Monday, May 28, 2007

နှင်းဝိညာဉ်တစ်စက်ရဲ့ ပုံပြင်

အဲဒီနေ့ကပေါ့ ကောင်းကင်မှာ တိမ်ပြာတွေကူးခတ် ရင်ထဲမှာ တလှပ်လှပ်နဲ့ မင်းကို စတွေ့ခဲ့တဲ့ရက်လေ။ မင်းသာစိတ်မဆိုးဘူး ဆိုရင် အမှန်အတိုင်းပြောချင်ပါတယ်။ အဲဒီနေ့က မင်းဝတ်ထားတာ ကပိုကရိုနဲ့ ဖြစ်ကလက်ဆန်းနိုင်ခဲ့တယ်လို့ ငါထင်တယ်။ ဒါကြောင့်ပဲ မင်းကို ကမောက်ကမ ချစ်ခဲ့မိတာနဲ့တူတယ်။ လှလို့ ချစ်တာလား ချစ်လို့လှတာလားဆိုတဲ့ စကားကို ကြားတိုင်း မေသန်းနုကြော်ငြာတဲ့ မုန့်ကြွပ်တစ်ခုကို ပြေးသတိရတယ်။ `ကောင်းတာကြိုက်တာလား ကြိုက်တာကောင်းတာလား၊ ကောင်းတာကြိုက်တဲ့သူတွေ အတွက်တော့ ဘာမုန့်ကြွပ်ရှိတယ်ဆိုလားပဲ´။ အဲဒီမုန့်ကြွပ်ကြော်ငြာကြောင့် ငါလှတာကို မချစ်တော့ပါဘူး။

ဒါပေမယ့် ငါချစ်တဲ့မင်း ကတော့ ဘာကြောင့် လှနေရတာလဲ မိသဒ္ဒါ။ ထူးဆန်းစွာနဲ့ မင်းမျက်နှာမှာ ဂန္တ၀င် စကားလုံးတွေ ပါဝင်နေတာကို ချက်ချင်းသတိထား မိလိုက်တယ်။ ဟုတ်တယ် အဲဒီ ပါးချိုင့်လေးပေါ့၊ လူငယ်တစ်ယောက်ကို တိုင်နဲ့ခေါင်းနဲ့ဆောင့်စေခဲ့တာ။ ဟုတ်တယ် အဲဒီ သွားတက်လေးပေါ့၊ လူငယ်တစ်ယောက်ကို ခလုတ်တိုက်လဲစေခဲ့တာ။ ဟုတ်တယ် အဲဒီ စံပယ်တင်မှဲ့လေးပေါ့၊ လူငယ်တစ်ယောက်ကို ပြုစားခဲ့တာ။ မင်းသာ နှင်းဆီပန်းတစ်ပွင့် ဖြစ်မယ်ဆိုရင် ငါဆူးတွေဖြစ်ပါရစေ။ ဟိုတစ်နေ့က ခပ်ပေးထားတဲ့ ရေကို မင်းလက်နဲ့လှမ်းအယူမှာ ငါ . . .ဓါတ်လိုက်သေဆုံးသွားခဲ့တာပါ။ နှင်းဝိညာဉ်တစ်စက်ဟာ သွေးစက်လက်မကျပဲ သေဆုံးသွားခဲ့ပါပြီ။
ပြောမယ့်သာပြောရတယ်။ ငါကလည်း ခပ်ကြောင်ကြောင်ကောင်ပါ။ ဒဏ္ဍာရီပေါင်း မြောက်များစွာထဲက မင်းသမီးလေးဟာ မင်းဖြစ်တယ်လို့ စိတ်ထဲမှာ စွဲမှတ် နေ့စဉ်ရက်ဆက် အိပ်မက်ရိုးရိုးလေးတွေ မက်ချင်နေခဲ့တာပါ။ တာရာမင်းဝေရဲ့ စကားလုံးကိုအငှားသုံး ရမယ်ဆိုရင်တော့ `ချစ်သူကို ချစ်တဲ့အကြောင်း ရှေးလူကြီးတွေ ဘယ်လိုစာလုံးပေါင်းခဲ့ကြပါသလဲ´ ငါကတော့ အရိုးရှင်းဆုံး စကားလုံးနဲ့ အပွင့်လင်းဆုံးဆက်ချစ်သွားမယ်။ ခွင့်ပြုပါသဒ္ဒါ။ မင်းမျက်နှာကို ကဗျာတစ်ပုဒ်လို ဖတ်ခွင့်ပြုပါ။ မင်းလက်ဖမိုးကို ခိုးနမ်းခွင့်ပြုပါ။ မင်းနှုတ်ဖျားက တေးသွားလေးတွေ ကြားခွင့်ပြုပါ။ မင်းရင်ခွင် ဘယ်ဘက်ခြမ်းကို ငါ့အချစ်တွေ ဖုံးလွှမ်းခွင့်ပေးလိုက်ပါတော့ သဒ္ဒါရေ။

ဇင်ကိုလတ်
၂၃း၀၀ ၂၈ မေလ ၂၀၀၇

20 comments:

Anonymous said...

ဘာတွေမှန်းမသိဘူးလို့မပြောကြေး ဆိုလို့ ဘာတွေလဲသိချင်တယ်လို့ မေးလိုက်တယ်.. ဟိဟိ.. ပြန်ရှင်းပြတော့နော်.. ဟို banner ရဲ့ နံရိုးထက် ပိုရှင်းရမယ်ထင်တယ်.. =)
btw, သဒ္ဒါ က မြန်မာ သဒ္ဒါလား.. အင်္ဂလိပ် သဒ္ဒါလား.. ???
Anyway, တစ်ကယ် မသိဘူးကွ...

ညီညီ(သံလွင်) said...

သဒတ်မတာ စက်မတာ... သဒ္ဒါမတတ် စာမတတ်ဆိုပြီး ကြော်ငြာခဲ့တဲ့ အင်္ဂလိပ်စာ ဦးသိန်းလွင်ရဲ့ စာအုပ်ကြော်ငြာကို သတိရတယ်။ အိပ်မက်ထဲမှာ ဇင်ကိုလတ်ကတော့ သပက်တဒါ ငတ်မတာ .. သဒ္ဒါတစ်ပက် ငါတစ်ပက်ဆိုပြီး မိသဒ္ဒါနဲ့အတူ ပုလင်းထောင်ရင်း နေဘုန်းလတ်ရဲ့ နံရိုးကြော်ကို မြည်းနေလေရဲ့။

Nay Nay Naing said...

ဓာတ်ပုံထဲက ကောင်မလေးက ဘယ်သူတုန်းဟ.. ဒါနဲ့  အဲ့ဒီကောင်မလေးမှာ ပါးချိုင့် ၊သွားတက်လေး ၊စံပယ်တင်မှဲ့လေး တွေ ပါသလား.. ???..

ငါမသိလို့ မေးတာပါဟာ.. တမင်လာနောက်တယ်လို့ တော့ မထင်လိုက်ပါနဲ့ .. ငါလုံးဝ နောက်တာ မဟုတ်ပါဘူး။ လာနောက်တယ် နင်ထင်မှာတောင် စိုးရိမ်မိလို့ ၊ နောက်တာမဟုတ်ဘူး၊ မသိလို့ မေးတာဖြစ်ကြောင်းကို ငါ ကြိုပြီး ပြောလိုက်ပါတယ် :D

Thelay said...

အခုမှပဲ ကောင်မလေး အကြောင်းပါလာတော့ တယ်… ဟားဟား လျိုထားတယ်ဟေ့….

NayPhoneLatt said...

ဘယ်သူလဲဟ ...။ မင်း ငါ့ကိုလျှိုတာတော့မကောင်းပါဘူးကွာ ။

farawaysu said...

aww.
So pretty pretty!
lucky is the gal :)

farawaysu said...

Wah, pretty sweety!
Lucky gal or lucky ko zin co latt?! :P
Wish u both much happiness

Unknown said...

ဒုက္ခပဲ . . . ကျွန်တော်က ကိုယ့်ကိုယ်ကို စာရေးတဲ့သူတစ်ယောက်လို့ ခံယူထားပါတယ်။ ဒါကြောင့် စာရေးတဲ့အခါ စိတ်ကူးထဲမှာ တစ်စုံတစ်ယောက်ကို ပေါ်လာအောင် ဖော်ပြီးရေးရတာပါ။ ဘယ်ကောင်မလေးကိုမှလည်း မလိုက်နေပါဘူး။ ဓါတ်ပုံထဲက ကောင်မလေးကလဲ ကျွန်တော်အပြင်မှာတောင် မမြင်ဘူးတဲ့ကောင်မလေးပါဗျာ . . . .။ ဒီအက်ဆေးလေးကလဲ ကျွန်တော့်ရဲ့ အနုပညာဖန်တီးမှု တစ်ခုဆိုတာထက်မပိုပါဘူး။

Anonymous said...

ဒီမို့ အစ်ကိုရဲ့ သဒ္ဒါတွေတော်တော်များတာပဲ.. မနေ့ကဖတ်တော့ ဒီပို့စ်က ကောင်မလေး က တစ်ယောက်..
ဒီနေ့မနက်ဖတ်တော့ ကောင်မလေး ပုံက နောက်တစ်ယောက်ပြောင်းသွားတယ်.. ခုညနေကြည့်လိုက်တော့ နောက်တစ်ယောက်ဖြစ်သွားပြန်ပြီ.. အလှည့်ကျလား.. ဟိဟိ..

Anonymous said...

သံလွင်အိပ်မက်ကလူတွေ..မအားပါ..အလုပ်များနေပါသည်..အတောင်ပံတွေလွှင့်တဲ့လူကလွှင့်နေပါသည်..အတောင်ပံဖြန့်ပြီး သဒ္ဒါဖတ်တဲ့သူကဖတ်နေပါသည်..နံရိုးကြော်နဲ့မြေသြဇာ ရောင်းတဲ့သူကရောင်းနေပါသည်..ဟိဟိ.. နောက်တာ..စိတ်ချိုးရဘူး..
ကိုညီညီ့ စီဘောက်စ်မှာအော်လို့ မရလို့ ဒီမှာလာအော်တာ..

Nay Nay Naing said...

အရှက်ပြေ ပုံတွေ တစ်ခုပြီး တစ်ခု ပြောင်းတင်နေတာ မဟုတ်ပါဘူးနော်။ ရှိ ရှိတယ်ပေါ့ဟာ.. မရှိလည်း မရှိဘူးပေါ့. မပြောချင်လည်း မပြောချင်ဘူး ပြောလိုက်ပါ။ နင့် ပိုစ့်မှာ ကောင်မလေးပုံ မတင်လည်း နင်ရေးထားတဲ့ ပြောချင်တဲ့ အကြောင်းအရာကို လူတိုင်းနာလည်ပါတယ်။ ပုံတွေတင်တော့ သို့ လော သို့ လော ဖြစ်တာပေါ့ဟာ.. (ဖြစ်အောင်ပဲ တမင် တင်တာလားတော့ လည်း မသိပါဘူး) စာနဲ့ လိုက်အောင် ကောင်မလေးပုံ တင်ချင်လည်းမင်းသမီး ပုံတွေဘာတွေ ထင်ထင်ရှားရှားထင်ရင် ဘယ်သူမှ ဟိုထင် ဒီထင် မထင်တော့ဘူးပေါ့။ ခုတော့ မှုန်ဝါးဝါးနဲ့  ဘယ်သူမှန်း မသိဆိုတော့ စိတ်ဝင်စားမိတာ သူများတွေ အပြစ်မဟုတ်ဘူး ..

Unknown said...

N3 >>> :P

နိုင်းနိုင်းစနေ said...

ပုံထဲက ကောင်မလေး ၉၉နဲ့ဆင်တယ်..အဟီး
ယုံချင်ယုံ မယုံချင်နေ...
မယုံဘူးဆိုလည်း မယုံဘူးပြောပေါ့နော်...
ဆင်တယ်လို့ ကိုယ့်ကိုယ်ကိုထင်လို့ ဆင်တယ်လို့ ပြောလိုက်ပြီ..
ဟား..ဟား...

Unknown said...

နိုင်းနိုင်း >>> ဟားဟား . . နိုင်းနိုင်းကတော့ လုပ်ပြီ။

Anonymous said...

gucci sunglasses
swarovski crystal
michael kors outlet
michael kors outlet
tiffany jewelry
ferragamo outlet
bottega veneta outlet
tiffany and co
louis vuitton bags
nike air max 90
cheap nfl jersey
oakley sunglasses wholesale
christian louboutin uk
rolex uk
true religion outlet
michael kors factory outlet
gucci outlet
tory burch outlet
michael kors outlet
hollister uk
cheap jordan shoes
ray ban sunglasses
beats headphones
kate spade uk
true religion jeans
michael kors uk outlet
nfl jersey wholesale
babyliss flat iron
oakley sunglasses
beats headphones
nike huarache
ray ban sunglasses
polo ralph lauren
ralph lauren pas cher
ray-ban sunglasses
20160608zhenhong

Unknown said...

hermes belt
air jordan retro
cheap oakley sunglasses
http://www.tiffanyand.co.uk
michael kors outlet online
nike air max thea
christian louboutin outlet
cheap nfl jerseys
links of london outlet store
jordan shoes
nike dunks shoes
Kanye West shoes
jordan shoes
adidas tubular
yeezy boost 350
http://www.kobeshoes.uk
tiffany & co
kobe shoes
nike huarache
tiffany online
michael kors outlet
ralph lauren online,cheap ralph lauren
http://www.cheapairjordan.uk
tiffany and co
air jordan shoes
cheap authentic jordans
cheap jordans online
http://www.cheap-airjordans.us.com
michael kors handbags outlet
michael kors factory outlet
coach outlet online
nike air huarache
adidas nmd runner
nike air huarache
yeezy boost 350

Unknown said...

louis vuitton neverfull sale
lululemon uk
michael kors canada
canada goose coats
michael kors outlet
oakley sunglasses
fitflops uk
coach outlet store
polo ralph lauren
michael kors online
ferragamo outlet
michael kors uk
ugg outlet
coach outlet online
coach outlet clearance
true religion jeans outlet
reebok outlet store
fred perry polo shirts
michael kors handbags
lululemon outlet
michael kors outlet clearance
burberry outlet
ugg outlet store
michael kors outlet
nike roshe run shoes
michael kors factory outlet
swarovski outlet
ralph lauren polo
hollister clothing
nike air max 90
cheap nhl jerseys
nike air huarache
coach outlet online
dior sunglasses
nike outlet store
michael kors factory outlet
burberry outlet sale
0811jianxaing

raybanoutlet001 said...

christian louboutin shoes
eagles jerseys
hugo boss
michael kors handbags wholesale
los angeles clippers
chicago bulls
michael kors outlet
louis vuitton pas cher
baltimore ravens jerseys
49ers jersey

chenmeinv0 said...

christian louboutin
louis vuitton outlet
coach outlet
coach factory outlet
lebron james shoes
louis vuitton
mlb jerseys
chaussures louboutin
celine outlet
oakley sunglasses
20173.14chenjinyan

chenmeinv0 said...

tory burch outlet
adidas trainers women
michael kors outlet
coach outlet store online
adidas outlet store
adidas nmd
salvatore ferragamo shoes
coach outlet
tiffany jewelry
ed hardy clothing
hzx20170321