Saturday, April 21, 2007

မင်းတို့လက်တွေ လေထဲကိုမြှောက်ထားလိုက်

`ငါပြန်လာပြီ၊ ရှေ့ကိုရောက်နေပြီ၊ မင်းတို့လက်တွေလေထဲကို မြှောက်ထားလိုက်။´
နှစ်ပေါင်းများစွာဝေးကွာခဲ့တဲ့ ရန်ကုန်သင်္ကြန်ကို ဒီနှစ်တော့ တ၀ကြီး ရေကစားခဲ့ပါတယ်။ အဲဒီသင်္ကြန်တုန်းက သူငယ်ချင်းတစ်ယောက်ဘေးနားမှာ လာလာအော်တဲ့ သီချင်းစာသားပါ။ သူက မူးပြီး ကလိုက် လျှောက်သွားလိုက်၊ ပြီးတော့ အနားနားကို ပြန်လာပြီး အဲဒီစာသားလာအော်လိုက်နဲ့ တော်တော်လေးကို ပျော်ဖို့ကောင်းခဲ့တဲ့သင်္ကြန်ပါပဲ။ (အဲဒီသူငယ်ချင်း ဘယ်သူလဲဆိုတာတော့ ပြောမနေတော့ပါဘူး။ ဟီးဟီး)