Monday, November 12, 2007

ဆာလောင်မှုများနဲ့ နိုင်ငံ

အဲဒီနိုင်ငံမှာပေါ့
ဆင်းရဲဒုက္ခ ဘ၀ကို ခက်ခဲစွာ ဖြတ်သန်းကြတဲ့
လူမျိုးတွေနေတယ်...

ကိုယ့်နိုင်ငံကို
သူတပါးလာတိုက်စေချင်တဲ့လူမျိုး
ကမ္ဘာပေါ်မှာ ငါ့တို့ တမျိုးပဲရှိမယ်...

ကိုယ့်နိုင်ငံကို
ချောက်ထဲတွန်းချနေတဲ့ လူစိမ်းမျိုး
ကမ္ဘာပေါ်မှာ ဘယ်လောက်တောင်တိုးနေပြီလဲ...

ကိုယ့်နိုင်ငံကို
ကောင်းစားစေချင်တဲ့ လူမျိုး
အရိုးဆွေးတဲ့ အထိတိုက်မယ်တဲ့.....

ကိုယ့်နိုင်ငံကို
ဖျက်စီးပြီး သာသနာကိုပါ စော်ကားတဲ့ လူစိမ်းမျိုး
အ၀ီဇိအိုး ဇောက်ထိုးကပ်မယ်....

အဲဒီနိုင်ငံမှာပေါ့....
မင်းကောင်းမင်းမြတ်ကို ဆာလောင်တယ်
လာဘ်မစားမှုများကို ဆာလောင်တယ်
တရားမျှတမှုကို ဆာလောင်တယ်
အမှန်တရားကို ဆာလောင်တယ်
လွတ်လပ်မှုကို ဆာလောင်တယ်
တိုးတက်မှုကို ဆာလောင်တယ်
Internetကို ဆာလောင်တယ်
ပညာရေးကို ဆာလောင်တယ်
ဘာသာရေးကို ဆာလောင်တယ်
ကျန်းမာရေးကို ဆာလောင်တယ်
စားဝတ်နေရေးကို ဆာလောင်တယ်
လူတော်လူကောင်းကို ဆာလောင်တယ်။

စစ်နိုင်သူ

3 comments:

NayPhoneLatt said...

Bravo ... my friend
Cheer !
နောက်ဆုံး အပိုဒ်ကိုလုပ်ထားတဲ့ အိုင်ဒီယာလေး ကောင်းတယ်လို့ ချီးကျူးမလို့ဟာ ... သူများ အိုင်ဒီယာခိုးချထားတာဆိုတော့ မချီးကျူးတော့ဘူးကွာ ...

Anonymous said...

တို့တွေ ငြိမ်းချမ်းမှုကို ဆာလောင်တယ်
တို့တွေ အေးချမ်းတဲ့မေတ္တာကို တောင့်တတယ်
တို့တွေ ဒီကိုကရေစီကို လိုလားတယ်
*ဆရာလုပ်တာ မဟုတ်ဘူးနော်*

Unknown said...

နဘလ > သူများအိုင်ဒီယာကို ခိုးချတာမဟုတ်ပါဘူးကွ။ ကြိုက်လို့ ယူသုံးထားတာ။

Anonymous > ဟုတ်ကဲ့ပါခင်ဗျ။ အခုလို ထပ်ဖြည့်လိုက်ရင် ပိုပြည့်စုံသွားမယ် ထင်တယ်နော်။