Tuesday, November 13, 2012

အဖွားစိန်တို့အိမ်

 သီတင်းကျွတ် ရောက်တိုင်း ကျွန်တော်ရေးခဲ့ဖူးတဲ့ ဒီအက်ဆေးကို ကိုယ့်ဘာသာ ကိုယ် ပြန်ဖတ်ဖြစ်တယ်။ ပြီးတော့ ပြန်မရတော့မယ့်အချိန်တွေကို လွမ်းပြီး ပြန်ရအောင်လုပ်လို့ ရသေးတယ် အချိန်တွေကို လှမ်းမျှော်မိတယ်။ နည်းနည်း ပုဂ္ဂလိက ဆန်ဆန် ဖြစ်နေပေမယ့် တခြားလူတွေလည်း ဖတ်လို့တော့ အဆင်ပြေလောက်မယ်ထင်ပါတယ်။ စကားမစပ် အဲဒီအဖွားစိန်တို့ အိမ်လေးကို ဖျက်ပြီး အသစ်ကြတော့မယ်ကြားနေတယ်။ နောက်ဆုံးတစ်ခေါက် ရန်ကုန်ပြန်ရောက်တုန်းက ဦးလေးက ကွန်ဒိုပေါ်မှာ ဆိုတော့ အဖွားလည်း ဦးလေးနဲ့ တူတူနေတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ဒီတစ်ခေါက် ရန်ကုန်ပြန်ရောက်လို့ အဲဒီအိမ်ကလေး မဖျက်ရသေးရင် ခဏဖြစ်ဖြစ်တော့ ပြန်သွားလည်ချင်ပါသေးတယ်။

အဖွားစိန်တို့အိမ်

အလုပ်က ပြန်ရောက်၍ အိမ်ခန်းတံခါးကို ဖွင့်လိုက်သောအခါ မှောင်မဲနေသော ဧည့်ခန်းက ကျွန်တော့်ကို ဆီးကြိုနေသည်။ ဗိုက်ထဲ နည်းနည်းဆာသလို ရှိတာကြောင့် ထမင်းစားပွဲပေါ်မှ အုပ်ဆောင်းကို ဖွင့်လိုက်သောအခါ အရင်နေ့က ကျန်သော ဟင်းခွက်၏ ချဉ်စုတ်စုတ်အနံ့မှာ နှာခေါင်းထဲသို့ အလုံးအရင်း ၀င်ရောက်လာ၏။ ဆာနေသော ဗိုက်ပင် စိတ်ကုန်သွားချင်သည်။ ထုံးစံအတိုင်း မီးဖိုချောင်အတွင်းရှိ ဗီရိုထဲမှ အကြော်စုံပုလင်းကို ယူကာ လက်ဝါးပေါ်သို့ အကြော်အနည်းငယ် မှောက်ချလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ထိုအကြော်များကို ပစ်သွင်းလိုက်ပြီး ရေတစ်ခွက် မော့ချလိုက်သည်။ ကျွန်တော့်အိမ်တွင် အိပ်ခန်းသုံးခန်းရှိကာ တစ်ခန်းတွင် ညီညီတို့ဇနီးမောင်နှံနေပြီး နောက်တစ်ခန်းတွင် သူငယ်ချင်း ညီအစ်မ နေကြသည်။ ထုံးစံအတိုင်း တစ်အိမ်လုံး တိတ်ဆိတ် ငြိမ်သက်လို့ပေါ့။ စင်္ကာပူနိုင်ငံတွင် ၁၀စုနှစ်ကျော်ကျော် နေလာခဲ့သည့် သက်တမ်း တလျှောက် အိမ်ပေါင်း ၇အိမ်ခန့် ပြောင်းခဲ့ပြီး လူပေါင်းများစွာနှင့် တူတူနေခဲ့ဖူးပြီ။ ယခုအိမ်တွင်တော့ ညီအစ်ကိုမောင်နှမများ စုနေသကဲ့သို့ ဖြစ်နေသောကြောင့် စနေ၊ တနင်္ဂနွေလို အားလပ်ရက်များတွင် အားလုံးစု၍ မုန့်လုပ်စားခြင်း၊ စု၍ အပျော်တမ်း ကစားကြခြင်းများ ရှိသော်လည်း နေ့ဆိုင်း၊ ညဆိုင်းဖြင့် အလုပ်လုပ်ရသော ကျွန်တော်တို့ အဖို့တော့ သိပ်မထူးခြားပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်အလုပ်မှာ စနေ၊ တနင်္ဂနွေ သာမကပဲ အစိုးရရုံးပိတ်ရက်များပါ အလုပ်လုပ်ရသောကြောင့် ဖြစ်သည်။

အခန်းထဲသို့ ရောက်သောအခါ တစ်ယောက်အိပ် ကုတင်နှစ်လုံးအနက် တစ်လုံးပေါ်တွင် ကိုငယ်က အိပ်နေပြီဖြစ်ပြီး ကျွန်တော့် ကုတင်ပေါ်တွင်တော့ မနက်က အလုပ်မသွားခင် ရုတ်ထားခဲ့သော အ၀တ်တစ်ပုံက ဆီးကြိုလို့ နေ၏။ ဟင်း . . . ကနဲ သက်ပြင်းပူကို ချလိုက်ပြီး ရေမိုးချိုး အ၀တ်တွေ ခေါက်သိမ်းပြီး အိပ်ယာပေါ်ရောက်သောအချိန်တွင် ည၁၂နာရီထိုးရန် ၅မိနစ်သာလိုတော့သည်။ မနက်၆နာရီ ထပြီးအလုပ်သွားရန် ရှိသောကြောင့် ဒီညကို ကျွန်တော်အိပ်မှ ဖြစ်မည်။ အိပ်ခါနီးခေါင်းရင်းရှိ ပြတင်းပေါက်မှ လှမ်းကြည့်သောအခါ ၀ိုင်းစက်လှပသော လမင်းကြီးကို တိမ်ရိပ်များဖုံးလွှမ်းနေသည်ကို တွေ့ရတော့မှ ဒီနေ့ သတင်းကျွတ်လပြည့်ညမှန်း သတိရမိသည်။ ထိုလရောင်က ခေါင်းရင်းတွင် ထောင်ထားသော အဖိုးနှင့် ဖွားစိန်တို့၏ ဓါတ်ပုံပေါ်ကို  ကျနေသည်ကို ကြည့်ရင်း အတွေးစများစွာတို့သည် လွန်ခဲ့သော အနှစ် ၂၀ကျော်ခန့်ကို အပြေးလေး ရောက်သွားမိပြန်သည်။

ဖွားစိန်တို့အိမ်လို့ ပြောလိုက်သည်နှင့် ခြံဝန်းခပ်ကျယ်ကျယ် အိမ်ငယ်လေး၏ နောက်ဖေးတွင် စမ်းချောင်းကလေး တစ်ခုရှိကာ ၀ါးတံတားလေးထိုးထားမည်။ စမ်းချောင်းလေးထဲတွင် ငါးကလေးများက ကူးလူးသွားလာနေကြပြီး ခြံဝန်းတွင်းရှိ အုပ်ဆိုင်းဆိုင်းသစ်ပင်များပေါ်မှ ငှက်ကလေးများ၏ ကျလိကျလိ တေးသံမှာ နားဝင်ချိုလှသည် ဟု ပြောလို့ ရသော ၀တ္တုထဲမှ စိတ်ကူးယဉ်ဆန်ဆန် အိမ်မဟုတ်ပေ။ ဖွားစိန်တို့ အိမ်မှာ ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ဗိုလ်တစ်ထောင်မြို့နယ်မှ တိုက်ခန်း တစ်ခန်းသာဖြစ်လေသည်။ လမ်းထိပ်တွင် ဈေးရှိသောကြောင့် ကားသွားကားလာနှင့် လူသွားလူလာအလွန်များသော လမ်းတစ်လမ်းဖြစ်၏။ တိတိကျကျပြောရလျှင် လမ်းတစ်ဖက်၏ ထိပ်တွင် ဗိုလ်ကလေးဈေးရှိပြီး လမ်းတစ်ဖက်ထိပ် ကားလမ်းကူးလိုက်လျှင် ၀န်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး) ရှိလေသည်။ ဟုတ်ပါသည်။ ကျွန်တော်သည် ထိုတိုက်ခန်းလေးတွင် လေးတန်း ကျောင်းသားဘ၀မှ စင်္ကာပူသို့ မထွက်လာခင်အချိန်အထိ တောက်လျှောက် နေလာခဲ့ပါသည်။ အစိုးရ၀န်ထမ်းဖြစ်သော အဖေ၊အမေတို့သည် ရုံးမှ ပေးထားသော အိမ်ကလေးတွင် ညီမလေးနှင့် တူတူနေပြီး ကျွန်တော်တို့ညီအကိုနှစ်ယောက်ကတော့ ဗိုလ်တစ်ထောင် ၆ (ယခင် စိန်ပေါလ်)တွင် ကျောင်းတက်သောကြောင့် ကျောင်းနှင့် နီးသော အဖိုးအဖွားအိမ်တွင် နေခဲ့ကြသည်။
အိမ်ရှေ့ဝရန်တာမှ ထွက်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ၀န်ကြီးများရုံးကို လှမ်းမြင်နိုင်မည်ဖြစ်ပြီး
အိမ်မပျော်သော ညများတွင် ထိုဝန်ကြီးများရုံးကို လှမ်းကြည့်ပြီး ဗိုလ်ချုပ်ရှိစဉ်က ဘယ်အခန်းတွင် ရုံးထိုင်ခဲ့သလဲ၊ ဘယ်အခန်းတွင် အစည်းအဝေးလုပ်ခဲ့သလဲ စသဖြင့် ကျွန်တော်တစ်ယောက်တည်း ပေါက်ပေါက်ရှာရှာတွေးနေမိတတ်သည်။

အပြည့်အစုံကို သံလွင်အိပ်မက်မှာ ဖတ်ပါ။ :P

Tuesday, September 18, 2012

ခြင်္သေ့မြို့တော်


ကျွန်တော်တို့ သိပ်ချစ်တဲ့ မြန်မာနိုင်ငံအတွက် အိပ်မက်တွေအများကြီးမက်ဖူးပါတယ်။ အဲဒီအထဲက စင်္ကာပူရောက်မြန်မာတစ်ယောက်ရဲ့ မက်ခဲ့တဲ့ ပထမဆုံးအိပ်မက်ပါ။ ဒီလိုပုံစံမျိုးလေးတွေ ရေးဖို့ အားလည်းသန်သလို ရေးလည်းရေးချင်ပါတယ်။ စာဖတ်သူတွေ မရိုးသွားဘူးဆိုရင်ပေါ့။ ဒီနေ့ပဲ သံလွင်အိပ်မက်မှာ “ကျွန်တော်မက်တဲ့ ဆက်သွယ်ရေးအိပ်မက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ စာလေး တစ်ပုဒ်ပါလာပါတယ်။ အဲဒါနဲ့ ကျွန်တော်ကြိုက်လည်း ကြိုက်ပြီး ဒီဘလော့ခ်မှာ တစ်ခါမှ မတင်ရသေးတဲ့ အဲဒီဝတ္ထုတိုလေးကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။

အိုဘယ့် . . . ခြင်္သေ့မြို့တော်(သို့) ကျွန်တော်ကြိုက်၍ ကျွန်တော်မတင်ရသေးတော့ ပိုစ့်

“တီ တီ တီ တီ Door Closing”
ကိုလတ်တစ်ယောက် မြို့ပတ် ရထားပေါ်ရောက်ချိန်တွင် လွတ်နေသော ထိုင်ခုံတစ်နေရာစာသို့ ၀င် ထိုင်လိုက်ရင်း လက်ကိုင်ကွန်ပျူတာကို ဖွင့်လို့ အင်တာနက်မှ သတင်းများ၌ ယခုလပိုင်းအတွင်း အမြဲပါနေသော သတင်းတစ်ပုဒ်ကို ဖတ်မိလေ၏။ ထိုသတင်းမှာ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်ခန့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ Harddisk ထုတ်လုပ်သော Seagate ကုမ္ပဏီတွင် ခန့်ထားရန် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။

ရုံးဆင်းချိန်ဖြစ်သောကြောင့် ရထားပေါ်ရှိ ခုံတိုင်းတွင် လူအပြည့် ပါရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတ်တပ်ရပ်၍ စီးနှင်းလိုက်ပါရန်မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့မြို့ပတ်ရထားကော်မတီ၏ ကျေးဇူးကြောင့် လူတိုင်းသက်တောင့်သက်သာ စီးနှင်း လိုက်ပါနိုင်ရန် ခုံအရေအတွက်နှင့် လူအရေအတွက် ကိုက်ညီသောအချိန်တွင် ရထားတံခါးများသည် သူ့အလိုလို ပိတ်သွားခြင်းကြောင့် ဖြစ်သည်။ သတင်းများကို ဖတ်ပြီး ကြော်ငြာများကို တစ်ချက်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော လယ်ယာလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးအလုပ်ကြော်ငြာများတွင် မြန်မာနိုင်ငံသားများအတွက်သာဟု ပါရှိပြီး တနေကုန်တနေခန်းမတ်တတ်ရပ်၍ လုပ်ရသော၊ သို့မဟုတ် ထိုင်၍လုပ်ရသော နေ့ဆိုင်းညဆိုင်းရှိသည့် အလုပ်များဖြစ်သည့် စက်ရုံများ၊ ရုံးအလုပ်ကြော်ငြာများတွင်တော့ နိုင်ငံခြားသားများလျှောက်ထားနိုင်သည်ဟု ပါရှိသည်။ နိုင်ငံခြားသားများဆိုရာတွင် ကိုယ်ပိုင်သယံဇာတမထွက်သော၊ မြေနေရာအလွန်ကျဉ်းသော စင်္ကာပူနိုင်ငံမှ စင်္ကာပူလူမျိုးများ ထိပ်ဆုံးမှ ပါရှိ၏။

စင်္ကာပူနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှ၊ အာရှမှာပါမက ကမ္ဘာမှာပါ နာမည်ကျော်ကြားခဲ့သော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည်ကျဆင်းလာခဲ့သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကမောက်ကမတွေဖြစ်ခဲ့ရ၍ ထိုအထဲတွင် အခြေအနေအဆိုးရွားဆုံးဒါဏ်ခံရသည်မှာ စင်္ကာပူနိုင်ငံပင် ဖြစ်လေသည်။ စီးပွားပျက်ကပ်ကြောင့် ချွတ်ချုံကျနေသော နိုင်ငံများသည် မိမိတို့နိုင်ငံသားများအတွက် အရင်ဦးဆုံး စဉ်းစားကြရလေသည်။ အစစအရာရာ ဈေးကြီးလှသော ထိုအချိန်က နိုင်ငံသားများ အလုပ်လက်မဲ့မဖြစ်ရေး၊ အစာရေစာလောက်လောက်ငှငှရှိရေးနှင့် ရေမီး နှစ်ဆယ့်လေးနာရီရရှိရေး ကြိုးပမ်းနေချိန်တွင် မည်သည့်နိုင်ငံကမျှ ပြည်တွင်းထွက် အစားအစာ၊ ရေ၊ မီးစသည်တို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမရှိတော့ပဲ ပြည်တွင်းတွင် စွမ်းအင်လောင်စာရရှိရေးအတွက် ဦးစားပေးစဉ်းစားနေကြသောကြောင့် အစစအရာရာ ပြည်ပနိုင်ငံများကို အားကိုးနေရသော စင်္ကာပူနိုင်ငံသည် အဆုံးရွားဆုံးအနေအထားတစ်ခုသို့ ရောက်ရှိနေလေသည်။

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဘာသာရပ်ဆိုင်ရာပါမောက္ခတစ်ယောက် ရေးသားထုတ်ဝေထားသော ပထမကမ္ဘာမှ တတိယကမ္ဘာသို့၊ “အိုဘယ့် ခြင်္သေ့မြို့တော်”ဆိုသည့် စင်္ကာပူနိုင်ငံအကြောင်းရေးသားထားသော စာအုပ်မှာတော့ စင်္ကာပူနိုင်ငံပျက်သုန်းခြင်းအကြောင်းများကို

(၁) စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဟု လူသိများသော ဘိုးဘိုးလီမရှိတော့သည့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်း အားနည်းလာခဲ့ပြီး စစ်ဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကြောင့် လည်းကောင်း။
(၂) နိုင်ငံသားတိုင်း စစ်ပညာမသင်မနေရဟူသော ဥပဒေနှင့်အတူ စစ်တပ်အတွက် အသုံးပြုသော ငွေကြေးပမာဏမှာ ပညာရေး၊ ကျန်းမာရေးများထက် အဆများစွာသာလွန်နေသောကြောင့် လည်းကောင်း။
(၃) ဘိုးဘိုးလီရှိစဉ်ကတည်းက ကျင့်သုံးလာခဲ့သော အယောင်ဆောင်ပါတီစုံရွေးကောက်ပွဲများနှင့် လူ့အခွင့်အရေး နည်းပါးမှုများကြောင့်လည်းကောင်း။
(၄) နိုင်ငံကောင်းကျိုးအတွက် လိုအပ်သော ပညာတတ်များ အခြားနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်သောအခါဖြစ်ပေါ်လာသော ဦးနှောက်ယိုစီးမှုပြဿနာများကြောင့်လည်းကောင်း။
(၅) ရေ၊ မီး မမှန်သောကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း။
(၆) နိုင်ငံသားများ၏ လစာများမှ လစဉ်စုဆောင်းငွေ(CPF)များကိုလည်း ကမ္ဘာ့စီးပွားပျက်ကပ်မှ ပြန်လည်ကယ်တင်နိုင်ရန် ကြိုးစားရင်း စုံးစုံးမြှုပ်သွားခြင်းကြောင့်လည်းကောင်း။
(၇) စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများအဖြစ် နိုင်ငံတကာ၏ ဖိအားပေးပိတ်ဆို့မှုများကြောင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့သော Integrated Resort(IR)မှာ အလုပ်မဖြစ်ခြင်းကြောင့်လည်းကောင်း။
စသည့်အချက် ၇ချက်ကို အခြေအမြစ်ကျကျ လေ့လာဆွေးနွေးချက်များနှင့် တင်ပြထား၏။

အပြည့်အစုံကို ဤနေရာတွင် ဖတ်ပါ။

Friday, August 17, 2012

Happy Birthday Than Lwin Ain Mat

သံလွင်အိပ်မက်

သံလွင်ကိုအိပ်မက်တဲ့အခါ…
ငါတို့ရဲ့တေးသွားကိုကြားလိမ့်မယ်…

ကမ္ဘာအရပ်ရပ်က လွင့်ပျံ့နေတဲ့
အိပ်မက်တွေကိုစုစည်း..
ငါတို့ သံလွင်လို စီးမယ်…

တောင်တန်းများ ၊ ချိုင်ဝှမ်းများ
လွင်ပြင်ကျယ်များ၊ လယ်ကွင်းများ
စီးဆင်းလာခဲ့တဲ့ခရီးမှာ…
ဘယ်လိုမြစ်ကျဉ်းမျိုးနဲ့ဆုံဆုံ
ဘယ်လိုကျောက်သားနံရံနဲ့ကာကာ
မြေမျက်နှာသွင်ပြင် ဘယ်လောက်ကြမ်းမလဲ…

သံလွင်ဟာ အနှစ်သာရအပြည့်နဲ့
နှစ်ကာလတွေကြား
ရွေ့လျားလှပနေမယ်….

သူ့ရင်ဘတ်ကမ်းပါးပေါ်မှာက
မြို့တွေရွာတွေ ဘ၀တွေ
မျော်လင့်ခြင်းအိပ်မက်အသစ်
ဆက်လက်အသက်ရှင်ခဲ့ပေါ့…

တခါတရံတော့ သံလွင်ဟာ
သောင်ထွန်းခဲ့မယ်၊ ကျွန်းပေါ်ခဲ့မယ်၊
ဝဲဂယက်ထခဲ့မယ်…
ဒါပေမယ့် သံလွင်ရဲ့ အသက်
သံလွင်ရဲ့ မေတ္တာတရား
သံလွင်ရဲ့တေးသွားက
လွတ်လပ်ခြင်းနဲ့ အနုပညာ…

သံလွင်ဟာ ရှင်သန်ခြင်းကိုကိုယ်စားပြုတယ်
ရင့်ကျက်မှုကိုအသွင်ဆောင်တယ်…
သံလွင်ကို အိပ်မက်ပါ…
လွတ်လပ်ခြင်းနဲ့ အနုပညာအတွက်
ငါတို့ရဲ့တေးသွားကို
ရာစုနှစ်ထဲ
အဖန်ဖန် အထပ်ထပ်ကြားရလိမ့်မယ်…..။

                                                မိုးလှိုင်ည

Monday, July 30, 2012

ကမ္ဘာ့အရှည်ဆုံး တံတားတွေ


ဟိုတလောက Yahoo News မှာ ပါ ခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး တံတားတွေကို ကူးယူမှတ်သား ထားပါတယ်။ အဲဒီတံတားတွေ မြင်တော့ မြန်မာနိုင်ငံမှာ ဆောက်လိုက် ဖောက်လိုက်တဲ့ တံတားတွေ နည်းတာ မဟုတ်ဘူး။ တကယ်တမ်း တံတားတွေ ဆောက်တာ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားကူးသန်း လွယ်ကူချောမောစေဖို့ပါ။ ဒါပေမယ့် အခုအချိန်ထိ ကုန်ဈေးနှုန်းတွေကတော့ မကျသေးပဲ တက်ပြီးရင်း တက်နေတဲ့အတွက် တံတားတွေ ဆောက်တာ တကယ်ရော ပြည်သူလုထုအတွက် အကျိုးရှိရဲ့လား၊ မြစ်တွေကို ကောစေသလား ဆိုတာတွေကို သေချာလေ့လာသုံးသပ်သင့်နေပါပြီ။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အရှည်ဆုံး တံတားကြီးတွေကတော့ အရမ်းကို လှပပြီး အရှည်ဆုံး တံတားလေးခုထဲမှာ ၂ခုက တရုတ်ကဖြစ်ပြီး ၂ခုက အမေရိက က ဆိုတာ တွေ့ရပါတယ်။ ပိုက်ဆံတတ်နိုင်ရင် အဲဒီတံတားတွေ တစ်ခုချင်းစီလျှောက်လည် ပစ်လိုက်ချင်တယ်။



The world's longest cross-sea bridge, spanning 36.48 kilometers across the mouth of the Jiaozhou Bay in China's eastern Shandong province, opened to traffic four years after construction started. Here's a peek into some of the world's longest bridges.

Lake Pontchartrain Causeway


Located in Louisiana, United States, the Lake Pontchartrain Causeway, consists of two parallel bridges that run parallel to each other. The bridges are supported by 9,500 concrete pilings and spans over 38.35 kilometres. The southern terminus of the Causeway is in Metairie, Louisiana, a suburb of New Orleans. The northern terminus is at Mandeville, Louisiana.

Donghai Bridge


Completed on December 10, 2005, the Donghai Bridge has a total length of 32.5 kilometres and connects Shanghai to the Yangshan port in China. The 'Donghai Bridge' is popularly known as 'The stone'.

Chesapeake Bay Bridge


The Chesapeake Bay Bridge is a four lane bridge that connects the Delmarva Peninsula's Eastern Shore of Virginia with Virginia Beach and the metropolitan area of Hampton Roads, Virginia. The bridge has a total length of 37 kilometres.

Vasco da Gama Bridge

The Vasco da Gama Bridge is a cable bridge with a total length of 17.2 kilometres. The bridge was opened to traffic on 29 March, 1998. The bridge spans across the Tagus River near Lisbon, Portugal.

Penang Bridge


The Penang Bridge opened to traffic on September 14, 1985 and connects Gelugor in Penang island and Seberang Prai to mainland Malaysia. The total length of the bridge is 13.5 kilometres.

Rio-Niteroi Bridge


The Rio-Niteroi Bridge is a box girder bridge that connects the cities of Rio de Janeiro and Niteroi. The bridge opened on March 4, 1974 and the total length of the bridge is 13 kilometres.

Confederation Bridge


The 12.9 kilometre long bridge opened on 31 May 1997, connecting the Prince Edward Island with New Brunswick, Canada. The Confederation bridge is a two-lane highway toll bridge.

San Mateo-Hayward Bridge


Commonly known as the San Mateo Bridge, the San Mateo-Hayward Bridge connects San Francisco Peninsula with the East Bay. The total length of the bridge is 11.265408 kilometres.

Seven Mile Bridge


The Seven Mile Bridge is is located between the Gulf of Mexico and the Florida Strait. Finished in 1982 at a cost of $45 million, the Seven Mile Bridge connects city of Marathon in the Middle Keys of Florida to Little Duck Key in the Lower Keys of Florida.

From here : http://sg.news.yahoo.com/big-picture--longest-bridges-in-world.html

Monday, July 23, 2012

Blue Sky ရဲ့ Ice Age 4

Ice Age ကို ၂၀၀၂ခုနှစ်ကတည်းက ရုံတင်လာခဲ့တာ အခုဆိုရင် Ice Age 4 တောင် ရောက်လာခဲ့ပါပြီ။ ဒီ ဇာတ်ကားလေးဟာ Animation ဇာတ်ကား ကောင်းကောင်းလေးတွေတင်ဆက်နေတဲ့ Pixar, Disney, Dreamworks  တို့စတဲ့ နာမည်ကြီး Animation ကုမ္ပဏီကြီးတွေကနေ တင်ဆက်ခဲ့တာ မဟုတ်ပါဘူး။ နာမည်ကျော် ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ 20th century fox မှ ပိုင်သော Blue Sky ရဲ့ Animation Movie တစ်ခုပါ။ Blue Sky က တခြား Animation တွေ အများကြီးမထွက်ပေမယ့် Ice Age ကိုတော့ ၂၀၀၂ ကတည်းက တောက်လျှောက်တင်ဆက်လာတာ အခုဆို No 4 တောင် ရောက်ပါပြီ။


အရင် Ice Age တွေ တုန်းကလိုပဲ ရယ်စရာမောစရာလေးတွေနဲ့ မှတ်သားစရာလေးတွေပါ တင်ဆက်နိုင်တာမို့ အမှန်တကယ်ကြည့်ကောင်းခဲ့တဲ့ ရုပ်ရှင်လေး တစ်ခုဖြစ်ခဲ့ပါတယ်။ နောက် Ice Age Animationတွေရဲ့ trailerကို ကြိုက်တာတစ်ခုက သူ့ရဲ့ ကြော်ငြာထဲမှာ ရှဥ့်နဲ့ သစ်ကြားသီးလား အဲဒါကပဲ အဓိကပါတာဆိုတော့ ဇာတ်လမ်းကို အများကြီး မှန်းလို့ မရပါဘူး။ ဇာတ်လမ်းကျောရိုးလောက်ကိုပဲ နည်းနည်း သိရတာပါ။ တချို့ ဇာတ်ကားတွေဆို Trailer ကြည့်ပြီးတာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ တော်တော်လေး မှန်းလို့ ရနေပါပြီ။ အဲဒါကြောင့် ရုပ်ရှင်ရုံထဲရောက်တော့မှ ဇာတ်လမ်းတစ်ခုလုံးကို အားရပါးရ ထိုင်ကြည့်ခဲ့ရတာပါ။ ကြင်သူသက်ထားက 3D ကြည့်ရင် မူးတယ်ဆိုလို့ ရိုးရိုး Digital ပဲ ကြည့်ခဲ့တာပါ။ အဲဒီ Ice Age ရဲ့ အရောင်အရည်အသွေး ကောင်းမွန်မှု၊ Digital ရဲ့ ကြည်လင်ပြတ်သားမှုတို့ ကြောင့် Manny, Sid, Diego တို့ရဲ့ ဟာသရသ Animation လေးကို 4 Stars ပေးပါတယ်။ တကယ်ပါ မိနစ် ကိုးဆယ်ဇာတ်ကားပြီးတဲ့အထိ ဆက်ပြီး ကြည့်ချင်အောင် ကို ကြည့်ကောင်းခဲ့တဲ့ Animation Movie လေးပါပဲ။

ဇာတ်လမ်း - ****
သရုပ်ဆောင်မှု - ****
Visuals - ******
Overall - ****