Saturday, September 8, 2007

ဘလော့ခ်ကာ ဘာတွေရှုပ်

ဒီရက်ပိုင်း ကျွန်တော် ဘလော့ခ်လေးကို ပစ်ထားတာ တော်တော်တောင် ကြာသွားပြီ။ ဟိုရက်ပိုင်းတွေတုန်းက အင်တာနက်သုံးဖြစ်တိုင်း အီးမေးလ်စစ်၊ ပြီးတာနဲ့ ဘယ်ဘလော့ခ်မှ မသွားနိုင်၊ ဘလော့ခ်ပိုစ့်လည်း မရေးနိုင်ပဲ sgcarmartကို အမြဲ ၀င်ကြည့်ဖြစ်တယ်။ အဲဒီwebsiteက စင်္ကာပူမှာ ရှိသမျှ ကားအသစ်၊ ကားအဟောင်းတွေရဲ့ ဈေးနှုန်း၊ COEပေါက်ဈေး၊ loan calculator, road tax calculatorအကုန်လုံးကို ကြည့်လို့ရတာလေ။
နောက်အမြဲတမ်းဝင်ကြည့်ဖြစ်တဲ့ websiteတစ်ခုကတော့ Club Snapဆိုတဲ့ စင်္ကာပူမှာရှိတဲ့ ဓါတ်ပုံForumပါ။ အဲဒီဖို
ရမ်မှာ ကင်မရာအသစ်တွေ Lensအသစ်တွေရဲ့ ဈေးနှုန်းတင်မဟုတ်ပဲ Memberအချင်းချင်း ပြန်ရောင်းကြတဲ့ Market Placeတွေပါရှိတယ်။ Canonသုံးတဲ့ လူတွေအတွက်၊ Nikonသုံးတဲ့လူတွေ၊ ပြီးတော့ တခြား ကင်မရာသုံးတဲ့သူတွေ အတွက်ပါ သူ့topicနဲ့ သူ လေ့လာစရာတွေ မှတ်သားစရာတွေနဲ့ ပြည့်နေတဲ့ Forumတစ်ခုပါ။

အားတဲ့ရက်တိုင်း အားတဲ့အချိန်တိုင်း အဲဒီWebsiteတွေမှာ ကျွန်တော်လိုချင်တာတွေ သွားကြည့်ပြီး ဈေးတွေစုံစမ်း၊ တစ်ခုနဲ့ တစ်ခု Compareလုပ်။ နောက်ဆုံးတော့ လိုချင်တာတွေကို ၀ယ်ပစ်လိုက်ပါတယ်။ ဒါနဲ့ပဲ ကိစ္စနှစ်ခုပြီးသွားတော့ အလုပ်ထဲမှာအားရင် အားသလို ဘလော့ခ်ရေးမယ်ကြံစည်ထားပေမယ့် မနက် အလုပ်ရောက်တာနဲ့ စက်က ပျက်တာ ညပြန်တဲ့ အထိ ပြင်လို့ကို မပြီးတာတို့၊ မန်နေဂျာက ဟိုဟာခိုင်း ဒီဟာခိုင်းရင်လည်း သူများကို ထပ်ပြီးခိုင်းရမှာ စိတ်မချတဲ့ကျွန်တော် ကိုယ်တိုင်ပဲ လုပ်ရင်း အားတဲ့အချိန်ရယ် လို့မရှိတာတို့၊ အားရင်လည်း အားသလို မြန်မာပြည်အခြေအနေသတင်းတွေ ပြေးပြေးဖတ်ရတာတို့၊ အိမ်ပြန်ရောက်တော့လည်း အလုပ်က ပင်ပန်းတာနဲ့ ကွန်ပျူတာဖွင့်တဲ့ ခလုတ်လေးကိုတောင် နှိပ်ဖို့ပျင်းနေတာတို့ကြောင့် ဘလော့ခ်ကို မရေးဖြစ်တာပါ။ ဒီနေ့တော့ အလုပ်ကလည်းပါး၊ ရာသီဥတုလေးကလည်း သာယာဆိုတော့ ဘာရယ်မဟုတ် ဘာတွေရှုပ်နေလဲဆိုတာ ချရေးလိုက်တယ်။ နောက်ပိုင်းလည်း ဒီလိုပဲ အလုပ်ထဲက စက်တွေ လိမ်လိမ်မာမာ ဒုက္ခမပေးပါစေနဲ့လို့။

5 comments:

Anonymous said...

အလုပ်များလို့ ပင်ပန်းတာလဲ ပို့စ်တစ်ခုဖြစ်တာပဲနော်.. တကယ် ကိုဇင်ကိုလတ်လောက် မအားတဲ့သူ ရှားတယ်.. သူ့ကို ဘာလို့ မအားတာလဲလို့ မေးရင်လဲ ဘာမှန်းရေရေရာရာ မရှိ.. ဟိဟိ.. ဟုတ်ပါ့.. စက်တွေ ( အစ်ကို့ ကောင်မလေးတွေ ) မပျက်ပဲ အေးအေးဆေးဆေး နေပါစေလို့ ဒီမို ဆုတောင်းပါတယ်.. =)

Anonymous said...

အလုပ်ထဲက စက်တွေ လိမ်လိမ်မာမာနေအောင် .. . မုန့် ကျွေးထားလိုက်လေ…။

su wai said...

ပို့စ်အသစ်တွေဖတ်ချင်လို့ အလုပ်ထဲကစက်တွေ ကျန်းမာရေးကောင်းပါစေလို့ ဆုတောင်းနေပါ့မယ်။ ပြီးတော့ ဒီဘန်နာအသစ်လေးက Danger Zone ဆိုတဲ့ နာမည်နဲ့ ပိုလိုက်တယ် သိလား...။

Unknown said...

ဒီမို - အခုလို ဆုတောင်းပေးတာ ကျေးဇူး။

လေးမ - ကျွေးထားတယ်ကွယ်။ ဒါပေမယ့် ကလေး(စက်)တွေက တခါတခါ မလိမ္မာကြဘူး။

စုဝေ - ဟုတ်လား။ ဒါဆို အဟောင်းကို ပြန်မပြောင်းတော့ဘူး။

Unknown said...

michael kors outlet
san antonio spurs jerseys
cheap jordans
louis vuitton purses
adidas trainers
timberland boots
fitflop shoes
uggs
mont blanc pens
replica watches
201610.25wengdongdong