Monday, November 5, 2007

ငယ်ငယ်တုန်းက.....

မလေပြေက ရေးဖို့အတွက် တက်သွားတော့လည်း ရေးပေးရတာပေါ့။

ကျွန်တော် ငယ်ငယ်တုန်းက ဒေါသအရမ်းကြီးပါတယ်။ ကြီးတာကမှ ဒေါသကြီးတာလား ဒေါသသေးတာလား မသိတတ်ခင် အူဝဲလို့ အော်တတ်ကတည်းက ပါတဲ့။ ကျွန်တော် ငယ်ငယ်တုန်းက ဘာကို မရလို့မှန်း ဘာဖြစ်လို့မှန်း မသိပဲကို ဒေါသတကြီးနဲ့ အော်အော်ပြီး ငိုတယ်လို့ ကြုံတိုင်း အမေက ပြောပြတယ်။ ငိုတာမှ နှုတ်ခမ်းတွေကို တဇက်ဇက်တုန်ပြီး အော်ရင်း အော်ရင်း အသံတွေပါ ပြာလာတယ်တဲ့။ စကားကလည်း မပြောတတ်သေးတော့ ကျွန်တော်ဘာလိုချင်မှန်းလည်း မသိ။ အမေနဲ့ အဖေက ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိ။ မသိခြင်းတွေကြားထဲမှာ ကျွန်တော်ဒေါသကြီးတတ်တာကို သိခဲ့ကြတယ်နဲ့တူပါတယ်။

ဒေါသကြီးဆို အင်္ဂါသားကိုး။ အဲ... အင်္ဂါသားဆိုမှ လေး၊ ငါးနှစ်သားလောက်ရောက်တော့ ဦးလေးတွေ အဒေါ်တွေက အင်္ဂါခြင်္သေ့၊ ရှေ့တောင်ကွေ့ဆိုပြီး ကျွန်တော့်ကို စရင်လည်း ဒေါသထွက်ပါတယ်။ ပြီးတော့ ငယ်ငယ်က ကျွန်တော်က ကျော်ဟိန်းသိပ်ကြိုက်တာ။ အဲဒီကျော်ဟိန်းကို စကားမပီတော့ ကျော်ဟန်းလို့ ခေါ်တယ်။ ဒါကို ဦးလေးက ဟေ့ ကျော်ဟန်း...ချမလားကွ ဆိုလို့ကတော့ ဦးလေးကို ပြေးပြေးပြီးထိုးတော့တာပဲ။ ငယ်ငယ်တုန်းက ကျွန်တော့်ဒေါသဒါဏ်တွေကို အခံရဆုံးကတော့ ကျွန်တော့်ရဲ့ ဗီရိုပုလေးဖြစ်မယ်ထင်တယ်။ ဗီရိုလေးက သုံးပေလောက်ပဲ မြင့်တာပါ။ ဒေါသထွက်တိုင်း အဲဒီဗီရိုလေးကို ဆောင့်ဆောင့်ကန်တတ်တယ်။ တစ်ခါတစ်ခါ တံခါးတွေဆောင့်ဆောင့်ပြီးပိတ်လိုက် ဆောင့်ဆောင့်ပြီးဖွင့်လိုက်လည်း လုပ်ဖူးတယ်။

နောက်ပိုင်းကျောင်းနေတဲ့ အရွယ်ရောက်တော့ ကျွန်တော်စကားပြောတာ ရင့်သီးတာတို့၊ အော်ဟစ်ပြီးပြောတာတို့ဆိုရင် အဖေက အမြဲဆုံးမပါတယ်။ “သား ဟိုတစ်နေ့က စာကျက်တဲ့အထဲမှာ နှုတ်ချို လျှိုတစ်ပါးတို့။ ပျားသကာလို ချိုလှစေတို့ ပါတယ်လေ။ အဲဒါကို မမေ့ပါနဲ့” ဆိုလို့ ဒေါသလည်း နည်းနည်းပျောက်သွားမယ်နဲ့တူတယ်။ ဒေါသကြီးတာနဲ့ မဆိုင်ပေမယ့် ငယ်ငယ်တုန်းက အကြောင်းဆိုလို့ ဘယ်လောက် ဆော့ခဲ့သလဲဆိုတာကို ပြန်ပြောပြချင်တယ်။ ဆော့တာကမှ တခြားသူနဲ့ မဟုတ်ပါဘူး ညီညီ(သံလွင်)နဲ့ပါ။ ဘယ်အရွယ်လည်းဆိုတာကို မမှတ်မိတော့ပေမယ့် အဖြစ်အပျက်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ညီညီတို့အိမ်က ၇ပေလောက်မြင့်မယ့် ထပ်ခိုးပေါ်မှာ နှစ်ယောက် ကရာတေးချကစားကြတာပါ။ ကစားရင်း ကစားရင်း ညီညီ့ကို ခြေထောက်နဲ့ ကန်ထည့်လိုက်တာ ထပ်ခိုးပေါ်ကနေပြီး စာအုပ်ဖတ်နေတဲ့အောက်က ညီညီ့အမကြီးပေါ်ကို ပြုတ်ကျသွားပါလေရော။ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ အောက်ကို လှမ်းကြည့်တော့ ညီညီကတော့ ဘာမှ မဖြစ်ပဲ အမကြီးတော်တော်လေးကို နာသွားတာကို သိလိုက်ရတယ်။ အဲဒီတုန်းက ကြောက်လိုက်တာ ဘာကို ကြောက်မှန်းမသိအောင်ကို ကြောက်တာ။ အင်း ငယ်ငယ်တုန်းက အဲလိုမျိုးလည်း ကစားချင်တိုင်းကစားပြီး တစ်ခုခုဆို ကြောက်ခဲ့ဖူးပါတယ်။

အရွယ်လေးရောက်လာပြီးတဲ့ နောက်ပိုင်း ဟိုး...အရင်တစ်ယောက်သောသူက ဒေါသအရမ်းကြီးပါတယ်။ ကျွန်တော်က “ဟဲ့”ဆိုပြီး နည်းနည်းလေးအော်လိုက်တာနဲ့ ကျွန်တော့်ကို “နင်နော် .... ဘာဟဲ့လဲ”ဆိုပြီး ဘာဖြစ်ချင်လို့တုန်းဆိုတဲ့ ရုပ်နဲ့ ပြန်ကြည့်တတ်ပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော့်ဒေါသတွေလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပေမယ့် နောက်တစ်ယောက်နဲ့ကျတော့ ပြန်ပြီး ဒေါသတွေ အတစ်လိုက်ထွက်ရပါတယ်။ ဘာလို့လဲဆိုတော့ သူကတော့ အရမ်းခေါင်းမာလို့ပါ။ ကျွန်တော့်မှာ သူနားလည်အောင် ပါးစပ်က အမြှုပ်တွေ ထွက်လောက်အောင် ရှင်းပေမယ့် ဘယ်လိုမှ ပြောမရလေ ဒေါသတွေ ထွက်လေပါပဲ။ ဘယ်လောက်တောင်လည်းဆို ဆက်ထွက်စရာဒေါသမကျန်တော့အောင်၊ ဒေါသထွက်ပြီး မောလောက်အောင်ကို ဖြစ်ရတယ်။

အမှန်တော့ ဒေါသဖြစ်တယ်ဆိုတာ ဘာသာရေးရှုထောင့်က ကြည့်ရင် ခန္ဓာကိုယ်ကို မီးတွေ လောင်ကျွမ်းနေတာပါပဲ။ အဲဒီလို လောင်ကျွမ်းတဲ့မီးကို အသိစိတ်ဓါတ်နဲ့မှ ပြန်မထိန်းနိုင်ရင် ဒုက္ခနဲ့ လှလှနဲ့ တွေ့ရတတ်ပါတယ်။ ဒါနဲ့ပဲ တတ်နိုင်သလောက် ကိုယ့်ဒေါသတွေကို ထိန်းရတယ်။ ပြီးတော့ ကျွန်တော်လုပ်နေတဲ့ အလုပ်တော်တော်များများကလည်း လူအများနဲ့ ဆက်ဆံရတာဆိုတော့ ဒေါသထွက်လို့ မဖြစ်တာချည်းပဲလေ။ နောက်ပိုင်းကျတော့ လူတိုင်းကို သံတမန်ဆန်ဆန်ဆက်ဆံတတ်တဲ့ အားလည်း အရမ်းနာတတ်တဲ့ သူငယ်ချင်းနေဘုန်းလတ်နဲ့ အတွဲများတော့ ကျွန်တော်ပါ သံတမန်ဆန်ပြီး အားနာတတ်လာသလား မသိပါဘူး။ ပုံမှန်အတိုင်းကို ပြုံးပြုံးလေးနေတတ်ပါပြီ။ ပြီးတော့ လူတွေက ကျွန်တော့်ကို ကောင်လေးက ပြုံးပြုံး ပြုံးပြုံးနဲ့တဲ့။ ကိုယ့်ဘာသာလည်း စိတ်ချမ်းသာတယ်။ သူများလည်း ကိုယ့်ကို မြင်ရတာ စိတ်ချမ်းသာတယ်။ ဘယ်လောက်ကောင်းတုန်း။ အခုတော့ ပြန်တွေးမိရင် အမှတ်ရစရာလေးတွေပဲ ကျန်ခဲ့တယ်။ သြော်...ငယ်ငယ်တုန်းကတော့ ငါ ဒေါသတော်တော်ကြီးပါလားပေါ့။

17 comments:

Chit Lay Pyay said...

ဇင်ကိုလတ်ရေ တက်ထားတာကို ဂရုတစိုက်နဲ့ ရေးပေးတာ ကျေးဇူး အထူးတင်ပါတယ်၊ ဒါပေမယ့် ဒေါသကြီးတယ်လို့ နောက်မတက်အောင် ခြိမ်းခြောက်တဲ့သဘောလား၊ ကြောက်ဖူးနော်၊ တက်မှာပဲ၊ ဆော့တဲ့ အခန်းက ရီလိုက်ရတာ၊ အဲလောက်တောင် ဆော့ရလား၊ ညီညီ(သံလွင်) တော်တော် ကံကောင်းလို့ အမေမွေးတုံးက အကောင်းလေး မဟုတ်ရင် ကျိုးကန်းကုန်လို့ ဒွတ်ခဖြစ်နေအုံးမယ်၊ ညီညီ့အမကြီးတော့ တော်တော် အီဆင်းသွားမှာပဲ။ တွေးတွေးပြီ မျက်စိထဲမှာ မြင်ယောင်ပြီး ရီနေရတယ်၊

Anonymous said...

I did remember Nyi Nyi fall down onto me but didn't know it was you who pushed him.

Anonymous said...

အန် ..ဒေါသကြီးတယ်ဆိုပါလား...။ ဒါဆို ကိုဇင်ကိုလတ်ကို လေးမ စိတ်ဆိုးနေတယ်လို့မပြောတော့ဘူးနော်...။ ကိုနေဘုန်းလတ် ဆီပုံးမှာ လတ် ၂ လတ်လုံးကို လေးမ အိမ်သစ်တက်ပွဲကို ဖိတ်ခဲ့တာ...။ ၂ လတ်လုံးက မာနကြီးတယ်...။

su wai said...

ငယ်ငယ်တုန်းက တော်တော်ဒေါသကြီးတဲ့ အင်္ဂါသားပဲ...အခုစိတ်တွေလျှော့သွားပြီဆိုလို့
တော်သေးတာပေါ့...နို့မို့ဆို အနားကလူတွေတော့ မလွယ်ဘူးနော်...။

NayPhoneLatt said...

ဇင်ကိုလတ်တို့ဒေါသကြီးပုံများပြောပြဦးမယ် ...
သူငယ်ချင်းတွေအများကြီး မန္တလေးသွားကြတာ သူ့ကောင်မလေးလဲပါတယ်ဗျ ... တစ်ညပေါ့ ကျွန်တော်တို့ ခေါင်မိုးပေါ်မှာ ဂစ်တာတီးနေတုန်း သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာလေ ဇကလတစ်ယောက် ဒေါသတွေထွက်ပြီး ... ကြမ်းပြင်ကို လက်သီးတွေ ဘာတွေနဲ့ ထုနေတာဗျာ တဒုံးဒုံးနဲ့ ... ဒါနဲ့ သိပ်မကြာလိုက်ပါဘူး ... ပြုံးဖြီးဖြီးနဲ့ ပြန်တည့်သွားပြန်ရော ... အဲဒါနဲ့ ကျွန်တော်တို့လဲ ဂစ်တာလေးတီးပြီး သီချင်းလေးတစ်ပုဒ် ကောက်ခါငင်ကာ စပ်လိုက်တယ် ...

အခု တစ်မျိုး တော်ကြာတစ်မျိုး
သုံးလမှာ ရေတစ်ခါချိုး
ဇကလ ညစ်ပတ်အိုး ...

း-)
ဟေ့ကောင် ... ပျော်လို့လျှောက်ရေးလိုက်တာ ရှော့ရှိရင်ဖျက်ပစ်လိုက် ... အဟီး
ရှော့မရှိရင်တော့ နောက်တစ်ခုထပ်ပြောမယ်

ခွန်မြလှိုင် said...

အီး.. အရင်က ဒေါကန်တတ်ပေမယ့် ခု ဒေါမကန်တော့ဘူး ဆို တကယ်လား။ သံတမန်များ ဒေါပုန်း များ ထပြီဆို ကြောက်ဖို့ တယ်ကောင်းနော်… နောက်ကို မစတော့ဘူး ကြောက်ကြောက်…

ခွန်မြလှိုင် said...

ဟိဟိ.. စဖြစ်အောင် စ ခဲ့လိုက်သေးတာ.. ဒါနဲ့ စကားမစပ် သတိရလို့… ဒီဇင်ဘာ လာမှာသေချာရင် ကြိုပြောနော် ဟိုတယ်တွေ တိုက်ခန်းတွေ ခုတောင် ဘွတ်ကင် ကြပ်နေပြီဟ.. ကမ်းခြေတွေလဲ လူများနေပြီ

Anonymous said...

အဟီးး ကိုဒေါသအိုးကြီးက ခုတော့ စကားပြောသိပ်ချိုသာပါလား ။ ပြောလိုက်ရင် ဟုတ်ကဲ့ခင်ဗျာ တဲ့ ။ နေဘုန်းလတ်တို့ အောဝါဒ အတော်ကောင်းတယ် ထင်တယ် ။

ငယ်၂လေးနဲ့တောင် ဗီရိုကြီးကို ပိတ်ကန်တဲ့ဒေါသကတော့ အံ့မခန်းပါပဲ အဟား ။ အမယ် .. ကလေးဘ၀ရေးတာ သူ ရည်းစားနှစ်ယောက် ရှိခဲ့တာလဲ ပါသေး ။ ဇကလ တို့များ အဲလို ရေးတတ်တာ အဟား ။

ညီညီတယောက် မသေကောင်းမပျောက်ကောင်းဟယ် ။ စင်္ကာပူမှာတော့ ၂၀ထပ်ပေါ်မှာ ကရာတေး မကစားကြနဲ့တော့နော်း)

Nay Nay Naing said...
This comment has been removed by the author.
Nay Nay Naing said...

ံHey.. Today is your Brithday ...
Happy Birthday My Dear Friend !!!...

Unknown said...

စုဝေ > ဟုတ်တယ်။ အခုတော့ အသက်တွေလည်း ကြီး။ စိတ်တွေလည်း လျော့လိုက်ပါပြီ။

နဘလ > ဟားဟား ဘာရှော့မှတော့ မရှိဘူး။ ဒါပေမယ့် နောက်တစ်ခု ထပ်မရေးနဲ့။

ခွန်မြလှိုင် > အေး... ဒီဇင်ဘာမလာဖြစ်ဘူး။ ဇန်န၀ါရီထဲမှာ လာမယ်။ အကူအညီအများကြီးလိုတယ်။

ဂျစ်တူး > ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် မဂျစ်ပြောတာတွေကို မှတ်ထားပါမယ်။

N3 > thanks a lot.

Unknown said...

the north face jackets
coach outlet store online clearances
true religion uk
oakley sunglasses
kate spade outlet
adidas shoes
moncler jackets
louboutin shoes
ralph lauren outlet
louis vuitton
201610.25wengdongdong

chenmeinv0 said...

timberland boots
cheap nhl jerseys
cheap rolex watches
timberland outlet
louis vuitton handbags
gucci shoes
michael kors outlet
michael kors
ray bans uk
chicago bulls jerseys
20173.14chenjinyan

Unknown said...

soccer jerseys wholesale
mulberry bags
air max 90
air max 90
ugg boots
yeezy boost
ralph lauren polo
ralph lauren polo
coach outlet
ugg outlet
20170318caihuali

Unknown said...

www1029



james harden shoes
moncler jacket
longchamp outlet
michael kors outlet
mlb jerseys
jordan shoes
ralph lauren polo
ralph lauren polo
coach outlet
kate spade




yanmaneee said...

air force 1
moncler
fila
coach factory outlet
balenciaga shoes
longchamp handbags
supreme t shirt
michael kors purses
longchamp
coach outlet online

Unknown said...

i2b63m8p48 g4n39g9m95 y6j47e2w73 i0x39w6n08 f3n48e4c11 p1s60r6u64