Monday, July 2, 2007

အလုပ်ထုတ်ခံရတဲ့ နှလုံးသား

တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသား

စာအမှတ် ၇-၇၇ နှလုံးသား။
ယနေ့မှစ၍
“၁၆”ကားပေါ်တွင်
“ထမင်းဘူးတော်ကိုင်”တာဝန်မှ လည်းကောင်း
ပုဂံလမ်းပေါ်တွင်
“ထီးတော်မိုး”တာဝန်မှ လည်းကောင်း
သက်သာချောင်ချိရေးဆိုင်တွင်
“စားပွဲတော်ထိုး”တာဝန်မှလည်းကောင်း
အင်းလျားကန်ဘောင်ပေါ်တွင်
“သက်တော်စောင့်”တာဝန်မှလည်းကောင်း
ဗိုလ်ချုပ်ဈေးတွင်
“ပစ္စည်းတော်ထမ်း”တာဝန်မှလည်းကောင်း
အခန်းအေ - ၂၀၅တွင်
“အနမ်းတော်ဆက်”တာဝန်မှလည်းကောင်း
သင့်အား လုံးဝရပ်စဲလိုက်ကြောင်းနှင့်
“ငှက်ပြာ”တစ်စင်း
“ဂျင်းရှပ်”တစ်လွှာ
“ရာတန်”တစ်ထပ်
“ဆေးထိုးအပ်”တစ်ချောင်း
အဆင့်ရှိသူအား
သင်၏နေရာတွင်
အစားထိုးခန့်ထားလိုက်ပါကြောင်း။

မင်းလူ

9 comments:

Nay Nay Naing said...

nice.. ဒါပေမယ့် ခုခေတ်နဲ့  သိပ်မကိုက်တော့ဘူးဟ.. ဒီခေတ်နဲ့  ကိုက်ညီသွားအောင် နင်ပြောင်းရေးလိုက်ပါလား... အချိန်မရဘူးဆိုလည်း အလုပ်မှာ အားတဲ့အချိန် အိပ်မယ့်အစား ကဗျာရေးလိုက်ဟာ.. :P

Anonymous said...

မိုက်တယ်.. မN3 ပြောသလို ဒီခေတ်နဲ့ အမှီ ပြန်ပြင်ရေးပါလား.. =) မN3 ပြောသလိုပဲ.. အိပ်နေတဲ့ အလုပ်ချိန်လေးတွေ မှာရေးပေါ.. ဟိဟိ..

MELODYMAUNG said...

ဒါဆို 109-110 နှလုံးသားလေးပေါ့ နော် :P

Anonymous said...

မင်းလူ ကဗျာလေးတင်ပေးတာ ကျေးဇူး ။ သူ့ အရေးအသားတွေ သိပ်ကြိုက်တယ် ။

ဒါနဲ့ ဆီဗုံးလေးတပ်ပါဦး မောင်ဇင်ကိုလတ်ရယ် ။ မင်းဟာကလည်း ဆက်ဆံရေး ခေါင်းပါးလိုက်တာ အဟီး)

ကိုဖြိုး said...

ဦးမင်းလူကောင်းမှုကော မတင်ဘူးလားဗျ

Unknown said...

n3 > အေး မင်းလူရဲ့ အိုင်ဒီယာက အရမ်းကောင်းတယ်ဟ။ ငါယှဉ်ပြီး မရေးရဲပါဘူးဟာ။ တကယ်ဖတ်ချင်တာဆိုရင်တော့ နောက်အားမှ အလုပ်ထဲမှာ မအိပ်ပဲ ဒီcommentထဲမှာပဲ ထပ်ရေးပေးမယ်။

demo > အင်း မn3ပြောသလို ရေးပေးမယ်နော်။ မကြာမှီလာမည်ပေါ့။

Melodymaung > အင်းပေါ့။ ၁၀၉-၁၁၀ပေါ့။ အလုပ်မရှိ အကိုင်မရှိဆိုတာ ဒါမျိုးနေမှာ။

ဂျစ်တူး > ဟုတ်တယ် ဒီကဗျာလေးဆို အိုင်ဒီယာက လန်ထွက်နေတာ။ ဆီဗုံးကတော့ ကျွန်တော်အဆီအအိမ့်လျော့နေလို့ပါ။ ပိန်သွားရင် တပ်ပေးမယ်နော်။ (`ဒါဆိုရင်တော့ မင်းဘလော့ခ်မှာ ဆီဗုံးမြင်ရတော့မှာ မဟုတ်ဘူး´လို့ မပြောကြေး)။ ဆက်ဆံရေးက ပြေပြစ်ပါတယ်။

ကိုဖြိုး > အဲဒီအထဲက ကဗျာတွေက လူတော်တော်များများ သိလောက်မယ်ထင်လို့ပါ။

Unknown said...

michael kors outlet
san antonio spurs jerseys
cheap jordans
louis vuitton purses
adidas trainers
timberland boots
fitflop shoes
uggs
mont blanc pens
replica watches
201610.25wengdongdong

pethi said...

have a peek herego to my site this contact formfind more have a peek heregreat post to read

Unknown said...

useful source description helpful hints www.dolabuy.ru directory other