တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသား
စာအမှတ် ၇-၇၇ နှလုံးသား။
ယနေ့မှစ၍
“၁၆”ကားပေါ်တွင်
“ထမင်းဘူးတော်ကိုင်”တာဝန်မှ လည်းကောင်း
ပုဂံလမ်းပေါ်တွင်
“ထီးတော်မိုး”တာဝန်မှ လည်းကောင်း
သက်သာချောင်ချိရေးဆိုင်တွင်
“စားပွဲတော်ထိုး”တာဝန်မှလည်းကောင်း
အင်းလျားကန်ဘောင်ပေါ်တွင်
“သက်တော်စောင့်”တာဝန်မှလည်းကောင်း
ဗိုလ်ချုပ်ဈေးတွင်
“ပစ္စည်းတော်ထမ်း”တာဝန်မှလည်းကောင်း
အခန်းအေ - ၂၀၅တွင်
“အနမ်းတော်ဆက်”တာဝန်မှလည်းကောင်း
သင့်အား လုံးဝရပ်စဲလိုက်ကြောင်းနှင့်
“ငှက်ပြာ”တစ်စင်း
“ဂျင်းရှပ်”တစ်လွှာ
“ရာတန်”တစ်ထပ်
“ဆေးထိုးအပ်”တစ်ချောင်း
အဆင့်ရှိသူအား
သင်၏နေရာတွင်
အစားထိုးခန့်ထားလိုက်ပါကြောင်း။
မင်းလူ
9 comments:
nice.. ဒါပေမယ့် ခုခေတ်နဲ့  သိပ်မကိုက်တော့ဘူးဟ.. ဒီခေတ်နဲ့  ကိုက်ညီသွားအောင် နင်ပြောင်းရေးလိုက်ပါလား... အချိန်မရဘူးဆိုလည်း အလုပ်မှာ အားတဲ့အချိန် အိပ်မယ့်အစား ကဗျာရေးလိုက်ဟာ.. :P
မိုက်တယ်.. မN3 ပြောသလို ဒီခေတ်နဲ့ အမှီ ပြန်ပြင်ရေးပါလား.. =) မN3 ပြောသလိုပဲ.. အိပ်နေတဲ့ အလုပ်ချိန်လေးတွေ မှာရေးပေါ.. ဟိဟိ..
ဒါဆို 109-110 နှလုံးသားလေးပေါ့ နော် :P
မင်းလူ ကဗျာလေးတင်ပေးတာ ကျေးဇူး ။ သူ့ အရေးအသားတွေ သိပ်ကြိုက်တယ် ။
ဒါနဲ့ ဆီဗုံးလေးတပ်ပါဦး မောင်ဇင်ကိုလတ်ရယ် ။ မင်းဟာကလည်း ဆက်ဆံရေး ခေါင်းပါးလိုက်တာ အဟီး)
ဦးမင်းလူကောင်းမှုကော မတင်ဘူးလားဗျ
n3 > အေး မင်းလူရဲ့ အိုင်ဒီယာက အရမ်းကောင်းတယ်ဟ။ ငါယှဉ်ပြီး မရေးရဲပါဘူးဟာ။ တကယ်ဖတ်ချင်တာဆိုရင်တော့ နောက်အားမှ အလုပ်ထဲမှာ မအိပ်ပဲ ဒီcommentထဲမှာပဲ ထပ်ရေးပေးမယ်။
demo > အင်း မn3ပြောသလို ရေးပေးမယ်နော်။ မကြာမှီလာမည်ပေါ့။
Melodymaung > အင်းပေါ့။ ၁၀၉-၁၁၀ပေါ့။ အလုပ်မရှိ အကိုင်မရှိဆိုတာ ဒါမျိုးနေမှာ။
ဂျစ်တူး > ဟုတ်တယ် ဒီကဗျာလေးဆို အိုင်ဒီယာက လန်ထွက်နေတာ။ ဆီဗုံးကတော့ ကျွန်တော်အဆီအအိမ့်လျော့နေလို့ပါ။ ပိန်သွားရင် တပ်ပေးမယ်နော်။ (`ဒါဆိုရင်တော့ မင်းဘလော့ခ်မှာ ဆီဗုံးမြင်ရတော့မှာ မဟုတ်ဘူး´လို့ မပြောကြေး)။ ဆက်ဆံရေးက ပြေပြစ်ပါတယ်။
ကိုဖြိုး > အဲဒီအထဲက ကဗျာတွေက လူတော်တော်များများ သိလောက်မယ်ထင်လို့ပါ။
michael kors outlet
san antonio spurs jerseys
cheap jordans
louis vuitton purses
adidas trainers
timberland boots
fitflop shoes
uggs
mont blanc pens
replica watches
201610.25wengdongdong
have a peek herego to my site this contact formfind more have a peek heregreat post to read
useful source description helpful hints www.dolabuy.ru directory other
Post a Comment