Monday, July 23, 2012

Blue Sky ရဲ့ Ice Age 4

Ice Age ကို ၂၀၀၂ခုနှစ်ကတည်းက ရုံတင်လာခဲ့တာ အခုဆိုရင် Ice Age 4 တောင် ရောက်လာခဲ့ပါပြီ။ ဒီ ဇာတ်ကားလေးဟာ Animation ဇာတ်ကား ကောင်းကောင်းလေးတွေတင်ဆက်နေတဲ့ Pixar, Disney, Dreamworks  တို့စတဲ့ နာမည်ကြီး Animation ကုမ္ပဏီကြီးတွေကနေ တင်ဆက်ခဲ့တာ မဟုတ်ပါဘူး။ နာမည်ကျော် ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ 20th century fox မှ ပိုင်သော Blue Sky ရဲ့ Animation Movie တစ်ခုပါ။ Blue Sky က တခြား Animation တွေ အများကြီးမထွက်ပေမယ့် Ice Age ကိုတော့ ၂၀၀၂ ကတည်းက တောက်လျှောက်တင်ဆက်လာတာ အခုဆို No 4 တောင် ရောက်ပါပြီ။


အရင် Ice Age တွေ တုန်းကလိုပဲ ရယ်စရာမောစရာလေးတွေနဲ့ မှတ်သားစရာလေးတွေပါ တင်ဆက်နိုင်တာမို့ အမှန်တကယ်ကြည့်ကောင်းခဲ့တဲ့ ရုပ်ရှင်လေး တစ်ခုဖြစ်ခဲ့ပါတယ်။ နောက် Ice Age Animationတွေရဲ့ trailerကို ကြိုက်တာတစ်ခုက သူ့ရဲ့ ကြော်ငြာထဲမှာ ရှဥ့်နဲ့ သစ်ကြားသီးလား အဲဒါကပဲ အဓိကပါတာဆိုတော့ ဇာတ်လမ်းကို အများကြီး မှန်းလို့ မရပါဘူး။ ဇာတ်လမ်းကျောရိုးလောက်ကိုပဲ နည်းနည်း သိရတာပါ။ တချို့ ဇာတ်ကားတွေဆို Trailer ကြည့်ပြီးတာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ တော်တော်လေး မှန်းလို့ ရနေပါပြီ။ အဲဒါကြောင့် ရုပ်ရှင်ရုံထဲရောက်တော့မှ ဇာတ်လမ်းတစ်ခုလုံးကို အားရပါးရ ထိုင်ကြည့်ခဲ့ရတာပါ။ ကြင်သူသက်ထားက 3D ကြည့်ရင် မူးတယ်ဆိုလို့ ရိုးရိုး Digital ပဲ ကြည့်ခဲ့တာပါ။ အဲဒီ Ice Age ရဲ့ အရောင်အရည်အသွေး ကောင်းမွန်မှု၊ Digital ရဲ့ ကြည်လင်ပြတ်သားမှုတို့ ကြောင့် Manny, Sid, Diego တို့ရဲ့ ဟာသရသ Animation လေးကို 4 Stars ပေးပါတယ်။ တကယ်ပါ မိနစ် ကိုးဆယ်ဇာတ်ကားပြီးတဲ့အထိ ဆက်ပြီး ကြည့်ချင်အောင် ကို ကြည့်ကောင်းခဲ့တဲ့ Animation Movie လေးပါပဲ။

ဇာတ်လမ်း - ****
သရုပ်ဆောင်မှု - ****
Visuals - ******
Overall - ****