Sunday, July 15, 2012

Amazing မဖြစ်မိတဲ့ Amazing Spider Man

          စင်္ကာပူ Box Office မှာ နံပါတ် တစ် ရရှိထားတဲ့ Amazing Spider Man ကို သွားကြည့်ဖြစ်ခဲ့တယ်။ သူ့ဇာတ်လမ်းဇာတ်အိမ်က နဂို Spider Man ဇာတ်ကားတွေထက် နည်းနည်းသာသလိုထင်ရပါတယ်။ ဘာလို့ ဆိုတော့ သူ့ရဲ့ ငယ်ဘ၀အကြောင်းကို အနည်းငယ် ဖော်ပြခဲ့လို့ပါ။ ဇာတ်လမ်းကျောရိုးကတော့ ခပ်ဆင်ဆင်တူပါတယ်။ Marvel က ထုတ်တဲ့ Spider Man ကို မဖတ်ဖူးတော့ အတိအကျတော့ မသိဘူးပေါ့။ ဒါပေမယ့် ဘာလို့မှန်းမသိဘူး ဟိုအရင် Spider Man ဇာတ်လမ်းကိုပဲ စွဲစွဲမြဲမြဲ ကြိုက်နေမိတယ်။ အက်ရှင်အနေနဲ့တော့ ရုပ်ရှင်တစ်ခုလုံးရဲ့ 1/4 လောက်က ချနေတာပါပဲ။ အရင် Spider Man ကို အရမ်းကြိုက်ခဲ့လို့လားမသိပါဘူး။ Spider Man ခေါင်းစွပ်ချွတ်တာနဲ့ အရင် မင်းသားရဲ့ ရုပ်ကိုပဲ မြင်ယောင်နေမိတယ်။ ကြည့်ပြီးတဲ့သူ တော်တော်များများနဲ့ ကျွန်တော်မတူတဲ့အချက်က အဲဒါပဲ ဖြစ်မယ်ထင်ပါတယ်။ Box office No 1 ဆိုပေမယ့် ကျွန်တော့်အတွက်တော့ သာမန် ကြည့်ပျော်ရှုပျော် အက်ရှင်ဇာတ်လမ်းတစ်ခုထက်မပိုခဲ့ပါဘူး။

ဇာတ်လမ်း - ***
သရုပ်ဆောင်မှု - ***
Visuals - ****
Overall - ***

No comments: