော်တော်လေးကို ကြာပါပြီ။ ပန်နီဇူးလားက ငှားရင်လည်း တချို့က Qualityသိပ်မကောင်းတာနဲ့ ဈေးကလည်း ၄ဒေါ်လာလောက်ပေးရတော့ သိပ်မကြည့်ဖြစ်ဘူး။ တကယ်တမ်းတော့ မြန်မာကားတင်မဟုတ်ပါဘူး အင်္ဂလိပ်ကားတွေလည်း ကြည့်ဖို့အတွက်ကို အချိန်မရှိတာပါ။ ဒီနေ့တော့ အလုပ်ထဲမှာ တော်တော်အားနေတာနဲ့ downloadချထားပြီး မကြည့်ဖြစ်သေးတဲ့ သာယာချမ်းမြေ့ဆိုတဲ့ဇာတ်ကားကို ကြည့်ဖြစ်ပါတယ်။ မြန်မာကားတော်တော်များများကို မြန်မာတွေမကြိုက်ကြတာလည်း မပြောနဲ့။ ဇာတ်လမ်းတွေက တစ်ခုနဲ့ တစ်ခုထပ် နေတာကိုး။ အဲဒါကြောင့် ဇာတ်လမ်းကောင်းကောင်းကို ဒါရိုက်တာကောင်းကောင်းက ရိုက်ပြီး သရုပ်ဆောင်တွေကလည်း ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေဆိုရင်တော့ မြန်မာကားတွေလည်း သူ့ဟာနဲ့ သူတော့ ကြည့်လို့ကောင်းပါတယ်။



ဒီသာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကားကတော့ အမလင်မယားဆုံးသွားလို့ တူမနဲ့ တူလေးနှစ်ယောက်ကို စောင့်ရှောက်နေတဲ့ အိဒ္ဒြာကျော်ဇင်နဲ့ အမေနဲ့ တူတူနေပြီး စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်နေတဲ့ မင်းမော်ကွန်းတို့ရဲ့ ဇာတ်လမ်းပါ။ စပြီးကြည့်လိုက်တာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ သိနေတဲ့အတွက် ကြည့်ရတာ ဇိမ်တော့ သိပ်မရှိပေမယ့် မကြည့်ရတာ ကြာလို့ မြန်မာကားကြည့်ရတဲ့ အရသာလေး တစ်ခုအတွက် ဆိုရင်တော့ မဆိုးလှပါဘူး။ ဒါကြောင့် မြန်မာကားတွေဆိုရင် တစ်ယောက်ယောက်က ကောင်းတယ် ကြည့်၊ ဆိုပြီး ပြောလာတဲ့ကားတွေကိုပဲ အဓိက ကြည့်ချင်တာပါ။ ဒါပေမယ့် လောလောဆယ်တော့ Minthila.comကနေ ကောင်းနိုးရာရာလေးတွေ Downloadချပြီး အားရင် အားသလိုကြည့်ဖို့ သိမ်းထားလိုက်ပါတယ်။

4 comments:

Mintasay said...

ကျွနျတော်ကလည်းmanu fan ပဲဗျ

Thinzar said...

ကိုဇင်ကိုလတ်က ဘလော့ဂ်မှာတောင် တင်ထားလို့ ဒေါင်းလုတ် လုပ်ပြီး ကြည့်လိုက်တယ်။ မဆိုးပါဘူး။ ခုနောက်ပိုင်း ပေါချာချာ မြန်မာကားတွေထဲမှာ သူများတွေထက် နည်းနည်း သာပါတယ်။

Anonymous said...

ရီချင်ရင်တော့ “အထုပ်ရှုပ်” ဆိုတဲ့ကားကောင်းတယ်။ အတော်လေးရီရတယ်ဗျ။ မင်းမော်ကွန်းနဲ့ အိန္ဒြာကျော်ဇင်ပဲ သရုပ်ဆောင်ထားတာ။

Unknown said...

Mintasay - Man U Fan ချင်းတွေ့ရတာ ၀မ်းသာပါတယ်ဗျာ

သဉ္စာ - အင်း... ဘလော့ခ်မှာ တင်ထားတယ် ဆိုတာ ကောင်းလွန်းလို့ တင်ထားတာမဟုတ်ပါဘူး။ ကြည့်ဖြစ်တဲ့ ဇာတ်လမ်းလေးအကြောင်းကို တင်ထားတာပါ။

ညလေး - တကယ်ရီရတာလား။ Minthila.comထဲမှာ တော့ ရှာလို့ မတွေ့ဘူးနော်။