ကျွန်တော်ဒီ April Foolမှာ တစ်ယောက်သောသူရဲ့ အရူးလုပ်ခြင်းကို ခံခဲ့ရပါတယ်။ ကျွန်တော်က Plaza Singapuraရောက်နေတုန်း သူဖုန်းဆက်ပြီး `ခဏနေဦး၊ ခဏနေဦး၊ အမလေးလိုက်ခေါ်လိုက်ရတာ၊ မောနေတာပဲ။ အဲဒီမှာပဲ ရပ်နေ။´တဲ့ အမ် ကျွန်တော် တော်တော်ကြောင်သွားတယ်။ သူဘယ်မှာလဲပေါ့။ ရုတ်တရက် ရပ်လိုက်ပြီး ဟိုကြည့်၊ ဒီကြည့်နဲ့။ ဖုန်းဆက်တဲ့သူကို လိုက်ရှာမိတယ်။ နောက်တစ်ခေါက် သူကပဲ ထပ်ဆက်ပြီး Happy April Fool၊ သူက အိမ်မှာ TVကြည့်နေတာတဲ့။ ဟင်း . . . တော်တော်လှတဲ့ လုပ်ကွက်ပါပဲ။ ကျွန်တော် အရူးဖြစ်သွားပါတယ်။
7 comments:
မင်း အရူးဖြစ်တာအခုမှမဟုတ်ပါဘူးကွာ ... ကြာပြီပဲဟာ
အရူးဖြစ်တာလဲ ပါရမီ ပါမှ ဖြစ်တာကွ။ `မင်းအခုရူးစမ်း´ဆို မင်းရူးလို့ရလား။
တော်သေးတာပေါ့ အကိုရယ် .... ရည်းစားစကား အပြောမခံရတာ ကံကောင်းတယ်လို့မှတ် ... တချို့ကောင်မလေးတွေက ဧပရယ်လ်ဖူးလ်မှာ အဲလိုလိုက်ပြောတယ်တဲ့ :P :P
အကို့ကိုလာပြောရင်တော့ ပြောပြီးစလစ် နံပါတ်တစ်လို့ ပြန်ပြောပြီး အတည်ယူလိုက်မှာပဲ။
အဲဒီ့ သူငယ်ချင်းက တော်တော် စိတ်ကူးကောင်းတာပဲ.. နဂိုကမှ သိပ်မကောင်းတာ အခု ကိုဇင်ကိုလတ် ရဲ့ အခြေအနေ ပိုဆိုးသွားရှာပြီပေါ့နော်..
ဝက်အူနှစ်လုံးလောက်ချောင် နေတယ်ဆိုရုံလေးပါ။
so u need a screw driver ?? =P
Post a Comment