Wednesday, March 14, 2007

အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်(၄)

ကြက်တူရွေးတစ်ကောင်ကို ငါ့နာမည်အထပ်ထပ် ရွတ်တတ်အောင်သင်လို့ (မင်းမွေးနေ့မှာ) လက်ဆောင်အဖြစ် ပို့ချင်တယ်။( ဇန်န၀ါရီ၊ ၁၅ ၁၉၉၃)

ပိရမစ်ထဲမှ နှစ်ပေါင်းများစွာသိုလှောင်ထားမယ့် မံမီအလောင်းကောင်တစ်ခုလို ငါ့နှလုံးသားကို ဆေးစီရင်ပါ အချစ်ရယ် . . .
အဲဒီနှလုံးသား ရုပ်ကြွင်းဟာ ပြတိုက်အိုတစ်ခုရဲ့ ခင်းကျင်းပုံမျိုးနဲ့ ငါ့ရဲ့ ချစ်ခြင်းတွေကို ထွေးပွေ့သိမ်းဆည်းထားပါလိမ့်မယ်။ (ကြေကွဲဖွယ်ရာ သမိုင်းပညာရှင်တစ်ယောက်ယောက် ရှာဖွေမတွေ့ရှိခင်အထိပေါ့)
(ငါ့ရဲ့ အစွန့်ပစ်ခံ ချစ်ခြင်းဟာ `မြတ်နိုးနှစ်လိုဖွယ်ရာ လုံးဝအသုံးမကျမှု´ တစ်ခုပါကွဲ့)
ကလေးရေ . . .လွမ်းတယ်၊ အဲဒီအသုံးမကျမှုတစ်ခုကို လွမ်းတယ်။ မင်းရဲ့ ဆံပင်က သင်းပျံ့တဲ့ ရနံ့တစ်ခုကို လွမ်းတယ်။ စာအုပ်ကြားညှပ်ထားတဲ့ ကံ့ကော်ပွင့်ခြောက်ကလေးတစ်ပွင့်ကို လွမ်းတယ်။ မငိုမိအောင် ကြိုးစားထိန်းချုပ်နိုင်ဖို့တွက် ရယ်ပစ်လိုက်ရတဲ့ အသံအက်အက်တစ်ခုကို လွမ်းတယ်။ ရွှေလက်စွပ်သေးသေးလေး ၀တ်ထားတဲ့ မင်းရဲ့ လက်ဝဲဘက်လက်သူကြွယ်ကလေးကို လွမ်းတယ်။ ကမ္ဘာမြေရဲ့ ၀တ်ရည်တွေကို စုပ်ယူနေတဲ့ သက်တန့်လိပ်ပြာတစ်ကောင်ကို လွမ်းတယ်။ ဆောင်းရာသီမှာ စောစီးစွာရောက်လာတတ်တဲ့ ကလေးဆန်ဆန်ညနေခင်းတွေကို လွမ်းတယ်။ အ၀ါရောင်အိပ်မက်နုနုတွေ အကိုင်းဖျားထိပွင့်ဖူးနေတဲ့ မြနန္ဒာဆိုတဲ့ သစ်ပင်တစ်ပင်ကို မူးယစ်ဝေစွာ ငါလွမ်းပါတယ် အချစ်ရယ် . . .။

ကျိန်စာသင့်နေတဲ့ အမုန်းဟာ ငါ့ဘ၀ကို ပင်နယ်တီတစ်လုံးကန်သွင်းသွားခဲ့လေပေါ့ မြနန္ဒာ . .။
ငါ့ကို မွေးဖွားပါ၊ ငါ့ကို ကွယ်လွန်ပါ၊ ငါ့ကို ကောင်းကင်ဘုံတစ်ကျပ်ဖိုး ၀ယ်ကျွေးပါ။ နောက် . .အချစ်ရဲ့ ကျေးဇူးတော်ဂုဏ်ကို ထင်ရှားစေခြင်းငှာ ဒီည မင်းငါ့ကို အိပ်မက်မက်ပါလားကွယ်။
လောကကြီးကတော့ ငါ့ကိုသူ့ အိတ်ကပ်အပေါက်ကနေ ကျပျောက်သွားခဲ့ပါတယ်။ (ပြန်ရှာဖို့ကိုလည်း သူဘယ်တုန်းကမှ စိတ်ကူးခဲ့ပုံ မရပါဘူး)။ အင်း . . လွယ်လွယ်ကူကူပျောက်သွားနိုင်ပေတာပေါ့၊ စကြ၀ဠာထဲမှာ လူဆိုတာ သေးသေးကလေးပဲမဟုတ်လား အချစ်ရေ . .။
ဒိုင်နိုဆောရှိတယ်။ ဂေါ်ဇီလာရှိတယ်။ လွှာတွန့်တောင်တန်းရှိတယ်။ သမုဒ္ဒရာရှိတယ်။ မုန်တိုင်းရှိတယ်။ မိုးမျှော်တိုက်ကြီးတွေရှိတယ်။ ဝေလငါးရှိတယ်။ ဆူးလေဘုရားလမ်း ခုံးတံတားညာဖက်က ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ရှိတယ်။ အားလုံးဟာ `လူ´ထက်ကြီးတာတွေချည်းပါပဲ မြနန္ဒာ . .၊ ဒီမှာ `လူ´ရဲ့ တန်းဖိုးဟာ ကျုံ့ဝင်သွားနေချေပေါ့၊ စကြာဝဠာထဲမှာ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ . . .

မင်းခိုက်စိုးစန်

3 comments:

နိုင်းနိုင်းစနေ said...

အသေကောင်းတယ်...

လွမ်းတယ်..မင်းရဲ့ ရယ်သံမျှင်းမျှင်းလေးကို လွမ်းတယ်..
လွမ်းတယ်...မင်းရဲ့ အသက်ရှုသံပြင်းပြင်းလေးကို လွမ်းတယ်
လွမ်းတယ်..ငါ့နာမည်ကို တိုးတိုးလေး ရွတ်ခေါ်လိုက်တဲ့ မင်းအသံကို လွမ်းတယ်...
လွမ်းတယ်...ဘာနဲ့မှ လဲလို့မရတဲ့ လွမ်းခြင်းမျိုးနဲ့ မင်းကို ငါလွမ်းတယ်...

အဟီ...လွမ်းကြည့်တာ :D

Unknown said...

လွမ်းတယ် . . အဝေးကျောင်းက ခေါင်းလောင်းသံကို လွမ်းတယ်။
လွမ်းတယ် . . နှင်းမှုန်တစ်ဆုပ် တိမ်တစ်အုပ်ကို လွမ်းတယ်။
လွမ်းတယ် . . လွင့်ပျံ့ကြေကွဲ ငိုသံမသဲမကွဲကို လွမ်းတယ်။
လွမ်းတယ် . . မင်းအနမ်းတွေကို ငါမျှော်မှန်း လွမ်းတယ်ဆိုတာထက် ပိုလွမ်းတယ်။

အဟီး . .ကျွန်တော်လဲ လွမ်းကြည့်လိုက်ပြီ။ :P

xumeiqing said...

201603004chenzhen
fake oakleys
kate spade
abercrombie
cheap uggs
ray ban sunglasses
swarovski jewelry
canada goose outlet
michael kors outlet
nike running shoes
coach factory
louis vuitton handbags
michael kors outlet
jordans for sale
oakley vault
canada goose jackets
louis vuitton
burberry handbags
air max 90
gucci shoes
beats wireless headphones
uggs on sale
coach factory outlet
polo ralph lauren outlet
jordan shoes
louis vuitton
hollister
nike trainers
abercrombie & fitch
canada goose jackets
ralph lauren outlet
fitflops
oakley outlet
christian louboutin
michael kors outlet
cheap jerseys
oakley sunglasses
cheap ugg boots
abercrombie & fitch