Monday, July 9, 2007

အလုပ်ထဲမှာ အလုပ်များတယ်

ကျွန်တော့်အလုပ်က 12 hours shiftပါ။ တစ်နေ့ကို ၁၂နာရီနဲ့ ၄ရက်လုပ်ပြီးရင် ၃ရက်နား။ ၃ရက်လုပ်ပြီးရင် ၄ရက်နားရတယ်။ တစ်ပတ်ည၊ တစ်ပတ်နေ့ဖက် လုပ်ရပါတယ်။ ဒီတစ်ပတ်တော့ အိုတီ(Over time)လေးနှစ်ရက် ရတာနဲ့ ပိုက်ဆံကို ရတုန်းလေးရှာထားလိုက်ဦးမယ် ဆိုပြီး ငါးညဆက်တိုက် အလုပ်လုပ်ဖြစ်တယ်။

အလုပ်က စင်္ကာပူ Changiလေဆိပ်မှာပါ။ X-ray Machineတွေကို Maintenanceလုပ်၊ ပျက်ရင်ပြင်၊ မပျက်ရင် လုပ်ချင်တာလုပ် နေရတဲ့ အလုပ်ကို ကျွန်တော်လုပ်တယ်။ များသောအားဖြင့် ၁၂နာရီမှာ Maintenanceက တစ်နာရီလောက်လုပ်ရင် ပြီးပြီ။ ကျန်တဲ့အချိန်တော့ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်၊ မန်နေဂျာလစ်ရင် လစ်သလိုအိပ်။ အိုဗာတိုင် နှစ်ရက်က နှစ်ရက်ဆိုသလောက် မနားရပါဘူး။ Machineတွေ ပျက်နေလို့ပါ။

Machineတွေက တခါတလေ ငါးမိနစ်လောက်လုပ်လိုက်ရင် ပြန်ကောင်းပေမယ့် တခါတလေ တစ်ရက် နှစ်ရက်လောက် ကြာတတ်တယ်။ လွန်ခဲ့တဲ့၂ညကလည်း Machineတွေ ဒေါင်းလို့ ၁၀နာရီလောက်ကြာအောင် ပြင်ရတယ်လေ။ အလုပ်က ပင်ပန်းတာနဲ့ MC(ဆေးခွင့်)ကလည်း မယူတာ ကြာနေတာနဲ့တော့ ကွက်တိပါပဲ။ နောက်ဆုံးဆေးခွင့်ယူတာ မှတ်မှတ်ရရ မတ်လလောက်က ထင်တယ်။

အင်း ကျွန်တော့် မန်နေဂျာကို သွားမပြောဘူးဆိုရင်တော့ မနက်ဖြန်ကျွန်တော် ဖျားတော့မယ်ဆိုတဲ့အကြောင်းကို အားလုံးကို ကြိုပြောပြလိုက်ပါတယ်။

10 comments:

Anonymous said...

hahaha.. no wonder all your girls are down and you are busy with them.. =)

MELODYMAUNG said...

ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်၊ မန်နေဂျာလစ်ရင် လစ်သလိုအိပ်။နိပ်မှနိပ်တဲ့ အပြင် မနက်ဖြန်ဖျားမှာတောင် ကြိုကြေငြာလို့ ရသေး ကောင်းမှကောင်း :)

pandora said...

အလုပ်ရှင်ခမျာ တနားချရာ..

Anonymous said...

မနက်ဖြန် ဆေးခွင့်ယူမှ ဇင်ကိုလတ်တို့ နားရမယ့်ဘ၀ပဲ ။ အလုပ်များရင် လှုပ်နေရတဲ့ ခန္ဓာကိုယ်က အဆီကျတယ် ၀ိတ်ကျတယ် အဟဲ ။ ဆက်လုပ်း)

Anonymous said...

ဟေ ငါ့အကို ဖျားပြီလား .. ။ ဆေးသောက်ဖို့ မမေ့နဲ့အုန်းပေါ့ အကိုရေ .. ။ စင်ကာပူကအသိတွေထဲမှာ ဘယ်သူနဲ့ အများဆုံး မချိန်းဘဲဆုံဖြစ်လဲမေးရင် အကိုဇင်ကိုလတ်လို့ လက်ညိုးထိုးရမယ်နော် .. ဟိဟိ နောက်တာပါ . ။ ညီမက ခြေထောက်မှာ ဗွေပါတော့ လျှောက်လှည့်နေတာပါ :P

နိုင်းနိုင်းစနေ said...

MC.. MC လို့ လျှောက်မအော်နဲ့.. အထာကောက်မှားနေအုန်းမယ်.. ဟီ..ဟီ...
ဘာမှတော့ မဟုတ်ပါဘူး..
Merry Christmas နဲ့ မှားနေမယ်လို့ ပြောတာပါ..း)MC ဖြစ်ပြီး လျှောက်လည်ကြတာပေါ့

Chit Lay Pyay said...

တို့ဘောစ်ကလဲ ပြောတယ်၊ ဆေးခွင့်ယူရင် ကြိုပြောပါတဲ့၊ ဒါမှ သူလူစားထိုးဖို့ လူရှာရလွယ်အောင်တဲ့ ဒါကြောင့်လဲ ၊ တို့တွေက ဖျားရင်တောင် ကြိုသိအောင် ကျင့်ထားရတာလေနော်၊ ဟုတ်တယ်ဟုတ်၊ အိုတီတွေလဲဆင်းရတယ် ဆိုတော့ မုန့်ဝယ်ကျွေးနော်၊ လေဆိပ်ရောက်ရင် ဖုန်းဆက်လိုက်မယ်၊ ဘယ်မှာလုပ်မှန်း သိသွားပြီဆိုတော့ ပြေးလို့မရတော့ဘူး၊ လေဆိပ်လာ တိုင်း လာတွေ့မယ်နော်၊ ဟီးဟီး

sisain said...

ဒီအတိုင်းတော့ ဘယ်ရမလဲ မောင်ရယ်- မင်းဘော့စ်ကို အီးမေးလ်ပို့မပြောစေချင်ရင် ကိုယ့်ဆီပုံးမှာ ကြိုပြီးလာအော်ထားပါ-

Unknown said...

demo > yes. :( very bery busy.

melodymaung > အင်း..လူဆိုတာ သူ့ကုသိုလ်နဲပ သူလာတာလေ။ ဟဲဟဲ။

pandora > ဒါတောင် ကျွန်တော်က အလုပ်ထဲမှာ အလုပ်ရှင်အကြိုက်ဆုံးလူတွေ ထဲမှာ ပါတာနော်။

gyit tu > အင်း အဲလို အဆီကျတယ်။ ၀ိတ်ကျမယ်ဆို အလုပ်များချင်သလောက် များပါစေ။

Lin Let > အင်း ...ဟုတ်တယ်နော်။ လင်းလက်နဲ့ ခဏခဏတွေ့တယ်။

99 > အထာကောက်မမှားပါဘူး။ စင်္ကာပူမှာ MCဆို လူတိုင်းသိ။

chit lay pyay > ဟုတ်။ လေဆိပ်လာမယ်ဆိုရင် ဖုန်းကြိုဆက်လိုက်နော်။ ရှောင်နေရအောင်လို့။ ဟီးဟီး။

sisain > အော်ပြီးပြီ။

ဒီဝိုင်း (D'vine) said...

ကိုဇင်ကိုလတ်ရေ
ကျွန်တော် သဘူတောပါတယ်…
တစ်ခုပါပဲဗျာ… အဲဒီလောက်အထိဖတ်လို့မကောင်းမှာစိုးလို့ပါ..
စာပြန်နောက်ကျတာဆောရီးဗျာ… ကျွန်တော်ကော့မန့်ကိုမတွေ့ရလို့
ဘလော့ခ်ကို မှန်မှန်မတင်ဖြစ်တာလဲပါတာပေါ့….
ကော့မန့်တင်ရင်အကြောင်းကြားတဲ့ လိပ်စာလည်း အခုမှထည့်လိုက်ရတယ်…
အဲဒီလောက်အထိတော်တာဗျ…. ဟီး ဟီး….
ဘာပဲဖြစ်ဖြစ်ဗျာ… ပိုစ့်ကိုကြိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်….
စော်ကြည် အကြွေးကြေ အလုပ်မှာ အိုကေပါစေဗျာ…