Sunday, September 9, 2007

Singapore Flyer and Kiasu စလုံးတွေ


London Eye လိုမျိုး Singapore Flyer လို့ခေါ်တဲ့ ကမ္ဘာ့အမြင့်ဆုံး Observation wheel ကြီးကို နောက်နှစ်မတ်လထဲမှာ ဖွင့်တော့မယ် ဆိုတဲ့ သတင်းတစ်ပုဒ်ကို www.asiaone.com မှာ ဖတ်လိုက်ရပါတယ်။ ဘယ်အရာမဆို အရင်ဆုံး၊ အဦးဆုံး၊ အကောင်းဆုံး ဖြစ်ချင်တဲ့ စလုံးလူမျိုးတွေကို ချီးကျူးမိပါတယ်။ ပြီးတော့ ရယ်လည်း ရယ်ချင်ပါတယ်။ နောက်နှစ်ထဲမှာ စပြီးလည်ပတ်မယ့် အဲဒီ Flyer ကြီးဟာ ပထမသုံးလစာ လက်မှတ်ပေါင်း ၁သန်းခွဲရောင်းလိုက်ရပြီ ဆိုလို့ပါ။ စလုံးတွေက အဲလို Kiasu ဖြစ်တာပါ။ ပထမသုံးလစာ လက်မှတ်တစ်စောင်မှ မကျန်တော့တဲ့ အဲဒီ Flyer ကြီးဟာ ၁၆၅မီတာ(သို့မဟုတ်) ၄၂ထပ်တိုက် တစ်တိုက်စာရှိပါတယ်တဲ့။ တစ်ခါတစ်ခါ လည်ရင် ၇၈၄ယောက်စီးနှင်းနိုင်ပြီး တစ်ပတ်ပြည့်ဖို့ ၃၇မိနစ်ကြာတယ်။ (အဲဒါကြီး စီးနေတုန်း အရေးရယ် အကြောင်းရယ် ပြဿနာလွယ်မိပြီဆိုရင်တော့ ဒုက္ခပဲလို့ စဉ်းစားမိပါသေးတယ်။)


အပေါ်မတင်ရသေးတဲ့ Capsuleတွေပါ


Asiaoneမှ ယူထားတဲ့ပုံ

အဲဒီတစ်ပတ်စာကို စင်္ကာပူဒေါ်လာ ၂၉.၅၀ပေးရမှာဖြစ်ပြီး ၁၄.၅၀ပေါင်(S$44)ပေးရတဲ့ London Eyeထက် ဈေးသက်သာပါသေးတယ်လို့ ဆိုပါတယ်။ ပြီးတော့ capsulesကြီး တစ်ခုလုံးကို ငှားချင်ရင် ကြားရက်နေ့လည်ပိုင်းဆိုရင် စင်္ကာပူဒေါ်လာ၁၀၀၀ဖြစ်ပြီး ကြားရက်ညပိုင်းနဲ့ စနေ၊ တနင်္ဂနွေဆိုရင်တော့ ၁၅၀၀ပါတဲ့။ (သူ့ရဲ့ ကြော်ငြာထဲမှာတော့ ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့ အခါမှာ အသုံးပြုဖို့လည်း အလွန်သင့်တော်တဲ့ တကယ့်ကို Romantic ဖြစ်တဲ့ နေရာပါတဲ့လေ။ ချစ်သူက “အင်း”ဆိုပြီး ခေါင်းလေးငြိမ့်ရင်တော့ အကောင်းသား မငြိမ့်ရင် စိတ်ညစ်လို့ မှန်ခွဲပြီး အဲဒီအပေါ်ကနေ ခုန်ချမှ ကျော်မကောင်း ကြားမကောင်းဖြစ်နေပါဦးမယ်လို့ ပေါက်ပေါက်ရှာရှာတွေးမိပါသေးတယ်။) အခုလောလောဆယ် အဲဒီဟာကြီးအတွက် ဓါတ်ပုံပြိုင်ပွဲရှိပါတယ်။ စိတ်ပါဝင်စားသူတွေ ၀င်ရောင်ယှဉ်ပြိုင်နိုင်ပါတယ်တဲ့။ သူ့ရဲ့ websiteကတော့ http://www.singaporeflyer.com.sgပါ။

ဒီမိုပို့ပေးတဲ့ ဓါတ်ပုံ

13 comments:

Anonymous said...

ဒါကြီးကို စီးချင်ရင် ပထမ ၃ လလောက် တောင် စီးလို့ မရဘူးဆိုတဲ့ သဘောပေါ့.. စိတ်တော့ ၀င်စားစရာပဲ.. =) ဒီမို ရိုက်ထားတဲ့ပုံက ၃၆ ပေါ်ကနေ လှမ်းရိုက်လိုက်တာ..

Anonymous said...

ဟဲဟဲ အဲလို အမြင့်ကြီးမှာ ပရိုပို့စ်လုပ်ပြီး ၊ အငြင်းခံရရင်တော့ .. မတွေးဝံ့စရာပဲကွယ်း)

Anonymous said...

What is "Kiasu" mean ?

Hteink Min said...

ဒီစကားက တရုတ်လူမျိုး ဟော့ကင် ဘာသာစကားပါ။ kia ကီရန်ဆိုတာ ကြောက်တာဖြစ်ပြီး ၊ ဆူးဆိုတာကတော့ ရှုံးတာလို့ ပြောတာပါ။ ကီရာဆူး ဆိုတော့ ၊ နောက်ကျမှာ ၊ ကုန်သွားမှာ ၊ ရှုံးသွားမှာ ၊ သူများထက် နောက်ကျသွားမှာတွေကို ကြောက်တတ်ကြတဲ့ စင်ကာပူရန်းတွေကို ခေါ်တဲ့ နာမည်ပါ။ စင်ကာပူရီရန်းဆိုရင် ကီရာဆူးလို့ ခေါ်လေ့ရှိကြပါတယ်။ ကျွန်တော်သိသလောက်ပြောပြတာပါ။ နည်းနည်းတူတဲ့ စကားနောက်တစ်လုံးက ကီရန်ဂရပ်ဆိုတာပါ၊ ကပ်စေးနည်းတာကို ပြောတာပါ။

Anonymous said...

Thank you :) Min Min

ZawZaw said...

way - - -- I'll come and right this wheel with blogger buddy at s'pore

ကိုထိုက် said...

အကုန်လုံး နီးပါး ၀င်မွှေသွားပြီ။

Thant Ko said...

မလေးရျားတို့၊ အင်ဒိုနီးရှားတို့ ဆီကို လှမ်းမျော်ကြည့်နိုင်မလား မသိဘူးနော်။ :)

Unknown said...

ဒီမို - ဟုတ်တယ်၊ ပထမ၃လ အတွင်း စီးချင်တယ်ဆိုရင် ရန်ကုန်မှာ ဘတ်စ်ကားခိုစီးသလိုမျိုး ခိုစီးရမယ်နဲ့ တူတယ်။

ဂျစ်တူး - သေချာတာပေါ့။

Anonymous - ဟုတ်တယ်ဗျာ၊ သေသေချာချာ ရှင်းပြဖို့မေ့သွားတယ်။ အခုတော့ ကိုမင်းမင်း ရှင်းပြလိုက်တာဖတ်ပြီး လောက်ရောပေါ့။

မင်းမင်း - အခုလို စိတ်ရှည်လက်ရှည်ရှင်းပြတဲ့ အတွက် ကျေးဇူးဗျာ။ ကျွန်တော်တောင် ရေးသာရေးတာ အဲလောက်သေသေချာချာမသိဘူး။

ဘလာဂေါက် - ဟုတ်ပ ကိုဘလာဂေါက်ရေ... ကျွန်တော်တို့ တူတူသွားစီးကြမယ်ဗျာ။

ကလေးသား - ဟုတ်...ကျွန်တော်လည်း အားရင် လာပြီးမွှေနှောက်ပါဦးမယ်။

သန့်ကို - အင်း . . သူတို့ပြောတာတော့ မြင်ရတယ်ဆိုပဲ။

MELODYMAUNG said...

နာလဲ အတူတူစီးမယ် လိုက်မယ် သိန်း500 သုံးခါပေါက်ရင် အဲဒီမှာ မွေးနေ့ပွဲ လုပ်မယ်ကွ အဟိ :P

Mr.Pooh @ မောင်ပွတ် said...

Let's book a capsule for next blog meeting !

chenmeinv0 said...

tory burch outlet
adidas trainers women
michael kors outlet
coach outlet store online
adidas outlet store
adidas nmd
salvatore ferragamo shoes
coach outlet
tiffany jewelry
ed hardy clothing
hzx20170321

saknod said...

k4l39g7c74 w2m99y3c66 u7j57d4l89 g3i55o1t97 c6q90h0q96 w4g06v8h41