Saturday, October 6, 2007

၇ရက်မြောက် ဘင်္ဂလားဒေ့ရှ်

Onlineသူငယ်ချင်းတော်တော်များများနဲ့ တွေ့တဲ့အခါ ဘယ်လိုလဲ နေရထိုင်ရတာ အဆင်ပြေရဲ့ လားလို့ မေးသလို၊ ဆွေမျိုးတွေကို ဖုန်းဆက်တော့လည်း ကျန်းမာရေးဂရုစိုက်ဖို့ ပြောကြပါတယ်။ ကျွန်တော်တည်းတဲ့ ဟော်တယ်က အလုပ်လုပ်ရတဲ့ ZIA International Airportနဲ့ ၅မိနစ်လောက် ကားမောင်းရင် ရောက်တဲ့အတွက် အစစအရာရာတော့ အဆင်ပြေပါတယ်။ အဆင်မပြေတာကတော့ အစားအသောက်ပါပဲ။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ဟာ မွတ်ဆလင်နိုင်ငံဖြစ်တဲ့ အတွက် အခုလောလောဆယ် သူတို့ရဲ့ ဥပုသ်လဖြစ်နေလို့ပါ။ ကျွန်တော်နဲ့ တူတူလာတဲ့ မလေးရှားနိုင်ငံက တစ်ယောက်ကလည်း မွတ်ဆလင်ဖြစ်လေတော့ နေ့လည်စာမစားပါဘူး။

ဟိုတယ်က မနက်စာကို ဘူဖေးလ်အလကားကျွေးပေမယ့် နေ့တိုင်း တပုံစံတည်း ကျွေးပါတယ်။ ကြက်ဥကြော်၊ Chicken Hot Dog, Beef Hot Dog ပြီးတော့ ပေါင်မုန့်၊ ပလာတာစသည်ဖြင့် ဥရောပနဲ့ အိန္ဒိယ အစားအစာအနည်းငယ်ကို အပြင်အဆင်က အစ နေ့တိုင်း တစ်ပုံစံတည်း ကျွေးပါတယ်။ တစ်ရက်လာလည်း ဒါပဲ၊ နောက်တစ်ရက်လာလည်း ဒါပါပဲ။ 5starsဟိုတယ်ဖြစ်တဲ့ အတွက် ဟိုတယ်ခန်း၊ အပြင်အဆင်က ကောင်းပေမယ့် မနက်စာကတော့ တစ်ရက်နှစ်ရက်လောက်တည်းတဲ့ လူတွေအတွက် အိုကေပေမယ့် ကျွန်တော့်လို ရက်ရှည်နေတဲ့လူအတွက်တော့ စားရတာ လုံးဝအဆင်မပြေပါဘူး။

နေ့လည်စာကပိုလို့ ဆိုးပါသေးတယ်။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကုလားဥပုသ်စောင့်ကြလို့ပါ။ ကျွန်တော့်တစ်ယောက်တည်းအတွက် သူတို့လည်း သေသေချာချာ မစီစဉ်ပေးနိုင်သလို ကျွန်တော်ကလည်း အားနာတတ်လို့ နေ့လည်စာကို အဆင်ပြေသလိုပဲ စားလိုက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အလုပ်လုပ်တဲ့ လေဆိပ်ရဲ့ တစ်ဆိုင်တည်းသော ထမင်းဆိုင်မှာ ရှိတဲ့ ကြက်သားဟင်း၊ ပဲဟင်းနဲ့ ထမင်း၊ ဒါမှမဟုတ် ပလာတာ စမူဆာစတဲ့ဟာတွေကို နေ့တိုင်းစားနေရပါတယ်။ အဲဒီဆိုင်ကလူက ပြောတာတော့ အခုလို Fastingလမဟုတ်ရင်တော့ နေ့လည်စာကို ဆိတ်သား၊ အမဲသားဟင်းတွေပါ ရတယ်တဲ့။ အခုလောလောဆယ်တော့ တနေ့နဲ့ တနေ့ အရသာတထေရာတည်း တူတဲ့ ကြက်သားဟင်းနဲ့ ပဲဟင်းရည်ကို ထမင်း ဒါမှမဟုတ် ပလာတာနဲ့ စားနေရတာ ၇ရက် ပြည့်ပါပြီ။



ညစာကိုတော့ သူတို့ ဥပုသ်ထွက်တဲ့အချိန်မှာ စားရတာ ဆိုတော့ ကောင်းကောင်းလေး စားရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်တဲ့အတိုင်းဖြစ်မလာပါဘူး။ အလုပ်ပြီးတဲ့အချိန်က သူတို့ ဥပုသ်ထွက်တဲ့အချိန်ဖြစ်လို့ ညစာကို ကျွန်တော်တို့ရဲ့ Machineတွေ ဘေးမှာပဲ စားဖြစ်ပါတယ်။ ဘယာကြော်၊ အာလူးကြော်၊ ပဲပြုတ်သုပ်နဲ့ ထမင်းခြောက်လိုဟာမျိုးကို နေ့တိုင်းကျွေးပါတယ်။ သူတို့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေက ဒါကိုပဲ နေ့တိုင်းစားနိုင်ပေမယ့် ကျွန်တော်နဲ့ မလေးကောင်အတွက်တော့ တော်တော်ဒုက္ခရောက်လှပါတယ်။ ဒါ့ကြောင့် ငါးရက်လောက်ကြာပြီးတဲ့အခါ မလေးကောင်က ဟိုတယ်က စားသောက်ဆိုင်မှာ ပြန်စားကြတာပဲ ကောင်းမယ်ဆိုပြီး အကြံပေးတဲ့အတွက် မနေ့ကနဲ့ ဒီနေ့တော့ ညစာလေး အဆင်ပြေနေပါတယ်။ ဘယ်လိုပဲ အစားအသောက် မကောင်းပေမယ့် ဒီခန္ဓာကိုယ်ကတော့ ပိန်မသွားတဲ့အပြင် ၀လာသလိုတောင် ခံစားရပါတယ်။



ပြီးတော့ အခုလို ခရီးထွက်တော့မှ ကျွန်တော့်အတွက် မရှိရင်မဖြစ်တဲ့ အရာတွေကို ထင်ထင်ရှားရှားသိလာပါတယ်။ ဘာလို့လဲဆိုတော့ လောလောဆယ် အဲဒါတွေ မပါတဲ့အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်ရပါတယ်။ အမြဲတမ်းတစ်ခုခုလိုနေသလို ခံစားရတာပါ။ အဲဒါတွေကတော့ ပထမဆုံးအနေနဲ့ ဦးချိန်တီ၊ ကမ္ဘာကျော် ဒါမှမဟုတ် တခြား မြန်မာလျှက်ဆားတစ်မျိုးမျိုးပါ။ ဟုတ်ပါတယ်၊ ကျွန်တော်က တခါတလေ လေထိုးလေအောင့်သလိုလို၊ ရင်ပြည့်သလိုလို ဘာရောဂါမှန်းမသိတဲ့ ရောဂါရှိပါတယ်။ တစ်နေ့ တစ်နေ့ ဦးချိန်တီလေး၊ ကမ္ဘာကျော်လေး တစ်လုံး၊နှစ်လုံးလောက်မှ မစားရရင် နေမထိထိုင်မသာနဲ့ပါ။

နောက်တစ်မျိုးကတော့ ကျွန်တော့်ရဲ့ ပေါင်ချိန်စက်ပါ။ ၀ိတ်ကို ထိန်းတဲ့အနေနဲ့ ကိုယ့်ရဲ့ အလေးချိန်ကို နေ့တိုင်းလောက်နီးပါး ချိန်ဖြစ်ပါတယ်။ ကျွန်တော်သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်limitထက် များလာရင် အစားကို သိသိသာသာ လျှော့စားလိုက်သလို၊ ကိုယ်အလေးချိန် နည်းသွားရင်လည်း ၀မ်းသာရအောင်လို့ပါ။ အခုတော့ ၀လာလား၊ ပိန်သွားလား မသိနိုင်တဲ့အတွက် ပေါင်ချိန်စက်လေးကို အရမ်းသတိရနေပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဖက်လုံးလို့လည်း ခေါ်တဲ့ ခွခေါင်းအုံးပါ။ ကျွန်တော်အိပ်လို့ရှိရင် ခွခေါင်းအုံးလေးကို ခွပြီးမှ အိပ်တတ်ပါတယ်။ သို့မဟုတ်ရင် မပြည့်မစုံနဲ့ပါ။ အိပ်လို့လည်း ကောင်းကောင်းမပျော်ချင်လိုလို အိပ်ပျော်ရင်တောင် အိပ်မက်တွေ မကောင်းသလို ခံစားရလို့ပါ။

အစားအသောက်လေး နည်းနည်းအဆင်မပြေတာနဲ့ ကျွန်တော့်မရှိမဖြစ်လေးတွေ မပါလာတာကလွဲလို့ အစစအရာရာ အဆင်ပြေပါကြောင်း။ နောက်ရက်မှပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကျွန်တော့်ရဲ့ အမြင်လေးတွေ ရေးပြပါတော့မယ်။

6 comments:

Anonymous said...

ဒါပဲလား.. တခြား အရာတွေကိုရော မလွမ်းဘူးလား.. ဥပမာ.. ၈၅၈ တို့..ဘာတို့ ညာတို့.. =) ပိန်မသွားတဲ့အပြင် ၀ိတ်တောင်တက်လာတယ် ဆိုပါလား..

NayPhoneLatt said...

ငါလာဖတ်သွားတယ် သူငယ်ချင်း ...
မင်းတာဝန်ကျေပါတယ် ...

Anonymous said...

Actually you miss more than three things that you mentioned.Don't you?Anyhow Indian food are healthy.So enjoy yourself.Perhaps you loose your weight.So remember to weight yourself as soon as possible when you return from your trip.

Unknown said...

Demo - ဟုတ်တယ်။ လွမ်းတယ်။ ဘာတို့ ညာတို့ကို လွမ်းတယ်။ ၀ိတ်ကတော့ အခုပြန်ချနေပါတယ်။ ဟဲဟဲ

နေဘုန်းလတ် - လာဖတ်သွားတဲ့ အတွက်ရော၊ တာဝန်ကျေတဲ့ အတွက်ပါ ငါဝမ်းသာပါတယ်။

Anonymous - Yeah. you are rite. Indian food are healthy. anyway, thank for your comments. :)

Anonymous said...

ဟဲဟဲ

(ဘယ်လိုပဲ အစားအသောက် မကောင်းပေမယ့် ဒီခန္ဓာကိုယ်ကတော့ ပိန်မသွားတဲ့အပြင် ၀လာသလိုတောင် ခံစားရပါတယ်။)

ဒါလေးရေးထားလို့ တော်သေး.. မေးဦးမလို့ ။

ပေါင်ချိန်စက်ပေါ် နေ့တိုင်းတက်ရသလား ။ လွန်တာပေါ့ ငါ့မောင်ရယ် အဟဲဟဲ ။

ခွခေါင်းအုံးကို လွမ်းတယ်ဆိုပါလား .. အေး အေး မင်းမိန်းမရရင်တော့ ခွခေါင်းအုံးလို သဘောမထားနဲ့နော် ။ ကြိုပြီးသင်ပြပေးထားတယ်း)

Anonymous said...

gucci sunglasses
swarovski crystal
michael kors outlet
michael kors outlet
tiffany jewelry
ferragamo outlet
bottega veneta outlet
tiffany and co
louis vuitton bags
nike air max 90
cheap nfl jersey
oakley sunglasses wholesale
christian louboutin uk
rolex uk
true religion outlet
michael kors factory outlet
gucci outlet
tory burch outlet
michael kors outlet
hollister uk
cheap jordan shoes
ray ban sunglasses
beats headphones
kate spade uk
true religion jeans
michael kors uk outlet
nfl jersey wholesale
babyliss flat iron
oakley sunglasses
beats headphones
nike huarache
ray ban sunglasses
polo ralph lauren
ralph lauren pas cher
ray-ban sunglasses
20160608zhenhong