
လေးစားတယ်
ဓမ္မနဲ့ အဓမ္မယှဉ်ပြိုင်
ဓမ္မဖက်က နိုင်ဖို့ ကြိုးစားသူတိုင်းကို လေးစားတယ်။
မေတ္တာဓါတ်တွေ လွှမ်းခြုံ
ကိုယ့်ကိုကိုယ်လုံ စေတဲ့ သူတွေကို လေးစားတယ်။
တိုင်းပြည်အတွက် အသက်စတေး
ရင်ကော့ပေးခဲ့သူတွေကို လေးစားတယ်။

ကိုယ်ကျိုးလုံးဝမပါ
လူသားချင်းစာနာတတ်သူတွေကို လေးစားတယ်
အမှန်တရားကို ဖက်တွယ်
နိုင်ငံကယ်မယ့်သူတွေကို လေးစားတယ်။
Photos From AFP and AP
2 comments:
ကဗျာတွေဖက်တွယ်
ကာရန်တွေနဲ့
တိုင်းပြည်အကျိုး သယ်ပိုးသူကို
လေးစားတယ်။။။။။။။
chaos - လုပ်နိုင်တဲ့အပိုင်းလေးကို တတ်နိုင်သလောက် လုပ်တာပါ။ လေးစားစရာမလိုပါဘူး။ ကျွန်တော်က ဒီလောက်ပဲ လုပ်နိုင်လို့ တခါတခါကိုယ့်ဘာသာကိုယ်တောင် ရှက်မိပါသေးတယ်။
Post a Comment