ကိုရန်အောင်က နောက်တစ်ခေါက်ထပ်ပြီး tagတဲ့အတွက် မိုးတွေ ထပ်ရွာခဲ့ရပြန်ပါပြီ။ မတောက်တခေါက်နဲ့ မော်ဒန်ကဗျာမိုးလေး ရွာပေးလိုက်ပါ့မယ်။ဟိုတလောက ရွာတဲ့မိုး
မိုးရာသီ၌ ရူးသွားခြင်း
အနမ်းနဲ့ စာစီ၊ မိုးရာသီ
မရှိတဲ့ ကြယ်ရေ(ရီ)၊ မိုးရာသီ
ပန်းနဲ့ ကဗျာသီ၊ မိုးရာသီ
ပြုံးမဲ့ ငါရယ်(ရီ)၊ မိုးရာသီ
အရှုံးပေးပါပြီ မိုးရာသီရေ .. ..။
အဲဒီ . . .အဲဒီမိုးရာသီမှာပေါ့ . . .
မိုးတွေကို မကြောက်ပဲ
လမ်းတွေ လျှောက်ဆဲမှာ
အလွမ်းတွေ ချောက်ထဲကျလို့
(တယောက်တည်း)
ငါလေ ပေါက်ကွဲရဖူးတယ်။
အဲဒီ ရူးနေတဲ့မိုးရာသီမှာပဲပေါ့...
စိတ်ကူးတွေ ပေါက်ပြဲပြီး
အချစ်တွေ သောက်တလွဲမို့
အိပ်မက်တွေ မှောက်လဲတဲ့(ငါ)
ငါလေ . . . .
အရက်တွေလည်း သောက်မြဲပါပဲ။
အင်း.
သူငယ်ချင်းတွေကတော့ ပြောကြတယ်
မင်းဟာ ဂေါက်ပဲတဲ့။
အလင်းဖြူ (ဇင်ကိုလတ် ကဗျာရေးလျှင်သုံးသော ကလောင်နာမည်)
ဒီကဗျာကို အမြင့်ဆုံးအထိ ဆွဲတင်ပြီး ကိုယ့်ဘာသာကိုယ် ရိုက်ချလိုက်တဲ့ နည်းနဲ့ ရေးထားတယ်။ မယုံရင် ပုံပြင်လို့မှတ်၊ ခိုက်တယ်ဆို လာလာဖတ်၊ မိုက်တယ်ဆို အခါခါကျက်၊ ကြိုက်တယ်ဆို နံရံမှာသာ ကပ်ထားလိုက်ပါတော့။
နောက်တစ်ခေါက် တစ်ယောက်ယောက်က ထပ်tagလာနိုင်တဲ့ အတွက် ကျွန်တော်ကြိုပြီး ပိုစ့်တစ်ခု တင်ပေးထားလိုက်မယ်။ ဘယ်သူပဲ လာtagသည်ဖြစ်စေ ဖတ်ဖို့ ဟိုတစ်ခေါက်က မဂျစ်တူးရဲ့ ဘလော့ခ်ကာတွေ ရေးတဲ့ကဗျာဆိုတဲ့ ပိုစ့်က ကျွန်တော် ၀င်ရေးခဲ့တာကို တင်ပေးလိုက်ပါတယ်။
အဲဒီကဗျာလေးရဲ့ အစကို မဂျစ်တူးက ကောင်လေးတစ်ယောက် မိုးရွာထဲမှာ အိမ်ပြန်ဖို့ ဒုက္ခရောက်နေတဲ့အကြောင်း ရေးခဲ့တယ်။ အဲဒါကို ကောင်မလေးတစ်ယောက်က အဲဒီကောင်လေးကို အိမ်လိုက်ပို့နိုင်ဖို့ ဖြည့်ဆည်းပေးချင်တယ်လို့ ကိုဖြိုးက ရေးပြန်တယ်။ ကျွန်တော်ပြန်ရေးခဲ့တာကတော့.....
ဖြည့်ဆည်းချင်လဲ မပြည့်ပါ မိုးကပိုသည်းလာ
ပိုသည်းလာတဲ့ ကိုရွှေမိုး နှစ်ယောက်စလုံးကိုငြိုး။
အငြိုးကြီးတဲ့ ဒီမိုးရယ် မတိတ်ချင်လည်း နေတော့ကွယ်
မိုးရေထဲမှာ သူတို့နှစ်ယောက် ရဲရဲတင်းတင်းလျှောက်။
ဖြစ်ပေါ်လာတဲ့ ပြဿနာ ငါတို့ရင်ဆိုင်မှာ
သူနဲ့ သူမရဲ့ကဗျာလေး တို့ဘ၀ကို ပညာပေး။
နင်လားဟဲ့လောကဓံ ငါတို့ ကြံ့ကြံ့ခံ
လောကကြီးရဲ့ ဒုက္ခဘေး ရင်ဆိုင်ကြစို့လေး။
အဲဒီကဗျာလေးရဲ့ ခေါင်းစဉ်ကို ကျွန်တော်ကတော့ `ကိုရွှေမိုးနှင့် လောကဓံ´လို့ နာမည်ပေးချင်ပါတယ်။ ဒါပါပဲ။
15 comments:
အလူဖျင်း မိုက်တယ်ကွာ အခါခါကျက်လိုက်မယ် ဇင်ကိုလတ်ဟာ ဂေါက်ပဲတဲ့ ငှဲငှဲ ငှဲ :D
ကိုဇင်..ကိုလတ်…မိုးကတော့..မိုက်တယ်…
အဲဒီ . . .အဲဒီမိုးရာသီမှာပေါ့ . . .
မိုးတွေကို မကြောက်ပဲ
လမ်းတွေ လျှောက်ဆဲမှာ
အလွမ်းတွေ ချောက်ထဲကျလို့
(တယောက်တည်း)
ငါလေ ပေါက်ကွဲရဖူးတယ်။ <<< ဒီပိုဒ်ကို အကြိုက်ဆုံးပဲ..
အဲဒီ ရူးနေတဲ့မိုးရာသီမှာပဲပေါ့...
စိတ်ကူးတွေ ပေါက်ပြဲပြီး
အချစ်တွေ သောက်တလွဲမို့
အိပ်မက်တွေ မှောက်လဲတဲ့(ငါ)
ငါလေ . . . .
အရက်တွေလည်း သောက်မြဲပါပဲ။ <<< အင်း..ဟုတ်တယ်.. သောက်မြဲပါပဲ..မူးမြဲပါပဲ.. ကိုဇင်ကိုလတ် လဲ ဂေါက်မြဲပါပဲ.. ဟိဟိ..
အလူဖျင်းဆိုပါလား ... ကောင်းလိုက်တဲ့နာမည် ... နောက်ဆို ငါမင်းကို အဲဒီ့လိုပဲခေါ်တော့မယ်
ဂေါက်နေတယ်ဆိုတဲ့ ဇင်ကိုလတ်ရေ.. မင်းရေးတဲ့ ကဗျာလေး အမပို့စ်မှာ ပြန် update လုပ်ထားတယ်း)
တို့လည်း ဒီစာပိုဒ်လေး အကြိုက်ဆုံး..
(အဲဒီ . . .အဲဒီမိုးရာသီမှာပေါ့ . . .
မိုးတွေကို မကြောက်ပဲ
လမ်းတွေ လျှောက်ဆဲမှာ
အလွမ်းတွေ ချောက်ထဲကျလို့
(တယောက်တည်း)
ငါလေ ပေါက်ကွဲရဖူးတယ်။ )
Melodymaung > ဟ... ဘာတုန်းဗျ အလူဖျင်းဆိုတာ
Layma > မိုးကမိုက်တာလား၊ ကဗျာကမိုက်တာလား။ မိုးကဗျာက မိုက်တာလား။
demo > ဟီးဟီး ခံစားချက်လေးတွေ လေ။
nay>မခေါ်နဲ့။ မကြိုက်ဘူး။ ဘာအဓိပ္ပါယ်မှန်းလည်း မသိပဲနဲ့။
gyit tu> အင်း ကျွန်တော့်လို မိုးရွာထဲမှာ ပေါက်ကွဲဖူးသူများတယ် ထင်တယ်
တူပဲ အလင်းဖြူ ဆိုပြီးပြောတော့ တူညားက အလူဖျင်းလို့ ခေါ်တာကို ထုမှ မတိချင်ယောင်ဆောင်တယ် ဟွန်း
ကိုဇင်ကိုလတ်ရေ…
မိုးကတော့ တကယ့်ကို မော်ဒန်မိုးပါပဲ. ရွှဲရွှဲကိုစိုသွားပြီဗျာ… လုပ်ပါဦး.. ဟတ်ဟတ်ဟတ်
ခင်မင်မှုကို တန်ဖိုးထားပြီး ခုလိုမျိုး တခုတ်တရနဲ့ ပို့စ်အသစ်တစ်ခု ထပ်ရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…
ကဗျာတွေဆက်ရေးကြသေးတာပေါ့ ကိုကြီးဇင်ရေ.. ခင်ဗျားနဲ့ ကျွန်တော်နဲ့က ဖိုရမ်မှာကတည်းက အကြွေးလက်စတွေ ကျန်နေသေးတယ်ဆိုတာ မမေ့နဲ့နော်… ဟဲဟဲဟဲ..
ခင်မင်လေးစားလျက်
ရန်အောင်
jordan shoes
bengals jersey
michael kors outlet store
michael kors handbags outlet
lebron james shoes
washington redskins jerseys
cheap nfl jerseys wholesale
ecco shoes outlet
cheap nike shoes sale
<a href="http://www.ghd-flatiron.com title=ghd flat iron><strong>ghd flat iron</strong></a>
louis vuitton purses
louis vuitton belt
coach outlet
giuseppe zanotti
ray ban pas cher
jordan 13
louis vuitton outlet
michael kors outlet
polo ralph lauren
canada goose
20173.14chenjinyan
www0822
asics shoes
canada goose outlet
ralph lauren outlet
ray ban sunglasses
nike shoes for men
ferragamo shoes
kate spade outlet online
pandora jewelry
moncler outlet
moncler online
Discover More Here replica gucci bags Extra resources luxury replica bags advice replica bags china
Post a Comment