Sunday, September 30, 2007

Live blogging From Bangladesh

ဒီခရီးကို လွန်ခဲ့တဲ့နှစ် ဇွန်လကတည်းက လာဖို့ပါ။ ဒါပေမယ့် ကျွန်တော် Installလုပ်ရမယ့် x-ray machineက readyမဖြစ်သေးတာတို့ customsက clearမလုပ်သေးတာတို့ကြောင့် မလာဖြစ်ပဲ တစ်နှစ်ကျော်ကျော်လောက် အချိန်နှောင့်နှေးခဲ့ရပါတယ်။ လာမယ့် လာရတော့လည်း အခုလို အချိန်မျိုးမှာမှ လာရတယ်လို့။ တကယ်တမ်းတော့ ကျွန်တော်စင်္ကာပူမှာ နိုင်ငံကောင်းစားရေးအတွက် တက်နိုင်တဲ့အပိုင်းက တူတူတွဲလုပ် နေတဲ့လူတွေ အားလုံးကို ချန်ထားပြီးလာရတာ ဘယ်လိုမှ စိတ်မဖြောင့်ပါဘူး။ ပြီးတော့ လာတာက အလုပ်လုပ်ဖို့ လာရတာဆိုတော့ အင်တာနက်connectionက အလုပ်ပြီးလို့ ဟော်တယ်ပြန်ရောက်မှ ရမှာလေ။



အဲဒီတော့ ကျွန်တော် မြန်မာနိုင်ငံသတင်းကို ချက်ချင်းမသိနိုင်တော့ပါဘူး။ စင်္ကာပူမှာတုန်းကလို SMSတွေ တစ်ခုပြီးတစ်ခု ပို့ပြီး သတင်းပေးမယ့်လူတွေလည်း မရှိပါဘူး။ ဒါ့ကြောင့် ဒီခရီးကို လာရတာစိတ်လုံးဝ မဖြောင့်ပါဘူး။ ဒါပေမယ့် အလုပ်ကပေးတဲ့ ပိုက်ဆံကိုယူတော့လည်း အလုပ်က ခိုင်းတာလုပ်ရမှာပေါ့။ အဲဒါနဲ့ ကျွန်တော့်အတွက် ပဉ္စမမြောက် ရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာခဲ့ပါပြီ။ ပထမတော့ ကျွန်တော့်ကုမ္ပဏီက ဂျပန်တို့ ကိုရီးယားတို့ကျတော့ မလွှတ်ဘူးဆိုပြီး စိတ်ထဲက ဘ၀င်မကျပါဘူး။ ဒါပေမယ့် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် နိုင်ငံများများရောက်ဖူးလေ အမြင်ကျယ်လေ။ တချိန်ကိုယ့်နိုင်ငံအတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ အကြံဥာဏ်တွေ ပိုထုတ်နိုင်လေဆိုပြီး စဉ်းစားမိတဲ့အတွက် မန်နေဂျာကို ဘယ်နိုင်ငံလွှတ်လွှတ် အကုန်သွားမယ်လို့ ပြောခဲ့ပါတယ်။



ပထမတော့ ထင်တာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာမှလည်း မရှိ၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံခြားက ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးတစ်ခုအနေနဲ့ သိထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံလိုပုံစံမျိုးလား၊ ATMမရှိ Roamingမရှိလား၊ ဟော်တယ်မှာတောင် အင်တာနက်ရှိပါ့မလား စိုးရိမ်မိနေပါသေးတယ်။ ဒီကို ရောက်တော့မှ ကျွန်တော်မျက်လုံးတွေ ပြူးရပါတယ်။ လေဆိပ်ရောက်တာနဲ့ ATMစတွေ့ရတယ်။ ပြီးတော့ Roaming Service တွေလည်း ရှိတယ်။ ကျွန်တော်တည်းတဲ့ ဟော်တယ်မှာ အင်တာနက်ကို wirelessရတယ် ဆိုတာ သိရလို့ပါ။ (ကားတွေကတော့ စုတ်စုတ်ပြတ်ပြတ်လေးတွေပါ။) ကျွန်တော်ရောက်တဲ့ အချိန်က ည၁၀နာရီဖြစ်နေတဲ့ အတွက် ဘာမှ ကောင်းကောင်းမမြင်ရပါဘူး။ နောက်နေ့မှပဲ ကျွန်တော့်ရဲ့ ဘင်္ဂလားဒေ့ရှ်အတွေ့အကြုံတွေကို ကြုံရင်ကြုံသလို တင်ပေးသွားပါဦးမယ်။

6 comments:

Anonymous said...

ဘယ်များပျောက်နေသလဲလို့.. လက်စသတ်တော့ သူက ဒီရောက်နေတာကိုး.. အစစအရာရာ အဆင်ပြေပါစေ.. =) ဓါတ်ပုံတွေများများရိုက်ခဲ့နော်..

Anonymous said...

Hey Ko Sithu,aku SG mar lal protest loat nay tal.sait ma pu nay nae naw.Arr lone aung myin mar par.:)

Anonymous said...

Pyaw tg ma thor buu. nga myar tat sg police nat bar pyit nay lal lo, pu tite ya tar. :( hummm

Nay Nay Naing said...

ဖုန်းဆက်ပြီး သတင်းပေးသူ၊ သတင်းမေးသူ တစ်ယောက်တော့ အနည်းဆုံးရှိမှာပါ ... ဟုတ်တယ်မဟုတ်လား ကိုစည်သူ.. :P.. ခရီးထွက်ရတာ ကြိုက်တဲ့သူ ခရီးသွားနေရတယ်ဆိုတာ ကောင်းပါတယ်.. အားလုံး အဆင်ပြေပါစေ။

Unknown said...

demo - ဓါတ်ပုံတွေ အများကြီး ရိုက်လာတယ်။

Anonymous - Great, thanks for your info.

khayayphyu - hehe. dont worry. I'm fine.

N3 - ဖုန်းဆက်ပြီး သတင်းပေးတဲ့သူလား။ ရှိတာပေါ့... ဟဲဟဲ .... ဟဲဟဲ ပေါ့ဟာ။

chenmeinv0 said...

toms outlet
oakley sunglasses
cavaliers jerseys
ugg boots outlet
polo ralph lauren
michael kors outlet online
coach outlet store online clearances
louis vuitton handbags clearance
ugg boots
louis vuitton uk
20171.11chenjinyan