Thursday, March 1, 2007

အမျိုးသားရေး စိတ်ဓါတ်

ကျွန်တော်ရဲ့ အမျိုးသားရေး စိတ်ဓါတ်ဆိုတာ ဘောလုံးပွဲမှာ ဗမာနိုင်ရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုးမဟုတ်ပါဘူး။
ဒါပေမဲ့ ဗမာနိုင်ခဲ့ရင်တော့ ၀မ်းသာကျေနပ် ဂုဏ်ယူတတ်တဲ့ စိတ်ဓါတ်မျိုးပါ။
ရွှေဥဒေါင်း

7 comments:

စိုးဇေယျထွန်း said...

Blogger စာအုပ်ထုတ်ရအောင်

လာမယ့် World Blog Day မှာ ကျွန်တော်တို့မြန်မာ ဘလော်ကာတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ချင်တယ်။ အဲဒီစာအုပ်က ကိုယ်ပိုင် Blog မှာဖော်ပြထားကြတဲ့ ကောင်နိုးရာရာ ပို့တွေကို ရွေးချယ်ပြီး ဖော်ပြချင်တယ်။ စာအုပ်ထုတ်လို့ ရလာတဲ့ အကျိုးအမြတ်အားလုံးကို လိုအပ်နေတဲ့ ကျောင်းတစ်ကျောင်းလို နေရာမျိုးမှာ လှုဒန်းဖို့စိတ်ကူးထားတယ်။

ကျွန်တော်တို့ မြန်မာဘလော့ကာတွေ စုစုစည်းစည်းနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီစာအုပ်လေးဟာ သေချာပေါက်ဖြစ်လာမှာပါ။ စာအုပ်ထုတ်လုပ်တဲ့ စားရိတ်ကတော့ Wood Free စက္ကူ 60g နဲ့ စာမျက်နှာ သုံးရာကျော်လောက် ပါတဲ့စာအုပ်ကို အုပ်ရေနှစ်ထောင်လောက် ရိုက်ရင် ရှစ်သိန်းဝန်ကျင်လောက် ကုန်ကျတယ်လို့ အာကြမ်းဖျင်း်သိရပါတယ် ( အသေးစိတ်ကုန်ကျ စရိတ်များကို နောက်ထပ် စုံးစမ်းပြီး တင်ပြပေးပါမယ်)။ ကျွန်တော် ထင်ပါတယ် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ လူသုံးဆယ်လောက် ပါဝင်ရင် တစ်ယေက်ကို သုံးသောင်းဝန်းကျင် လောက်ကျခံရုံနဲ့ ဒီစာအုပ်လေးက ဖြစ်မြောက်သွားမှာပါ။

သုံးသောင်းလောက် ဆိုတဲ့ငွေပမာဏဟာ အခုခောတ်မှာ ဖိနပ်ဖိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းလိုက်တဲ့ ငွေနဲ့ ဘလော့ကာတွေရဲ့ မှတ်တိုင်တစ်ခုလဲ စိုက်ထူနိုင်မှာဖြစ်သလို အလှုငွေ လက်ခံရရှိကြမဲ့ ချို့တဲ့ကျောင်းသားတွေအတွက် လှေကားထစ်လေး တစ်ခုဖြစ်သွားမှာပါ။

ကျွန်တော့ဘက်က တာဝန်ယူဆောင်ရွက် ပေးနိုင်တာကတော့ စာအုပ်ဖြစ်မြောက်ရေးအတွက် စာမူများကို ဖောင်ကိုင်ခြင်း စာပေစိစစ်ရေးရုံးတင်ခြင်း မှအစ ပုံနှိပ်စက်ပို့ခြင်း စသည့်ကိစ္စရပ်များ၊ ဂျာနယ်နှင့် မီဒီယာများတွင် သတင်းအချက်အလက် ထည့်သွင်းထုတ်ပြန်ခြင်းကိစ္စများကို စေတနာ့ဝန်ထမ်း အနေနဲ့ဆောင်ရွက် ပေးနိုင်ပါတယ်။

အထူးပြောကြားချင်တာက ဒီကိစ္စက မြန်မာဘလော်ကာများ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် တစ်ယောက်စနှစ် ယောက်စနဲ့လုပ်လို့ မရပါဘူး ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

အချိန်ကလည်း ခြောက်လလောက် ရသေးတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဆန္ဒကိုလည်းဆွေးနွေး တိုင်ပင်နိုင်ကြပါတယ်။

Unknown said...

ကိုစိုးဇေယျရဲ့ အကြံအစည်ကို သဘောတူပါတယ်။ အခုလို ကျွန်တော့်ကို လာရောက်ဖိတ်ကြားတဲ့အတွက်လည်း ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး နောက်တစ်ရက် နှစ်ရက်လောက်နေရင် ကျွန်တော်ပိုစ့် တစ်ခုတင်ပါဦးမယ်။ အဲဒီအချိန်ကျတော့မှ သေသေချာချာဆွေးနွေးကြတာပေါ့။

စိုးဇေယျထွန်း said...

ပူးပေါင်းပါဝင်လို့ သိရလို့ ၀မ်းမြေက်မိပါတယ်။
ဘာဖြစ်လို့ လဲဆိုတော့ စာအုပ်လေးက အားလုံးညီညွှတ်မှ ရမှာလေ အစ်ကိုနဲ့ ပတ်သက်ရာ ပတ်သက်ကြောင် သူငယ်ချင်းတွေကို လည်း အစိစဉ်မှာပါဝင်ဖို့ ဖိတ်ခေါ်ပေးပါ ဦး

Unknown said...

သူငယ်ချင်းတွေ ရှိတယ်။ ပြောလဲပြောပေးပါမယ်။ စာအုပ်ထုတ်မယ့်အကြောင်း ပိုစ့်တစ်ခုတင်မလို့ ဆိုတာတော့ တင်ဖြစ်တော့မယ်မထင်ဘူး။ အားရင်တော့ ဖိုရမ်ထဲမှာ လာပြီးဆွေးနွေးပါဦးမယ်ဗျာ။

Unknown said...

www1029


james harden shoes
moncler jacket
longchamp outlet
michael kors outlet
mlb jerseys
jordan shoes
ralph lauren polo
ralph lauren polo
coach outlet
kate spade





yanmaneee said...

nike x off white
christian louboutin shoes
off white hoodie
lebron james shoes
adidas superstar
asics running shoes
curry 5
kobe shoes
nike air max 270
moncler coat

Unknown said...

try this Dolabuy Gucci blog here Goyard Dolabuy Learn More Here Dolabuy Fendi