
Free Burma Now
ကျန်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က Toa Payohဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်မီးထွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ကျွန်တော့်အပေါင်းအသင်းတွေက Free Burmaဆိုတဲ့ စာလုံးကို ဖယောင်းတိုင်တွေနဲ့ ပုံဖော်ပြီး ဆီမီးပူဇော်ခဲ့သလို ထွန်းညှိခဲ့တဲ့ မီးပုံးတိုင်းမှာလည်း Free Burmaဆိုတဲ့ စာရွက်လေးတွေ ချိတ်ဆွဲခဲ့ကြပါတယ်။ ပြီးတော့ လာတဲ့သူတွေကို သာကူကျိုနဲ့လည်း ဧည့်ခံခဲ့ပြီး ဖယောင်းတိုင်များကို ထွန်းညှိပူဇော်လိုသူတိုင်းအတွက် ဝေမျှပေးနိုင်ခဲ့တယ်။ တခြားအခမ်းအနားအနေနဲ့ ဘာမှ ထွေထွေထူးထူးမရှိပေမယ့် ပုံမှန်လပြည့်နေ့တိုင်း ဓမ္မစင်္ကြာလာရွတ်နေကျ လူတွေပါပေါင်းရင် စင်္ကာပူရောက် မြန်မာ လေးရာလောက်တော့ လာတယ်ထင်တယ်။ ကျန်ခဲ့တဲ့ နှစ်တွေတုန်းက သီတင်းကျွတ်တိုင်း ရန်ကုန်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနှစ်တော့ ဘယ်လိုမှကို အဆင်မပြေတဲ့အတွက် မိဘတွေနဲ့ အဖွားကို ဖုန်းဆက်ပြီးပဲ ကန်တော့လိုက်ပါတယ်။ ဒီလိုကန်တော့ရတဲ့ အကျိုးကြောင့် ဘ၀ဆက်တိုင်း ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ပြီး ဓမ္မတရားအတွက် အသက်ကို စွန့်လွှတ်ရဲသူ ဖြစ်ရပါစေသား အရှင်ဘုရား......။

တရုတ်မီးပုံးတွေပဲ ၀ယ်လို့ရလို့ပါတဲ့

သားသားလည်း ဆီမီးပူဇော်မယ်
7 comments:
Happy Full Moon Day of Thidingyut!
ငါတို့လဲ အဲဒီ့လို လွတ်လွတ်လပ်လပ် မီးထွန်းခွင့်၊ လွတ်လွတ်လပ်လပ် ဘုန်းကြီးဆွမ်းကပ်ခွင့်၊ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားခွင့်တွေ ရချင်လိုက်တာကွာ ...။
မီးထွန်းပွဲက တော်တော်လှပါလားအကို။ အဲဒီနေ့က ညီမ သိမ်ဇင်းပဲလောင်းပြီး ပြန်လာခဲ့တာ ။ ဘာပဲဖြစ်ဖြစ် အလွမ်းပြေလေးပေါ့ :)
ဟုတ်တယ် အမလဲ သိမ်ဆင်းလောင်းပြီးတော့ ပဲ ပြန်လာလိုက်တာ၊ ဇင်ကိုလတ်ကို တွေ့ပါတယ်နော် အလုပ်ရှုပ်နေလို့ မခေါ်လိုက်တော့တာ၊ ဒါနဲ့ ငယ်ငယ်တုံးက အဖြစ်တွေ ခေါင်းစဉ်နဲ့ ရေးပေးဖို့ တက်ထားတယ်၊ အားရင် ရေးပေးအုံးနော်၊ အမဘလော့ဂ်ကိုလဲ လာလည်ပါအုံး
မရောက်တာကြာလို့ လာလည်သွားတယ် ဟေ့ရောင်.
မီးထွန်းပွဲကလှတယ်
တို့နိုင်ငံမှာလည်း လှစေချင်ပါတယ်
ကျနော်လာလည်သွားပါတယ် လွတ်လပ်ခြင်းဆိုတာကို ကျနော်စိတ်ဝင်စားတယ်ဗျာ။ အဲဒီအရသာကို ကျနော်ခံစားချင်တယ်။
Anonymous - Yes. thanks.
နေဘုန်းလတ် - အေးကွာ..။ လာမယ် ကြာမယ်ဆိုတဲ့ စကားကြီး တော့မကြိုက်ဘူး။ လာမည် မကြာမှီပေါ့ကွာ။
Lin Let Kyal Sin - အင်း လှတယ်။ ဒါတောင် ဆီမီးတစ်ထောင်မဟုတ်သေးဘူး။
Chit Lay Pyay - ဟုတ်လား။ ကျွန်တော့်ကို တွေ့တယ်လား။ ခေါ်လိုက်တာမဟုတ်ဘူး။ ဒီလိုမှန်းသိ အဲဒီနေ့က သူများတွေ ကျွေးတဲ့ သာကူနဲ့ လောကွတ်လုပ်လိုက်ပါတယ်။
pandora - ဟုတ်... လာမည် မကြာမှီပဲပေါ့။
ပြည့်စုံ - လာလည်သွားတာ ကျေးဇူးပါ။ အင်း ကျွန်တော်လည်း ခံစားချင်ပါတယ်။
Post a Comment