Sunday, July 15, 2007

မွေးနေ့နှစ်ခုအတွက် အမှတ်တရ

ပေးထားတဲ့ကတိအတိုင်း ကျွန်တော် ဓါတ်ပုံလေးတွေ တင်ပေးမယ်။ ဒီပုံကတော့ သံလွင်အိပ်မက်အမှတ်(၉)မှာ ဖော်ပြခဲ့တဲ့ပုံပါ။

ဒီနေ့ကတော့ မှတ်မှတ်ရရပါပဲ။ ဘလော့ဂ်ဂါသူငယ်ချင်းတွေ ဖြစ်တဲ့ မမဂျစ်တူးနဲ့ မမညလေးတို့ရဲ့ မွေးနေ့ပါ။ နှစ်ယောက်စလုံး ကျွန်တော့်ထက် ကြီးပါတယ်။ အသက်။ ဒါကြောင့် ကျွန်တော့်အမတွေရဲ့ မွေးနေ့မှာ သူတို့နှစ်ယောက်စားဖို့ရော ဘလော့ခ်ကို လာလည်တဲ့လူတွေ စားဖို့ပါ ကျွန်တော်ဇင်ကိုလတ်က အသားကြော်ကျွေးပါမယ်။ ဒီပုံမှာ အသားတွေဆီနဲ့ လှိမ့်ပေးနေတဲ့ လူကို ကျွန်တော်လို့ သဘောထားပါ။ စားကြပါ။ အားရပါးရပေါ့။ သတိထားတော့ စားနော်။ မီးတွေလည်း စားမိဦးမယ်။ စားလို့ဝကြရင်တော့ ဒေါ်ကြီးညလေးနဲ့ ကြီးတော်ဂျစ်တူးတို့ရဲ့ ဘလော့ခ်မှာ ကိတ်မုန့်တွေ သွားစားကြရအောင်ပါ။

6 comments:

Anonymous said...

အဟား ဒီနေ့ အမ သတ်သတ်လွတ်စားတယ်ကွ ။ မင်းရဲ့ အသားကြော်ကို ဘေးထိုင်နဲ့ သူများတွေစားတာ ၀မ်းမြောက်ဝမ်းသာ ကြည့်လိုက်ဦးမယ်း)

အလုပ်မအားတဲ့ကြားက မအိပ်ခင်လေး ခုလိုပို့စ်တင်ပေးတာ ကျေးဇူးကွာ ။

Unknown said...

ရတယ်။ သက်သက်လွတ်ဆိုလဲ အသီးအရွက်တွေကြော်ကျွေးမယ်။ စားသွားပါနော်။

နိုင်းနိုင်းစနေ said...

ညလေးနဲ့ ဂျစ်တူး...

မွေးနေ့မှာ ပျော်ရွှင်ကြပါစေ

လိုအင်ဆန္ဒတွေ တလုံးတခဲကြီးရပါစေ

Anonymous said...

ဦးဇင်ကိုလတ် ဦးက ဖြုတ်မရတော့ဘူးဟ ဒီတိုင်းခေါ်တော့ ရင့်သလိုကြီးမို့ပါ..
ပို့စ်အတွက် ကျေးဇူး အထူးပါရှင်...

မနိုင်းကိုလဲ ဆုတောင်းပေးတဲ့အတွက် အထူး ကျေးဇူးပါ

Anonymous said...

ဇင်ကိုတို့က အဲလို အားကိုးရတာ ။ အသီးအရွက်ကြော်လေး စားချင်တယ်.. ဒီက မလေးတွေကျော်သလို kang kong ကျော်ပါး)

မ၉၉ရေ.. ဆုတောင်းပေးတာတွက် ကျေးဇူးပါရှင်း)

ကိုဖြိုး said...

I'd Tag u